ငသိုး အိပ်မက်

GreeNSheePNovember 4, 20111min2279

ပထမဦးစွာ ရေးလိုသည်မှာ “ ကျွန်တော် ” ဆိုသည့် စကားကို “ကျတိ ” လို ့သုံးမည် ဖြစ်ပါကြောင်း ။ ဂေဇက်ရှိ စာများတွင် ကျနော်/ကျတော် စသည်ဖြင့် မြင်ရပါများပြီး ၊ အကြောင်းရာ ကို လိုက်ကြည့်သောအခါ ၊ “ကျွန်တော်” ဟု သုံးလျှင် ကျွန် ဖြစ်မှာစိုးလို ့မသုံးကြကြောင်း သိရပြီးသကာလ ၊ အများမိုးခါးရေသောက်လျှင် လိုက်သောက်ရမည့် ထုံးကို လည်း မပယ်ဝံ့ချေ ။ သို ့ ဖြင့် ၊ ကိုယ်ရေးတဲ့ စာကျလည်း ကိုယ်က “ကျွန်တော်” ဟု သုံးရဦးမည် ဖြစ်လာချိန် ၊ အများနှင့် ညီအောင် ၊ “ ကျွန်တော် ” အစား “ကျတိ” ဟု သုံးလိုက်ရပါသည် ။ ဖတ်တော်မူကြပါ ။

ပြီးခဲ့သော ဆန်းဒေး ၊ အလုပ်အားသဖြင့် ၊ စာအုပ်စင်မှ စာအုပ်ငါးအုပ်ခန် ့ကို ဆွဲယူပြီး ၊ စင်ကာပူ မှ သီးသန် ့မှာထားသည့် Benson စီးကရက် တစ်လိပ် ကို ၊ အဆိုပါ စင်ကာပူ မှ သူငယ်ချင်း ပို ့ပေးသည့် ဇစ်ပိုမီးခြစ်လေးဖြင့် မီးညှိပြီးသကာလ ၊ တစ်အုပ်ပြီး တစ်အုပ် ဖတ်ဖြစ်တော့သည် ။ အိမ်ရှေ  ့မျက်နှာစာ တွင် ပက်လက်ကုလားထိုင်လေး ခင်းရင်း ။ ဖတ်ရင်း ဖတ်ရင်း အူတက်မတတ် ရယ်လာရသည် ။ ဟာသစာအုပ်များ ဖြစ်နေသည်ကိုး ။ သုံးအုပ်မြောက် စာအုပ်ကို ဖတ်နေရင်း ၊ Benson စီးကရက် ၅ လိပ် သောက်ပြီးချိန် တွင် ကျတိ ၏ မျက်လုံးများမှာ အရမ်းမှေးစင်းလာသည် ။ အရမ်းလေးလံ လာသော မျက်ခွံများကို သတိပြုမိသည် ။

“ ဟေ့..သူငယ် ”

“ ခဗျ ”

မျက်လုံးဖွင့်ကြည့်လိုက်တော့ ၊ အသက်ကြီးကြီး ၊ ၅ဝအောက်လား ၊ ၅ဝကျော်လား ၊ ၆ဝကျော်လား ခန် ့မှန်း မရနိုင်လောက်သော ယောက်ျားကြီး တစ်ယောက် ကျတိ ရှေ  ့တွင် လာခေါ် နေသည် ကို တွေ ့မြင်လိုက်ရသည် ။

“ ဘကြီး ၊ အလှူခံလား ဟင် ”

လူကြီးမှာ ပါးစပ်မှ မကျေမနပ် နှင့် ခပ်တိုးတိုး ဆဲသံကို ကြားလိုက်ရသည် ။

“ မင်း ဘကြီး အလှူခံရမှာလား ကွ ၊ ငါ ့ကို ဘယ်သူ မှတ်တုန်း ”

“ ဘယ်သိမလဲ ၊ ကျတိ အိပ်နေတဲ့ နေရာကို ဘယ်လို ရောက်လာတာတုန်း ”

“ မင်းဘဲ ငါ့ကို အင်တာဗျူးချင်တယ် ဆိုပြီး စိတ်ကူးနေတာမလား ၊ မင်းစိတ်ကူးတွေ ပြည့်ဝ အောင် ငါ ရောက်လာခဲ့ရတာပေါ့ ”

