နိဗ္ဗာန်သွားလိုသူတွေ အတွက် အထူးနေရာတွေ ရှိနေပြီ

Diamond KeyNovember 8, 20111min24311

စိန်သော့ သွားလေရာတိုင်းမှာ ထူးခြားတာတွေ၊ ပြောစရာတွေက သိပ်ကို တွေ့ရတတ်ပါတယ်။ အရာရာမှာ မပြောမိအောင် နေနေပေမယ့် (ထိုင်နေအကောင်းသား၊ ထမှ ကျိုးမှန်သိ ဆိုသလို) မနေတတ်လို့ (မနေနိုင်လွမ်းလို့) ရွာထဲမှာ တစ်ခါက ပြောလိုက်မိတော့ Tony ဝင်ဟောက်တာခံခဲ့ရဖူးပါတယ်။ အဟောက်သာ ခံလိုက်ရပေမယ့် ကိုယ်ဖြစ်စေလိုတဲ့ ကိစ္စလေးက (တိုက်တိုက်ဆိုင်ဆိုင်ပဲဆိုဆို) ဖြစ်မြောက်သွားတော့လည်း ရင်မှာပီတိ ဖြစ်ခဲ့ရဖူးပါတယ်။
ဒီတစ်ခါလည်း မနေတတ်မနေနိုင် ပြောပြစရာလေးတွေထဲက တစ်ခုကို ပြောလိုက်ပါအုံးမယ်။ ဒါကတော့ နိဗ္ဗာန်သွားလိုသူတွေအတွက် အထူးနေရာတွေ ရှိနေပြီ ဆိုတဲ့ အကြောင်းလေးပါ။ မန္တလေးမှာ မဟာမြတ်မုနိဘုရားကြီးကို သွားဖူးရင် ဟိုဖတ်ခေတ်တွေမှာ မတွေ့ခဲ့ဖူးပေမဲ့ ခုနောက်ပိုင်းမှာ တွေ့တွေ့ရတာက မဟာမုနိရဲ့ ရှေ့တော်က နေရာအချို့ကို ကော်ဇောကြီးခင်း၊ စတီးသံဘောင်ကြီးတွေကာလို့ အထူးနေရာတွေ လုပ်လုပ်ထားပါ။
ရိုးရိုးဘုရားဖူးသူတွေ၊ သက်ကြီးရွယ်အိုတွေ ကတော့ ဧည့်သည်တော်ကြီးတွေများ လာလေမလားရယ်လို့ ဒီနေရာတွေရဲ့နောက်မှာ ကပ်ကပ်ကျပ်ကျပ်နဲ့ ဘုရားဖူးနေကြပေမယ့် တစ်ကိုယ်လုံးမှာ ရတနာတွေ သီးနေတဲ့ အထူးဘုရားဖူးကြီးတွေကတော့ “အထာတွေ သိစွာနဲ့” အဲဒီအနားမှာ ဒီနေရာတွေကို ရိုးရိုးဘုရားဖူးသူတွေ မဝင်အောင် စောင့်ပေးနေတဲ့ ဘုရားလုံခြုံရေးဆိုသူတွေကို ဝင်မယ်နော် ဆိုရင် ပျာပျာသလဲ စတီးသံဘောင်ကြီးတွေကို ဖွင့်ကာပေး ကြပါတယ်။ (အလကားတော့မရဘူးပေါ့၊ ဘုရားဖူးပြီး ထအပြန်မှာ ဆင်ရုပ်လေးတွေ တစ်ကောင်နှစ်ကောင်လောက်တော့ လက်ဆောင်ပေးခဲ့ရတာပေါ့။ ရော့အအေးသောက်ပေ့ါ။ ဘုရားလုံခြုံရေးဆိုတော့ အရက်သေရည်တွေ ဘယ်သောက်ပ့ါမလဲလေ။)

ထူးရှယ်ဖူးတွေ

ဒီလို ဘုရားဖူးတွေ အတွက် ဘုရားလုံခြုံရေးတွေရဲ့ အထူးထူးသော စပယ်ရှယ်ဆားဗစ်တွေကတော့ ရှယ်ဆွမ်း၊ ရှယ်ရှယ်ဆီမီးစုံ၊ ထူးရှယ် သစ်သီးစုံ၊ ရွှေအုန်းကန်တော့၅ဖီးကိုးဖီး အထူးပွဲကြီးတွေ၊ ထူးထူးရှယ် သစ်သီး၉မျိုး ပန်း၉မျိုး အပါအဝင် ရှယ်တကာရှယ်တွေကို အထူးဆားဗစ် အမျိုးမျိုးအထွေထွေတွေ ပေးပါတယ်။
ထူးရှယ်ဖူး ဆားဗစ် ရယူစဉ်

