မီးပုံးပျံ လွတ်သူတယောက်ရဲ့ ရင်ခုန်သံ (အတွဲ 2)

Yin Nyine NwayNovember 2, 20111min20810

အားတဲ့ ရက်တရက်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု တောင်ပေါ်တက် ဝါးခုတ်တယ်
ပြီးတော့ အိမ်ရောက်တာနဲ့ မီးကျီခွေ လုပ်တယ်
တချို့က အဝိုင်း၊ တချို့ကတော့ လေးထောင့် ကျွန်တော်ကတော့ စိန်တုံးပုံလေး လုပ်တယ်
အမြင့်ပေ 5ပေခွဲမှာ အဆင့်က 6ဆင့်ပါတယ်ဗျာ
တဆင့်ချင်းဆီမှာ ထူးခြားမှုလေးတွေ ထည့်ဖို့ကျွန်တော်စဉ်းစားတယ်
မီးကျီခွေ လုပ်ပြီးတာနဲ့ ခေါင်မိုးပေါ်မှာ အခြောက်ခံထားတယ်
အားရင် အားသလို ကျွန်တော့ ညီ သူငယ်ချင်းတေါ ရက်ကွက်ထဲက အားတဲ့လူတွေ ကျွန်တော့သူငယ်ချင်းတွေက ကျွန်တော့ကို ကူပြီး မီးလာရိုက်ပေးကြတယ်
မီးချူးတွေ ရိုက်တယ် ခိုတွေရိုက်တယ်
အရောင်တွေစပ်တယ် အရောင်စပ်ဖို့ ဘေရီယမ် တွေသုံးတယ် ငွေမင်လို့ခေါ်တဲ့ ဆေးဗားအောက်ဆို်ဒ်တွေကို အဖြူရောင်အတွက်သုံးတယ်
အဖြူရောင် အဝါရောင် အစိမ်းရောင် အပြာရောင်တွေ စပ်ကြည့်တယ်
ဒီနှစ်မှာတော့ ကျွန်တော်စမ်းပြီး တခုထွင်ထားတယ်
အဲဒါကတော့ မီးချူးက တခုထွက်ပြီး နောက် 10လုံးလောက် အဲဒီတခုကနေပွါးပြီးထွက်မယ်ဗျာ
အဲဒါကို ဗုံးလို့ ကျွန်တော်တို့နာမည်ပေးထားတယ်
သူ့ကို အဆင့် 3မှာထည့်မယ်
နောက်မီးစာကို ကျွန်တော်လုပ်တယ်
သူက အမြင့်ပေ 5ပေလောက်ရှိမယ်
အားလုံးကတော့ 5ပေကနေ 6ပေအထိ လုပ်ကြတယ်
ကျွန်တော့မီးပုံးပျံက အမြင့်ပေ 22ပေလေ
ကိုယ်ထည်မှာ မြတ်စွာဘုရား တာဝတိံကနေ ကြွလာတဲ့ ပုံကို ဆွဲထားတယ်
မီးစာလုပ်ဖို့ အရင်ဆုံး ကျွန်တော် အရင်နှစ်က လက်ကျန်ရေနံချေးနဲ့ ရောကြိုထားတယ်
သင်္ကန်းကို မီးစွဲတဲ့ ပိတ်သာကိုပဲ သုံးတယ်
ပြီးတော့ သူ့ကိုပါရောကြိုပြီး 1မတ်သားသံလုံးတွေနဲ့ မီးစာပုံကိုကဟေဆော်ခိုင်းထားတယ်
အဲဒီသံလု့းတွေမှာ ရစ်ပတ်ပြီး ကျစ်ရတယ်
သူလည်းအရေးကြီးတယ်
သူမီးမစွဲရင် ဘာမှလုပ်လို့မရတော့ဘူးလေ
နောက်မီးကျီခွေမှာထည့်ဖို့ စနစ်တံလုပ်ရတယ်
သူက ယမ်းပျော့နဲ့လုပ်ရတယ်
ယမ်းပြင်းရင် အဆင့်ခုန်ကူးသွားတာမလို့ ယမ်းကပြင်းလို့မရဘူး
ပြီးတော့ ယမ်းချီးမပိတ်အောင် ဂရုစိုက်ရတယ်
ပိတ်သွားရင် ဆက်မကူးတော့လို့ ဒါလည်းအရေးကြီးတယ်
ပြီးရင် ထမင်းရာ် ဒါမှမဟုတ် …ငှက်ပျောပင် ပင်စည်ကို အရေညစ်လို့ထွက်လာတဲ့အစေးနဲ့ရောပြီး ရှမ်းစက္ကူမှာ သုတ်ရတယ်
ပြီးရင်တော့ 3လွာ 4လွာခေါက်ပြီးသုံးတယ်
စနစ်တခုလုံးကိုတော့ ရှမ်းစက္ကူနဲ့ရောကျစ်ပြီး ကြီုးနဲ့ ချည်ပြီး မီးစာမှာပတ်ရတယ်
ပြီးတော့ ဝါးလုံးတလုံးရဲ့ ထိပ်မှာ 1ပေလောက် အနက်ရှိတဲ့ အခြမ်းလေးတွေစိတ်လိုက်တယ်
ပြီးတော့ အဲဒီအထဲကို ထင်းရှူးတွေကိုထည့်ရတယ်
သူ့ကိုမီးဇော်လို့ခေါ်တယ်
သူက မီးပုံးပျံ မှို်င်းခ့ဖို့လေ …မီးစာကိုမီးရှို့ရင် ရေနံစက်တွေ ကျတက်တယ်
အဲဒီအခါ ခံဖို့လည်းလုပ်ရတယ်

