Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက် အသုံး ပြုမှု တားဆီးပိတ်ပင်ခံရခြင်း

ဦး ဂ်စ္November 2, 20111min50916

အင်တာနက်ဆက်သွယ်ရေးသည် လူသားတိုင်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ကို အငြင်းပွါးစရာမရှိကြောင်း ..
ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံတစ်ခုတည်းအတွက်သာလျှင် မဟုတ်ပဲ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံများအတွက်လည်း
အင်တာနက်က မရှိလျှင်မဖြစ်လိုအပ်လှပါကြောင်း အားလုုံးသိရှိ်ကြလိမ့်မည်ဟု ကျနော် ယုံကြည်ပါသည်။
နိုင်ငံတစ်ကာမှ နေ့စဉ်ထုတ် သတင်းစာများ ၊ ဂျာနယ် ၊ မဂ္ဂဇင်းများ၊ အင်တာနက်ပေါ်ရှိ မရေမတွက်နိုင်သည့်
ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ သုတရသ စာပေများ အစရှိသည်တို့ကို အခမဲ့ (သို့) ဈေးနှုန်းချိုသာစွာ
ဖတ်ရှုလေ့လာ နိုင်ပါသည်။ နိုင်ငံတစ်ကာနှင့်လည်း ကူးသန်းရောင်းဝယ်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု
များ ကိုလည်း ဆောင်ရွက်နိုင်ပါသည်။ စီးပွါးရေးအမြင်ဖြင့်ကြည့်ပါကလည်း  စီးပါွးရေးဈေးကွက် အတွက်
အဆက်အသွယ်ကောင်းများစွာ ရရှိနိုင်ပါသောကြောင့် များစွာ အကျိုးရှိလှပါသည်၊
သို့သော် တစ်ခုမကောင်းသည်က အင်တာနက်ဈေးနှုန်းများမှာ တစ်ခြားနိုင်ငံများနှင့် ယှဉ်လျှင် အဆမတန်
ဈေးကြီးနေသည့်အပြင် (မြန်နှုန်း) အရည်အသွေးများလည်း လွန်စွာနိမ့်ကျ ကွာခြားလျှက်ရှိကြောင်း အားလုံး
သိရှိပြီးဖြစ်ပါသည်။
များသောအားဖြင့် အင်တာနက်အသုံးပြုသူများ၏ ကုန်ကျစရိတ်မှာ တစ်နာရီလျှင် ၃၀ဝိ/ ၄၀ဝိ/ ၅၀ဝိ/ ပေး၍
သုံးကြရပြီး မိမိ၏ အိမ်သုံးအတွက် ဝိုင်ဖိုင်ယူပါလျှင် တစ်လ ၂၅၀၀ဝိ/ ၃၀၀၀ဝိ/ ပေးကြရပါသည်၊
ကျနော်တို့ သံတွဲမြို့တွင် ဝိုင်ဖိုင်ယူလျှင် ၁၀၀၀ဝိ/ ၁၅၀၀ဝိ/ သာလျှင်ပေးကြရပါသဖြင့် တစ်ခြားမြို့များနှင့်
ယှဉ်သော် အင်တာနက် ဈေးနှုန်းအသက်သာဆုံး မြို့လေးဖြစ်ပါသည်၊
နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တာနက်၏ အရေးပါပုံကို ကောင်းစွာသဘော
ပေါက်နားလည် သည့်အတွက်ကြောင့် တိုင်းသူပြည်သားများ၏ ပညာရေး၊ စီးပွါးရေး၊ လူမှုရေးများတိုးတက်
ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်သည့် အင်တာနက်ဆက်သွယ်ရေးစံနစ် ပို၍ ပို၍ ကောင်းမွန်လာအောင်
နိုင်ငံတော်မှ ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နေချိန်မှာ …..
ကျနော်တို့ သံတွဲမြို့အာဏာပိုင် များက အင်တာနက်အသုံးပြုမှုကို တားဆီးပိတ်ပင်လာမှုအပေါ် စဉ်းစားမရ
နိုင်အောင်ဖြစ်နေမိပါသည်၊ ၎င်းတို့သည် ကိုယ့်မြို့ကိုယ့်ဒေသ တိုးတက်လာမည့်အပေါ် မည်သည့်အတွက်
ကြောင့်တားဆီးရပါသနည်း ၊ ခေတ်ပညာ မတတ်၍ တားဆီးခြင်း ဖြစ်နိုင်ပါသလား ။
နိုင်ငံတော် အစိုးရ က ပြည်သူ့အော်သံ အဖြစ်လက်ခံ ခွင့်ပြုပေးထားခြင်းကို မည်သည့်အမိန့်ဖြင့်
တားဆီးကြပါသနည်း ဟု စဉ်းစားမရနိုင်လောက်အောင်ဖြစ်မိပါတော့သည်ခင်ဗျား ။
ရွာသူရွာသားများ လည်း ဤ အဖြစ်ကိုသိရှိပါစေရန် တင်ပြပေးခြင်းအပေါ် နားလည်ခွင့်လွှတ်ပေးပါရန်
တောင်းပန်လိုက်ရပါတယ် ။

