ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၄)

ムラカミNovember 4, 20112min42737

ဖော်။ ကန်းပါပီဟ ... .မျက်စိကျိမ်းထှာ .....
ပထမဆုံးမြင်ရတာ ဖလက်ရှ်....နောက်တော့ လက်
အင်မတန်သေးသွယ်ရှည်လျားသော လက်ချောင်းများ ...
(အနုပညာလက် အနုပညာလက်)
ထိုလက်များက ဆုပ်ကိုင်ထားသော ကင်မလာ တလုံး ...
ကင်မလာနောက်ကွယ်မှ ဂျိုကာလို စပ်ဖြီးဖြီး အပြုံးပိုင်ရှင် ...
ပြောင်းတို ပြောင်းရှည်များ ပြည့်နေသောအဝါရောင် နီကွန်ဝေ့စ် ကုတ်နှင့် လူတယောက်
သေချာပီ ဒါ မှော်ဆြာ ....





ဖော်။ ဘယ့်နှာလုပ်တာတုန်း ဆြာရဲ့ မျက်စိကို ကျိမ်းသွားတာပဲ..
မှော်။ ဆောရီး ကပေါက်ဖော်ရေ ....အချိန်က ဆန်းဆက် ကလေး လိုက်တင်လေးကလည်းလှ
        ဗျူးလေးကလည်းကောင်း ပို့စ်လေးကလည်း ဆက်စီ ဖြစ် ...လိုကေးရှင်းနဲ့လည်း ကွက်တိ
        အပြတ်မိ ဖြစ်နေတော့ ရိုက်လိုက်မိတယ်ဗျ...
        ကြို အသိပေးနေရင် မျက်တောင်ခတ်မှာ စိုးတာကိုးဗျ...
ဖော်။ နို့ ဖလက်ရှ် ကြီးက ဘာလို့ ဖောက်ရတာတုန်း
မှော်။ အာ...ဒါကသည်လိုရှိတယ်လေဗျာ.... ခင်ဗျားကို ရိုက်တယ်ထင်အောင် ခင်ဗျားဘက်လှည့်ဖောက်ရတာပေါ့
ဖော်။ ဟင် ...ကျုပ်ကိုရိုက်တာ ဟုတ်ဝူးလား ...
မှော်။ အာ ... ခင်ဗျား ဟာခင်ဗျား ရှေ့တိုးနောက်ငင် ကောင်းနေတာ ကို ရိုက်ပီး ဘာလုပ်ရမှာတုန်းဗျ...
        တပ်ထားတဲ့ ပြောင်းကိုလည်း ကြည့်ဦး ....
ဖော်။ ဟင် ....ဟုတ်ပ.... ၃၀ဝမမ တယ်လီ ပြောင်းကြီး ....
မှော်။ မော်ဒလယ် မလေးများ လုပ်သလို မေးလေးကို ဆတ်ပြရင်း ...
ကပေါက်ဖော်တယောက် သူ့ ပုခုံး သူပြန်ကျော်ကြည့် လိုက်ရသည် ...
အလို ...ချာတိတ်ငယ်မလေး တယောက် ရေကန်ဟိုဘက်စွန်းတွင် ကော့ခ်တေးလ် သောက်ရင်း အနူယားနေသည်ကိုး...




ဖော်။ ဒါ .... ဒါ .... မော်ဒလယ် မလေး ဝတ်မှုန် ငွေချည် မဟုတ်လား ....
မှော်။ ကျုပ်လည်း အဲ့လို ထင်တာပဲဗျ ...တူတော့ တူတယ် ....ဝေးနေတော့ သိပ်မသေချာဘူး
         ဟိုကောင် အင်ဇာဂီ ဘယ်မလဲ ဒီကောင်ကတော့ ဒါတွေရိုက်ပီးရောင်းစားနေကြဆိုတော့ သေချာသိမှာပဲ .. ...မှန်း...
သူ့ ကင်မလာ မော်နီတာတွင် ဇွမ်းချဲ့ကြည့်နေသည် ..
ဖော်။ ဟီဟိ ..အော်တို ထိုးခိုင်းရမယ် အော်တို ထိုးခိုင်းရမယ်......
မှော်။ ဟာ ဟေ့လူ နေဦး နေဦး ....
.....................................ဗွမ်း ................ဖလူး ဖလူး..
ကပေါက်ဖော် တယောက် ထပြီး အပြေး တွင် ရေထဲ ထိုးကျသွားခြင်းသာဖြစ်သည် ....
အော် သည်လူ့နှယ့် စကီ မြင်တာနဲ့ ရေပြင်ကို ပထဝီ ထင်တော့တာကိုး
မှော်။ ဟာ ဟေ့လူ ကပေါက်ဖော် ....ဖြစ်ရမယ် ခင်ဗျားကတော့ဗျာ....
        ဘာ  ရေ မကူးတတ်ဘူး ဟုတ်လား ....ကျနော် ဆယ်မယ် ...စိတ်မပူနဲ့ .....ခနထိန်းထား...
ဖော်။ ဖလူး ဖူး .....
မှော်။ ဟေ့လူ ရေနဲ့ မပက်နဲ့လေဗျာ ...ကျုပ်ကင်မလာတွေ ပျက်စီးကုန်မယ် ..ဟာ ..သည်လူ....





