“၆-လေးလုံး မုဆိုးမ- ဟောကိန်း´´

winkyawaungNovember 5, 20111min2388

“၆-လေးလုံး မုဆိုးမ- ဟောကိန်း´´

ကဗျာဆရာ။ အရှင်ဝိသေသ လင်္ကာရာဘိဝံသ(အင်းစိန်)

*သူငယ်ချင်း………..
အသက်တွေကြီးပြီး
ရှေ့ခရီးမှာငါ-ဥခွံထဲကထွက်
၂၀၁၂-ကို ခြင်္သေ့လည်ပြန်ကြည့်မိတယ်
မြေပြင်ကိုနမ်းလို့
မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီ။

*ဟာ..စံဇာနည်ဘိုရဲ့ ရုပ်ပုံလွှာ
မတုန်မလှုပ် ကျောက်ရုပ်
ငုတ်တုတ်ထ ထိုင်နေပါပကော
တခါတုန်းကပေါ့
ငါတို့ယောနယ်က ပျူလူမျိုး မင်းသမီး
တောင်သားတို့ရဲ့ စန္ဒာဒေဝီ
ဧကရီမလေး ဟောကိန်း
ဗေဒင်ဘုတ်အုပ်ထဲမှာ ရေးဖူးတယ်။

*အို-`မှန်´ချက်ကတော့ သွေးထွက်သွားတယ်
လား လား……
စံဇာနည်ဘို ဆိုတာ မျိုးနဲ့ရိုးနဲ့အကောင်
ဂယောင်မကျတတ်ဘူး
သူ့ဆရာ နှစ်ပါးကလဲ အာဂလူတွေ
ဆာဂျင်ကလပ် အောင်ထွန်း(ခလရ)
ဆာဂျာကလပ် တင်အောင်(မှတ်တမ်းရုံး)
ဒါနဲ့ဘဝ မဆုံးသေးဘူး
ဒေါက်တာ မင်းသိင်္ခလို့ ထင်ရှား
ဒေါက်တာ စံတင်အောင်(ရွှေဘို)လို့ လူသိများ
ဗေဒင် လက္ခဏာ ယတြာအစုံးစုံ
အဖုံဖုံတော်ကြ ကျော်ကြတယ်။

*တခါက စံဇာနည်ဘို နဲ့ ငါတွေ့ဘူးလို့
သတိတရ ပြောပြရအုံးမယ်
သူ့မျက်လုံးဟာ အရေးတော်ပုံကြောင့်
ဆားပက်ခံရပြီး ပုဂံ ငရမန်ကန်းလို
တဖက်လပ်ပြီးတော့
ငို၍ ရိ၍ မရသောမျက်နှာပါဘဲ။

*အော်….ဟိုအတိတ်အောင်စိတ်-အောင်စကား
အောင်တရား ဓာတ်ပုံတွေ
ဖြုတ် ထုတ်သတ်သတဲ့
ခေတ်စမ်းကမင်းသုဝဏ်
မသေခင်မှာ အယူခံဝင်ရသတဲ့
တင်မိုး ကန်မြဲရွာ မပြန်နိုင်
ဟိုဝေးဝေးမှာ အသက်ပျောက်သတဲ့။

*ဝင်းဖေနဲ့ မောင်စွမ်းရည်
မြန်မာပြည်ကို လွမ်းသတဲ့
မောင်သာရ ဝထ္ထုတွေ
အားမာန်သက်လို့ တပတ်ကျော့မတဲ့
ငါ့ညီအောင်ဝေး ဟိုအဝေးမှာ
ကဗျာရေးနေသတဲ့။
သီးလေးသီး အတွဲ
နှစ်ကွဲဖြစ်သွားသတဲ့။
မာမာအေးရဲ့တေး
ဘားမားသံပီပီ
တီနေတုံးပဲတဲ့။

*စံဇာနည်ဘိုရဲ့ ၆ လေးလုံး မုဆိုးမဟောကိန်း
ဘယ်ရောက် ဘယ်ပျောက်သွားသလဲကွ
စောင့်ကြည့်ရမယ် သူငယ်ချင်း
စောင့်ကြည့်ရမယ် သူငယ်ချင်း
စောင့်ကြည့်ရမယ် သူငယ်ချင်း
မရောက်ဘူး- မပျောက်ဘူး
မောင်..။
ထိန်လင်းတောက်ပ နေမှာကွ
ထိန်လင်းတောက်ပ မှာကွ။