“ ဟင်..ဒါဆို ခင်ဗျားက ကျုပ်ဖတ်နေတဲ့ ဟာသစာအုပ် ရေးတဲ့ စာရေးဆရာ ပေါ့ ။ ခင်ဗျား က ကျတိ စိတ်ကူး ကို သိပြီး ၊ ဒီလို လာနိုင်တယ် ဆိုတော့ ၊ ခင်ဗျား က ဘိုးဘိုးအောင် လို တန်ခိုးတွေ ပါဝါတွေ များ ရနေပြီလား ဟင် ”

“ ငါ တန်ခိုး ၊ ပါဝါ ဘယ်လိုရတယ် ဆိုတဲ့အကြောင်း ကို ဖြေရမှာလား ၊ မင်းသိချင်နေတဲ့ ငါ့ အကြောင်း ကို ဖြေရမှာလား ၊ တိုတိုလုပ်ကွာ ၊ ငါ ပြန်ရဦးမယ် ”

“ ဒါဆို ကျတိ သိချင်တာလေးတွေ ကို ဘဲ မေးတော့မယ်နော် ၊ အမှန်အတိုင်း ဖြေရမယ်နော် ”

“ ကဲ ၊ ဖြေမလို ့လာပါတယ် ဆို ၊ မေးကွာ မြန်မြန် ”

“ ဘကြီး ရေးတဲ့ ဟာသလေးတွေ ၊ အဲဒါ ၊ စာအုပ် သုံးအုပ် ဖတ်ရတယ် ၊ အဲဒါ ဘကြီး ကိုယ်ပိုင်စိတ်ကူး နဲ ့ရေးထားတာလား ”

“ တစ်ချို  ့ဟာတွေကတော့ ဘကြီး ကိုယ်ပိုင် စိတ်ကူးတွေပေါ့ ကွာ ၊ တစ်ချို  ့ဟာတွေ ကတော့ ရုရှား တို ့အနောက်တိုင်း တို ့က ဟာတွေ ကို ဘာသာပြန်ထားတာ ၊ ဒါပေမယ့် ငါ ထုတ်ခဲ့တဲ့ စာအုတ်တိုင်းမှာ ပါတဲ့ ဟာသတွေ ဟာ ၊ ဘယ်သူမှ မရေးသေးတဲ့ ၊ ဘာသာမပြန်ဖြစ်သေးတဲ့ ဟာသတွေ ဖြစ်လို ့၊ ငါ ဟာ ပထမဆုံး မူပိုင်ရှင် လို ့ပြောလို ့ရတယ် ”

“ ဘကြီး အင်တာနက် သုံးတတ်လား ”

“ အင်း သုံးတယ် ၊ ခေတ်ကို အမှီလိုက်ဖို ့ဆိုရင် ၊ အင်တာနက် သုံးဖို ့လိုတယ် လို  ့ငါပြောချင်တယ် ကွာ ”

“ ဘကြီး အင်တာနက် သုံးတယ် ဆိုရင် ၊ ဘကြီး ဟာသတွေ ကို အင်တာနက် ထဲမှာ ၊ ကိုယ်ဘဲ ရေးထားတာလိုလို နဲ ့၊ လုပ်နေကြတာတွေ မဖတ်ရဘူးလား ”

“ အေးကွာ ၊ အဲဒါနဲ ့ပတ်သက်ပြီး မမေးပါနဲ ့ကောင်လေး ရယ် ၊ အဘ ဝမ်းနည်းလွန်းလို ့ပါကွာ ဟင့်..ရွှတ်..ဟီး ”

ဘိုးတော် ထိုင်ငိုတော့သည် ။ ကျတ်လည်း မနေနိုင်သဖြင့် ချော့မော့ရတော့သည် ။

“ တိတ်ပါ ၊ ဘကြီး ရယ် ၊ အခုခေတ်က ဒီလိုဘဲ လုပ်စားနေကြတာ ဘဲဟာ ၊ ကျတ် သူငယ်ချင်း ကဗျာဆရာမလေး ချမ်းချမ်း ဆိုရင် ၊ သူ ့ ကဗျာတွေ ကို မိန်းမ တစ်ယောက် က ခပ်တည်တည် နဲ ့ကော်ပီလုပ် ၊ သူရေးတာလိုလို လုပ်တာတောင် ငြိမ်နေရှာတယ် ”

“ အဲ့ ဆရာမလေး လဲ ငါ့လို ကံဆိုးသူပေါ့လေ ”

“ ကျတ် တောင် စဉ်းစားနေတာ ၊ စာရေးမလား လို ့ ”

