မန်းလေးကပန်းဈေး…………
“မန်းလေးကပန်းဈေး”
ဟိုအရင်အချိန်ကာလများမှာ ကျနော်တို့မန်းလေးမှာ စီးစရာယဉ်နည်းပါးပါတယ်။
အဲတော့ မြို့အနီးပါတ်ဝန်းကျင်က ထွက်ကုန်တွေဖြစ်တဲ့ အသီးအနှံတွေပန်းတွေ
ကို မန်းလေးအရောက်ပို့ဘို့ဆိုတာ နည်းနည်းလေးတော့ ကရိကထများတဲ့အလုပ်
ဖြစ်နေပါတယ်။
ကိုယ့်ခြံထွက်ကို ကိုယ်တိုင်သွားမပို့နိုင်တော့ ကြားလူက စားပါတယ်။
စိုက်ပျုးိသူက ဈေးကွက်ဆီကိုအရောက်မပို့နိုင်တော့ ရသင့်သလောက်မရ။
သူပေးတဲ့ဈေးနဲ့သာကျေနပ်နေရပါတယ်။
ဟိုရှေးရှေးကတော ့ ပန်းဈေးကွက် ကဈေးချိုတော်က ပန်းတန်းမှာပါ။
နောက်တော့ ဈေးချိုထဲမှာ အဆင်မပြေပြန်တော့ နေရာရွှေ့ကြပါတယ်။
85လမ်း 31-32ကြား မဟာ သကျသီဟဘုရားတောင်ဘက်လမ်းမှာ မနက်သုံးနာရီလောက်ကစတဲ့
ပန်းဈေးပွဲတော်ကြီးက မနက်(7)နာရီခွဲရင်ဈေးကွဲသွားပါပြီ။
နောက်ပိုင်းမှာတော့ ဒီပန်းဈေးပွဲကို 26ဘီလမ်း ဧရာဝတီမြစ်တာရိုးနားက မရမ်းခြံဆိပ်ဘက်ကိုတရားဝင်ရွှေ့ပေးလိုက်ပါတယ်။
အဲတော့ သွားရလာရတာ နည်းနည်းတော့ လမ်းခုသွားပါတယ်။
မန်းလေးမြို့ကိုပန်းတော်ဆက်တဲ့မြို့တွေကတော့ ပြင်ဦးလွင်ကိုသွားတဲ့လမ်းကရွာစဉ်တွေပါဘဲ။
ပြင်စာ အနီးစခန်း ပြင်ဦးလွင် အားလုံးပန်းထွက်ကောင်းတဲ့မြေတွေကိုပိုင်ဆိုင်ထားကြတော့
သူ့တို့ထွက်သမျှပန်းတွေက မန်းလေးကိုရောက်လာပါတယ်။
အရင်ကတော့ ပြင်ဦးလွင်မန်းလေးသွားလိုင်းကားနဲ့။
အခုနောက်ပိုင်းမှာတော့ ဆိုင်ကယ်နဲ့ ဈေးကွက်အရာက်ပို့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ မန်းလေးမြို့ထိမလာကြတော့ပါဘူး။
ဘိုတက်ကုန်းအလွန်က လက်ကောင်း ဆိုတဲ့အရပ်က သစ်ပင်တွေအောက်မှာ
ပန်းဈေးကွက်လေးပေါ်လာပါတယ်။
မေမြု့ိအဆင်းလမ်းမှာရှိတာပါ။
ဈေးကွက်အရောက်ပို့နိုင်တော့ စိုက်ပျုးိသူက ဈေးပိုရသလို ကြားခံလူမရှိတော့ သုံးစွဲသူလဲသက်သာပါတယ်။
ရိုးသားစွာလုပ်ကိုင်စားသောက်နေကြတဲ့ပန်းဈေးကွက်ကလေးကို
တစ်ခေါက်လောက်သွားကြည့်ရင်းအိမ်အတွက်ပန်းတွေဝယ်ခဲ့ကြပါလားဗျာ။
ကိုပေါက်ရဲလက်ဆောင် ပုံ-စာတွဲ
(8-11-2011)
25 comments
ကိုပေါက်(မန္တလေး)
November 8, 2011 at 6:23 pm
မန်းးလေး ပြင်ဦးလွင် လမ်းက ပန်းဈေးတန်းလေးပါ။
ဒီနေ့မနက်အလုပ်ကိစ္စနဲ့သွားရင်းလက်ဆော့လာတာပါ။
windtalker
November 8, 2011 at 6:36 pm
မန်းတလေး က ပန်းဈေးမှာ
အနော် မမန်းရဲပါ
မန်ဂျီက ကိုပေါက်ဆီမှာ
ကွန်မင့်တွေပေး
အစိမ်းပြမလား
ရဲရဲနီမလား
တထိတ်ထိတ်နဲ ့ရေး
ကိုပေါက်(မန္တလေး)
November 8, 2011 at 9:08 pm
လက်ဆော့ပြီး အနီပေးခံရတဲ့ကော်မင်းမှန်သမှ
ကျနော်က လိုက်စိမ်းပေးတယ။်
ပေါက်ဖော်
November 8, 2011 at 10:00 pm
အားပါး..
