စတုတ္ထ ပန်းသီး၊ပြီးရင် သင်္ဘောသီးကြီး

Don Juan RonaldNovember 5, 20111min2944

စတုတ္ထ ပန်းသီး

Net ပေါ်မှာ ကမာ္ဘကိုပြောင်းလဲသွားစေသောပန်းသီး သုံးလုံးအကြောင်းကိုအများကဖတ်ဘူးကြမှာပေါ့။

Eden ခြံ မှာမစားသင့်ဘဲ Adam နှင့် Eve တို့နှစ်ယောက်သားကခိုးစားမိလိုက်တဲ့ ပန်းသီး။

ကမာ္ဘ့ဆွဲအားကိုသိသွားစေသော Sir Issac Newton ၏ခေါင်းပေါ်သို့ကျလာသော ပန်းသီး။

အဆင့်မြင့်အီလက်ထရွန်းပစ္စည်းကို၊လူအများတကာအသုံးပြုတတ်အောင်းလုပ်ပေးတဲ့ Steve Jobs ရဲ့ပန်းသီး။

ယခုကျနော်ပြောတဲ့စတုတ္ထ ပန်းသီး ကဘာမှအရေးမကြီးတဲ့ပန်းသီးပါ၊အထင်ကြီးအောင် ပန်းသီးသုံးလုံးနဲ့အစချီလိုက်ခြင်းဖြစ်သည်။

ကျနော်ငယ်ငယ်တုံးကကြားဘူးတဲ့ပုံပြင်လေးတပုဒ်ကိုတင်ပြချင်လို့ပါ။

ပုံပြင်ကတော့

မိမိကိုယ်ကိုအလွန်ပညာရှိပြီးဗဟသုတနှင့်ကြွယ်ဝနေသောဆိတ်ကြီးတကောင်သည်၊အရာခပ်သိမ်းများကိုဝေဖန်သုံးသပ်လေ့ရှိပါသည်၊

၎င်းဆိတ်ကြီးကိုအင်မတန်မှအထင်ကြီးပြီး၊ဆိတ်ကြီး၏နောက်မှတကောက်ကောက်လိုက်၍ပညာဆည်းပူးမှတ်သားလျက်ရှိသော ယုံဖြူ လေးတကောင်ရှိသည်။

တရက်တ၌၊ဆရာတပည့်နှစ်ယောက်သားသည်၊မြက်နုလေးများရွေးချယ်စားသုံးရင်းနှင့်၊ဖရဲသီးခြံတခုနားသို့ရောက်ရှိလာရာ၊ဖရဲခြံ၏ဘေးတွင်ပန်းသီးပင်တပင်ပေါက်လျက်ရှိပါသည်၊

ဆိတ်ကြီးသည်ကျောကုန်းယားယံ၍ပန်းသီးပင်၏ပင်စည်နှင့်သူ့ကျောကိုပွတ်ပြီးဇိမ်ခံနေသည်၊တဖက်မှလည်းသူ၏ဝေဖန်သုံးသပ်မှုစလေတော့သည်။

“ဒီမှာငါ့တပည့် ယုံဖြူ ဘုရားသခင်ကအရာခပ်သိမ်းကိုဖန်ဆင်းတဲ့နေရာမှာ perfect မဖြစ်ဘူး၊အနည်းနှင့်အများဆိုသလိုချို့ယွင်းချက်တွေတော့ရှိတတ်သည်၊

ဥပမာ၊ဒီဖရဲသီးနွယ်ပင်ကိုကြည့်လိုက်၊ပင်စည်ကသေးပြီးအသီးကအဆမတန်ကြီးနေတယ်၊ပန်းသီးကြပြန်တော့လည်းပင်စည်ကအဆမတန်ကြီးပြီးအသီးကသေးနေတယ်၊

အချိုးမကျလိုက်တာနော်၊ကြီးတဲ့အပင်ကကြီးတဲ့အသီး၊သီးသင့်ပြီး၊ငယ်တဲ့အပင်ကငယ်တဲ့အသီး၊သီးသင့်တာပေါ့၊ဟုတ်တယ်ဟုတ်?

