ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၅)

ムラカミNovember 4, 20113min34918
ဒေါက်ဒေါက်ဒေါက် ..........

ပေ။ ဟေ့ကောင် အင်ဇာဂီ နင့် ယပက်လက်မတွေ ငါ့ကို မနှိပ်ဘူး ကလိထိုးနေတယ်...
ပြောပြောဆိုဆို ဒေါင်းတိမောင်းတိနှင့် အခန်းတွင်း ...ဝင်ချလာသည်။
သူ့နောက်တွင်မူ ယပက်လက်မလေးက ပေကလပ် ပေကလပ် ...
မျက်လုံးလေးစဉ်းပြီး ဇိမ်ယူနေသော အင်ဇာဂီလည်း မထချင် ထချင်နှင့် ထရလေတော့ သည်....
ဇာ။ ဟေ့လူ ဘာတုန်းဗျာ ...ဂလိထိုးရင် ရယ်လိုက်ပေါ့ ..ခစ်ခစ်.....လို့ ...
ပေ။ မဟုတ်ဘူးဟ ခွီးတဲ့မှ ငါ့ ..လုံးလုံးကို မနှိပ်ဘဲ ယားအောင် ပဲ လုပ်နေတာ...
ဇာ။အင် ...တညှိုးပါလား တူ့ဟာ ...(ဆားဗစ် အသစ်ထင်တယ် ...မေးကြည့်ဦးမှ ..ဟီး ...)

သို့နှင့် ၁၅မိနစ် ခန့်ကြာသွားသည် ....ထို့နောက်တွင်မှ ....
ပေ။ ဟားဟားဟား ...သည်လိုကိုး ...သိပါဝူးကွာ ...ငါ့ဖြင့် အူကို ယားနေတာပဲ....
ဖြစ်ပုံကသည်လို ...ယပက်လက်မလေးက စနှိပ်တော့ ကပေ့ ကို မေးပါသတဲ့...
နာလား လို့ပေါ့ ..သူရို့မလဲ ဗမာစကား ကို နာလား ရလား ..ကောင်းလား..
သည်လောက်ပဲ လုပ်ငန်းသုံး သေစာရှင်စာ တတ်သကိုး ....ပီးတော့ ပီကလည်း မပီရှာဘူးလေ..
"နာလား" ကို "န.နား" လိုအသံထွက်တော့ ...ဆြာပေ့ခမျာ "ရ.လား" လို့ ကြားပြီး
အင်း အင်း ဆိုပီး ခေါင်းပဲ စွတ် ညှိမ့် ပါသတဲ့ ...
ဟိုက နာတယ် ထင်ပြီးလျော့နှိပ် ထပ်မေး ..ထပ်ညှိမ့် နဲ့ ..
နောက်ဆုံး ထိတယ် ဆိုယုံလေး ဖြစ်လာတော့
ဆြာသမား က သူ့ ကလိထိုးပါတယ် ဆို ဖြစ်တော့ တာကိုး ဗျ....




ကိုယ့်အခန်းကိုယ် ပြန်ဝင်ပြီး ၁က ပြန်စမယ်ကြံတုန်း....
အပေါက်ဝ ကို ရောက်ချလာတာက ....
မှော်ဆြာ နဲ့ ကပေါက်စ ...
မှော်ဆြာက စပြီး အင်ဇာဂီ ကို စားမလို ဝါးမလိုမျက်လုံးများဖြင့် .....
မှော်။ ဟေ့လူ ဒါတော့ ကောင်းသလားဗျ။
ဇာ။ အင် ...အစ်ကိုကြီး ..တားဘာလုပ်ရသေးလို့လဲ...
မှော်။ နင် candid အကြောင်း ရွာထဲမှာ လျောက်ရေးတယ်ဆို
ဇာ။ အာ ..အတိုရီး ရရဲ တားက တားတို့ စားပေါက်ပိတ်အောင် လုပ်ပါ့မား ...
မှော်။ (အင်း ဒါလည်း ဟုတ်တာပဲ ...ဒင်း ဒီလောက် မမိုက်ဘူးထင်ပါတယ်..)
         အေး ...ပီးတာပဲ ....နင်ရေးတာတွေ ငါပြန်စစ်ဦးမယ် ဟုတ်ရင် နင်နာမယ်...
ဇာ။ ဟုတ်.....အစ်ကိုကြီး ...ဟား ......ပေါက်ပီ ဗျို့ပေါက်ပီ ....
       ခင်ဗျား Moe Z နဲ့တွေ့လာတယ် မလား....
မှော်။ ဟင် ...မင်း ဘယ်လို လုပ်သိလဲ ...
ဇာ။ ခင်ဗျား သူ့ပုံရိုက်လိုက်သေးတယ်မလား ...
ထိုစဉ် ကပေက ဝင်ပြီး ...ဦးလန်ဘား လေသံဖြင့် ...
ပေ။ ကျုပ်မှန်းတာ မလွဲဘူးဆိုရင် ခင်ဗျား မန်မိုရီကဒ် ဟိုက မ သွားပီမလား...
မှော်။ ဟင် ..ခင်ဗျားတို့ ခင်ဗျားတို့ ....လိုက်ကြည့်ထား တဲ့အတိုင်းပါပဲလား ....