16 comments

  • blackchaw

    November 2, 2011 at 10:58 pm

    ညီလေးတို့ သံတွဲကလည်း အရမ်းအော်ကြတာကိုး။
    မှန်လို့အအော်ခံရတာ ဘာမှမဆန်းပေမယ့်
    မမှန်ပဲနဲ့ အအော်ခံရတော့ နာတဲ့လူတွေက နာကြမှာပေါ့ကွာ။
    ဖြစ်သမျှ အကြောင်းအကောင်း ပဲပေါ့ကွာ။

    • Gipsy

      November 3, 2011 at 10:30 am

      မနေနိုင်လွန်းလို့ အော်မိကြရတဲ့ အဖြစ်တွေမို့ပါ …၊
      အမှန်ကတော့ အော်သူ ဆယ့်ငါးယောက် ပြန်လည်ချေပသူ နှစ်ယောက်ပါ …၊
      ဘာပဲဖြစ်ဖြစ် အကိုတို့ရာ မှန်ကန်ထိရောက်မှုရှိတဲ့ အော်ချက်တွေလဲပါသမို့
      ဟိုးအယင်ကထက် မြို့လေး တည်ငြိမ်သွားပါတယ် ..။
      ဘယ်လိုပြောရမလဲ ခိုးဝှက်မဲ့သူ၊ လိမ်မဲ့သူတွေ ကျောမလုံဖြစ်နေကြပီမို့လေ…။

  • Foreign Resident

    November 3, 2011 at 1:39 am

    အော်ယုံကတော့ အော်လို့ရပါတယ်ကွယ် ။
    ဆဲတော့ မဆဲကြနှင့်နော် ။

    စာဖတ်သလိုပဲပေါ့ Cartoon ကနေ စပေမယ့်
    တဖြည်းဖြည်း မြင့်လာမှာပါ ။

  • ကိုကိုလူဆိုး

    November 3, 2011 at 7:31 am

    ဂျစ်ပစီရေ သံတွဲဆိုတာ အော်သံများတယ်နော်.. ကြက်ပျောက်လည်းတိုင် ငှက်ပျောက်လည်းတိုင် . အကုန်မကျေနပ်တာနဲ့ ထထအော်ကြတာပဲ ဟုတ်သေးပါဘူး.
    ကွန်ကျတာ သံတွဲမှမဟုတ်ဘူး မြန်မာတစ်ပြည်လုံးဖြစ်နေတာ.
    ” ကျနော်တို့ သံတွဲမြို့တွင် ဝိုင်ဖိုင်ယူလျှင် ၁၀၀၀ဝိ/ ၁၅၀၀ဝိ/ သာလျှင်ပေးကြရပါသဖြင့် တစ်ခြားမြို့များနှင့်
    ယှဉ်သော် အင်တာနက် ဈေးနှုန်းအသက်သာဆုံး မြို့လေးဖြစ်ပါသည်၊ ”
    သံတွဲမြို့က သက်သာတဲ့နှုန်းထားနဲ့ယူတာပဲဗျာ . နည်းနည်းတော့သည်းခံလိုက်ပေါ့ .

    တော်တော်ပြသနာများတဲ့သံတွဲမြို့. ထစ်ခနဲ့ရှိထထအော်ကြတာပဲ အဲဒါကြောင့် နောင်ကြီးတို့ကို နှေးထားတာနေမှာ .. ကွန်နရှင်မြန်ချင်ရင်နည်းနည်းသည်းခံလိုက် . အဲဒါဆို ပိုမြန်လာလိမ့်မယ်
    ကျွန်တော်တို့တောင် ပိုးစိုးပက်စက်တွေကျနေတာ နယ်ဆို ပိုဆိုးပီပေါ့ ။

  • chityimhtoo

    November 3, 2011 at 9:15 am

    သံတွဲသားတွေရယ်မင်းတို့အော်တာနဲ့ဝိုင်ဖိုင်တွေတားမြစ်ခံနေရပါဦးမယ်။

  • khinmintatthu

    November 3, 2011 at 9:41 am

    ထပ်ပိတ်လို့တော့ မဖြစ်ဘူးနော်…. တိုးတိုးလေး အော်ကြပါဗျို့….