ဘိုးတော် မျက်လုံးပြူး ၊ အံ့ဩသွားပြီး

“ ရေးပေါ့ကွယ် ၊ ဒါနဲ ့မင်း က ဘယ်လိုင်းရေးမယ် စိတ်ကူးထားသလဲ ကွဲ  ့“

“ ကျတ် က ရေးရင်တော့ ပေါ့သေးသေးတော့ မရေးချင်ဘူး အဘရဲ  ့၊ တစ်အုပ်ဆို တစ်အုပ် ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် စဉ်းစားထားတယ် ”

“ ပြောစမ်းပါဦး ၊ ဘာတွေ ဘယ်လို လုပ်မယ် ဆိုတာ ”

“ ဒီလိုလေ အဘရဲ  ့၊ ဟိုဗျာ ၊ “ သွေး ” ဆိုတဲ့ တစ်ကယ့် နာမည်ကျော် လူကြိုက်များတဲ့ ဝတ္ထုရှိတယ် မလား ”

“ အေး…မင်းက အဲဒီလို ဇါတ်လမ်းမျိုး ရေးမလို ့လား ၊ ဒါဆိုရင် အားပေးသကွယ် ”

“ မဟုတ်ဘူး အဘရဲ  ့၊ ကျတ် က အဲဒီစာအုပ် တစ်အုပ်လုံးကို ကူးမယ် ။ ဇါတ်ကောင် နာမည်တွေ ကို တော့ ပြောင်းရမှာပေါ့ ။ ပြီးရင်  “ပွေး” ဆိုပြီး နာမည်တပ်ပြီး ထုတ်မယ်လေ ဗျာ ။ ဘယ်လို လဲ ကျတ် အိုင်ဒီယာ ”

“ အောင်မြတ်လေး…မောင်မင်းကြီးသားလေးရယ် ၊ မင်း ဘာလို ့အဲဒီလောက်တောင် တော်နေရတာလဲ ဟင် ၊ ဒါနဲ ့မင်း အဲ့စာအုပ် ကို ဘယ်တော့လောက်ထုတ်မယ် စိတ်ကူးလဲ ”

“ ကျတ် က ဒီလို စီစဉ်ထားတာဗျ ၊ ပထမ ဆုံး ၊ ကျတ် အင်တာနက် သုံးရင် ကြည့်ဖြစ်တဲ့ မန်းတလေးဂေဇက် ဆိုတဲ့ ဝက်ဆိုက် ရှိတယ်လေ ။ အဲဒီမှာ သုံးပိုင်းလောက် ခွဲတင်ပြီး မှ ၊ စာအုပ် ထုတ်မယ် လို ့စိတ်ကူးသဗျ ၊ ဘယ်လို သဘောရသလဲ ”

“ နောက်ထပ်ကော ၊ ဘယ်စာအုပ်တွေကို ဘယ်လို ကူးဖို ့အစီအစဉ် ရှိသေးလဲ ”

“ ဒါကတော့ ၊ လောလောဆယ် မစဉ်းစားရသေးဘူး အဘရဲ  ့၊ စိတ်ကူးတည့်ရင် တည့်သလို ပေါ့ ။ ဓါးတောင်ကို ကျော်တယ်ဆိုတဲ့ စာအုပ်တို ့၊ မျှော်တလင့်လင့် တို ့ကိုလည်း လုပ်ရင် ကောင်းမယ် ထင်ပါတယ် ”

“ ငါ့ စာအုပ်တွေကော ၊ လုပ်ဖို ့အစီစဉ်ရှိသေးလား ”

“ အဘ ကတော့ ၊ အခု ကျတိ နဲ ့သိသွားပြီ ဆိုတော့ ၊ ဘော်ဒါတွေ ဖြစ်ပြီပဲဟာ ၊ အချင်းချင်း တော့ မလုပ်တော့ပါဘူး အဘရာ ၊ စိတ်ချပါ ”

“ အောင်မြတ်လေး…မောင်မင်းကြီးသားလေး ရယ် အဘ ကျေးဇူးတင်လိုက်တာကွာ ၊ မင့် စကားသံကြားရကတဲက ငါ့မှာ မျက်ခုံးလှုပ်နေခဲ့တာ ၊ အခုလို ငါ့ စာအုပ်လေးတွေကို ချမ်းသာပေးမယ် ဆိုတာကို သိရမှဘဲ စိတ်အေးရတော့တယ်ကွယ် ။ ကျေးဇူးပါကွာ ”