ဇာ။ဟား...ဟား.....
      သည်လို အစ်ကိုကြီးရ အဲ့ငတိမ က စက်စီပုံရိုက်ချင်လို့ ကျနော့် ကို လာပြောတယ်လေ..
      ကျနော်ကလည်း အင်ထှာနေရှန်နယ်လ် ခွာလထီ လိုချင်ရင် အင်ထှာနေရှန်နယ်လ် ပရိုက်စ့် ပေးရမယ်
      ဆိုလို့ မရိုက်ဖစ်တော့တာဗျို့.....စောစောက သူ့ ရေကန်နားတွေ့သား.....
      အဲ့ရာနဲ့ ခင်ဗျား ကို ဟိုတယ်ရှေ့မှာ မြင်တော့ အကြံရပီး ဒါ့ပုံလည်း တပြားမှ မကုန်ပဲ ရ
      မန်မိုရီကတ်လည်း အမြတ်ထွက်မယ့် ၂ကျပ်ကွက်နင်းသွားတာဗျ...ခစ်ခစ်...

မှော်။ တိန်. ......ငါ့ 16G SD အသစ်လေး.......ဟင့်. .....
ဖော်။ မှတ်ပလား မှော်ဆြာ ...ငါ့ကို ကန်းအောင်လည်း လုပ်သေး ...ငါ ရေထဲပြုတ်ကျလို့ပဲ ဟိုက ရိပ်မိသွားလို့
         ဆိုပီး အပြစ်တင်သေး.... ဝါဒနာ ကြီးတာကိုဗျ ..ခံပေါ့ ....နည်းတောင်နည်းသေး...ဟွန်း ...
         ဒါပေမယ့် ကပေါက်ဖော်ရယ်ပါဗျ ...ရော့ သည်မှာ ခင်ဗျား ကတ် ....ကောင်မလေး မသိအောင်
         ပြန်နှိုက်ထားလိုက်တာ ...ညှင်းညှင်း......
မှော်။ လွန်ဒါရှိရင် ဝန်ဒါမိ ပါ ကပေါက်ဖော်ရယ် .အော်... ဆြာ့ဆြာသမားတွေ အတော် အမြှော်အမြင်ကြီးပါကလားနော် ...
        ဒါ့ကြောင့် လူရိုက်ရင်  အသိပေးပီးမှ ရိုက်ပါ လို့ ပြောတာကိုး....ဝှူး.......
ထိုသို့ဖြင့် ...
ဘာမဆို အတုလုပ်တတ်သော... တရုတ်တို့၏ ဆြာသခင် ကပေ့
ကမာ္ဘပါတ်ပြီး တော်ကီရောင်း ကျောက်ဆင်းတု ခေါင်းညှိမ့်အောင် ပြောတတ်သော အင်ဇာဂီ
စာတတ်ပေတတ် လူရည်မွန် ပါရမီရှင် အလစ်သမား ကပေါက်ဖော်
ဖဲဝိဇ္ဇာ သတိ္တခဲ ဒါ့ပုံပညာရှင် မှော်ဆြာ  အနှီ လူစွမ်းကောင်း ၄ယောက်တို့သည်
မော်နီတာ ဖန်သားပြင်ကို lotion လူးသော ဗီဒီယို တတိယပိုင်းထွက်သည့်အလား ...
စိတ်အားထက်သန်စွာ ပြူးပြဲကြည့်နေလေတော့သည်။

