ကျောင်းသားအားကစားပွဲတော် ရခိုင်ပြည်နယ်အသင်း ကြက်တောင်အားကစားမပြိုင်ဘူးတဲ့

Maung YuGhan SDYNovember 6, 20111min1743

မနေ့တုန်းက ရန်ကုန်ကို ဖုန်းဆက်တော့ အခုနှစ်ဒီဇင်ဘာမှာ ကျောင်းသားအားကစားပွဲတော်ရှိတယ်လို့သိရတော့ ကျွန်တော် ပျော်ရွှင်မိပါတယ် အနှစ်နှစ်ကျွန်တော်ပျိုးထောင်ထားတဲ့ တပည့်ငယ်တွေယှဉ်ပြိုင်ခွင့်ရတော့မှာကြောင့်ပါ၊ကျွန်တော်တို့ကစားသမားဆိုတာ ဇာတ်သမားလိုပါ ဇာတ်သမားက ဆိုင်းသံကြားရင်မနေနိုင်သလို ကစားသမားကလဲပြိုင်ပွဲသံကြားရင်မနေနိုင်ပါဘူး၊ကျောင်းသားအားကစားပွဲတွေကလဲ အဖျက်အမှောင့်တွေကြောင့်ရပ်ထားတာကြာပါပြီ၊အခုပြန်လုပ်မယ်ဆိုတော့ပျော်ပါတယ် မြန်မာ့အားကစားကြဆင်းသွားရခြင်းဟာ ကျောင်းတွင်းအားကစားဆုတ်ယုတ်လို့ဆိုပြီး ကျွန်တော့်ဆရာတွေက မကြာမကြာပြောပြပါတယ်၊ဒါမှန်တယ်လို့ကျွန်တော်ထင်ပါတယ် ခုကျောင်းသားလေးတွေမှာ ကစားချိန်မရှိကြပါဘူး အချိန်တိုင်း ကျူရှင်ရှိနေပါတယ် ကြာရင်ကလေးတွေ ညဏ်ရည်ထိုင်းမှိုင်းမှာစိုးရတယ်လို့ ပြောမိတော့ကျူရှင်ဆရာတွေ ဒေါသူပုန်ထပါတယ်၊

အစက စကားကိုပြန်ဆက်ရရင် ကျွန်တော် မြို့နယ်ပညာရေးမှုုးဆီပြေးပြီး ကြက်တောင်အားကစားပြိုင်မယ့်အစီစဉ်ရှိလားမေးတော့ ငွေကြေးအကြပ်တည်းကြောင့်မပြိုင်ဘူးပြောပါတယ် ကျွန်တော်မေးတာက ကျွန်တော့်တပည့်လေးတွေကို ကြိုတင်လေ့ကျင့်နိုင်အောင်ပါ၊ မပြိုင်ဆိုတော့စိတ်ဓါတ်မကြသေး ပြည်နယ်ပညာရေးမှုုးရုံးကိုလှမ်းမေးပါတယ် တာဝန်ခံကာယဆရာနဲ့စကားပြောဖြစ်ပါတယ်၊ပြိုင်ပွဲအားကစား25 မျိုးထဲက 23မျိုးပြိုင်မှာဖြစ်ပြီးကြက်တောင်နဲ့တိုက်ကွမ်ဒို မပြိုင်ဘူးလို့ပြောပါတယ်၊ငွေကြေးအခက်ခဲကြောင့်ပါတဲ့သိန်း400လိုတာ ခု 100ဘဲရှိလို့အခက်တွေ့နေတယ်လို့ပြောပါတယ်၊ကျွန်တော်တို့ရခိုင်ပြည်နယ်ဗျာအလှုုအတန်းရက်ရောကြပါတယ် ဝန်ထမ်းတွေကကောက်ရင်ဟိုတိုင်ဒီတောနဲ့ ဖြစ်ကုန်မှာ သားသမီးချင်းကိုယ်ချင်းစာစိတ်ထားပြီး ပြိုင်ပွဲဝင်ကလေးတွေ ပါဝင်နိုင်ဘို့ အလှုုရှင်ပေါ်ပါစေလို့ဆုတောင်းပါတယ်၊

အရေးကြီးတာလေးပြောစရာကျန်သေးတယ် ဒါကကျွန်တော့်စိုးရိမ်စိတ်ပါ အားကစားဝန်ကြီးက21.9.2011တုန်းပေါင်းစပ်ညှိနှိုင်းအစည်းဝေးမှာအားကစားအဖွု့ခှုပ်အသီးသီးကိုမိန့်မှာသွားတဲ့စကားပါ 26နဲ့27ကြိမ်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများမှာ မြန်မာအားကစားအောင်မြင်ဘို့အတွက်အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်း၊ccc starsနဲ့အားကစားနဲ့ကာယပညာပေါင်းစပ်လေ့ကျင့်ရေးကျောင်းတို့မှနည်းလမ်းသုံးသွယ်ဖြင့်သုံးပွင့်ဆိုင်ပြိုင်ပွဲများကျင်းပပြီးသုံးချောင်းထောက်ပုံစံဖြင့် နိုင်ငံတော်