ဘိုးတော်သည် ကျတိ ကို ကျေးဇူးတင်လွန်းကြီးဟန် ဖြင့် ကျတိ ပခုံး နှစ်ဘက်ကို အားရပါးရ လှုပ်ကိုင်ဆွဲနေသည် ။

“ ဟေ့ကောင် ၊ ငသိုး ထထ ၊ အောင်မာ..အိပ်တာတောင် ပြုံးနေသေးတယ် ၊ ထတော့ ထတော့ ”

အလန် ့တကြား နှင့် အိပ်ရာထလိုက်တော့ ၊ ဘော်ဒါဖြစ်သူ ငဆိတ် က ကျတိ ပခုံးနှစ်ဘက် ကို လှုပ်နှိုးနေသည် ကို တွေ ့ရသည် ။ထိုအခါမှ ကျတိ လည်း အိပ်မက် မက်နေခြင်း ဖြစ်ကြောင်း သိသည် ။

“ ဘာတွေ အိပ်မက် ပြီး ပြုံးနေတာလဲ ငါ့ကောင် ၊ မင်းကွာ နေ ့ခင်းကြောင်တောင် ဒီလောက်ပူနေတာကို အိပ်လည်း အိပ်နိုင်တယ် ”

“ စောန က အင်တာနက် ဆိုင်က ပြန်ခဲ့တာကွ ၊ မန်းတလေးဂေဇက် ဝက်ဆိုက်မှာ စာတစ်ပုဒ် ဖတ်ပြီး ပြန်လာတာ ။ ဒီရောက်တော့ ဟာသ စာအုပ်တွေ ဖတ်နေရင်း ၊ စာတွေက တူနေတာကို တွေ  ့လို ့စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားတာ ကွ ။ ဟားဟား…အိပ်မက်ထဲမှာ ဒီဟာသ စာအုပ်ကို ရေးတဲ့ စာရေးဆရာ နဲ ့တွေ ့နေတာကွ ။ ”

“ ကောင်းကွာ ၊ တော်တော်လည်း တတ်နိုင်တဲ့ ငသိုး ၊ စာရေးဆရာက မင်း ကို ဘာပြောသွားသေးလဲ ”

“ သူ ့စာတွေ ကို သူ  ့နာမည် မတပ်ဘဲ ယူသုံးနေကြတဲ့ အဖြစ်ကို အရမ်း စိတ်ပိန် တယ် တဲ့ ”

“ အေးပေါ့ ကွာ ၊ စာရေးဆရာ မှ မဟုတ်ပါဘူး ၊ လူတိုင်း ဘယ်သူမဆို ကိုယ့်ပိုင်ပစ္စည်း အခိုးခံရရင် ၊ ဘယ်သူ ကျေနပ်မှာ တဲ့လဲ ၊ ကဲကဲ…ရေချိုးရင်လဲ ချိုး ၊ အဝတ်လေး ဘာလေး လဲ ၊ ငါတို ့လဘက်ရည်ဆိုင် သွားထိုင်ရအောင် ”

သို ့နှင့် ကျတ် လည်း လဘက်ရည်ဆိုင် သွားထိုင်ပြီးနောက် ၊ အင်တာနက်ဆိုင်သို  ့လာပြီး ၊ ကျတိ အိပ်မက်အကြောင်း ကို ပြန်လည် ရှယ်ယာ လိုက်ရပါသည် ။

 

 

 

9 comments

  • စုံ စုံ

    November 4, 2011 at 2:29 pm

    ကျတိလား ကျတ်လားဟင်
    ဖတ်ရင်းနဲ့ ကျတိဖြစ်လိုက် ကျတ်ဖြစ်လိုက်နဲ့
    ကျမဘဲမမြင်မစမ်းနဲ့ဖတ်မိလို့များလား

  • kocho

    November 4, 2011 at 2:33 pm

    ဟုတ်ဝူးကျသိုး 😀

  • ဆူး

    November 4, 2011 at 2:59 pm

    အမွေးထူထူနဲ့ လှလှပပ သိုး ကနေပြီးတော့ စာကူးပြီး ခိုးကူး မူပိုင် လုပ်တာနဲ့ ပုပ်သိုးတဲ့ သိုးဖြစ်ရော..
    သိုးတော့ သိုးပဲ ဘာသိုးလဲ.. တော့

