နိဂိမိ ၏ မန်းလေးသွား တောလား အပိုင်း(၁.၅)

nigimi77November 5, 20111min1984

နိဂိမိ အအေးဓါတ် အလွန်ကြိုက်သည်။

လူတိုင်းလည်း ကြိုက်ပေလိမ့်မည်။

ဆောင်းတွင်း ရာသီဥတု ဟု ဆိုလျင် မြန်မာပြည်ရှိ အားလုံး၏ အမြင်အာရုံတွင်

ဒီဇင်ဘာလ နှင့် တွဲပြီး အာရုဏ်တက်စ အချိန် ဝေဝါးစွာ အုပ်ဆိုင်းနေသော

မြူ (FOG) များအား စိတ်ကူး ပုံဖော်ကြပေမည်။

မြန်မာပြည်တွင် နှင်းကျပြီး မြစ်မှ အစ ရေခဲသော ဒေသများ ရှိသော်လည်း

ယခု အသက်အရွယ် အထိ တခါမှ မရောက်ဖူးခဲ့ပါ ။

အဆိုပါ ဒေသများတွင် အအေးချိန်သည် အနှတ်အောက် မည်မျှ အေးခဲသည် ဆိုသည်ကိုလည်း လေ့လာဖူးခြင်း မရှိခဲ့ပါ ။

မိဘ အိမ်တွင် နေထိုင်စဉ်က အတော်ကလေး လူလားမြောက်စဉ် အချိန်တွင် ဖတ်ခဲ့ဖူးသော IKEA စာအုပ်များထဲမှ ဓါတ်ပုံ

တွင် ပါသော အိမ်သာများကို အလွန်စွဲလမ်းနှစ်သက်ခဲ့သဖြင့် ဖင်ထိုင်ခွက် ဘေးတွင် ကိုယ်တိုင် တည်ဆောက်ထားသော

နံရံကပ် ထင်းရှုးသား စာအုပ်စင် ၊ ရေချိုးလျင် ရေလွတ်လောက်သော အမြင့်တွင် တပ်ဆင်ထားသော Speaker တို ့အား

ထိမ်းသိမ်းလို သဖြင့် မိမိ သဘောအရ တာဝန်ယူထားသော အိမ်သာနှင့် ရေချိုးခန်း အထူးသန် ့ရှင်းရေး အလုပ်မှ လွဲပြီး

ခူးခပ်ပြီးသား အဆင်သင့်စားပြီး ပန်းကန် မဆေးချင်သော ၊ ဟင်းတွင် သကြားထည့်ချက်လျင် မျက်နှာ ရှစ်ခေါက်ချိုးဖြင့်

စိတ်ကောက်တတ်သော နိဂိမိ သည် ဆာမူရိုင်းတို ့တိုင်းပြည်တွင် အလေလိုက်ရန် အတွက် မိဘ နှစ်ပါးမှ စီစဉ်ပေးပြီးမှ

ကံမကောင်း အကြောင်းမလှစွာဖြင့် UNCLE SAM တို ့ တိုင်းပြည်နှင့် နှစ်ပါးသွား ပါးပါးလေး ကနေသည့် MR. KIM

(KIM DAE JONG) တို ့ တိုင်းပြည်တွင် ကျောင်းတက်ရန် အကြောင်းပြချက် နောက်ကွယ်တွင် ကိုယ်ပိုင် ဖွတ်ကလိ ဒင်္ဂ ါး

ရှာရန် အတွက် ချိတ်ဆက်ခဲ့သည်။

လေရှည်လျင် လိုရင်း မရောက်မည် စိုးသဖြင့် လိုရင်းသို ့သွားတော့မည် ။

ဒင်းတို ့နိုင်ငံသို ့ရောက်ရှိချိန်သည် JANUARY လကုန်ပိုင်း ။

SEOUL မြို ့အား ဖြတ်သန်းစီးဆင်းသည့် HAN မြစ်ကြီး ရေခဲပြီး လူများသည် ရေခဲမြစ်ပေါ်တွင် ရေခဲပြင် အပေါက်ဖောက်

ငါးမျှားပြီး အရက်သောက်ကြချိန် ။

ဘာမထီ မြန်မာပြည် ဗီဇ အတိုင်း……ဒင်းတို ့နိုင်ငံ ဘယ်လောက်များ အေးမှာ မို ့လို ့လဲ…..အိမ်မှာ Domestic ရေခဲသေတ္တာ

အပေါ်ဆင့်တွင် ခေါင်းထိုးပြီး နေကြည့်တာ အေးဆေးပဲ ဆိုပြီး Lil’ Wayne ပြုံး ပြုံးခဲ့သော နိဂိမိသည်

အလွန် နှစ်သက်သော ကွင်းထိုး ကပ်ခွာ ဖိနပ် (ဒင်းတို ့နိုင်ငံရောက်မှ သိရသည်မှာ ပိုလီယို ရောဂါသည်များစီးသော ဖိနပ်)