ဒီလိုနဲ့ တရက်တရက်နဲ့စုလာ နောက်လွတ်မဲ့ ဒီညကို ကျွန်တော်ရောက်ပြီပေါ့
မနက်ကတည်းက မအားရဘူး ကျွန်တော်စီစဉ်စရာရှိတာတွေ စီစဉ်ရတယ်
မီးစာ အဆင်သင့်ဖြစ်ပြီလား မီးပုံးပျ့ကော အပေါက်တွေဖာပြီးပြီလား စစ်ရတယ်
မီးစာ ရေနံဆီ ပြည့်မပြည့် ကြည့်ရတယ်
ပြီးတာနဲ့ နေ့လည် 2နာရီလောက်မှာ စပြီး မီးကျီခွေဆင်တယ်
သူ့ကို ဆင်ဖို့ စကျူရတီ အပြည့်ထားရတယ်
ဘယ်သူမှပေးမဝင်ဘူး
အဖွဲ့သားတွေနဲ့ပဲ လုပ်တယ်
ကျွန်တော် အရင်ဆုံးအောင်ဆုံးအဆင့်မှာ ခိုပျံ အလုံး 500လောက်ထည့်တယ်
5လုံးတွဲ 10လုံးတွဲတွေ တွဲပြီးထညိ့်တယ်… ခိုနီ၊ခိုပြာ စတဲ့အရောင်တွေနဲ့ပါရောထည့်တယ်
10လုံးတတွဲ 5လုံးတစ်တွဲကို အပေါ်ကနေ ကတော့လေးနဲ့ စွတိပြီး စနစ်တခုထည်းဖြစ်အောင် အားလုံးစနစ်ကို ခဏနေက ကျွန်တော်ပြောပြခဲ့တဲ့ ထမင်းရေ နဲ့ရောသုတ်ထားတဲ့မီးစာမှာ ရောချည်ထယ်
အတွဲလေးတွေတွဲပြီးတာနဲ့ ပထမအဆင့်ပြီးသွားတယ်
ဒုတိယအဆင့်နဲ့ တတိယအဆင့်မှာ ကျွန်တော် ချူးတဲ့ လောက်လို့ခေါ်တဲ့ မီးပွါးလေးတေါ ခိုပျ့ လက်ကျန်အနည်းငယ်နဲ့ ကျွန်တေ်ာစမ်းထားတဲ့ ဗုံးကိုဆင်လိုက်တယ်
ပထမအဆင့် ဒုတိယအဆင့်နဲ့ တတိယအဆင့်အကူးမှာ သိသာဖို့ကျွန်တော် ငွေမင်နဲ့ စပ်ပြီးလုပ်ထားတဲ့ ရေတ့ခွန်လေးကို ထည့်ထားတယ်
ပြောချင်တာက ရေတ့ခွန်ကျလာရင် ဒါဒုတိယအဆင့်ို ရောက်ပြီပေါ့
တခါတခါအဆင့်ခုန်သွားရင်လည်း သိသာအောင်လုပ်ထားတယ်
ဒိုင်တေါကလည်းဒါကိုကြည့်ပြီး ဆုံဖြတ်တာပေါ့
ဒုတိယနဲ့ တတိယ အဆင့်မှာတော့ ရေတံခွန် အနီတွေ ကို ဆင်ထားတယ်
စတုတ္ထအဆင့်ရယ် ပဉ္စမအဆင့်တွေမှာတော့ ဟိုစပ်စပ် ဒီစပ်စပ် ကျန်တာတေါ စုထားတယ် ပြ့ီးတော့ လေထီးတွေကို ထည့်ထားတယ်
လေထီးတေါမှာ ဇင့်ထုတ်ရယ် အနီရောင်အထုတ်ရယ် အစိမ်းရောင် အထုတ်လေးကို ထည့်ထားတယ်