ပြောပြောဆိုဆို မှော်ဆြာလည်း သူ့ကိုယ်တွင် ဆင်ယင်အပ်သော ကင်မလာ အီကွစ်ပ်မန့်များကို
စနစ်တကျ ဖြုတ်ပြီး ရေလွတ်သည့်နေရာတွင်သွားရောက်ပုံနေတော့လေသတည်း...။
တကယ်တော့ ကပေါက်ဖော် ကြောက်အား လန့်အားနှင့်သာ ယက်နေတာ
ရေက ၃ပေသာရှိသော ကလေး ကူးသည့်ကန် ဖြစ်နေသည်....
ခြေထောက်ထောက်မိပြီး ပြန်တက်လာနိုင်လို့သာတော်တော့သည်....
နို့မို့ မှော်ဆြာ လုပ်နေပုံနှင့်ဆို ကပေါက်ဖော် သူ့ မျက်တောင်မခတ် မော်ဒယ် ဖြစ်ဖို့
သိပ်မလိုတော့ ....



မှော် ။တော်သေးတာပေါ့ ကပေါက်ဖော်ရယ် ခင်ဗျားဟာ မထိတ်သာ မလန့်သာ
ကပေါက်ဖော် အရှက်ပြေ ပြုံးရင်း
ဖော်။ အဲ့ရာတွေ နောက်မှပြောဗျာ ...ခု ချိန်မှာ အရေးကြီးတာ အော်တို အော်တို ဟီး...
မှော်။ ဟိတ်လူ ရုပ်ချင်း ဆင်တာဗျ ခင်ဗျာ့မော်ဒလယ် မဟုတ်ဘူး
ဖော်။ အင်..... ဟုတ်ကဲ့လားဗျာ...
မှော်။ ဟုတ်ပါ့ သည်မှာကြည့် ....
သူ့ ကင်မလာ မော်နီတာ ကို ချဲ့ပြနေသည်။
ဖော်။ အင်း ...ဟုတ်တယ်ဟ ...ဆင်ရုံဆင်တာ ...
       ဒါပေသိ ...ဂွတ်ထ် ......ရှလွတ်.....




