အချစ် ။ ကိုပြန်လည်စားမြုံ့ပြန်ခြင်း——။

ba gyiNovember 5, 20111min854

ဘကြီး အသက်(20)ကျော်လောက်က၊ရူးကြောင်မူးကြောင်အရွယ်မှာခံစားပြီးရေးခဲ့တဲ့ အချစ် ဆိုတာကို အဓိပ္ပါယ်ဖွင့်ခဲ့တာလေး။
ရွာသားများ ပွါးနိုင်ဘို့ လက်ဆော့ပြီး စားမြုံ့ ပြန်လိုက်ပါသည်။

အချစ် ။
အချစ် ဖိနပ်မစီးကိုယ်လုံးတီး နှင့်၊
မုသားမဆို၊မသိုပါဘိ
ငါသိပါ၏ ရင်မချိ၊
အထာမရှိ ချိုပါ၏ ။
အချစ်
အကာမရှိ ၊ အထာသိသူ
ချိုးယူထိနမ်းအသွင်မခမ်းပဲ၊
တံဆက်မြိတ်အောက်၊
ရွှေရောင်တောက်၏၊၊
ညမှောင်အောက်တွင် အထင်းသား ။

မှတ်ချက်။ ။ အချစ်ဆိုသည့်ဝေါဟာရ ကိုအဓိပ္ပါယ်ဖွင့်ထားခြင်းသာဖြစ်ပါသည်။

4 comments

  • ပေါက်ဖော်

    November 5, 2011 at 5:22 pm

    အချစ်က ညမှောင်အောက်မှာ အထင်းသား ဆိုပါကလား..
    ဓာတ်မီးမလိုတော့ဘူးပေါ့ ..ဘဂျီးရဲ့
    😆

  • Koyin Sithu

    November 5, 2011 at 5:38 pm

    ဖိနပ်မစီး ကိုယ်လုံးတီးနဲ့အပိုဒ်တော့
    အကြိုက်ဆုံးပဲ အဘရယ်… ငဲငဲ…
    အမှောင်ကြိုက်သူ…..

  • ba gyi

    November 5, 2011 at 5:47 pm

    ကိုပေါက်ဖေါ်ကြီးရေ၊ အားပေးလို့ကျေးဇူးပါဗျား၊အဲသည်အချိန်တုန်းက ကောင်မလေးနှစ်ယောက်ရဲ့ဆက်တိုက်၊ပစ်သွားတာခံခဲ့ရလို့၊ကိုယ့်ရင်ထဲကအချစ်ဆိုတဲ့အရာကိုပြန်စမ်းစစ် ိပြီး၊ဘယ်တော့မှ သေဆုံးမသွားပဲ အရိုးခံတိုင်း၊ ရှင်သန်နေတယ် ဆိုတာကိုယ့်ကိုယ်ကိုအားတင်း၊ထင်ဟပ်လိုက်တာပါပဲ —– ဟဲ ဟဲ ။

  • windtalker

    November 5, 2011 at 6:15 pm

    ဟောဗျာ
    ဘကြီးတစ်ယောက်လဲ
    ဂေဇက်ရောက်မှ အချစ်တွေဘာတွေ နဲ ့တွေ ့ကုန်ပါပေါ့
    ရွာသူတွေ လက်ချက်များလား
    ဟီဟိ

Leave a Reply