အား ဆောင်းတွင်းအချိန်တွင် ခန် ့ညားစွာ စီးနင်း ဝင်ရောက်ခြင်းဖြင့် ကင်ပို လေဆိပ်တွင် လူစိတ်ဝင်စားစေခြင်း အမှုအား ပြုခဲ့သည်။

မကြာသေးခင်က သက်စွန် ့ဆံဖျား ဆိုသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက် နှင်းကိုက်ပြီး ခြေထောက် ဖြတ်ပြစ်လိုက်ရသည်ဟု ကြားသည်။

အေးမြလေ ကောင်းလေ ဆိုသော ဖားပြုတ် တံဆိပ် အရက်သည် နိဂိမိ အား နွေးထွေးမှု ပေးခဲ့သည်။

နောက်တစ်ခါ ဟိုလူတွေ ဟိုနေရာကို သွားလျင် ဟိုဟာတွေ များများ ဆောင်သွားပါဟု အကြံပေးချင်သည် ။

ရေးရင်းနှင့်ပင် လိုရင်းလွဲပြန်သည် ။

အအေးချိန် အနှတ်အောက် ၁၅ ၊ ၁၆ လောက်သည် ဆိုင်ကယ်စီး အလွန် ဝါသနာကြီးသော နိဂိမိ အတွက်တော့ အမူးပြေ လေပြေညှင်းလောက်သာပင်…။

………………………………………….. ။။

၁ဝ စုနှစ် တစ်ခုကျော်သော အခါ အဆိုပါ အမူးပြေ လေပြေညှင်း ကြောင့်ပင် မပြန်ချင့်ပြန်ချင် နှင့် မွေးရပ်မြေသို ့ပြန်ရောက်ခဲ့သည် ။

တခုသော စက်ရုံတွင် စကားပြန် အဖြစ် အသက်မွေးသည် ။ အဆိုပါ စက်ရုံရှိ မာတုဂါမများသည် နိဂိမိအား မြင်လျင် သနားစရာ သတ္တဝါ အဖြစ်

ကြည့်တတ်ကြသည် ။ စက်ရုံရှိ ဟိုနိုင်ငံသားများ နာဂစ် အပြီး ၈လပိုင်း ၏ အပူချိန်တွင် သာယာနေသော အချိန်တွင် ရန်ကုန်သား နိဂိမိ

မိုးမိသော ဘုန်းကြီးကဲ့သို ့ သရုပ်ပျက်နေသည် ။

လိုရင်းကို ထပ်ရေးဦးမည် ။

တခုသော နေ ့တစ်နေ ့တွင် ဝမ်းစာ အတွက် မန္တလေးမြို ့သို ့သွားရန် အကြောင်းပေါ်ခဲ့သည်။

ထို အချိန်မှ စပြီး နိဂိမိ ၏ မန်းလေးသွား အပိုင်း (၂) ဆက်ရန် ဖြစ်လာခဲ့သည် ။ 🙂 🙂

4 comments

  • windtalker

    November 5, 2011 at 6:58 pm

    ကိုရီးယားက ၁၈မပြည့်လေးတွေ ဆေးလိပ်သောက်ပုံကိုလဲ ရေးဦးလေဗျာ

  • inz@ghi

    November 5, 2011 at 7:28 pm

    အစ်ကိုရီးက ….
    စောက်ကိုရီးယား.(south korea)ကပြန်လာတားလား တားက စောက်ကိုရီးယားဆို သိပ် စိတ်ဝင်ဇားတာ..
    အဲ့က စကီလေးတွေ အကြောင်းရေးပါဦးနော် ….
    (လူမှုရေး စီးပွားရေး ရာသီဥတုက မှန်းတွေးလိုက်မယ် …ခစ်ခစ်..)

    အားကျထှာ ….

  • hmee

    November 5, 2011 at 11:25 pm

    တလောကပဲ ဒီမှာရှိတဲ့ IKEA အရောင်းဆိုင်ကြီး မီးလောင်တာ အကုန်ကုန်ပါရော။ ကျွန်မလည်း IKEA အရောင်းခန်းမ ရောက်တိုင်း အခန်းအပြင်အဆင်တွေ သရုပ်ပြထားတာ သဘောကျလွန်းလို့ ဓါတ်ပုံတွေ အများကြီးပဲ လိုက်ရိုက်ခဲ့သေးတယ်။ အခန်းကျဉ်းကျဉ်းလေးကို ပစ္စည်းအစုံ ထားလို့ရအောင် စနစ်တကျ လုပ်ထားတာများ သဘောကျလို့ မဆုံးဘူး။ သစ်သား အတိုအစလေးတွေနဲ့ စာအုပ်တင်လို့ရအောင် လုပ်ထားတာများ စဉ်းတောင် မစဉ်းစားဘူးဖူး ကိုယ်တွေဆီမှာဆို ဒီလို အစလေးတွေ ထင်းပေါက်စလောက် သဘောထားတာ။

Leave a Reply