ဟော ...မြင်ရပါပြီ ...မည်းမည်းမည်းမည်း ...
၁ပင် ၂ပင် ...ဟုတ်ပါ့
ရုတ်တရက် မသိလျင် ကြက်သီးထစရာ ....
တကယ်တော့ မော်နီတာမှ ဝက်ဘ်ကမ် ကုန်းဖွင့်လိုက်သော သဂျီးမျက်နှာကြီးပင်ဖြစ်သည်
ဖန်သားပြင်တွင် ...နှုတ်ခမ်းမွေးမှ စ ပေါ်လာသောကြောင့် သူတို့အားလုံး တွန့်ကနဲ ပင်
ဖြစ်သွားကြသေးသည် ... နောက် သဂျီးမှန်းသိမှ ကိုယ်ရှိန်သပ်ပီး ...ညီညာဖျဖျ..
.........................."သဂျီး".....................................





ဂျီး။ ထွမ် ...
ကွမ်းသွေးများက ဘေးနားမှ ကွမ်းအစ်ထဲသို့ angry brid ပစ်သလို ဒက်ထိ..
ဆက်လက်ပြီး
ဂျီး။ စုံပလားဟ ....
စိတ်အားထက်သန်စွာဖြင့် ကပေ က...
ပေ။ စုံပါပီ သဂျီး ...ဘယ်တော့ အမေရိကား ကို လာရမှာလဲဟင်...
ဂျီ။  အေး ...နင်တို့ ၄ယောက်၁ဖွဲ့ စုံတာတော့ဟုတ်ပါပီ ...
      နောက်တဖွဲ့ လိုသေးတယ်ဟ ...
အားလုံး (အလို နောက်တဖွဲ့ ဆိုပဲ ...ဘယ်သူတွေပါလိမ့်....)
ဂျီး။ နင်တို့က ပေါက်ပန်းလေးဆယ် တွေ ပဲတတ်တာ
      ဒဂယ့် technical ပိုင်းတွေကျ သုံးစားလို့ရတာ မဟုတ်ဝူးဟ ...
ဖော်။ (သူပဲ လိုချင်တုန်းကတော့ သတ္တိတွေ ဗျတ္တိတွေ လျောက်ပြော ပြီး ခုကျ...)
ဂျီး။ အေး... ငါ့ဘော်ဒါကြီး နဲ့ တွေ့လိုက်ဦးဟ..
      technical ကိစ္စမှာ သူက ကြည့် စီစဉ်ပေးလိမ့်မယ်
     သူစီစဉ်တဲ့အတိုင်း မင်းတို့ လုပ်ရုံပဲ ဒါပဲ ....





တွီတွိဒွီ......
အားလုံး။ ဟုတ်ကဲ့ သဂျီး
သိတဲ့အတိုင်း သဂျီးတို့ စိတ်မြန်ချက် ...
ရီပလိုင်းတောင် မစောင့်ဘူး ..
ချက်ခြင်းပဲ ...သူတို့ ၄ယောက် ဖန်သားပြင်မှာ ....သူတို့ပုံသူတို့ ပြန်မြင်လိုက်ရတယ်...
ဟာ ..ဘာလဲပေါ့ အစတော့ ...
သေချာကြည့်တော့ မှ ...
ဟင် ......
စတီးလ်ရောင် ပြောနေတဲ့ ..နှဖူး ..တကယ့် မဟာနှဖူးကြီး ...
ပီး ရွှေရောင် မျက်မှန်ကိုင်း ...မျက်လုံးမှေးမှေးများ ...
လေးကိုင်းသဖွယ် မထီတရီ နှုတ်ခမ်းကွေးများ...
ထိုအထဲမှ သွားကြားထိုးတံ တချောင်း ....
(အံတိုနေပီ ဆိုသော သဘောလား ခုမှ ထမင်းစားဝိုင်းမှ ထလာသလားတော့ မည်သူမျှ မသိ )
အော် သူလည်း မော်နီတာ ကုန်းဖွင့်လို့ မဟာနှဖူးက စမြင်ရတာကိုး လို့သာ ...
သို့သော် သူ ဘယ်သူမှန်း မည်သူမှ မသိသေး.....