ပန်းတွေများကြီးပဲ ၄ ပေါက်ရာ…
တစ်ခါမှ အဲလိုပန်းဈေးမမြင်ဖူးပါကြောင်း..
🙄
TTNU
November 8, 2011 at 10:18 pm
ကိုပေါက်ရေ
ပန်းဈေးကို မရောက်ဖူးသေးတာနဲ့ အတော်ပဲ။
စုံနေတာပဲနော်။
မနက်အစောကြီးသွားရိုက်တာလား။
ကျေးဇူးနော်။
inz@ghi
November 8, 2011 at 10:28 pm
အစ်ကိုပေါက် …
ဆြာ လုပ်ရင် စိတ်ဆိုးမှာလားဟင် ..
တားလေ ..တခု အကြံပြုချင်တယ်ဗျ…..
အိမ်သုံးကင်မလာပဲသုံးသုံးပါဗျာ …
ရိုက်တဲ့ခလုတ် (shutter release ) ကို half way down နှိပ်ချကြည့်ပါလား…
ဟုတ်ကဲ့ ..fully auto mode ထားရင်တောင် ကင်မလာက အော်တို
scene ကို recognize လုပ်ပြီး (အိမ်သုံး ဆိုရင်တောင် …)
အကောင်းဆုံး ချိန်ညှိပေးမှာပါဗျ…
အဲ့သည့်ထက် ပို ပြောရရင် အစ်ကိုရေ့ …
အစ်ကို aperture priority mode သုံးတယ် AV mode ပေါ့ဗျာ ..
ဆိုရင်တောင် effective ဖြစ်မယ့် နည်းခင်ဗျ …
ဘာကို ချိန်တယ် ဘယ်နေရာကို focus ဖြတ်မယ်. ..
ဘာကတော့ ဝါးမယ် အစရှိသဖြင့် ပြပေးမယ်ဗျ ..
ညီ ..ဝေဖန်တာမဟုတ်ပေမယ့် အစ်ကို သတိမပြုမိမယ့်
အချက်တခုကို ပြောချင်ပါတယ် … အစ်ကို တစုံတရာကို
(ဘယ် mood နဲ့ မဆို )ချိန်ပြီး ရိုက်လိုက်တဲ့အခါ…
မှိတ်တုတ်မှိတ်တုတ် လင်းနေမယ့် …. ကိန်းဂဏန်းတွေ အကြောင်းပါပဲ…
ဥပမာ f/2.8 က မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ် ဆိုပါတော့ဗျာ ..
အဲ့ဒါ အစ်ကို့ကို အစ်ကို့ ကင်မရာက message တခုခု ပေးနေပီ
ဆိုတာ ပါပဲ…
သူပေးတဲ့ message ကတော့
(ကင်မလာ အနေနဲ့ ပြောမယ်နော် အစ်ကို. ..)
ငါ အဆုံးထိ ….ချိန်ညှိပေးပြီးပြီ ..