ထိုစဉ်
ဒီမှာရှင့် ဒီမှာ ...
မှော် ဆြာ ဆတ် ကနဲ ဖြစ်သွား၏ အတွေ့အကြုံအရ အန္တရာယ် အနံ့ ကို ရလိုက်သည်...
မိန်းကလေးကဆက်ပြောသည် ...ရှင် စောစောက ကျမှ ဓါတ်ပုံ ခိုးရိုက်တယ်မလား ...
မှော်။ ဟုတ်ပါဝူး ညရေးကရဲ ...အစ်ကို တို့ ၂ယောက် ကင်မလာ စမ်းတာပါ ....
မိန်း။ ဘာ ကင်မလာ စမ်းတာလဲ ...သည်ပြောင်းနဲ့ သည်လောက် အနီးလေး ရိုက်လို့ရမလား..
        ကျမ ဆြာ အင်ဇာဂီ ရဲ့ ဆောင်းပါးတွေ ဖတ်ထားပီးသား ...သည်ပြောင်း ဘယ်လောက်
        အကွာအဝေး ...လှမ်းဆွဲ လို့ရ တယ်ဆိုတာ မှန်းလို့ရတယ်....
မှော်။(တောက် ..အင်ဇာဂီ....နေနှင့်ဦးပေါ့ ကွာ ....ဒင်း က ဒင်းကျ ရိုက်တယ် သူများကျ မရိုက်ရအောင်
            လျောက်လျောက်ရေးတယ် ...တွေ့ ပစေဦး.....)
သို့သော် .အခြေအနေအရ .မျက်နှာကို ရုတ်တရက် အိုချ လိုက်ကာ ...
မှော်။ အော် ညလေး ရယ် အကိုကြီးတို့ကလေ ကင်မလာ စမ်းတာ ဆိုတော့ တပုံတလေတော့ အဟဲ ...
         ပါသွားကောင်းပါ သွားမှာပေါ့နော်...
မိန်း။ ဘာတပုံတလေလဲ ..သိနေတယ်လေ Z ကို သည်လို လာလိမ်လို့မရဝူး ...စောစောက
        ဟိုလူကြီး ပုခုံးပေါ်က Z ကို ကျော်ရိုက်လိုက်တာမဟုတ်လား ...
ဖော်။ (အမူးပြေသွားဟန်ဖြင့်  ....သည်ကောင်မလေး ဝတ်မှုန်ငွေခြည်နဲ့ တယ်တူတာကိုး ...
           ရေထဲ ပြုတ်ကျတာ ကံကောင်း နို့မို့ ၆ချက်ကွဲဦးမယ် ...အဟီး...)
ဖော်။ နာမည်လေးက Zတဲ့လားကွယ် ...ကိုရင့်နာမည်က ကပေါက်ဖော်ပါ ...
         ကိုယ့် သယ်ရင်းကလေ အဲ့လိုပဲ ညလေးရဲ့ လျောက် ရိုက်နေတော့တာပဲ...
          စိတ်မဆိုးနဲ့နော် ညလေး ကိုရီး ပြေလည်အောင် ဖြေရှင်းပေးမယ်...
မှော်။ (တောက် ...ဒါ သက်သက် ဖြတ်ခုတ်တာ ...သည်လူကြီး ချော်လဲရောထိုင် ပွဲရှိဖျာခင်း လုပ်မယ့်လူကြီး..)
ဖော်။ သယ်ရင်းရေ သည်ကညီမက သယ်ရင်းရိုက်ထားတဲ့ ပုံလေး အမှတ်တရ သိမ်းချင်လို့တဲ့ကွာ
         မင့် မန်မိုရီ ကဒ်လေး လက်ဆောင်ပေးလိုက်ရအောင် ....ကျေနပ်နော် ညလေး...
မိန်း။ ကောင်းပီလေ မန်မိုရီကတ် ရရင် တော့ ကျေနပ်လိုက်ပါမယ် ကျမလည်း အကျယ်အကျယ်မဖြစ်ချင်လို့ပါ
         တကယ်ပုံကောင်း ထွက်ရင်တော့ အတိုင်းထက်အလွန်ပေါ့...
ထွက်သမျှ ဒေါသကို တဖြည်းဖြည်းလျော့ချရင်း ...တုန်ရီသော လက်တစုံဖြင့်...
မှော်။ ရော့နော် ညလေး စိတ်ဆိုးနဲ့ ....
မိန်း။ ကောင်းပါပီ ရှင့် ညီမနာမည် Moe Z လို့ခေါ်ပါတယ် ညနေတိုင်း သည်မှာ ရေလာကူးပါတယ်...
        အစ်ကို့ကို ညီမ သိပါတယ်... ကိုမှော်ဆြာ ဆိုတဲ့ နာမယ်ကြီး ဒါ့ပုံဆြာ ကို မသိဘဲ နေပါ့မလား..




external HDD လောက်နီးနီးပေးရသော 16GB SD card တကဒ် ဆုံးထားသော်လည်း
ဟိုဘက်က ပင့်ပေးမှန်း မသိ အကျေနပ်ကြီး ကျေနပ်ပီး သကာလ....
မှော်။အော် .. ဟုတ်ကဲ့ ဗျ ...နောက် ကို ရိုက် ဖို့နှက်ဖို့ရှိရင်လည်း ပြောပါဗျ .....ကျေးဇူးပါဗျ...
Z။ သွားလိုက်ပါဦးမယ်ရှင့် ...
မှော်။ အော် .. ဟုတ်ကဲ့ ဗျ ...နောက် ကို ရိုက် ဖို့နှက်ဖို့ရှိရင်လည်း ပြောပါဗျ .....ကျေးဇူးပါဗျ...
(ဘယ်နှခါ ပြောမိမှန်းမသိ .........အော် ..အတော် customer relationship ကောင်းတဲ့ ဒါ့ပုံဆြာ )


မှော်ဆြာနှင့် ကပေါက်ဖော်တို့၏ တွေ့ဆုံပွဲကား အထက်ပါအတိုင်း အစီအစဉ်ကျန ခဲ့လေသတည်း...
ထိုအချိန် ယိုးဒယား ဆီစွတ် မာဆက် သွားနေသော ...အင်ဇာဂီနှင့် ကပေ တို့ ၂ဦးမှာမူ ......