ဒါကြောင့် မသိသူနောက်နားသွား၊ သိသူဝင်ကာသွား မဖြစ်ရလေအောင် စိန်သော့မှ နိဗ္ဗာန်ကို သွားလိုသူတွေအတွက် အထူးနေရာတွေ ရှိနေပြီဖြစ်ကြောင်း ကြေငြာမောင်းပါ ခင်ဗျား။
PS : (အမျိုးသမီးများ မြန်မာဆန်စွာ ဝတ်ဆင်လာပါဆိုတဲ့ ဘုရားကြီးမှာ ကိုရွှေဘုရားလုံခြုံရေးကြီး ထူးရှယ်ဆားဗစ်ပေးနေတဲ့ ရှယ်ဖူးကြီးတွေက ဘောင်းဘီးပြတ်ကြီးတွေနဲ့ဗျနော် ပုံထဲမှာ)။

11 comments

  • naywoonni

    November 8, 2011 at 4:36 pm

    နိဗ္ဗာန် ကိုရှယ်သွားလိုသူများအတွက် ဇွန်းတပ်ပေးလိုက်တဲ့ ရှယ်ပို့စ်လေးပေါ့….။ ကျုပ်တို့တော့ အိမ်က ဘုရားပဲ ဖူးနိုင်တယ်…။ကိုစိန်သော့ကြီးကော နိဗ္ဗာန် ရှယ်သွားမှာလား ရိုးရိုးတန်းကလား…။

  • pooch

    November 8, 2011 at 4:37 pm

    ဟုတ်တယ် ကိုစိန်သော့ ကျမ ရောက်တဲ့ အခေါက်တိုင်းလည်း အဲ့ဒီလိုတွေ တွေ့ရတယ်…
    VIP နေရာဆိုရင်လည်း သူတို့မလာတဲ့ အချိန် အများပြည်သူတွေကို နေရာပေးတော့ ဘာများ ဖြစ်သွားမှာမို့လဲ… အဲ့ဒီနေရာတွေက ပဲ့သွားမှာမို့လား…
    သူတို့ ကျတော့ အခုလို လုပ်စားတယ်….

    ဘုရားနားနီးရင် ဘုရားနဲ့ပိုဝေးတယ်ဆိုတဲ့ စကားပုံက ဒီလို လူတွေကို ပြောတာနေမှာ

  • blackchaw

    November 8, 2011 at 4:58 pm

    VIP တွေက ရန်ကုန် ရွှေတိဂုံမှာလည်း ရှိပါတယ်။
    ခွင့်လွှတ်လိုက်ပါဗျာ။
    သူတို့က သူများတွေလို လူရာမဝင်ရှာကြပါဘူး။
    သီးသန့် နေရမှ အဆင်ပြေမယ့် လူတွေပါ။

  • windtalker

    November 8, 2011 at 6:42 pm

    ကိုစိန်သော့ရေ
    ကျုပ်ကတော့ ဘုရားကြီး ရောက်ရင်
    ရွှေဆိုင်းကပ်မှာလိုလိုနဲ ့( များသောအားဖြင့် ကပ်ဖြစ်ပါသည် )
    ဘုရားခြေရင်းအနားကနေ ထိုင်ဖူးမျှော်တာဘဲဗျို ့

  • mggwa

    November 8, 2011 at 8:15 pm

    နိဗ္ဗာန်ကတော့ ဝေးသေး။ နဂိုကမှ ယောင်ကြတဲ့ကြားထဲ၊

  • mandalarthu

    November 8, 2011 at 10:57 pm

    ကိုစိန်သော ့ေ၇
    ”အစ် ”နေ ့ ကဘဲ ဘုရားကြီးကို မရောက်တာကြာလို ့သွားဖူးရင်းနဲ ့ပြောင်းလဲမှုတွေ ့ခဲ ့သေးတယ်။
    VIP နေရာ က ကို စိန်သော ့ပုံထဲကလို တစ်နေရာတည်းတော ့မဟုတ်ဘူး။
    အခု(၂)နေရာ ဖြစ်နေတယ်။VIP ၁,၂ ပေါ ့။ဘုရားဖူးတွေ က အရမ်းများပြီး ကျပ်နေတော ့နေရာ မတိုးထိုင်ချင်လို ့
    ကျွန်မကတော ့ခပ်တည်တည်နဲ ့ VIP (၂) နေရာဝင် ထိုင်လိုက်တယ်။
    ဘယ်သူမှ ဘာမှ လာပြီးတားမြစ်ခြင်းမပြု ကြပါဘူး။ အေးဆေးပါဘဲ။
    ဲပြည်သူ ့အတွက် သီးသန် ့VIPထားတာ ထင်ပါရဲ ့။ကိုစိန်သော ့လည်းထပ်လေ ့လာလိုက်ပါဦး။