၃စက္ကန့်မျှ အချိန်ယူပြီးသကာလ စာဖတ်နာသော ကပေါက်ဖော် မှ
စတင် နှုတ်ဆက်စကားဆိုသည် ...
ဖော် ။ မင်္ဂလာပါ အဘဖော
ကျန်၃ယောက်။ ဟာ .......
ဟုတ်ပါသည်  တောင်ကျွန်းဝိဇ္ဇာ အဘဖော ဖြစ်သည်
ဘ။ ပင်လယ်ဟာ ကျယ်တယ် နက်တယ်
       သင်္ဘောသီးဟာ လည်တယ် သွက်တယ်
       ပင်လယ်မှာ လှိုင်းရှိသလို
       သင်္ဘောသီးမှာလည်း သမိုင်းရှိတယ်...





အဘကား ...အထက်ပါအတိုင်း ကျူးရင့် နှုတ်ခွန်းခြွေလိုက် လေသည်...
ဟုတ်ပါသည် ...မာယာများသော ...ဆန်းကျယ်သော ပင်လယ်တွင်
နှစ်ပေါင်းများစွာ ကျင်လည်လှုပ်ရှားခဲ့သော ကပ္ပီတန် ဖော ပင်ဖြစ်သည်..
လူမှုရေး ဘာသာရေး စီးပွားရေးနှင့် နိုင်ငံရေးပါမကျန် နှံ့စပ် သောသူဖြစ်ရာ
ထိုလို လူမျိုး ပါဝင်လာသည့်အတွက် ကျနော်တို့ အတွက်တော့
လွန်စွာ အားတက်ဖွယ်ရာ ပင်ဖြစ်တော့ သည်ကိုး ...




ဘ။ မင်ဂါပါ ခေးတို့
အားလုံး။ မင်ဂါပါ အဘ။
ကိုရင်ပေါက်ဖော်မှပင် အားလုံးကို မိတ်ဆက်ပေးသည်။

ဖော်။ အဘရေ ဟောသည့် ကလန်ကလားကြီးကတော့ အတု ဝိဇ္ဇာ ကပေ ပါ ဗျ
        အီတာလျံမင်းသားပုံ ဂိုက်ပေးကြမ်းတာကတော့ ကျောက်ဆင်းတုခေါင်းညှိမ့် အင်ဇာဂီရယ်
        သူ့ဘေးက ကလားဖန် တရွှမ်းရွှမ်းထိုးနေတာကတော့ ဖဲဝိဇ္ဇာ မှော်ဆြာ ခင်ဗျ..
       ကျနော်ကတော့ ပေါက်ဖော် ခင်ည ...
       ချာတိတ်တွေက ငယ်တော့ အဘရွာမှာ ရှိစဉ်က မှီဟန်မတူဘူးခည ...ခစ်ခစ်...
(အရေးထဲ သူက ပနာ ဝင်ယူနေသေး...)
ထိုနေရာတွင် ကျွုန်ပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ကပေ က ဝင်ပီး...
ပေ။ ကဲ အဘရေ အလုပ်ကိစ္စလေး ပြောရအောင် ဆြာဖော် ရစ်နေရင် အရှည်ကြီးပြီးမှာ မဟုတ်တော့ဝူး
ဘ။ ကောင်းပီလေ မောင်ပေရဲ့ မင့်တို့ သဂျီးကလည်း မင့်ကို ယုံလို့ ခေါင်းဆောင်တင်ထားတာပဲဟာ
       ဘကလည်း မင့် ယုံရတော့ မပေါ့ကွယ့်. ...
ပေ။ ကောင်းပါပီ အဘ..အမိန့်ရှိပါခင်ဗျ..
ဘ။ ငါ့တပည့်၂ယောက် ကို လိုက်ရှာရမယ့် အလုပ်ပဲ ကွယ့်
ပေ။ ပြောပါအဘ ဘယ်သူတွေလဲ..
ဘ။ တခြားလူ ဟုတ်ရိုးလားကွယ် ...စိန်မျောက်မျောက် ညီနောင်ရယ်ပေါ့ ....
ပေ။ ဟင် .......................................................................






