ဂျပန်တိုးရစ်အမျိုးသမီးအား မုဒိမ်းကျင့်လူသတ်ကောင်အား သေဒဏ်ချမှတ်

koyin sithuNovember 5, 20111min14014

ဟိုတစ်လောက ဂျပန်တိုးရစ်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူကို မြန်မာပြည်၍ တရားစီရင်ရေးက ဘယ်လို အမိန့်ချမှတ်မလဲဆိုတာ ကျွန်တော် အမြဲ နားစွင့်နေခဲ့ပါတယ်။ သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေမှာ မြန်မာလူမျိုးတွေကို အရှက်ခွဲခဲ့တဲ့ မုဒိမ်းလူသတ်သမားကို ဘယ်လိုပြစ်ဒဏ်စီရင်မလဲဆိုတာ အမြဲမပြတ် နားစွင့်နေခဲ့ပါတယ်။ ယခုတော့ သတင်းအတိအကျ ကြားသိရသမို့ ရွားသူားများ ဖတ်စိမ့် ဝေဖန်နိုင်အောင် တင်ပြရေးသားလိုက်ပါတယ်ခင်ဗျာ။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တရားရုံးက ဂျပန်အမျိုးသမီးလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ တရားခံ မင်းသိုက်အား သေဒဏ်အပြစ်ပေးချမှတ်လိုက်ကြောင်း သိရှိရသည်။

မြင်းခြံခရိုင်တရားရုံးက သေဆုံးသူရုပ်အလောင်းကို စစ်ဆေးခဲ့ပြီး မုဒိမ်းမှု၊ လူသတ်မှု အမှု(၂)မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဂျပန်အမျိုးသမီး Ms. Shiramatsu Chiharn သည် ကျောက်ပန်းတောင်းမြို့နယ်သို့ သွားရောက်လည်ပတ်စဉ် မုဒိမ်းကျင့် အသတ်ခံ လိုက်ရခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံရှိ မှုခင်းဆေးဆရာဝန်များက စစ်ဆေးခဲ့ပြီး ဂျပန်နိုင်ငံရှိ ၎င်း၏ မိဘများထံ လေကြောင်းခရီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသူလေးသည် ရန်ကုန်မြို့မှတစ်ဆင့် ညောင်ဦးမြို့သို့ စက်တင်ဘာ (၂၇)ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး စက်တင်ဘာ (၂၈)ရက်တွင် ခရီးသည်ယာဉ်ဖြင့် ကျောက်ပန်းတောင်းသို့ လည်ပတ်ခဲ့သူဖြစ်သည်။ ယင်းနေ့အပြန်ခရီးစဉ်တွင် ဆိုင်ကယ်တက်စီငှားရမ်း၍ ပြန်ခဲ့ရာမှ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဆိုင်ကယ်တက်စီမောင်းနှင်သူ မုဒိမ်းလူသတ်သမားအား သေဒဏ်အပြစ်ပေးလိုက်ခြင်းကို ကြားသိရသူ အပေါင်းက ဖြစ်သင့်ဖြစ်ထိုက်သည့် ပြစ်ဒဏ်စီရင်ခြင်းဟု ပြောဆိုနေကြောင်း သိရှိရသည်။

ဒီဖြစ်စဉ်အားလုံးကို ကျွန်တော် ခြုံငုံသုံးသပ်လျှင်တော့ ပြုသူနဲ့ အပြုခံရသူတော့ ခဏထားပြီး တွေးကြည့်မိတော့ ဒီဖြစ်ရပ်မှာ တရားမဝင် ဆိုင်ကယ်တက်စီမောင်းသမားတွေကို အစိုးရဌာနတွေအနေနဲ့ သေချာမကြီးကြပ်ခဲ့တာလည်း ပါပါ့မယ်။ ထိုင်းနိုင်ငံဆိုလျှင် ဆိုင်ကယ်တက်စီသမားဆိုလျှင် နံပါတ်ပါ ကုတ်လက်ပြတ် လိမ္မော်ရောင် အကျီတွေနဲ့ လိုင်စင်နဲ့ အကျအန မောင်းစားကြတာပါ။ ဒီမှာကတော့ သာမန် အရပ်ဝတ် ဝတ်စုံနဲ့ ဝတ်ကြတော့ ဆိုင်ကယ်ပေါ် သူခိုးလားမသိ၊ ဓါပြလားမသိ၊ မုဒိမ်းသမားလား မသိပဲ ဆိုင်ကယ်ပေါ်ကနေ ခရီးသည်ခေါ်သွားတာတော့ ဆိုင်ကယ်တက်စီသမား အစစ်မဟုတ်ရင် ခရီးသည်အဖို့ လူပြတ်သော လမ်းခုလတ်တွင် ခရီးသည် ဒုက္ခရောက်သွားနိုင်ပါတယ်။ ကျွန်တော် ထောက်ပြချင်တာ တစ်ခုကတော့ ဆိုင်ကယ်တက်စီသမားတွေကို လိုင်စင်နှင့် အထူးကြီးကြပ်၍ ထိုင်းနိုင်ငံမှ ဆိုင်ကယ်တက်စီးသမားတွေလို နံပါတ်ပါအကျီနှင့် ဆိုင်ကယ်မောင်းလိုင်စင်ဖြင့် ကျကျနန ကြီးကြပ်ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုပါတယ်။