  • Gipsy

    November 3, 2011 at 10:33 am

    ဟုတ်ကဲ့ တိုးတိုးလေးပဲ အော်ပါတော့မယ်ခင်ဗျ…၊
    ကြားကြတယ်နော် သူငယ်ချင်းတို့ရေ … တိုးတိုးလေးအော်ကြပါတဲ့… နော…. :mrgreen:

  • etone

    November 3, 2011 at 11:32 am

    အင်တာနက် ၊ ကြင်ရာဖက်
    မြင်တာချက် ၊ အကုန်သာ add
    ဘယ်သူမဆို accept 😀
    သုံးကောင်းတုန်းပျက် 🙂 🙂 🙂

    ပျက်အစဉ် ၊ ပြင်ခဏခဏ
    ဘဝင်မကျတကျ ၊ လိုသလိုမသုံးရ
    ဒါငါတို့ဘဝ 😆

    • king

      November 3, 2011 at 3:13 pm

      မင်္ဂလာပါ …. အမစာသားကြိုက်လို့ ကူးသွားပါ၏ ….
      ကြိုက်လို့ ယူသုံးပါ၏
      မိုက်လို့ ဆက်သုံးပါ၏ (အင်တာနက်)
      ငိုက်လို့ ပုန်းဆွဲပါ၏ (ပုန်း = အစားစားခြင်း)
      ဆွဲလို့ ဆက်ငိုက်ပါ၏
      ငိုက်လို့ …………………
      ……………………………
      😛

      • etone

        November 3, 2011 at 4:18 pm

        မင်္ဂလာဆောင်ပါ ငါ့မောင် 😀 😀

        မဆောင်ခင်စကား၊ သေချာမှတ်သွား
        ရေးချလိုက်တယ် ၊ အရိပ်အယောင် 🙄
        ကြုံရာမယား နှစ်ပါးသွားမယ် စိတ်မကူးနဲ့
        လေးလုံးရောဂါ စွဲတတ်တယ် ။
        စကတ်တိုတိုကိုလည်း ခပ်ပျိုပျိုမမှတ်လေနဲ့
        အင်ကြီး မိတတ်တယ် ။
        လည်ပင်းဟိုက်တဲ့လူကိုလည်း အထင်မကြီးလိုက်နဲ့
        လင်ကြီး လိုက်ရိုက်တတ်တယ် ။

        လင်ကိုဘုရား ၊ သားကိုသခင်
        အိမ်ထောင်မှုကျွမ်းကျင် ၊လာဘ်လည်းမြင်
        အသုံးလည်းစိ ၊ အလိုက်သိတဲ့
        အပျင်းမထူ ၊ မငြူစူ
        တကိုယ်ရေသန့်ရှင်း ၊ လှပအပြစ်ကင်း
        မျက်နှာလည်းချို ၊ စေတနာပို
        ထိုလို မိန်းမ ၊ ရှာယူဟ 😀

        • AKKO

          November 3, 2011 at 4:27 pm

          အဲ့လိုမိန်းမ ပုံပြင်ထဲမှာပဲ ရှိမယ်ထင်တယ် ။ တကယ့်လက်တွေ့မှာ ရှိတော့ရှိတယ် ရှားတယ် 😀

  • J.me

    November 3, 2011 at 9:06 pm

    အင်းနော် . . . ရှိနေသေးတယ်ဆိုတော့ မဆိုးလောက်သေးဘူးပေါ့ ။
    ရှိတာလေးကို စီစစ်ပီး လိုက်ရှာပုံတော်ဖွင့်ရတော့မပေါ့ အကိုအမတို့ရေ ။

  • တကယ်တော့ tablet တွေ၊ဖုန်းတွေ နဲ ့တမြို ့လုံးလမ်းလျှောက်သုံးလို ့ရအောင် ကျွန်တော်တို ့ကြိုးစားထားခဲ့တာပါ။ဒါပေမယ့် မေတ္တာရှေ့ထားပြီး လူတွေအဆင်ပြေပြေ ပြန်သုံးနိုင်ဖို ့မျှော်လင့်မိပါတယ်။

  • aye.kk

    November 4, 2011 at 6:06 am

    ပိတ်ပင်တားဆီးခံရတာတော့ မကောင်းတာအမှန်ပါဘဲ
    ကိုယ်ပိုင်ဆိုင်တဲ့ လွတ်လပ်မှုကို တားဆီးပိတ်ပင်ခံရတာ
    ကိုယ်ပိုင်အခွင့်အရေးတစ်ရပ် ဆုံးရှုံးရတာနဲ့အတူတူပါဘဲ
    ပိတ်တဲ့သူတွေ ဗြိတ္တာဖြစ်မှာ မကြောက်လို့နေမှာပါ