သူတို့အားလုံး ခေါင်းချင်း ဆိုင်လိုက်ကြသည် ....
ငယ်ငယ်က ရွာထဲမှာ ဆော့ဖော်ဆော့ဖက်တွေ ဖြစ်သော်လည်း ယခု
ဘယ်ရောက်နေမှန်းမသိသော သူ၂ယောက်ကို ဘယ်လိုရှာရမလဲ သူတို့မသိ ..
အနှီ စိန်မျောက်မျောက်ညီနှောင်မှာကား တနေရာတည်းတွင် အငြိမ်နေသူများမဟုတ်သောကြောင့်
အနှီ နာမည်ရထားခြင်းဖြစ်သည် ... လုပ်သည့်အလုပ်ကို လည်းကြည့်ဦး ...သင်္ဘောသီးတဲ့ ....

သဂျီး၏ တကယ့် တခ်ခနစ်ကယ်လ် ပိုင်းတွေ ပါမည်ဆိုသော စကားကို ရိပ်ဖမ်းသံဖမ်း နားလည်စပြုလာကြပြီ
အနှီ မျောက်ညီနောင်ကား ကလေးသာသာ လူပျိုပေါက်ဘွမှာတင် သဂျီး အိမ် ရေမော်တာ ကို
တပ်ဆင်ပေးနိုင်သည်အထိ မော်တာ နှင့် လျှပ်စစ်ကို အထုံပါသူများတည်း ...
စက်နှင့်ပတ်သတ်လာပါက ရေသာမက ကုန်းပေါ်မျာပါ စွမ်းကြောင်း ရွာ့ပထမဆုံး ထော်လာဂျီ
နောက်တွဲယာဉ် ကို နောင်တချိန် ဘလော့ဂါ အဖြစ် နာမည်ကြီးလာမည့် ကပေါက်(မန့်သလေး)
၏ အိမ်မှ လှည်းအိုကြီးဖြင့် အခန့်သား ဖန်တီးနိုင်ခဲ့ သေးသကိုဗျ...
ယခုမူ နိုင်ဂျံဂါး သင်္ဘောကြီးများတွင် မည်မျှလောက်များ ပညာရည် ပြည့်ဝ တောက်ပနေမည်နည်း
မခန့်မှန်းနိုင်ချေ....
သူတို့၏ အမည်နာမကို ထုတ်ဖော် မြွက်ကြားအံ့ ....

18 comments

  • inz@ghi

    November 4, 2011 at 9:45 pm

    လွန်ဒါချိရင် ဝန်ဒါမိပါခည ….
    စိတ်အပန်းပြေစေဖို့
    ကျနော် ငအင်ဇာဂီ လက်ဆော့ထားပါသည်….
    စိတ်မဆိုးကြပါနှင့်လို့ …..

  • Foreign Resident

    November 5, 2011 at 2:13 am

    ဂိုင်း အင်ဇာဂီ ရေ

    ဆွဲဆောင်မှု အပြည့်ရှိတဲ့ အရေးအသား ပါပဲ ။
    အဖွင့်ကတော့ ကောင်းသွားပြီပေါ့ ။
    ဇါတ်သိမ်း အရေးကြီးတယ်နော် သေချာကြိုစဉ်းစားထား ။
    ဇါတ်သိမ်း ကိုလောလိုက်ရင် ညံ့သွားရင်
    တလျှောက်လုံး သယ်လာသမျှ သွားရော ။

    • inz@ghi

      November 5, 2011 at 1:40 pm

      ဟုတ်ကဲ့ အဘ …

      အမိုက်အမဲလေးကို ခွင့်လွှတ်ပါခည ….

      အဘက အသက်ကြီးတယ်ဆိုတော့
      စိတ်မှန်းနဲ့ ထိပ်ပြောင်ပေးလိုက်တာပါ …..

      အဘနဲ့ ကိုသင်္ဘောသီးတွေရဲ့ character ကိုတော့
      သင်္ဘောသီး အသိုင်းအဝိုင်းမှာ ကျင်လည်ပီး သင်္ဘောသီး ဖစ်မလာသူ
      ကျနော် ဂိုင်း အင်ဇာဂီမှ … ခန့်မှန်း ပုံဖော်ပါ့မယ် ခည ….

      အရှေ့ကျွန်း အင်ဇာဂီ..