လေးစားစွာဖြင့်

ကိုရင်စည်သူ

14 comments

  • GreeNSheeP

    November 5, 2011 at 1:23 pm

    သေဒဏ်အပြစ်ပေးလိုက်တယ် ဆိုတာကိုတော့ ဂျာနယ်တွေမှာ ဖတ်လိုက်ရပါတယ် ။ ဘယ်နေ ့မှာ ဘယ်လို သတ်သလဲ ဆိုတာလေးကို သိချင်နေမိတာ ။ ထပ်ပြီး သတင်းထပ်ရရင် တင်ပေးပါဦး ။

    • Koyin Sithu

      November 5, 2011 at 1:35 pm

      ကိုဂရင်းသိုးရေ… သေဒဏ်ချခံရတဲ့ သူတွေကို ဘယ်မှာ ဘယ်အချိန်သတ်သလဲတော့
      မကြားမသိသေးပါ။ ဒါကလဲ ထောင်တွေရဲ့ လျှို့ဝှက်ကိတ်စဖြစ်မယ်ထင်ပြီး..
      ပြီးစီးတော့ မှ သတင်းထုတ်ပြန်မယ်ထင်ပါတယ်… ကျနော် တွေးဆမိတာတော့
      ထို မုဒိမ်းလူသတ်ကောင် ထောင်ထဲမှာပဲ သေဒဏ်စောင့်နေသေးဟန်တူပါတယ်..ခင်ည…

      (သဂျီးရေ… ကွန်မကောင်းလို့ ပို့စ်က နှစ်ခါထပ်ကြီးဖြစ်သွားပီ…
      ကျေးဇူးပြုပီး… ဖျက်ပေးပါဂျာ.. 🙂 🙂

  • kai

    November 5, 2011 at 1:37 pm

    ဂျပန်က.. အပျိုကြီးမမတွေ.. အပျိုဂျိုးတွေထပ်လာကြဦးမယ်ပေါ့…။
    ကောင်းပါတယ်..။

  • လင်းငယ်

    November 5, 2011 at 6:47 pm

    စည်းကမ်းဆိုတာ အဲဒါပါပဲ။ ဒါမျိုးက မဖြစ်သင့်ပါဘူး။ ပြီးတော့ ခုဖြစ်သွားတဲ့ အမျိုးသမီးက ဒီနိုင်ငံကို လာရောက် လည်ပတ်တဲ့ သူဆိုတော့ ဒီသတင်းကို ကြားတဲ့ တခြားနိုင်ငံက သူတွေက ဒီနိုင်ငံကို ဘယ်လို ထင်မလဲ။ စိတ်ကူးရှိရင်တောင် လာလည်ဖို့အတွက် စဉ်းစားကြတော့မှာပေါ့။

  • windtalker

    November 5, 2011 at 6:59 pm

    အေးတာဘဲ ၊ မှတ်လောက်သားလောက်တယ် ၊ ဒီကိစ္စ သတင်းထပ်ထူးရင် တင်ပါဦး

  • koyinmaung

    November 5, 2011 at 10:43 pm

    သေဒဏ်ပေးလိုက်တာကိုတော့စိတ်မကောင်းပါဘူး
    ပြစ်မှု့ထင်ရှားယင်တော ့ဒီလိုပြစ်မှု့မျိုးက
    သေဒဏ်နဲ့ထိုက်သင့်ပါတယ်…

  • minmahar

    November 5, 2011 at 11:56 pm

    ကံ ကံ၏အကျိုးပါပဲ .. ။

    • susunosuki

      November 8, 2011 at 1:51 pm

      ကျွန်တော်လည်း ကံ ကံ၏အကျိုးလို့ထင်တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာအမြင်နဲ့ကြည့်ကြပါစို့။ အဲဒီဂျပန်အမျိုးသမီးကကော ဝဋ်လည်တာမဖြစ်နိုင်ဘူးလား။ သူမရဲ့ ဘိုးဘွားအချို့က မြန်မာပြည်မှာ ပွဲကြမ်းခဲ့တဲ့ ဖက်စစ်စစ်ပွဲမှာ ပါကောင်းပါခဲ့နိုင်ပါတယ်။