လက်ရွေးစင်များကိုရွေးချယ်သွားမယ်လို့ပြောပါတယ်ဗျာ ဒါဆိုရင်ပြည်နယ်တိုင်းပြိုင်ပွဲက ချန်ပီယံကအဖွဲ့ချုပ်လေ့ကျင့်ရေးစခန်းသွား champion challenge cup ကccc stars လေ့ကျင့်ရေးကိုသွား ကျောင်းသားအားကစားပွဲတော် ချန်ပီယံက အားကာ/သိပ်ပံကျောင်းသွားပေါ့ဗျာ ဒါဆိုရင် ရခိုင်ကကြက်တောင်အားကစားသမားလေးတွေတော့ ပြိုင်ပွဲဝင်ခွင့်မရတော့ ဒီအခွင့်ရေးနဲ့လွဲပါပြီ၊

ရခိုင်ကြက်တောင်ကျောင်းသားတွေကလဲ အားကာ/သိပ္ပံကျောင်းမှာ မှတ်တမ်းကောင်းတွေရှိတယ် 2006ခုနှစ်မှာ ဧပရယ်ကျော်ထွန်းခိုင်နဲ့ ကောင်းစည်သူ 2007ခုနှစ်မှ ဖြိုးသီဟစိုးနဲ့ထွန်းမင်းလတ် သံတွဲမြို့ကနေပြိး ရခိုင်ပြည်နယ်ကိုယ်စားပြုတက်ခွင့်ရတယ်သူတို့ဆုတံဆိတ်တွေလဲရပါတယ် နှစ်ပေါင်း60 အတွင်းသူတို့ရတဲ့အောင်မြင်မှုဟာ ရခိုင်ရဲ့အမြင့်ဆုံးပါ၊

ဧပရယ်ကျော်ထွန်းခိုင်   2007 ခုနှစ် ပြည်နယ်တိုင်း single    ကြေး

။               တံခွန်စိုက်ပြိုင်ပွဲ       ။               ။

ကောင်းစည်သူ             2006       ပြည်နယ်တိုင်းပြိုင်  single   ငွေ

။                           ။                double  ငွေ

။           တံခွန်စိုက်ပြိုင်ပွဲ      single    ငွေ

။                     ။                      double ရွှေ

2007        ပြည်နယ်တိုင်း      single  ငွေ

။                        ။                   double ကြေး

။             တခွန်စိုက်            single      ငွေ

။                    ။                     double   ငွေ

။            ရွေစွန်ညိုကလပ်ပြိုင်ပွဲ  double  ရွေ

ဖြိုးသီဟစိုး             2007      အိုလံပစ်ဒေးပြိုင်ပွဲ       sin       ငွေ

။                       ။                       dou     ကြေး

။             ပြည်နယ်တိုင်း      sin     ကြေး

။                      ။                   dou     ကြေး

။            တံခွန်စိုက်          sin     ရွှေ

။                     ။                        dou     ရွေ

2008           တံခွန်စိုက်        sin       ငွေ

။                   ။                  dou      ငွေ

ထွန်းမင်းလတ်    2007     အိုလံပစ်ဒေ     dou     ကြေး

။            ပြည်နယ်တိုင်း  dou   ကြေး

ဒါအားကာသိပ္ပံနေစဉ်က သူတို့ရရှိခဲ့တဲ့ဆုတွေပါ ဒီကျောင်းမှာမှတ်တမ်းရှိပါတယ် ကျောင်းသား 8 ယောက်မှာ 4 ယောက်ဟာ ရခိုင်ပြည်နယ်ကိုယ်စားပြု သံတွဲမြို့ကကျောင်းသားတွေပါ နောက်တော့  ဝန်ကြိး သူရအေးမြင့် လက်ထက် ကြက်တောင်တွေ မထားတော့ဘူး ငွေကုန်များတယ် s.e.a. gameမဝင်တဲ့ကစားနည်းတွေ ဖြုတ်တာမှာ သူတို့လဲအိမ်ပြန်ရပါတော့တယ်၊

ရခိုင်ပြည်နယ်17 မြို့နယ်မှာ သံတွဲ တမြို့ထဲသာ ကြက်တောင်ရှိတာပါ 2000 ခုနှစ်ကဘဲ ပျိုးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ကြက်တောင်အားကစားသမားလေးတွေ ခုလိုကျောင်းသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရတဲ့အပြင် အားကာသိပ္ပံတက်ခွင့်ပါ မရတာအတွက် ကျွန်တော်ဝမ်းနည်းစကားဆိုရန်ကလွဲပြီး

ထွန်းထွန်းဥိးကြက်တောင်

သံတွဲမြို့

 

3 comments

  • The Angry Man

    November 6, 2011 at 4:15 pm

    I’m so glad to hear such sports news from you,Ko Htun.Be patient and try your best.

  • mgkyi

    November 6, 2011 at 4:37 pm

    သတင်းကြားရ
    ဝမ်းနည်းစရာပ
    ဒို့လဲမတတ်နိုင်…
    ကောင်းလာပါစေ
    တောင်းဆုချွေ
    ထွန်းထွန်းဦးရေ…။

  • ဒီလိုပါဘဲဗျာ။ဝါသနာအရင်းခံနဲ ့တတ်အားသရွေ ့အားပေးကူညီနေသူ volunteer တွေအဖို ့အခက်ကြုံစရာတွေပါလား။မြန်မာ့အားကစားက တော့စိတ်ကုန်စရာပါလားဗျာ။

Leave a Reply