မင်းလိုချင်တဲ့ scene အတွက် မင်း ချပေးတဲ့ setting က မလုံလောက်ဘူး
ငါတတ်နိုင်တာတော့ ငါ့ aperture ကို အများဆုံး f/2.8mm ပဲချဲ့ ပေးနိုင်တယ်..
ကျန်တဲ့ setting တွေ မင်း ကစားကြည့်ပါဦး ဆိုတဲ့ message ပါခင်ဗျား..
DSLR ဝယ်ကိုင်ဖို့ တိုက်တွန်း တာ.. ကျပ်ပေးတာ မဟုတ်ပါ ..
လက်ရှိ ကင်မလာ နဲ့ပဲ..
အစ်ကို့ အနေနဲ့ shutter speed , ISO စတာတွေကို ချိန်ညှိပြီးရိုက်လို့ပါတယ်..
ကျန်တဲ့ အသေးစိတ်ကတော့ အစ်ကို ဖီလင် လာရင်လာသလို ညီ ..
ဆွေးနွေးကြည့်ပါ့မယ်ဗျ …
စာရှည်သွားပီ အစ်ကိုရေ့..
ဆြာ လုပ်ချင်လို့ ..ရေးတာမဟုတ်မှန်း ..အစ်ကိုလည်း သဘောပေါက်မှာပါ ..
အစ်ကို ခရီးသွားနိုင်တာတွေကို အားကျရင်း..
ပြန် ရှဲပေးနိုင်တာတွေကို ခံစားရင်း. ….
တချို့တလေသော အစ်ကို့ shoot တွေ improve ဖြစ်လာစေဖို့ တတ်စွမ်းသမျှ
ခံစားပေးတဲ့ အစ်ကို့ ညီငယ် တယောက်လို့သာ သဘောထားပေးပါလို့
ပန်ကြားရင်း
(အတော်များများက ကောင်းပါသည်ခင်ဗျား …..ဆြာ့ တချို့တလေ အကျအပေါက်လေးတွေကို
ဖြည့်ဆည်းပေးချင်ယုံ သက်သက်ပါဗျာ…..)
ခင်တဲ့ ..
Guy Inz@ghi ..
MAUNG
November 9, 2011 at 4:52 am
ဓာတ်ပုံလေးတွေ အလွမ်းပြေ မြင်ခွင့်ရလို့ ကျေးဇူး ကိုပေါက် ။ Camera နဲ့ပါတ်သက် လို့ sharing လုပ်တဲ့ ကို Guy Inz@ghi ကိုလဲ ကျေးဇူး တင်ပါတယ် ။ ဖြစ်နိုင်ရင် camera နဲ့ပါတ်သက် တဲ့ ၊ အခြေခံ tips လေးတွေပို့စ် တင်ပေးပါလားဗျာ ။ ခရီး ထွက် တုံးက မနေနိုင်၊ မထိုင်နိုင် smile detector ပါတဲ့ camera ကြီး သွားဝယ် ပြီး ဘာမှလဲ မလုပ်ဖြစ်ဘူး ။ ဖုန် တက်နေတာကြာပေါ့ ။ အခြေခံ လေးဘာလေးသိရရင် နဲ နဲလောက် လက်တဲ့စမ်းကြည့် မယ်လေ ။ း)
nozomi
November 9, 2011 at 2:17 pm
ဦးပေါက် ရဲ့ ပန်းဖြူ ကိုလဲ ကြိုက် အဲ ပန်းရောင်စုံလဲ ကြိုက်
ကိုဇာကိုလဲ ကြိုက် ( ဓါတ်ပုံ ပညာနော် )