37 comments

  • Moe Z

    November 4, 2011 at 9:11 am

    Moe Z လည်းအချောင်ရလိုက်တဲ့ 16GB ပါတဲ့ memory card ကို အိမ်ရောက်ရောက်ချင်းပဲ
    computer ထဲဖွင့်ကြည့်လိုက်တော့ …..
    မော်ဒယ်မလေးပေါင်းများစွာရဲ့ မလုံ့တလုံပုံများကို တွေ့လိုက်ရပါတယ်..
    ရောင်းစားလိုက်ရရင်တော့ 😛

    • inz@ghi

      November 4, 2011 at 9:13 am

      မိုးဇက် မရဘူးဗျ …
      .နောက်တပိုင်းမှာ မိုးဇက်မသိအောင် ပါရမီရှင် အလစ်သမား ကပေါက်ဖော်
      က နှိုက်လိုက်တဲ့အကြောင်းပါမယ်…မန်မိရီကတ် ကိုပြောတာနော်…

      ခင်တဲ့
      Inz@ghi

      • အီးတီ

        November 4, 2011 at 9:40 am

        အာ့…ကျွန်တော်က မZ ကို ရွာထဲမှာ လေလံပစ်ခိုင်းမလို ့ကြမ်းခင်းဈေး သတ်မှတ်နေတုန်း
        ရှိသေးတယ် reply ကမြန်လိုက်တာ။ ခုတော့ တွားပါပီ ကပေါက်ဖော်က ဝင်နှိုက်သွားတယ်
        ဆိုတော့။ မန်မိရီကတ်

      • Diamond Key

        November 4, 2011 at 4:51 pm

        အောင်မလေးနော် ကပေါက်ဖော်၊ မိုးဇက်မသိအောင် နိုက်လိုက်သော်၊
        အမှန်တစ်ကယ် မိုးဇက်မသိ၊ ရှိနိုင်လောက်ပါဘိ။

        • ပေါက်ဖော်

          November 4, 2011 at 5:10 pm

          အောင်မြလေးဗျာ..ကစိန်သော့ရာ
          မိုးစက် မသိအောင် နှိုက်ရမှာ..
          နှိုက်တာမိသော် ငဖော်ရှော့ရှိ..
          သဂျီး ထိပ်တုံးစာမိ
          အဲတာ..ကွိ..ကျိ..ကွိ.ကျိ..
          🙄

  • ပေါက်ဖော်

    November 4, 2011 at 10:02 am

    အောင်မငှီး..
    မန်မရီကတ် ကယ်ပေလို ့သာပေါ့
    နို ့မို ့ဆို..မော်ဒယ်မလေး ဝတ်မုှံ ငွေချည် မိုးစက်တော့…ဟွင်း..ဟွင်း.ဟွင်း..
    ရေကူးစရာ ဝတ်စုံတောင် ရှိမှာမဟုတ်ဘူး.
    လက်က အဲလောက်သွက်တာ..
    တစ်စက္ကန် ့ကို လက်သီးအလုံး တစ်ရာထွက်တယ်နော့်..
    🙄

    • pan pan

      November 4, 2011 at 10:06 am

      ကပေါက်ဖော်လက်သံက တယ်သွက်တယ်ပြောင်ပ့ါလား
      ကြောက်ရတယ်
      ဒီရွာထဲနေရတာ ရှိသမျှပစ္စည်း လုံလုံခြုံခြုံထားရမယ်

    • ပေါက်ဖော်

      November 4, 2011 at 10:36 am

      ဟော်လဘွားကြီး ဆူး ဆို ပတ်ပြေးနေတာ..
      လက်ကိုကြောက်လို ့…
      တစ်စက္ကန် ့အတွင်း ဆံပင်ဖြူ အချောင်းတစ်ရာ နှုတ်ပြလိုက်တာ ဖြုံသွားဒယ်..
      ညှင်း.ညှင်း..ညှင်း..
      😆

      • inz@ghi

        November 4, 2011 at 10:43 am

        ကပေါက်ဖော်နှင့် ဟော်လဘွားကြီး ဆူး တွေ့စုံခန်း ထည့်ရေးပေးရမား ….