  • kai

    November 9, 2011 at 12:24 am

    အောက်ကဝက်ဘ်ဆိုက်တွေကတော့.. လကမ္ဘာမှာမြေရောင်းနေတယ်..။
    စာချုပ်စာတန်းနဲ့ သေသေချာချာလုပ်တာပါ..။
    သူတို့က ပွဲစားပေါ့လေ..။
    သူတို့လည်း မရောက်ဖူးကြတာ သေချာပါတယ်..။
    ဒါပေမဲ့.. လကမ္ဘာဆိုတာ.. ရှိနေတာကတေ့ာ လူတိုင်းမျက်မြင်ပါပဲ..။

    အဲဒါ.. နိဗ္ဗာန်နဲ့..လူ့ပြည်ကြား ပွဲစားလုပ်နေသူတွေကို ..အကြံပေးချင်လို့..
    အဟမ်း..

    ဒီဟာရဲ့.. conceptကို.. ပေါ့ပေါ့လေး..ကျော်မသွားပဲ.. တို့ရွာသားတွေအတွေးနက်နက် ချကြည့်စေလိုကြောင်း… 😆
    (“အတ္တာဟိအတ္တနော နာထော” လို့..ဂေါတမဗုဒ္ဓဟောသွားတာကတော့.. သေချာတယ်..။)
    ==
    http://www.lunarregistry.com/
    http://www.lunarlandowner.com/

    Nothing Could Be Greater
    Than To Own Your Own Crater!
    Unique program allows you to buy land on the moon or name a lunar crater for a friend, family member … or even yourself!

    VIEW LIST OF AVAILABLE PROPERTIES

    It’s not just a piece of paper. It’s a ticket to the future. Through our exclusive alliance with the Luna Society, we are on a fast track to return to the Moon by the year 2015. You can participate in this landmark program through your purchase of a Lunar Land Claim from The Lunar Registry.

    Searching for the perfect unique gift idea? You won’t find anything on Earth more exciting than an acre of premium land on the Moon!

    Today, you can select and buy your own acre of moon property, complete with an elegantly engraved and personalized parchment deed certificate, full mineral rights (including Helium-3), a satellite photograph of your moon real estate, geographic information to help locate your land on the moon (whether you’re viewing it through a telescope or visiting in person) and much more!

    All lunar real estate documents are professionally designed, elegantly printed and make a great conversation piece when framed in your office or home.

  • Shwe Tike Soe

    November 9, 2011 at 9:11 am

    ဟုတ်ပ အဲဒါ ဟိုးအရင်ကတည်းကရှိတာ…. ဒါတောင် ဘုရားကတော့တဲ့နေရာရှိသေးတယ် ပန်းကပ်တာများဆို အကောင်လေးတစ်ကောင်ပေးလိုက်မှ နို.မဟုတ်ရင် ကိုယ်ကပ်တဲ့ပန်း ဘယ်နားရောက်သွားမှန်းတောင်မမြင်လိုက်ရဘူးဖြစ်မယ.်.. သူတို.က လူကိုကြည့်ပြီး ဆားဗစ်ပေးတာဗျ.. ကျွန်တော်တို.များဆို မြင်နေကြတော့ အရေးတောင်မလုပ်ဘူး… အကြောင်းသိတွေကိုး ဟီဟိ…. တစ်ခါတစ်လေ သင်္ကန်းစလေးနဲ. မျက်နှာသစ်တော်ရေ ကရောင်းသေးတယ်….. မပြောချင်ပါဘူးဗျာ..

  • chityimhtoo

    November 9, 2011 at 1:40 pm

    ဘုရားလူကြီးဆိုတာသေရင်အရင်ဆုံးငရဲကျမည့်လူတွေဗျ။

  • naywoonni

    November 9, 2011 at 9:39 pm

    ဟဲ့ …ချစ်ရင်ထူး မပြောကောင်းဘူး…။ ဘုရားလူကြီးဆိုတာ ဘုရားထက်ကြီးတယ် ဟဲ့ …မှတ်ထားဦး သိလား

  • unclegyi1974

    November 9, 2011 at 11:15 pm

    ဘုရာကြီးကဝန်ထမ်းတွေကလည်းလူပြောစရာကိုဖြစ်လို့
    ဗွီအိုင်ပီလူကြီးအတွက်နေရာကဟိုးအရင်ဆိုလူကြိီးလာပြီးရင်ပြန်သိမ်းလိုက်တာပါပဲ
    နောက်များမှအထာတွေပေါက်ပြီးအမြဲပီနေတော့တာ
    မျက်နှာသစ်တော်ရေပေးရတာနဲ့
    မျက်နှာသစ်ပုဝါပေးရတာနဲ့ပြည်သူတွေကိုအမြဲကူညီနေတဲ့သူတွေ
    နောက်မှ..

Leave a Reply