နဲနဲ ဝေးတယ် ဗျ သိပ်နားမလည်ဘူး ၊ ခလုတ်နှိပ်ရင် တဝက်ပဲ နှိပ် ဆိုတော့ အပြည့်နှိပ်တာနဲ့ တဝက်နှိပ်တာ ဘာကွာလဲ ဗျ ၊ အားကိုပါတယ် ဇာဇာ ရယ် ဘာမှ မသိ ဘာမှ မတတ်ပါဘူး ၊ အခု လောလော ဆယ် ကိုစိန်သော့ ဆီမှာ သင်တန်းတက်နေတယ် ၊ ဇာဇာ ရဲ့ သင်တန်းလဲ ထပ်တက်ချင်ပါတယ် ကျွန်တော်တို့လို လူပြိန်းတွေ နားလည်မဲ့ စကားလုံး လေးတွေနဲ့ သင်ကြားပေးပါဦးဗျာ ( အင်တာနက်ဆိုတာကြီးထဲက မျက်နှာဖြူလို ရေးထားတာ တွေ ဖတ်လို့တော့ ပြောနဲ့နော်)
အပြင်မှာ မြန်မာလို ထုတ်ဝေထားတဲ့ စာအုပ်များ ရှိမလားဗျ ( မရှိသေး ရင် ဇာဇာ စထုတ်ဗျာ ) အားပေးမယ်
inz@ghi
November 9, 2011 at 2:31 pm
သည်လိုကိုနိုဇိုးမိရေ…
တဝက်နှိပ် halfway down click
ဆိုတာက ချိန်ဖို့အတွက်ဖြစ်တယ်ဗျ…
အိမ်သုံးရိုက်တဲ့အတော်များများက
ရိုက်ဆို …ဇွမ်းဆွဲ ဘောင်ဝင်တာနဲ့ ချပ်ကနဲ ၁ချက်တည်း နှိပ်ချလိုက်တာခင်ဗျ..
တကယ်က ပထမ အဆင့် အနေနဲ့က ခလုပ်ကို တဝက်လောက် ကျွံဝင်အောင်ပဲ
ဖိထား (နှိပ်လို့မသုံးသေးပါ..) ပါလို့…
အဲ့သည့်မှာ ကင်မရာက ချိန်လိမ့်မယ်ဗျ…
ကင်မလာ မော်နီတာလေးမှာလဲ ..
ဘယ်နေရာကို ချိန်ထားတယ် ဆိုတာ အကွက်လေးတွေပေါ်လာပြီးပြပေးလိမ့်မယ်
(face detection ပါတဲ့ ကင်မလာများ မျက်နှာလေးတွေမှာ အကွက်လေးတွေပေါ်သဗျ)
စာသားလေးတွေဘာလေးတွေနဲ့ f ဘယ်လောက် shutter speed ဘယ်လောက်ဆိုတာပေါ့ဗျာ..
တချို့ ကင်မလာများ တီ ကနဲ တောင် မြည်ပါသေးတယ်..
အဲ့ ကင်မလာ ချိန်တာ ..မကျေနပ်ရင် ဖိထားတာလေးကို ပြန်လွှတ် ပြန်ချိန် ပြီးမှ ပြန် တဝက်ဖိ…
စိတ်ကြိုက် ချိန်လို့ရပြီ ဆိုတော့မှ အဆုံးထိ ဖိနှိပ်ချလိုက်တော့ဗျို့…
သည်တော့ ၂ဆင့် လို့ပြောလို့ရတယ်ခင်ဗျ…
၁။ တဝက်ဖိ
၂။ အပြည့်နှိပ် ပေါ့…
အဲ့သည့်အချက်ကို သတိမထားမိဘဲ ၁ချက်တည်း အဆုံးနှိပ်ချပလိုက်ရင်တော့
ကင်မာ focus ဖမ်းလို့မပြီးခင်နှိပ်မိတာ ဆိုရင်
focus မမိတဲ့ပုံထွက်လာတတ်တယ်ခင်ဗျ… အလွယ်ပြောရင် ဝါးတယ်ပေါ့…
နောက် လက်မငြိမ်တဲ့ ပရောဂလည်း ဝင်နိုင်တယ်လေ..
ကင်မလာ စာအုပ်တွေ ရှိတယ်ဗျ …ဘော်ဒါတယောက်စီမှာ တွေ့ဖူးတယ်
မဖတ်ဖူးဘူးဗျ ..နည်းနည်းတော့လှန်လှောကြည့်ဖူးတယ်…
အလင်းအယူအဆ တွေအကြောင်းထင်တယ်. ….
စာအုပ် ရေးဖို့တော့ မတိုက်တွန်းပါနဲ့ဗျာ ..ကျနော်က ငချွတ်ရယ်ပါ…
သည်ပေါ်မှာပဲ ရေးပါ့မယ် ….