*ဒါနဲ့ စာပေဗိမာန်က လေးအံကုန်း
“အုန်း´´ကနဲဆို ရောက်သွားတယ်
ငါအကြောင်း ဟား..ဟား..
လူကြမ်းမင်းသား ဌေးဝင်းသိပါတယ်
ထားပါတော့ ထားပါတော့
လေအံကုန်းမှာတော့
ပါလီမာန်နဲ့ တော်လှန်ရေးခေတ်
စပ်ကြားထင်ပေါ် ကျော်ကြားတဲ့
မင်းသားကြီး ဇော်ခင်ကို မြင်ရတယ်။

*ဇော် ခေတ်ထဲမှာတော့
ဇော်လွင်- ဇော်တင်- တို့ဟာ ခေတ်ပြိုင်ပေါ့
ငါတို့ ငယ်ငယ်တုံးက
စူပါစတား ဇော်ခင်ဟာ
ကော်လံ ထောင်တယ်
ဆံပင်ကေ က အမောက်ထောင်
ဘောင်းဘီကျပ်ကျပ်ဝတ်
ဂျာကင်နက်နဲ့ ပေါ့ကွာ။

*မင်းသမီး ထည်လဲတွဲ
ရုပ်ရှင်ထဲမှာလေ။
စီးကရက် အံမှာခဲလို့
ဇော်ခင်မှ ဇော်ခင်
မြန်မာပြည်ရဲ့ လူထုအသဲ မ
ဇော်ခင်ကို စွဲခဲ့တယ်။

*ဒါပေမဲ့..ကျော်
…………ပေါ်
………..တော်-တဲ့ ဇော်ခင်
၆ ရက် ၆ လ ၆၆ မှာ
ဇော်ခင် နိဂုံးချုပ်ခဲ့တယ်
မယုံရင်ပုံပြင် မမှတ်နဲ့
သက်ရှိထင်းရှား သွားမေးလို့ ရတယ်။

*အော်…..အော်…..အော်…..
ဇော်ခင်ရဲ့ ၆ လေးလုံးက ဆန်းပါပေ့..။
စံဇာနည်ဘိုရဲ့ ၆ လေးလုံးကလဲ ပြားပါပေ့..။
ကမ္ဘာကြီးဟာ မလုံးတော့ဘူး ပြားသွားပြီ
ဒါကြောင့် သူငယ်ချင်း။

*၆ လေးလုံး မုဆိုးမဟောကိန်း
မကြာမီလာမယ်။
ဒါပေမယ့်……
ရှပ်ရှင် ပိတ်ကားပေါ်မှာ
မှုန်ခြင်း….တုန်ခြင်း..သည်းခံပါ။

*မျှော်…..မျှော်….မျှော်
သူငယ်ချင်း………
မျှော်…..မျှော်….မျှော်
သူငယ်ချင်း………
မင်းလဲ အသိ
ငါလဲ အသိ
အားလုံး အသိ
ပြည်သူ သိ
သတိနဲ့ ကြည့်နော်…။

အရှင်ဝိသေသ လင်္ကာရာဘိဝံသ( အင်းစိန်)

မေးလ်တွင် ရောက်လာသော မော်ဒန်ကဗျာအား တဆင့်တင်ပြပါသည်။

8 comments

  • kai

    November 6, 2011 at 7:04 am

    ကဗျာလေးက ကောင်းတယ်ဗျ…။
    ဒီကဗျာကို..အောက်က.. စာနဲ့တွဲဖတ်ကြပါလို့.. ပြောချင်ပါတယ်.။
    ရာသီစာမို့.. စတစ်ခ်လုပ်ထားလိုက်ပါကြောင်း..။
    http://myanmargazette.net/77917/creative-writing/my-thinking-different
    စကားမစပ်..
    ဇော်ခင်က ..ရှိနေသေးတယ်လို့.. ကိုပေါက်စာမှာ ဖတ်ဖူးတယ်..။ ကဗျာရဲ့အောက်ကအဓိပ္ပါယ်က ဘာပါလိမ့်…
    ထောင်ကျတာကို ပြောတာလား.. သိသူတွေရေးပါဦး..။