  • kai

    November 5, 2011 at 2:50 am

    ကိုယ့်ကို.. ဘယ်လိုများ..”ဆော်”ထည့်မလည်း.. ကြောက်ကြောက်နဲ့..ဖတ်ရတဲ့.. အရေးအသားပါဗျ..။
    အဆုံးကျမှ… ပြုံးဖြီးပြီး..သက်ပြင်းချရတော့ကာ..
    “ဖြီးချ”အရေးအသားလို့.. ကင်ပွန်းပေးမယ်.. 😆

    • inz@ghi

      November 5, 2011 at 1:42 pm

      ကော့်မန့် မဝင်လို့ သဂျီး မဖတ်ဘူးမှတ်တာ ….
      သိုင်းခရု သဂျီး ဖော် …
      ၁) ဖတ်လို့
      ၂) ဗွေမယူလို့ ..

      သဂျီး ဆိုတဲ့ ဂုဏ်ပုဒ် နဲ့လိုက်အောင် နှုတ်ခမ်းမွေး ရယ် ကွမ်းသွေးရယ်
      စိတ်မြန်တာရယ် နှင့် ပုံဖော်ထားကြောင်း. ….

      တချိန်က …အင်ဇာဂီ ..
      (သည်စာကို ဖတ်တဲ့အချိန်ဆို တချိန်က ဖစ်တွားဘီ ကိုး….ခစ်ခစ်…)

  • etone

    November 5, 2011 at 9:55 am

    ဟီးဟီး … မိုးဇက်က စက်စီပုံရိုက်ချင်လို့တဲ့ 😀 😀
    ဓါတ်ပုံထွက်လို့ရောင်းရလျှင် မိုးဇက်စာသင်ရင်း …. သချင်္ ိုင်းနားက ဖမ်းထားတဲ့ ငါးရှဉ့်နဲ့ … ကြွက်ပေါက်စကို ငပိရည်စိမ်ထားတဲ့ စားကောင်းသောက်ဖွယ်နဲ့ ပြုစုချင်လို့ကို ဘယ်နှယ့် ဖဲဝိဇ္ဇာ ဆြာမှော်က လက်သရမ်းရတာဒုံး :mrgreen:

  • ပေါက်ဖော်

    November 5, 2011 at 10:16 am

    တော်တော်နောက်တဲ့ဂဇာဂီပဲ..
    ကြံကြံဖန်ဖန် လုပ်ဇာတ်ခင်းတတ်တဲ့လူ….လူဂျိုး..

    ကျုပ်ကို..မိုးဇက် ဆီက မန်မိုရီကတ် နှိုက်ခိုင်းတာ ပြဿနာမဟုတ်ဘူးနော့်.
    .ဒေါ်ဘုတ်ဆုံ ထမီတော့ အလစ် မသုတ်ခိုင်းနဲ ့….ကြိုပြောထားတာ..
    သူက ဓညင်းသီးတွေ လွှတ်စားတာ..လို ့ပြောတယ်…
    တားတားကြောက်ကြောက်..

    ဟိုက်ယား……ဟိုက်ယား………..က ပေါက် ဖော် ကွ…..!
    လက်သွက်တယ်နော့်..တစ်စက္ကန် ့ကို ဆံပင်ဖြူ အချောင်းတစ်ရာ နှုတ်နိုင်တယ်…
    ဝှစ်…ဝှစ်..ဝှစ်…ဝှစ်စ်…..
    ရှောင်လော့ရှားလော့…ရှိတာတွေ ဖွက်ထားလော့…
    😆

  • windtalker

    November 5, 2011 at 11:57 am

    အဘဖော ရဲ ့ ပုံစံကို ကွက်ကွက်ကွင်းကွင်း မြင်မိတယ်ဗျို ့

    • ပေါက်ဖော်

      November 5, 2011 at 8:41 pm

      န.နား..
      န.နား..

      နတယ်..
      နတယ်..