နောက် စာရေးဖို့လက်တွန့်ရတဲ့ အကြောင်းကလည်း ကျနော်တို့ဘာသာက
စာလုံးသာများတာ ကျစ်လစ်မှုဂုဏ်ကျ အားနည်းတယ်ခဗျ…
ပါဠိ ပြေးအားကိုးလိုက် မွေးစားစာလုံးတွေ ပြေးအားကိုးလိုက်ရနဲ့
ဒါ့ကြောင့်ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ terminology တွေဆိုရင် (အခုပဲကြည့် )
ကျနော် ဘိုလိုပဲ ချရေးပစ်လိုက်တယ်..
ဒါ့ပုံနဲ့ မဆိုင်ပေမယ့် ဘာသာပြန်ရေးရတာလက်တွန့်တဲ့ ဥပမာ တခုပြပါဆို
Strategic Human Resource Management ကို
မဟာဗျူဟာမြောက် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု လို့ ပြန်တယ်ခင်ဗျ….
သေပီဆြာပဲ
😀
nozomi
November 9, 2011 at 2:38 pm
ဘောပေါက်ပြီ ကျေးဇူးပါ ဆရာဇာ
ဇာဇာကြီး ပစ်မထားပါနဲ့ မကြာ မကြာလေး ရှင်းပြပေးပါနော
unclegyi1974
November 8, 2011 at 10:52 pm
ပန်းဈေးဆိုလို့
ကျွန်တော်တို့ငယ်တုန်းကပန်းတွေကရက်ကြာကြာအတင်ခံတယ်
အထားခံတယ်ပေါ့ဗျာ
အခုပန်းတွေကရက်ကြာကြာအတင်မခံဘူး
အထားမခံဘူးပေါ့ဗျာ
စိုက်ပျိုးပုံပဲပြောင်းလို့လား(မြေဆီတွေပက်ပြီးစိုက်ခြင်း)
ဥတုပဲပြောင်းလို့လား
စုံ စုံ
November 9, 2011 at 9:10 am
ပန်းဈေးကိုမြင်ပြီး ပန်းတွေကိုအားရပါးရကိုဝယ်ချင်တယ်
ကျမသာအဲ့ဒိဈေးရောက်လို့ပန်းဝယ်ရမယ်ဆိုရင်
တော်တော်နဲ့ဆုံးဖြတ်နိုင်မှာမဟုတ်ဘူးထင်တယ်
ဟိုပန်းဝယ်ရမလို ဒီပန်းဝယ်ရမလိုဖြစ်နေမှာ
အကုန်လှနေတော့လေ
ကိုပေါက်(မန္တလေး)
November 9, 2011 at 9:11 am
ကျေးဇူးပါညီရေ
အကိုက ခလုတ်ဖွင့် ကြိုက်ရင်နှိပ်လုပ်နေတာ အစကတော့ အဆင်ပြေလို့။
ကင်မရာ ခလုပ်ကျိုးလို့ ဆိုင်လဲပို့လိုက်ရော အခုလိုစိတ်တိုင်းမကျစရာ ခပ်ဝါးဝါးတွေထွက်လာပါတယ်။
အရင်ရိုက်တဲ့ပုံတွေနဲ့ယှဉ်ရင်ကု ိပုံထွက်ကွာနေပါတယ်။
ညီပြောသလို ပြောင်းပြီးလုပ်ကြည့်ပါအုံးမယ်။
inz@ghi
November 9, 2011 at 9:15 am
တိန် …
သည်လူဂျီး သိပ်မရိုက်ရှာဝူး …ခလုပ်တောင်ကျိုးတယ်…
လန်ထွက်တွားဘီ ….
ကိုယ့်ကိုကိုယ် ရိုက်လှပီထင်နေတာ …ဆြာနဲ့တွေ့မှ ….
ဂါရဝပြုပါသည်ခညား..