  • ကိုကိုလူဆိုး

    November 4, 2011 at 8:14 am

    ” မိမိ၏ အိမ်သုံးအတွက် ဝိုင်ဖိုင်ယူပါလျှင် တစ်လ ၂၅၀၀ဝိ/ ၃၀၀၀ဝိ/ ပေးကြရပါသည်၊
    ကျနော်တို့ သံတွဲမြို့တွင် ဝိုင်ဖိုင်ယူလျှင် ၁၀၀၀ဝိ/ ၁၅၀၀ဝိ/ သာလျှင်ပေးကြရပါသဖြင့် တစ်ခြားမြို့များနှင့်
    ယှဉ်သော် အင်တာနက် ဈေးနှုန်းအသက်သာဆုံး မြို့လေးဖြစ်ပါသည်၊ ”

    မန်းတဲ့လူတွေ စာကိုသေချာဖတ်ပြီးမှ မန်းပါဦးဗျာ ပိတ်ပင်တားဆီးခံရတာ မဟုတ်လောက်ပါဘူး ။
    ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတာလည်းမဟုတ်ဘူး။ ဆက်သွယ်ရေးက ဝိုက်မက်ရယ် အေဒီအက်အမ်ရယ် လွှင့်တာပါ နောက်ကြီးတို့ပြောတဲ့ ဝိုင်ဖိုင်မပါပါဘူး။ ဝိုင်ဖိုင်ဆိုတာ အင်တာနက်ဆို်င်က rounter ကနေ လွှင့်တာပါ။ ကိုက် ၁၀ဝ ပါတ်လည်လောက်ရပါတယ် . တိုင်ထောင်လိုက်ရင် အစားစား ရ မိုင် ပါတ်လည်အထိ
    ရပါတယ်။ အခု ကိုဂျစ်ပြောနေတာက အင်တာနက်ဆို်င်ကိုသာ သွားပြီးပြောသင့်တယ်ထင်ပါတယ်။
    အင်တာနက်ဆိုင်တွေကလည်း လိုင်းအရမ်းကျနေတော့ ဝိုင်ဖိုင်နဲ့အပြင်ကိုပေးသုံးမှာမဟုတ်ပါဘူး ။ တစ်လကို တစ်သောင်းခွဲလောက်ပဲပေးရတာပဲဗျာ ပျော်ပျော်ကြီးပေးပစ်လိုက်ပါ။ ကွန်ကောင်းတုန်းကို ပိုးစိုးပက်စက် သုံးထားတယ်မလား နည်းနည်းတော့အနာခံလိုက်ပါဦး ကို့ဘက်ကအသာချည်းပဲလည်းမှတ်မထားရဘူးလေ။ အင်တာနက်ဆိုင်တွေဆိုရင် နောင်ကြီးတို့လို့ ၁ သောင်းခွဲလောက် ပေးရတာမဟုတ်ပါဘူး။။ အော်ပိုင်ခွင့်လည်းမရှိဘူး။ အော်လည်းမထူးဘူး အခုဟာ က လိုင်းကျပါ့မယ် တစ်ခါတစ်ရံ လိုင်းပြတ်သည်အထိ ဖြစ်ပါမယ်လို့ သတိပေးစာ ထုတ်ထားတာပဲ။ သည်းခံလိုက်ပါ။

  • Gipsy

    November 4, 2011 at 10:45 pm

    ဟုတ်ဖူးဗျ… ဆိုင်ပိုင်ရှင်ခမျာ တစ်ကယ်ကို စိတ်မကောင်းဖြစ်နေရှာတာ…
    အိုင်ပီစတားရော စကိုင်းနက်ပါ နှစ်မျိုးထားပေးတာပါ..၊ ကျုပ်တို့ကတော့
    ဘယ်နေရာသုံးသုံး အဆင်ပြေပါတယ်..။
    ဒီမြို့မှာက အင်တာနက်ဆိုင်တွေဖွင့်တာ လပိုင်းလောက်ပဲရှိသေးတာမို့
    အတိုင်အတောတွေထူ အရေးအသားတွေများနေတဲ့ အခြေအနေပါ..။
    ခုတော့ အာဏာပိုင်တွေကိုရေးချက်တွေများနေသမို့
    ဆိုင်ရှင် ကိုခေါ်တွေ့ စစ်ဆေးတာ ၂ ကြိမ်ခန့်ရှိပြီလို့ ကြားသိရပါတယ်ဗျာ..။
    ဆိုင်ရှင်လဲ ဗိုက်မှောက်၊ သုံးသူတွေလဲ ဒုက္ခရောက်နေကြရပြီဗျ…။

Leave a Reply