      ဒါဟာ မုဒိမ်းကျင့်လူသတ်တဲ့ ဆိုင်ကယ်သမားရဲ့ အပြစ်ကို လစ်လှူရှု့ခြင်းမဟုတ်ပါဘူး။

  • zarni

    November 6, 2011 at 12:56 am

    သေဒဏ်ဆိုတာက ချက်ချင်းကြီးအမိန့်ချပြီတာနဲ့ချက်ချင်းကွပ်မြက်ပစ်တာမဟုတ်ပါဘူး(ရှေးဘုရင်ခေတ်တုန်းကတော့ သေစေဆိုတာနဲ့ မာလကီးယားဖြစ်တာပဲ) တရားခံက အဆင့်ဆင့်အယူခံဝင်ပါဦးမယ်….မြန်မာနိုင်ငံမှာတော့ ကြိုးပေးပြီတော့ပဲသတ်တာပါ….သေဒဏ်ကျခံတဲ့သူတွေကိုကြိုးတိုက်မှာထားပါတယ် …အချို့ဆို ကြိုးမိန့်ကျပြီပေမယ်လည်း အယူခံတွေဝင်လိုက် အသနားခံစာတင်လိုက် ဘာညာနဲ့ အစိုးရအပြောင်းအလဲတို့ နေ့ထူးနေ့မြတ်တို့(သံဃာယနာတင်ခြင်း etc..)
    နဲ့ကြုံတဲ့အခါလွှတ်သွားကြတာလည်းကြားဘူးပါတယ်။သူလည်းကြာပါဦးမယ် …… လူအချင်းချင်းနှိပ်စက်ခြင်းကင်းဝေးကြပါစေ။

  • nozomi

    November 8, 2011 at 11:31 am

    ဒီကိစ္စဖြစ်တာမှ မကြာသေးဘူး ဒီရက်ထဲ ဂျာနယ် တစ်ခုထဲ ဖတ်လို်က်ရတယ်
    ီနိုင်ငံခြားသူတစ်ဦးကို ပုဂံမှာ လူတစ်ယောက်က ရိုက်နှက် လုယက်မှုဖြစ်တယ် တဲ့ ခရီးသည် မျက်ခုံးကွဲသွားတယ်လို့ပဲပါတယ် တရာခံ မိ/မမိ ဆိုတာ သတင်းထဲမှာ ပါမလာဘူး

    ဆိုင်ကယ်နဲ့ ပတ်သက်လို့ ရန်ကုန်မှာ ခွင့်ပြုထားတဲ့ ဝန်ထမ်း တချို့ (လျှပ်စစ် ဝန်ထမ်းတွေဖြစ်မယ်) ကလွဲလို့ ဆိုင်ကယ် စီခွင့် မပြုတာ တော်တော်ကြာပါပြီ ၊ အခု ဘာနံပတ်မှ မပါတဲ့ ဆိုင်ကယ်တွေ စည်းမဲ့၊ကမ်းမဲ့ စီးနေကြတာ တော်တော် (တော်တော်)ကို များလာပါတယ် လွန်ခဲ့တဲ့ တနှစ်လောက်က ဆို မီးပွိုင့်တို့ ယာဉ်ထိန်းရဲတို့ ကို ရှောင်မောင်းသေးတယ် ၊ အခုကတော့ ဘာမှကို မရှောင်တော့ တာပါ ၊ ဘာကြောင့် ဒီလို လွှတ်ပေးထားလဲ ဆိုတာ စဉ်းစားစရာပါ ၊ တရာဝင် မဟုတ်တဲ့ အတွက် မတော်တဆ မှု တစ်ခုခု ဖြစ်ရင် အန္တရာယ် များပါတယ်

  • iris21

    November 8, 2011 at 6:34 pm

    25ရက်နေ.ကသေသွားပြီဆို

  • htet way

    November 8, 2011 at 7:17 pm

    စိတ်ရိုင်းစေရာလိုက်ပါလေတော့အသက်ပေးသွားရတာပ
    ဂျပန်မကလည်းဘယ်လိုဝတ်စားပြီးဘာတွေဂရုမစိုက်လုပ်လေသလဲလေ
    မြန်မာဂုဏ်သိက္ခာကျတာပလေ။
    ဒီလူမလည်းဘဝကူးမကောင်းပေဘူး
    တဏှာရဲ့လောင်ကျွမ်းမူပေပဲ။