        ကပေ့နဲ့ အန်တီမမ တွေ့ဆုံခန်းတော့ ရေးထားတာရှိတယ်….

        သဂျီးရဲ့ဒေါ်လှ အပြားတွေကို
        အဘနဲ့ သင်္ဘောသီး တသိုက်မသိအောင်
        ပေ ဇာ ဖော် မှော် ၄ဦးသား ဘုန်းပီးသကာလ
        သဂျီးဆီ ဖိန့်ဖိန့် ရသုံး စာရင်းတင်ဖို့ နာမည်ကျော် အကောင့်တန့် လိုက်ရှာတဲ့အခန်း …
        ဖစ်ချင်တော့ အန်တီမမ နဲ့ ကကြောင်ကြီးက ငယ်ချစ် ….

        မကြာမီ လာမည် မျှော် ….

        • ကြောင်ကြီး

          November 4, 2011 at 11:10 am

          ဟေ့ ကြောင်ကြီးမှာ ကြီးချစ် ငယ်ချစ်တွေ မရှိဘူး၊ အချစ်တခုပဲ သန့်သန့်လေးရှိတယ်။
          ဒါနဲ့ မိုးZ ရေကူးဝတ်စုံနဲ့ ရန်တွေ့နေတဲ့ပုံလေး အီးမေးလ်ကနေ ပို့လိုက်ပါနော်။ ေဩာ် သူငယ်မ သူငယ်မ လုံလုံခြုံခြုံမှ ရှိပါ့မလားကွယ်…။ 🙄

        • MaMa

          November 4, 2011 at 2:05 pm

          ဆြာအင်ရေ- မော်ဒယ် (ခုနှစ် သက္ကရာဇ်) တွေမှားနေပြီ။ အန်တီမမရဲ့ မြေးမလေးက ယောင်တောင်ပေါင်တောင် ကြောင်တစ်ကောင်မွေးထားတာပါကွယ်။ ခုတော့ ရှောသွားပါပြီ။ (မြန်မြန်ဇာတ်သိမ်းလိုက်တာ) 😀

      • ဆူး

        November 4, 2011 at 10:53 am

        🙄
        ဘယ်နှဲ့တော် ဆူး ဆိုတာ ပါလာရတာတုန်း.. ရွာထဲမှာခဏ ပင်စင်ယူတော့မလို့ဟာကို အလစ်ကို မပေးရဲဘူး ဖြစ်နေတယ်။ ဟွန့်။

        • inz@ghi

          November 4, 2011 at 11:01 am

          ကြိုက်ပီဗျာ ..အပိုင်း ၂၂ မှာ သုံးမယ် …ဟော်လဘွားဆူးကို …
          ဟော်တယ် စကျူရတီ ဆီက အိုင်ဒီကတ်ကို ဘတ်ပီး ကျောက်ဆင်းတုခေါင်းငြှိမ့် အင်ဇာဂီ ဆီ လာပေးတဲ့ ..
          အကမယ်လေး နေရာက နေကို သုံးဦးမှာ ….

      • ပေါက်ဖော်

        November 4, 2011 at 10:56 am

        ဟော်လဘွားဆူးနဲ ့..ဟော်လဘိုးကြောင်ကို ခွင့်တောင်းကြည့်ပေါ့..
        ဟော်လဘိုးဇာရယ်
        😆

      • ပေါက်ဖော်

        November 4, 2011 at 11:00 am

        ဟော်လဘွားကြီး..
        ကျန်တဲ့ဆံပင်ဖြူ ထပ်နှုပ်လိုက်ရမလား..
        ဂတုံးဖစ်တွားမယ်နော့်…ငှဲ.ငှဲ..ငှဲ..

        နောက်ဒါနော် ချိတ်ချိုးနဲ ့

        ိဟိုဘက်မှာ.တလုပ်တွေ..သံတွဲတွေ…နိုင်ငံရေးတွေ ဆွေးနွေးနေကြလို ့.ဒီဘက်ပြေးလာတာ
        😆

