“ကြားကောင်းရုံသက်သက်”
“ကြားကောင်းရုံသက်သက်”
အရင်းကိုမဖြတ်
အဖျားဘဲသပ်တော့
အရွက်ဖားဖားဝေသတည်း။
အရင်းမဖယ်
အဖျားဘဲပယ်တော့
ရွက်နုများများ ဝေသတည်း။
အရင်းမနုတ်
အဖျားဘဲခုတ်တော့
ရွက်နုအဆုပ်ဆုပ်ထွက်သတည်း။
အရင်းမတူး
အဖျားဘဲခူးတော့
ရွက်နုများများမြူးသတည်း။
“ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ”
(3-11-2011)
15 comments
windtalker
November 4, 2011 at 6:44 pm
ဒီတစ်ခါတော့ လိုက်မမှီတော့ဘူးဗျို ့
ကိုပေါက်(မန္တလေး)
November 4, 2011 at 6:48 pm
မောင်ပေသေချာပြန်ဖတ်လိုက်ရင် သိလာမှာပါ။
မိုက်ကယ်ဂျော်နီအောင်ပု
November 4, 2011 at 7:03 pm
အင်းးးးးးးးး
ဒီလိုမျိုး ရေးထားတာတွေ့တော့
ကိုယ့်ကိုယ်ကိုယ်တောင် အားငယ်မိတယ်
ဒါပေမယ့်မငယ်ဘူး အား
အားကျမခံပြန်ရေးမယ် 😀
…………………..
ဆားဆိုတာ ငန်တာသဘာဝမို့
ဒါကို သဘောတရားလို့မှတ်ပါကွယ်
ဪ…………ငန်လိုက်တဲ့ဆားရယ်လို့
တရားသဘောနဲ့သာဖြေလိုက်ပါတော့လား
…………………………….
ဘယ်သူဘာပြောပြော ပညာကုန်ထုတ်သုံးလိုက်ပါတယ
ဟဲဟဲဟဲ
လေးဘောက် နေကောင်ယား
မိုက်ကယ်ဂျော်နီအောင်ပု
November 4, 2011 at 7:05 pm
မေ့တွားဒယ်
တားတားရေးတဲ့ ဂဂျာရဲ့ နာညီက
ဆား၏ သဘောတရားနှင့် တရားသဘော
ဒဲ့
nozomi
November 4, 2011 at 7:04 pm
ဦးပေါက် အဒူ့ကို ပြောတာလဲ ?
ခေါင်းစဉ်လေး ပြန်ဖတ်မှ ပိုရှင်းသွားတယ်
ပေါက်ဖော်
November 4, 2011 at 7:22 pm
ဉာဏ်တိန်၏တာပြောမနေပါနဲ ့တော့..
လိုက်မမီပြန်ဝူး..၄ပေါက်ရဲ့
စဉ်းစားဦးမယ်..
🙄
blackchaw
November 4, 2011 at 7:59 pm
ကိုပေါက်ရေ။
ကျွန်တော်လည်း ဉာဏ်မမီတော့ပါ။
naywoonni
November 4, 2011 at 8:25 pm
နေရာတိုင်းမှာပါပဲ…။ လူမြင်ကောင်းရုံလောက်ပဲ အလုပ်လုပ်ပြနေတဲ့သူတွေ ဒီလိုလူစားအများကြီးမို့ တိုင်းပြည် ဒီအတိုင်းဖြစ်နေတာ…။ အရင်းကိုမဟုတ်ဘူး..။ အမြစ်ပါလှန်ပစ်ချင်လာပြီနော် ဟင်းးးးးးးးးး စနေသား စိတ်ကြီးတယ်နော်………..
nigimi77
November 4, 2011 at 8:48 pm
ဟိုလူကြီးတွေ အကြောင်းပြောတာနေမယ် ။
ဟိုးရှေးရှေးတုန်းက ခိုးသား ၅၀ဝ ရှိသတဲ့။
တနေ ့ကျတော့ အဲဒီ ခိုးသား ၅၀ဝ ထဲက တစ်ယောက်သော ခိုးသားခေါင်းဆောင်ကြီးက
သေချင်ယောင်ဆောင်နေလိုက်ကရော။ ဒီတော့ ကျန်တဲ့ ၄၉၉ ယောက်က လုပ်မြဲ လုပ်စဉ်
အတိုင်း ဆက်လုပ်နေကျသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ ခည။
thit min
November 4, 2011 at 8:50 pm
သိသူဖော်စား၊ မသိသူ ဖိုရမ်သွား “ဒန်တန်တန်………”
amatmin
November 5, 2011 at 7:48 am
ကြားကောင်းရုံသက်သက် နဲ့ ဒန်တန်တန် ပေါင်းပေးလိုက်မှ ပဲ..
အရင်းအဖျား.အတွေးမမှားတော့တယ်..မိုက်တယ်ဗျာ…ဒန်တန်တန်….:-)
AKKO
November 5, 2011 at 10:23 am
ကိုပေါက်ကြီး ကဗျာရေးတာမှတ်တယ် တကယ်တမ်း သစ်ပင်ခုတ်နေတာကိုးဗျ 😀 😀
(နောက်တာ ၊ ရှေ့ဆည် ၊ဘယ်ချောင်း ၊ ညာရေတွင်း 😛 😛 )
ကြောင်ကြီး
November 5, 2011 at 11:34 am
ကြားသည်tiger
Cowဆိုရင်နွား
ရုံကတော့rabbit
သက်သက်က
ကောင်မလေး
ဒီတော့…
ကျားနွားယုန်သက်
စုံမက်လို့ပေါင်းဖက်
အကြောင်းဇတ်မို့
မပြောင်းတတ်
အဟောင်းဖက်တာ
ဘာဖြစ်လဲ။။။။။ 😆
“ဘီလူးကြီး”ogre
November 5, 2011 at 1:10 pm
အဖျားပဲခုတ်တာတော့မသိဘူး အစ်ကိုပေါက်ရေ
သစ်တစ်ပင်ခုတ် ထောင်(၃)နှစ်ဆိုလားပဲ
ထောင်မကျအောင် တစ်တောလုံးခုတ်ပစ်ပါ..
အဲဒီကျတော့လုပ်ငန်းရှင်ဖြစ်တယ်ဆိုလားပဲဗျ…ကြားဖူးတာပြောပါတယ်
ကိုပေါက်(မန္တလေး)
November 5, 2011 at 6:19 pm
အေးပါကွယ် လုပ်ငန်းရှင်မဖြစ်ရင်နေပါ အရိပ်မပျောက်ရင်ပြီးတာပါဘဲ။