  • ကြောင်ကြီး

    November 5, 2011 at 12:05 pm

    ကျနော်ကတော့ play boy လစဉ်ထုတ်မဂ္ဂဇင်းကို အဆော့မက်တဲ့ကောင်ကလေး ဆိုပြီးကော်ပီပွားမလို့ လိုချင်ရင် အော်ဒါကြိုတင်ထား။။။။။။။

    • windtalker

      November 5, 2011 at 12:26 pm

      ကိုကြောင်ကြီး ရေ
      ဒီလို အော်ဒါတွေ ရှိတယ်ဗျ
      ၁ ။ မောင်ပေ
      ၂ ။ မေပေါင်
      ၃ ။ windtalker
      ၄ ။ ဝါတော်ကင်း
      လေယာဉ်နဲ ့ဖြစ်ဖြစ် ၊ သဘောင်္နဲ ့ဖြစ်ဖြစ် ၊ အိုဂျာ ဘာနဲ ့ပို ့ပို ့
      အခုချက်ချင်း ပို ့လိုက်နော်
      အာကေ က သဂျီးဆီက ထုတ်လိုက်
      ကျုပ် ပွိုင့်တွေ လို ့ပြောတောင်းလိုက်ဗျာ
      နော်

  • ba gyi

    November 5, 2011 at 3:13 pm

    တော်တာ် ကလိ တဲ့ အမောင် ကျတိ ။
    ဗျောင် ထိပါသဗျား။

  • ပေါက်ဖော်

    November 5, 2011 at 3:55 pm

    ငသိုးရေ..
    စိတ်ကောင်းထား..
    အကောင်းမြင်ပေး.
    မသေချာပဲ သူတစ်ပါး ရမ်းသန်း မစွတ်စွဲသင့်..
    အနှောင့်အယှက်ပေးသလိုဖြစ်မယ်..

    တစ်ခုရှိတာက..
    နတ်လောက..ဖိုရမ်လောက..ဘလော့ဂ်လောက..နောက်ဆုံး..နာမည်ကြီး သတင်းဆိုဒ်လောက
    အင်း..
    အဲဒီလောကတွေမှာ..သူများဦနှောက်ဖောက်စားနေကြတာ..မဆန်းဘူး..
    အဲတော့..
    စိတ်ရှော့……
    မင်းအစား ငါပင်ပန်းလို ့ .ပြောတာ..

    👿

  • kai

    November 6, 2011 at 2:59 pm

    “ကျွန်တော်” ဆိုတာ.. ကျေးတော်မျိုးကျွန်တော်မျိုးက လာတာလို့.. ဆရာကြီးသခင်ဘသောင်း ပြောခဲ့တာ…။
    အမှတ်မမှားရင်.. ဆရာကြီးဒေါက်တာသန်းထွန်းလည်း အဲဒီလိုရေးတယ်..။
    သက်ဦးဆံပိုင်.. ပဒေသရာဇ်ခေတ်က.. နန်းတွင်းထဲ အမတ်မင်းတွေကတော့..အချင်းချင်း..ကျုပ် နာမ်စားနဲ့ပြောကြတယ်..။

    သခင်ဘသောင်းကိုယ်တိုင်က.. နင်နဲ့ငါနဲ့သုံးတာကို.. ဆရာကြီးဦးဖေမောင်တင်က အလွန်ကောင်းတယ်လို့… ထောက်ခံရေးဖူးတယ်..။
    သခင်ဘသောင်းစာတွေမှာ.. သူ့ကိုယ်သူ “ကျုပ်”လို့သုံးတယ်..။ တချို့စာမှာ.. “ဤသူ” ဆိုပြီး(စာရေးသူ) အစားသုံးတယ်..။

    ဆိုတော့.. သခင်မျိုးတွေဖြစ်တဲ့ မြန်မာတွေ. ပဒေသရာဇ်ခေတ်အသုံးတွေ မသုံးသင့်ပါဘူး..။
    မြန်မြန်မပြောင်းနိုင်သေးရင်တောင်.. နည်းနည်းသက်သာတဲ့.. “ကျုပ်”..ဒါမှမဟုတ်.. “ကျနော်”ဆိုပြီး ဖျက်သုံးသင့်ပါတယ်..။

    သခင်ဘသောင်းဆိုတာ..တို့ဗမာအစည်းအရုံးကို ထောင်တဲ့သူပါနော..။
    ဆရာကြီးဦးဖေမောင်တင်ကတော့ ..မြန်မာစာပေရဲ့.. ဖခင်ကြီးတဦးပါ..။

Leave a Reply