        • inz@ghi

          November 4, 2011 at 11:04 am

          ကပေါက်ဖော်ရေ့ … မနေနိုင်တော့လို့ ချရေးလိုက်တော့မယ်..
          လူစွမ်းကောင်း စာရင်းကို ….
          ၁။ မန့်သ်လေး ဘေး ပိုင်ရှင် သူဌေး မိုက်ကယ်လ် သဂျိုင်ခီး.. (project sponsor, investor)
          ၂။ တခ်နစ်ကယ်လ် ခေါင်းဆောင် တောင်ကျွန်းဝိဇ္ဖာ အဘဖော (master planner)
          ၃။ ဇာတ်လိုက်ကျော် အတုဝိဇ္ဇာ ကပေ
          ၄။ ကျောက်ဆင်းတု ခေါင်းငြိမ့် အင်ဇာဂီ
          ၅။ ပါရမီရှင် စာတတ်ပေတတ် အလစ်သမား ကပေါက်ဖော်
          ၆။ မျက်တောင်မခတ် ဒါ့ပုံသမား သတိ္ထရှင် ဖဲဝိဇ္ဇာ မှော်ဆြာ
          ၇။ တခ်ခနစ်ရှင် သင်္ဘောသီးကြီး အီးတီ
          ၈။ တခ်ခနစ်ရှင် သင်္ဘောသီးငယ် ကိုရင်စည်သူ
          ၉။ ၂၁ရာစု ငထွေရူး ကစိန်သော့
          ၁၀။ ဖောက်ခွဲ ဝိဇ္ဇာ ကိုမှောင်ချော
          ၁၁။ ချက်မာစတာ မာယာရှင် ပလိုဂလမ်မာ ပန်ပန်

          ဘတ်ထ် …. ဗီလိန်စာရင်းတော့ မပြုစုရသေးဝူး …မကြည်တဲ့လူ ရှိရင် မစပါဦးဗျာ..

        • ပေါက်ဖော်

          November 4, 2011 at 11:20 am

          ဗီလိန်ဆို.ကကြောင်ဂျီး
          ဂဘလူး(ဘီလူးorgre)၊
          ကမဲကြီး(Comegyi)..
          ကဘိုနေ(နေဝန်းနီ)

        • pan pan

          November 4, 2011 at 11:30 am

          အလိုတော် 😯
          ရုပ်ဆိုးကြီးတွေကြားထဲမှာ ဘယ့်နှယ့်ကောင်မလေးချောချောတစ်ယောက်က
          ကန့်လန့်ကြီးရောက်နေရတာတုန်း
          ကိုဇာဂလိနော်
          ကိုပေါက်ဖော်ကို ကိုဇာ့ အိုင်ဖုန်းဘတ်ခိုင်းလိုက်ရမလား 😛

        • inz@ghi

          November 4, 2011 at 11:36 am

          အားနေ သည် အိုင်ဖုန်းပဲ ခလုတ်တိုက်နေတော့တာပဲ
          ခု ကိုင်တော့ဝူး …Galapagos ဖစ်တွားဘီ ခစ်ခစ်…

          တမီးတယောက်တည်း မဟုတ်ပါဝူးကွယ်
          လူစွမ်းကောင်း စာရင်းမဝင်သော်ညားလည်း
          ETone Moe Z တို့က တမီးနဲ့ အတူ အမေရိကားခရီးကို အဖော်လိုက်ပါလိမ့်မယ်…

          တမီးက ကပေါက်ဖော် နဲ့ …
          ETone က ကပေ့…
          Moe Z က မှော်ဆြာ နဲ့ ..
          ဇာတ်လမ်းလေးဒွေ ဇာတ်လမ်းလေးဒွေ ….

        • pan pan

          November 4, 2011 at 11:45 am

          ဒီတရုတ်ကြီးတော့ တဂယ်ကြောက်ပါရဲ့
          သူက လက်ခပ်သွက်သွက်ရယ်
          ရှိသမျှရွှေတွေငွေတွေ သူ့လက်ထဲရောက်မှာ
          အိမ်အခွံတောင်ကျန်မှာမဟုတ်ဘူး
          အိမ်တိုင်ပါချွတ်ယူမယ့်ပုံပဲ
          သစ်ဈေးကောင်းနေလို့ 🙄
          ရေတောင် သောက်စရာမရှိတော့မယ့်ဘဝရောက်မှာ စိုးရတယ်
          ဟွင့် ဟွင့် 😥

        • etone

          November 4, 2011 at 11:57 am

          အောင်မယေး ဖတ်ပြီးရယ်ကောင်းဒုံး
          ဒါ့လိုက်ယို့ ယေဖြတ်ချင်တယို ဖြစ်တွားလယ်
          (အီမက်ဒွေ မီကောင်းဝူး 😀 )