  • Kai Kai

    November 9, 2011 at 12:44 am

    ကိုရင်စည်သူပြောသလို ဆိုင်ကယ် ကယ်ရီသမားတွေကို သက်ဆိုင်ရာအဖွဲ့ဖွဲ့ပြီး ဝတ်စုံနဲ့ လိုင်စင်ထုတ်ပေးလို့ တရားဝင်လုပ်သင့်ပါတယ်.. မများသော အဖွဲ့ဝင်လိုင်စင်ကြေးနဲ့ပေါ့လေ.. မြန်မာနိုင်ငံမှာက ဘယ်နေရာမဆို (ဆိုင်ကယ်မစီးရတဲ့နယ်မြေဒေသကလွဲလို့) ဆိုင်ကယ်ကယ်ရီလေးနဲ့သွားနေရတဲ့နေရာတွေ အများကြီးရှိလို့ ဆိုင်ကယ်ကယ်ရီစီးမှ အဆင်ပြေမှာပါ.. တရားဝင်လိုင်စင်ထုတ်ပေးပြီး ဂိတ်တွေ သတ်မှတ်ပေးမယ်ဆိုရင် ဆို်င်ကယ် ကယ်ရီအလုပ်နဲ့ လုပ်ကိုင်စားသောက်သူ… ဆိုင်ကယ်ကယ်ရီ စီးနင်းလိုက်ပါသူတွေအတွက် အဆင်ပြေ၊ လုံခြုံပြီးတော့ ဖြစ်လာရင်လဲ.. ထိရောက်စွာ အရေးယူနိုင်မှာပါ….. ဂျပန်မလေးသေးဆုံးသွားရတဲ့အတွက် အရမ်းကို ဝမ်းနည်းရပါတယ်… ဒီလိုအဖြစ်မျိုးဖြစ်ရတဲ့အတွက်လဲ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှက်မိပါတယ်… ဒီသတင်းကို ကြားရင်လဲ မည်သည့်နိုင်ငံခြားသား ဧည့်သည်မဆို ဒီလိုလည်ပတ်ဖို့ကို ဝံ့ရဲတော့မှာ မဟုတ်တော့ပါဘူး…

  • mummymoon

    November 12, 2011 at 12:45 pm

    သေဒဏ်ချမှတ်လိုက်ပေမဲ့ ဥပဒေအရ တရားခံဘက်က အယူခံတင်ခွင့်ရှိနေသေးတယ်—- ခရိုင်ရုံးကနေ တိုင်းတရားလွှတ်တော်– အဲဒီမှာ အယူခံရှုံးရင် ပြည်ထောင်စုတရားလွှတ်တော်ချုုပ်ထိ အယူခံတက်နိုင်ပါသေးတယ်—- အဆင့်ဆင့်လုပ်ရမှာဆိုတော့ တကယ်သေရမှာက ကြာအုံးမှာပဲ–နောက်ဆုံးမှာ နိုင်ငံတော်သမ္မတဆီကိုလဲ အသနားခံစာတင်နို်င်ပါသေးတယ်— အခုနောက်ပိုင်းမှာ သေမိန့်ကျတဲ့သူတွေ တကယ်သတ်တာ မရှိတော့လို့ ကြားဖူးတယ်— ဒီလိုပဲ တစ်သက်လုံးထောင်ထဲမှာ နေသွားရမှာပေါ့—
    — ခုဖြစ်တဲ့ပြသနာကို သုံးသပ်ရရင် ဆိုင်ကယ်ကယ်ရီနဲ့လိုက်သွားတဲ့ဂျပန်အမျိုးသမီးလေးက သိပ်မစဉ်းစားခဲ့တာလဲ ပါတယ်— နေ့ခင်းပေမဲ့လဲ သူတို့သွားတဲ့လမ်းတစ်လျောက် လူပြတ်တယ်– ပြိးတော့အမျိုးသမီးက ဘယ်လိုဝတ်စားထားသလဲ ဆိုတာလဲ စဉ်းစားရမယ်— ပူအိုက်တဲ့ရာသီဆိုတော့ ဟိုပေါ်ဒီပေါ်ရှိမှာပဲ– တစ်လမ်းလုံးဆိုင်ကယ်ပေါ်မှာ နှစ်ယောက်တည်းဆိုတော့ ယောက်ျားဖြစ်သူက စိတ်ဖောက်ပြန်နိုင်တဲ့ အနေအထားဖြစ်နေပါတယ်— စိတ်ရိုင်းဝင်လာတဲ့အချိန်ဆိုရင် ဂျပန်တွေ မြန်မာတွေ အမေရိကန်တွေ ဘယ်သိတော့မလဲ— (တွေးမိသမျှပါ)

Leave a Reply