ဒါမှ လေထဲမှာ အနီတွေ အစိမ်းတွေ လျှောက်ပြေးနေမှာလေ….
အားလုံးဆင်ပြီးတော့ နာရီကြည့်လိုက်တော့ ည 6နာရီထိုးနေပြီ
ထမင်းမစားရသေးဘူး
စားလည်းမစားနိုင်တော့ဘူး 7နာရီလောက်မှာ ကျွန်တော့သူငယ်ချင်း 10ဘီးကား ရောက်လာတယ်
မိးစာခွေကို တင်တယ်
ပြီးတော့အပေါ်ကနေ မိုးကာနဲ့ပိတ်လိုက်တယ်
မီးစာနဲ့မီးပုံပျံကိုကျတော့ ကျွန်တော့ အိမ်ကကားနဲ့ပဲ တင်လိုက်တယ်
အရှေံမှာ ဘုရားပုံရုယ် ငှက်ပျောပင်ရယ် အလယ်မှာ မီးစာပေါ့
သူ့အနောက်မှာ မီးကျီခွေတင်တဲ့ကား အားလုံစုံတာနဲ့ တာဝန်ရှိတဲ့သူတွေကိုခေါ်
မီးဇော်တွေ ရေနံခံတဲ့ခွက်တွေ တင် ပြီးတော့ လိုက်မဲ့လူတွေကို တံဆိပ်တွေ ပေးရတယ်
အိမ်ကစထွက်တော့ 8နာရီထိုးနေပြီ … အားလုံးကို ကြိုးနဲ့ စည်းတားလိုက်တယ်
ဟိုဘက်ဒီဘက် အရှည် ပေ100လောက်ရှိမယ် အားလုံးကို စည်းတာပြီးတာနဲ့ အရှေ့ကနေ မီးပုံးပျံနာမည်ပါတဲ့ ဆိုင်းဘုတ်ကို ကိုင်
ပြီးရင် အဒြီနော်ကမှာ မီးစာတင်တဲ့ကား ပြီးတော့ မီးကျီ
လူတွေကတော့ များသောအားဖြင့ လမ်းလျှောက်ကြတယ်
အဝေးကြီးမှ တကယ့်အဝေးကြီး သွားရပေမဲ့ မမောဘူး
ရင်ထဲမှာ ဂုဏ်ယူနေတယ်
တရိတ်ရိတ် နဲ့ ချီတက်သွားတာ
မြို့လည်ရောက်တာနဲ့ လူတွေစည်လာတယ်
ဗုံသံတွေ အိုးစည်သံတွေ ပိုကျယ်လာတယ်
ကတဲ့သူ အော်ဟစ်ပြီး ကိုယ့်မိးကိုအားပေးတဲ့သူက ပိုပြီး အသံကျယ်လာတယ်
လူတွေ ပိုပိုများလာတယ် မော်တော်ပီကယ်တွေက လမ်းရှင်းပေးတယ် …
ဒီလိုနဲ့ ကွင်းထဲရောက်လာပြီ
ကျွန်တောိ်က နံပါတိ် 6 ရှေ့မှာ 5လုံးလောက်ရှိသေးပေမဲ့
မီးကျီက 2လုံး
စိန်နပန်က 3လုံး
စိန်နပန်က ကြောက်စရာမကောင်းပေမဲ့
မီးကျီက ကြောက်ရတယ်
မီးခုန်ကူးသွားရင် ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူး…