        • inz@ghi

          November 4, 2011 at 12:21 pm

          အန်တီEtone ကို ၂ခန်းပဲ ထည့်ရသေးတယ်ဗျ…
          ၁ခန်းက ၂၁ရာစု ငထွေရူး ကစိန်သော့ ကို ဆေးကုပေးတဲ့အခန်း
          နောက်တခန်းက အင်ဇာဂီတို့ မှော်ဆြာတို့နဲ့ ငွေဆောင်မှာ ဒါ့ပုံရိုက်တဲ့အခန်း…

          အဲ့ဒါ လူစုံပါမယ့် အခန်းဗျ သင်္ဘောသီး၂လုံးက ရိုက်ကွင်းဘေးက ရွက်လှေကြီးထဲမှာ တက်တူးတွေ တဗြုတ်ကြီးပါတဲ့
          မော်ဒလယ်လေးတွေနဲ့ အနူယားနေ ….
          အန်တီETone က မဖြူတဖြူ ကျော်သိန်း စတိုင်လ် ဂေါ့သစ်ခ် ဗျူတီ ဖက်ရှင်နဲ့ ဒါ့ပုံအရိုက်ခံနေတာ …
          ခစ်ခစ်…

  • ဆူး

    November 4, 2011 at 11:59 am

    ဒေါ်ဆူးရဲ့ ဇတ်လမ်းတွဲထဲ ပါချင်ရင်လည်း ဘိုကင်ယူထားပေါ့
    တနေ့က ဆူးပုပ်ကြိုက်တဲ့ အောင်ပုတောင် မှော်ဆရာနဲ့ တွဲပြီး မျက်တောင်မခတ်တဲ့ ဇတ်လမ်းရိုက်လိုက်ရသေးတယ်။
    ဆြာအင်လည်း အဆင်ပြေတဲ့ အချိန်တော့ မင်းသား လုပ်ပေးမယ်။

    • inz@ghi

      November 4, 2011 at 12:13 pm

      လက်စားချေတော့မယ်ထင်ပါ့. ….

      လွန်ဒလာ ချိရင် ဝန်ဒါမိ ပါ ဘွားဆူးရယ် …

      ထွက်ဒါမီယာ(ဝင်ဒါမီယာ အစပ်ဖြစ်သည်)
      မှာ အိမ်ကြီးရခိုင် နဲ့နေတဲ့ သူဌေးမဂျီးအဖြစ် ပြင်ရေးပေးပါ့မယ် ….

      အိမ်ကြီးရခိုင် နဲ့နေတာ ဆိုတာ သိလား….
      ဟိုဘက် ဖိုလမ် ထဲက ရွှေအိမ်စည် ဆိုတဲ့အိမ်ကြီး ရယ်
      သံတွဲသားတွေရယ် နဲ့ တူတူနေတာ ကိုကျောရာ …
      ခစ်ခစ်…

  • ပေါက်ဖော်

    November 4, 2011 at 12:29 pm

    ကြောက်ပါနဲ ့..မီးတို ့ရယ်…
    ဘတို ့က အတည်..အဲ..အဲ…ချစ်ရို ့…နောက်ကြဒါပါ…
    ဘတို ့က လူသာ အိုတာ.. နှလုံးသားတော့ နုရှာပါတယ်..

    ဟိုလူဂဇာဂီ..
    ဒါ့ပုံမရိုက်စားပဲ..ဇာတ်လမ်းရေးစားတော့မလို ့လား..
    ထမင်းငတ်မှ သဂျီးကြောင့် မလုပ်နဲ ့နော့်..
    ဒါ့ပုံလေးဘာလေးလဲ ထွက်ရိုက်ဦး…ဗျ.

    😆

    • inz@ghi

      November 4, 2011 at 12:34 pm

      ဒါ့ပုံက ရိုက်ဖြစ်တယ်ဗျ …
      လူပုံ အရိုက်များနေလို့ တင်လို့ရဝူးဖစ်နေတာ…
      သယ်ရင်း ဒါ့ပုံဆြာ စုံတွဲပုံတွေ ရိုက်ပီး…..

      စိတ်နာနေတာ….
      ကိုယ်ပိုင်မော်ဒလယ် မချိတဲ့ ဘွကို ….

      • pan pan

        November 4, 2011 at 12:51 pm

        လာတော့မှာလာတော့မှာ
        ကိုဇာမော်ဒယ် ကိုဇာ့ဆီရောက်လာတော့မှာ
        စောင့်နေ 😛

        • inz@ghi

          November 4, 2011 at 12:54 pm

          ဟုတ်လား …ဒါဆို ကျနော် နာဂိုယာပြောင်းပြေးမယ် …..
          သွပ်သွပ် …

          နာဂိုယာလိုက်လာလို့ကတော့
          နီးစပ်ရာ ဂျပန်မ တယောက်ယောက်ဆီမှာပဲ
          ဒီဘွ ကြီးကို ရေစုန်မျှောလိုက်တော့မယ် …ဟီး..