      :mrgreen:

  • Shwe Tike Soe

    November 5, 2011 at 12:27 pm

    ကျောက်ဆင်းတု ခေါင်းငြိမ့်အောင ်ပြောနိုင်တဲ့ ကိုအင်ဇာဂီကို ကျွန်တော်တို. ကျောက်ဆစ်တန်းကို အလည်ခေါ်အုံးမယ် ဟဟ

  • GreeNSheeP

    November 5, 2011 at 1:09 pm

    ကြိုက်တယ်ဗျာ ။ ကျတိ လည်း ကဇာ ဆိုပြီး ဇါတ်လမ်းလုပ်ရေးဦးမယ် ။ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို ့

    • inz@ghi

      November 5, 2011 at 1:17 pm

      welcome ကိုသိုးစိမ်း…..
      ကျနော် မျှော်နေမယ်ဗျ နော့်….

  • Koyin Sithu

    November 5, 2011 at 8:33 pm

    အင်း… တို့ လှေသဂျီးအဘဖောရဲ့
    စိန်မျောက်မျောက်နှစ်ယောက်က ဘယ်သူတုန်း
    ဂေလ့် အင်ဇာရဲ့…
    သိနေဒယ်.. သိနေဒယ်…
    အသွားအလာအရ… တားတို့ဆီကို..
    လာနေပြီ…

    • inz@ghi

      November 5, 2011 at 8:42 pm

      ကိုရင်အီးတီနဲ့
      ကိုရင်စည်သူပါဆို
      အရင် ပို့စ်မှာကတည်းက
      ကွက်ရှင် ကြိုအောက်ထားတာကို…
      ဇွတ်…

      မောထှာ…

  • Moe Z

    November 6, 2011 at 9:35 am

    ဘုရား..ဘုရား ရွာထဲတစ်ရက်လောက်မဝင်မိတာ ကိုယ့်ဟာကိုယ်ဘာဖြစ်သွားမှန်းတောင် မသိလိုက်ပါလား
    ဒီမှာ ဂေးအင်ဇာဂီ… အဲ … ဟုတ်ဘူး 🙂
    ကိုအင်ဇာဂီ မိုးစက်ရဲ့ ဓာတ်ပုံကို အခုချက်ချင်းဖျက်ပေးဘာ
    မဟုတ်ရင်တော့ အလှည့်ကျမနွဲ့စတမ်းပေါ့
    ဟွင်း..ဟွင်း (ဘဘပေါက်ဖော်ဆီမှ ခဏငှားသုံးသည်)

    • မှော်ဆရာ

      November 6, 2011 at 9:59 am

      မရတော့ဘူးမိုးစက် …
      ရွာထဲမှာလေလံတင်ပြီး ဈေးကောင်းရလို့ ရောင်းစားပလိုက်ပြီ ….
      ဟွင်း ဟွင်း ဟွင်း …..

    • inz@ghi

      November 15, 2011 at 11:12 pm

      ငိုချင်တွားဘီ ..
      အပိုင် း၁၁တောင် ရောက်ပီ လေးပေါက်က အပိုင်း ၅ က တက်တေးဝူး …
      ဝါး …..

      ရေးတော့ဝူး …..
      ငိုချင်းပဲချတော့မယ် ………
      အောင်မယ်မင်း ဆြာသစ်မင်းရဲ့ …
      အဇန်ရှယ်လ် ဆို ….
      မာန်တက်ပီးရေးမိပါတယ်. …….
      တားတားမှာ ဗိုလ်ချော ရဲ့ လူကြိုက်နည်းတဲ့ကောင် ကဗျာကို အသံထွက် ရွတ်ရမယ့် ကိန်းပါပေါ့လား …

      တားတားမှာ ဂေ့ ဖစ်လိုက် ဂေးဖစ်လိုက် နာမည်ပျက်တာများပြောပါတယ်…
      ခုနောက်ဆုံး ….ကိုအင်ဂျီးတဲ့ ကောင်းကြတေးရဲ့ရား ကွယ်ရို့ …..

      တားတားကဖြင့် ချစ်လို့ ခင်လို့ …. ဆြာမင်းလူ စတိုင်လ်
      စာပေ ကာရီကယ်ချာ လေး ရေးမိပါတယ် …
      တားတား ကို ရက်စက်ကြတယ်. …..

      တော်ဘီ ဒါတွေအားလုံး မိုက်ကယ်လ် သဂျိုင်ခီးမှာ တာဝန်ချိဒယ် …
      နောက်အပိုင်းတွေ နာဖို့ပြင်ထား ..ဟွန့် ….

Leave a Reply