(တတိယပိုင်း မျှော်ရန်)

10 comments

  • ပေါက်ဖော်

    November 2, 2011 at 9:09 pm

    မျှော်နေပါသည်..မီးပုံးပျံဒေါ်မြရင်…
    😀

  • nozomi

    November 3, 2011 at 10:45 am

    ဖတ်ရင်းနဲ့ ကိုယ်ပါ အဲဒီအဖွဲ့ပါသွားပြီး ရင်တွေခုန်လာတယ်
    အဲဒီလို ပွဲမျိုးက ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှတောင် လဲနိုင်မှာ မဟုတ်ဘူး

  • AKKO

    November 3, 2011 at 11:42 am

    မီးကျီခွေ ၊ မီးချုး ၊ ခို ရိုက်ပေးတယ်ဆိုတာ ဘာများပါလိမ့် ။
    တစ်သက်နဲ့တစ်ကိုယ် တခါမှ မကြုံဖူးတဲ့ ဗဟုသုတအနေနဲ့ ဖတ်ရပါတယ် နွေးသီးရေ 🙂

    • Yin Nyine Nway

      November 4, 2011 at 7:04 pm

      မီးကျီခွေဆိုတာ မီးပုံးပျံအောက်မှာဆွတာလေ
      ပုံတင်မလို့ပဲ ရဘူး ကော်နတ်ရှင်က

  • မိုးပွင့်ဖြူ

    November 3, 2011 at 12:21 pm

    အားပေးသွားပါတယ် ဆက်ဖတ်နေပါတယ် ဗုဟုသုတရတယ် လုံးဝမသိတဲအကြောင်းတွေ
    ………တခါတခေါက်အရောက်လာမည်တောင်ကြီးတန်ဆောင်တိုင်သို့……….

  • Diamond Key

    November 3, 2011 at 2:56 pm

    တို့လဲ မီးပုံးပျံ အဖွဲ့နဲ့ အတူလိုက်ပြီး လက်ညိုးလေး တစ်ထောင်ထောင်၊ ရှမ်းသိုင်းအက နဲ့ နော်ဗေနောင် လုပ်နေတယ်နော်။

    • AKKO

      November 3, 2011 at 4:01 pm

      ဆရာစိန်သေ့ာ လက်ညှိုးကို ခေတ်သစ် အဂုင်္လိမာလတွေ့သွားလျှင် မလွယ်ဘူးမှတ် 😀

  • windtalker

    November 4, 2011 at 8:37 pm

    ဒေါ်ရင် ရေ
    ကျုပ် တို ့ဂေဇက်ဝင်တွေ စုပြီး
    မီးပုံးပျံ တစ်လုံးလောက် လွှတ်လိုက်ကြရအောင် လား
    သဂျီးကို စီးခိုင်းမယ်လေ
    ဘယ်လိုလဲ
    နော

  • Yin Nyine Nway

    November 7, 2011 at 10:57 am

    သူကြီး ကိုစီးခိုင်းလို့မရဘူး..မဲပေါက်တဲ့သူစီးခိုင်းရမှာ တော်ကြာ ဝေးဝေးရောက်သွားမှဖြင့် ရွာမှာ သူကြီးမရှိ အဒူ ပိုက်ချ့ပေးမှာရဲရို့

  • ကြောင်ကြီး

    November 7, 2011 at 11:15 am

    နွေးသီးရယ် နင်ဒီလောက်တောင် လုပ်တတ်နေရင် နာတို့ တပ်မတော် ဒုံးပျံသုတေသနတပ်ဖွဲ့မှာ ဝင်လုပ်ပေးပါမလား။ အခုတော့ ရုရှားကို လွှတ်လိုက်ရတဲ့ ပညာတော်သင် ကုန်လိုက်ရတဲ့ပိုက်ဆံ၊ ဒုံးပျံမပြောနဲ့ လောက်လေးခွတောင် ထွက်မလာသေးဘူး။ နင့်ကို ဒုံးပျံသုတေသန တပ်မှူး ဗိုလ်ချုပ်ကြီးရာထူး ခန့်ပါတယ်။ မနက်ဖြန်ကစပြီး အထူးအဲယားကွန်း ဘတ်စ်ကားစီးပြီး ရုံးတက်ရုံးဆင်းလုပ်ပါတော့။ နေရာကတော့ ဒဂုံမြို့သစ်အပြင်ဖက်က လယ်ကွင်းထဲမှာ။ 😀

Leave a Reply