        • ဆူး

          November 4, 2011 at 1:14 pm

          မောင်အင် မော်ဒယ် ရောက်လာတဲ့ အခါ ရေမျောကမ်းတင် ဘွကြီးနေမယ်ဆိုရင် ပင်လယ်ဝကနေ ခုန်ဆင်းပြီး ရခိုင်ဘက်က အိမ်ကြီးမှာ ငပိထောင်း ဆားမပါပဲ ပိပြားအောင် မော်ဒယ်လေးနဲ့ တူတူ ထောင်းပေါ့ကွယ်။
          တယောက် ကို တယောက် ကြည့်ပြီး တစ်ချက်ပြီးတချက် စည်းချက်ညီညီ ထုကြရင် မပျင်းရဘူးပေါ့။ အဟိ။

  • GreeNSheeP

    November 4, 2011 at 1:43 pm

    ခါးပိုက်နှိုက် ၊ အလစ်သမား ၊ အတုဝိဇ္ဇာ စုံတော့ စုံနေပါပြီ ။
    ဒီရွာထဲမှာ ဒိုင်ယာဘောလစ် မျိုးဆက်သစ်လေး တစ်ယောက်ရှိနေတယ် ။ သူ ့ပါ ထည့်ရေးပါဦး ။

    • inz@ghi

      November 4, 2011 at 1:49 pm

      တိန် …
      ရေးရဲဝူး …
      ရွာသူတွေ ကြောက်ကြောက် …

      • GreeNSheeP

        November 4, 2011 at 1:57 pm

        တော်လိုက်တာဗျာ
        အရိပ်ပြ အကောင်တန်းသိတာဘဲ
        လေးစားပါဒယ်

  • မှော်ဆရာ

    November 4, 2011 at 3:42 pm

    တော်တော်ကို လူစုံတက်စုံနဲ့ မြိုင်မြိုင်စိုင်စိုင် ဖြစ်မယ့်ပိုစ်ပဲ …
    ဒီလိုပိုစ်မျိုးရေးဖို့ အကြံထွက်တဲ့ ခင်ဗျားကို လေးစားတယ်ဗျာ ….

  • မှော်ဆရာ

    November 4, 2011 at 3:44 pm

    ဇတ်လမ်းအခန်းဆက်ဆုံးသွားရင် ebook အနေနဲ့ပါ အမှတ်တရ ထုတ်သင့်တယ် …
    ကျွန်တော်တော့ အခုက စ စုထားပြီ …
    ကွန်မန့်တွေပါ ပါအောင် စုထားမှ သူတို့ကလဲ ရီရတယ် …

  • windtalker

    November 4, 2011 at 8:36 pm

    ဟေ့လူ ရွာထဲက လူတွေအကြောင်း
    အတိအကျလေး သိမှ ရေးပါလားဗျာ
    ကျုပ် မျက်နှာပူတာ ။ ဘာမှ တော့ မဖြစ်ဘူးပေါ့လေ
    ကျုပ်တို ့တစ်တွေ က မောင်နှမတွေ လို နေတာ့က
    ရွာထဲက ရွာသူားတွေအကြောင်း အရင် စုံစမ်းကြည့်ပါဦးနော်

    • inz@ghi

      November 4, 2011 at 8:41 pm

      အစ်ကို ပေ …ခင်လို့ စထားတာပါဗျ..
      ခုမှ စာရေးဖြစ်တာဆိုပေမယ့် ၂၀၀၉ လောက်ကတည်းက ရံဖန်ရံခါ ဂေဇက်မှာ စာဝင်ဖတ်ပါတယ်…

      အစ်ကိုတို့ကို ပျော်စေချင်ယုံသက်သက် နောက်လိုက်တာပါဗျ …

      အပြောင်အပျက် ရေးနေပေမယ့် …တားလည်း ယဉ်ကျေးမှု နားလည်ပါသေးတယ်ခင်ဗျား….

      • Moe Z

        November 6, 2011 at 9:39 am

        တော်တေးတာပေါ့ တားလေးကယဉ်ကျေးမှုကို နားလည်တယ်ဆိုလို့ …

Leave a Reply