ပုံ
အရှေ့ကျွန်း ဒါ့ပုံ ပညာငင်(ပညာရှင်ဖြစ်ဖို့ လုပ်ရင်း ပညာတွေ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော)
အင်ဇာဂီ..
etone
November 9, 2011 at 10:00 am
ရန်ကုန်က သီရိမင်္ဂဈေးကြီး နေရာပြောင်းဖွင့်သလားမှတ်ရတယ် လေးပေါက်ရေ … ပန်းတွေကို စုံလို့ပါလား အဟီး 😀 ဝယ်ချင်စရာချည်းပဲ ….
hmee
November 9, 2011 at 1:30 pm
ဂန္ဓမာအဖြူတွေ လှလိုက်တာ။ အလှပန်းအိုး ထိုးတာလည်း ဝါသနာပါတော့ စိတ်ကြိုက်ပန်းတွေ ဝယ်ပြီး ပန်းအလှပြင် လိုက်ရရင်တော့လား။ 🙂
နွယ်ပင်
November 9, 2011 at 2:48 pm
ပန်းတွေကတော်တော်စုံတာပဲလေးပေါက်ရေ ..
လှကလဲ လှပ အားပါးတရ ဝယ်ချင်စရာတွေကြီးပဲ …
ကိုပေါက်(မန္တလေး)
November 9, 2011 at 3:29 pm
ညကားစီး မန်းလေးလာ ပန်းဝယ် ညကားနဲ့ပြန်လိုက်
မနက်ရန်ကုန်ပြန်ရောက်။
ဘုရားတင်ဘို့ပန်းလာဝယ်ပါလာ့
ရမစ်မစ်နဲု့တုံမမတို့ရေ
AKKO
November 9, 2011 at 4:45 pm
ကျွန်တော် ယောကျာ်းဖြစ်ပေမယ့် ပန်းကြိုက်တယ်ဗျ ။
ဘုရားပန်းဝယ်ရတာလည်း ဝါသနာပါတယ် ။ ပန်းတွေ့လျှင်လည်း ပျော်တယ် ။ ကိုပေါက်ကြီးရေ ပန်းတွေကြားမှာ ခဏတာ နုပျိုသွားတယ်လို့ မခံစားရဘူးလားဗျာ ။ 🙂
ကိုပေါက်(မန္တလေး)
November 9, 2011 at 5:49 pm
အဲလိုဖြစ်အောင်လို့ အလုပ်ကိစ္စနဲ့ အုန်းချောဘက်သွားတာကို ဆိုင်ကယ်ရပ်ပြီးရိုက်လာတာလေ။
ဆူး
November 9, 2011 at 5:51 pm
ပန်းတွေကလည်း စုံနေတာပဲ ရွှေးစရာတွေ အားကြီးပဲ..
ကိုပေါက်(မန္တလေး)
November 9, 2011 at 5:54 pm
ဒါတောင်ဈေးကွဲသွားလို့။
အသွားတုန်းက ဆယ်နာရီလောက်ဖြတ်သွားတာ။
လူတွေမှ အများကြီး။
ဒါဆယ်တစ်နာရီကျော်လောက်မှာရို်က်တော့ ဈေးကွဲနေပြီ။
တကယ့်ကိုပျော်စရာကြီးဗျာ.
cum min
August 24, 2012 at 9:41 am
မိုက်လှချည်းလား….
မန်းပန်းလေးတွေက
ပျော်စရာပဲနော်
ကျေးကျေး
mamanoyar
August 24, 2012 at 10:08 am
အဲဒီပန်းတွေက အရမ်းလှပြီး ခိုင်ခံ့ပါတယ်
ပွင့်ဖတ်တွေက မာပြီး လွယ်လွယ်နဲ့မညိုးလွယ်ဘူး
အနီစခန်းနားက ပန်းအရမ်းထွက်ပါတယ်
ပန်းဖောက်သည်တွေဆို ဘာမှမအုပ်ပဲ ဒီအတိုင်း ဆိုင်ကယ်ပေါ်တင်ပြီး
စီးကြတာတောင် ပန်းတွေက လန်းဆန်းနေပါတယ်
ကိုပေါက်(မန္တလေး)
August 24, 2012 at 12:19 pm
ဟုတ်ပါ့ မမနိုရာရေ့