မင်းဘယ်လိုသဘောရသလဲ?”ဟုမေးလိုက်သည်၊ထိုအချိန်ပန်းသီးတလုံးသည် vibration နှင့် gravity ကိုမလွန်ဆန်နိုင်တော့၍၊အပင်နှင့်ခွဲခွာ၍

မုတ်ဆိတ်ကြီး၏နဖူးတည့်တည့်ပေါ်သို့ကျလာသည်၊အာကာသသို့ရောက်သွားသလိုဘဲမုတ်ဆိတ်ကြီး၏မျက်စိထဲတွင်ကြယ်တွေလတွေနှင့်ဝေဆာလျက်၊

နဖူးမှာလည်ပန်းသီးကဲ့သို့သောအနီရောင်အဖုကြီးပေါ်ထွက်လာသည်၊

တဆက်တည်း ယုံဖြူကဝေဖန်သုံးသပ်လိုက်သည်ကား “အာစရိရေ၊ယခုကျလာသောပန်းသီးသည်၊ဖရဲသီးသာဖြစ်ခဲ့ရင်၊အာစရိသည် အာလာထံသော်၎င်း၊ဘုရားသခင်ထံသော်၎င်း၊နိဗ္ဗာန်သို့သော်၎င်း၊

ဒါမှမဟုတ်ငရဲ ၁၈ထပ်သို့၎င်းရောက်နှင့်ပြီးသားဖြစ်ရမည်။”

ပညာရှိနှစ်ယောက်၏ dialogue ကိုလာရောက်နားဆင်နေကြသောပုရွက်ဆိတ်များဘက်သို့၊ယုံဖြူကခေါင်းကိုလှည့်ပြီး၊တိုးတိုးလေးနဲ့ပြောလိုက်သည်ကား“ ဒူးရင်းသီးသာကျလာခဲ့ရင်…………..”

 

သင်္ဘောသီးကြီး (လူကြီးများသီးသန့်)

(လူကြီးများဆိုရာ၌ဗိုလ်များသော်၎င်း၊အများပြည်သူကိုအနိုင်ကျင့်နေသောအရာရှိကြီးများကိုရည်ညွှန်းခြင်းမဟုတ်ဘဲ၊ Adult ကိုဆိုလိုပါသည်။)

ထိုင်ဝမ်နိုင်ငံ၏မြောက်ပိုင်မှာရှိတဲ့ Keelung ဆိပ်ကမ်းမြို့သည်တချိန်က container အများဆုံးဝင်ထွက်ခဲ့သောဆိပ်ကမ်းမြို့ဖြစ်ခဲ့ဘူးသည်။

ဗမာပြည်မှသင်္ဘောသားတော်တော်များများလည်းရောက်ခဲ့ဘူးမည်။

Massage ဆိုင်ထဲသို့သက်ကြီးပိုင်းသင်္ဘောသား ကပ္ပိတိန်တယောက်ဝင်လာပြီး၊သူသည်မာဆတ်ကိုသာဦးစားပေးလုပ်မည်ဖြစ်ကြောင်း၊

ကောင်းသောလက်သည်လွတ်ပေးပါဟုမှာ၍အခန်းတွင်းဝင်သွားပါသည်။

ကောင်တာကလည်းဆိုင်တွင်လက်ကောင်းပြီးရုတ်ရည်အတော်အသင့်ရှိသည့်သက်လတ်ပိုင်းအမျိုးသမီးကိုလွတ်ပေးလိုက်သည်။

ဝန်ဆောင်မှုပြီးဆုံး၍၊အခကျေးငွေရှင်းလင်းပြီးသောအခါ၊အမျိုးသမီးသည်သူမ၏  experience အရ၊ဘိုးတော်မှာ feel ရှိနေသည်ကိုအကဲခတ်မိသည်၊