    ၆ ရက် ၆ လ ၆၆ မှာ
    ဇော်ခင် နိဂုံးချုပ်ခဲ့တယ်

  • windtalker

    November 6, 2011 at 10:28 am

    ကျုပ် မမွေးခင်တုန်းက အဖြစ်တွေပါလား ဗျို ့

  • blackchaw

    November 6, 2011 at 2:15 pm

    သူကြီး ရေ။
    ၆ရက် ၆လ ၆၆ မှာ
    ဇော်ခင်နိဂုံးချုပ်ခဲ့တယ်။
    ဆိုတာ ဇော်ခင်ရဲ့ အောင်မြင်တဲ့ မင်းသားဘဝ နိဂုံးချုပ်တာကို
    ဆိုလိုတာထင်ပါတယ်။ အဲဒီရက်မှာ ဇော်ခင် ထောင်ကျသွားတာကို
    ပြောတာဖြစ်မှာပါ။
    ဇော်ခင်ကတော့ မသေသေးတာ သေချာပါကြောင်း။

  • thit min

    November 6, 2011 at 6:56 pm

    ဆရာဦးစံဇာနည်ဘို ဆိုလို့ ဒီမလာခင် ဆရာနဲ့ ဆုံခဲ့တဲ့အကြောင်းကိုပြန်သတိရမိတယ်။

    သစ်မင်းကိုရှေ့ရေးကို သူမြင်တာတွေ ဟော တယ်။

    ပြီးတော့ ကျုပ်ပြောတဲ့အတိုင်းမဖြစ်ရင် ကျုပ်ဆိုင်းဘုတ် စံ(ဆန်)ဇာနည်ဘို ကို ဂျုံ ဇာနည်ဘို လို့

    လာပြောင်းရေးလိုက်ဆိုပြီး ရဲရဲတောက် ပြောဟောခဲ့ပါတယ်။

    ဟုတ်ကဲ့ အခု အရမ်းမှန်ကြောင်းထောက်ခံပြောဆိုပါရစေ။

  • winkyawaung

    November 7, 2011 at 11:02 pm

    ၆-၆-၆၆ မှာ ကိုဇော်ခင်ထောင်ကျတာကိုပြောတယ်လို့ ကဗျာဆရာက ပြောထားပါတယ်ခင်ဗျာ..။ မယုုံရင်ပုံပြင်မမှတ်နဲ့ မေးကြည့် သက်ရှိထင်ရှားရှိနေသေးတဲ့ ကိုဇော်ခင်ကိုသွားမေးကြည့်နိုင်ပါတယ်လို့ ဆိုထားပါကြောင်း၊ သိရပါတယ်။

  • ကြောင်ကြီး

    November 8, 2011 at 11:28 am

    ၆လေးလုံး မုဆိုးမကိန်း ဘာဆိုတာ ပြောအုံးလေဆရာဝင်းရဲ့။ တိုင်းပြည် နိုင်ငံရေးနဲ့များ ဆိုင်လေသလား။ ဒေါ်စုက မုဆိုးမဖြစ်နေပြီဆိုတော့ သားကောင်မိအောင် ဖမ်းဖို့ပဲ ကျန်တော့တာပေါ့။ အမေစုရေ ယုန်လိုက်မယ်ဆိုရင်တော့ ကြောင်ကြီးရှိတယ် သတိထား။ ယုန်ထောင်ကြောင်မိ ဖြစ်မှာစိုးလို့ပါ။။။။။ 😀

  • winkyawaung

    November 8, 2011 at 11:48 am

    အင်း… ကိုယ်တိုင်က ကဗျာရေးသူမဟုတ်တော့ ရေးတဲ့ကဗျာဆရာထံသို့ ဆက်သွယ်မေးမြန်းပေးပြီး ဖြေဆိုပါရစေ..။ ကျွန်တော်လဲ ဖတ်လို့ ခံစားလို့ ကောင်းတာနဲ့ ဒီကဗျာလေးကို တင်ပေးလိုက်ရပါတယ်ခင်ဗျာ…။

Leave a Reply