ထိုကြောင့်ကပ္ပိတိန်ကြီးကို “ ဆရာ၊ specail service လိုသလား?”ဟုမေးလိုက်သည်၊

ဘိုးတော်လည်းမျက်စိမှေးမှေးလေးနဲ့“ညီမဆီမှာရောဂါရှိသလား?”ဟုမေးလိုက်သည်။

အမျိုးသမီးသည်အရမ်းစိတ်ဆိုးချင်သော်လည်း the customer is first , the customers are always right ဆိုသောဆောင်ပုဒ်ကရှိနေတယ်ဆိုတော့၊

ညင်ညင်သာသာလေးနဲ့“ညီမတို့ကသန့်သန့်လေးတွေပါ၊သက်လတ်ပိုင်းဆိုပေမဲ့ service ကတော့ virgin နီးနီးလောက်ရှိပါသေးတယ်။”

“ခက်တာကကျနော်ရဲ့ဝါသနာကရောဂါရှိတာနဲ့မှလုပ်ချင်တာ”

အမျိုးသမီးထွက်သွားပြီးမကြာခင်မှာ၊နောက်ထပ်မိန်းကလေးတယောက်အခန်းထဲဝင်လာပြီး၊အဝတ်အစားများ drop ဖို့ပြင်ဆင်တဲ့အခါ၊

“ခဏနေဦး၊ကလေးမ၊ကလေးမဆီမှာရောဂါရှိသလား? အန်ကယ်က၊ရောဂါရှိတဲ့လူနဲ့မှဖီလင်လာတာ”

ကလေးမစိတ်ခု၍ထွက်သွားသည်၊

ကောင်တာကလည်းဒီအရောင်းအဝယ်ကိုတော့မလွတ်ချင်ဘူး၊ဒီဘိုးတော်ကနွားအိုမြက်နုကြိုက်၊အကြေင်းသက်သက်ရှာတာဟုထင်ကာ၊

နုနုထုထု၊ဖြူဖြူဖွေးဖွေးလေးတယောက်ထပ်လွတ်လိုက်ပြီး၊တံခါးဖွင့်လိုက်တာနဲ့ဘိုးတော်ရဲ့အမေးကိုဆောင့်မနေတော့ဘဲ၊ကျမဆီမှာရောဂါရှိတယ်ဟုတခါတည်းပြောလိုက်တော့သည်။

လုပ်သင့်လုပ်ထိုက်သည်ကိုအကုန်ပြည့်စုံအောင်လုပ်ဆောင်ပြီးဆုံး၍၊ဝန်ဆောင်မှုအခကျေးငွေကိုပေးချေပြီးသောအခါ၊ကလေးမကပြုံးပြုံးလေးနှင့်၊

“ အန်ကယ့်ကိုကျမက၊ညာလိုက်တာ၊တကယ်ဆိုကျမမှာရောဂါမရှိဘူး”

ဘိုးတော်လည်းစိတ်မကောင်းစွာနဲ့ကလေးမကိုကြည့်ပြီး“အေး~ကလေးမဆီမှာယခုမှစ၍ရှိသွားပြီ။”

 

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

 

 

 

4 comments

  • koyinmaung

    November 6, 2011 at 5:38 am

    မိုက်တယ်…နောက်ထပ်ရှိသေးယင်တင်ပေးပါအုံး.

  • windtalker

    January 31, 2012 at 9:30 pm

    ဟိုက်….ခေးမလေးတော့ သေဘီချာ ပဲ ။
    ဖတ်လို ့ကောင်းလိုက်တာဗျာ ။
    နောက်ထပ် အသီးတွေရှိသေးရင် ထပ်တင်ပေးပါဦးခင်ဗျ ။

  • water-melon

    January 31, 2012 at 9:39 pm

    ရှိသေးတယ်လေ ဖရဲသီးလေ
    ဒီပို့စ်တွေက ဘာလို့ ကွန့်မန့်မရှိတာလဲ
    မဖတ်ကြလို့လား

    • windtalker

      January 31, 2012 at 9:46 pm

      ဖတ်ကြတာပေါ့ကွာ ။
      အပေါ်မှာ “ 296- Hits ” ဆိုတာ ဒီပို ့စ် ကို ဝင်ဖတ်တဲ့သူ အရေအတွက် ဘဲ ။

Leave a Reply