၂၈ – အင်ဒီးစ်မြေစိုင်မြေခဲကြီး

သူရႆဝါMay 22, 20105min460

“၂၈ – အင်ဒီးစ်မြေစိုင်မြေခဲကြီး”

( ၁ )

“ မြေမှုန်မြေခဲလေးက . . . တစ်နေ့မှာ

အင်ဒီးစ်တောင်တန်းကြီး ဖြစ်မလာဘူးလို့

ဘယ်သူပြောရဲသလဲ . . . ” ဆိုတော့

ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်လို့ သိရတယ်

ဟက်ဟက်ပက်ပက် လှောင်ရယ်ခဲ့တယ်

ခပ်ညံ့ညံ့ဟာသလို့ သိတယ်

ရဲရဲကြီး လောင်းကြေးထပ်ချင်စိတ်ဖြစ်မိတယ်

( ၂ )

“ မိန်းမဟာ မာယာများတယ် ” လို့ဆိုတယ်

ဒါဖြင့်ရင် . . . ကြီးမြတ်သော ယောင်္ကျားဟာ

မိန်းမထက် မာယာပိုများရမယ်

ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မာယာမျိုးတော့ဖြစ်မှ ၊

နောက်ပြီး ယောင်္ကျားမာယာဟာ

လောကမာယာကို ထိပ်ပုတ်ခေါင်းပုတ် ဆော့ကစားနိုင်ရမယ် ၊

လောကရဲ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နိုင်စွမ်းရမယ်

( ၃ )

“ မဖြစ်နိုင်ဘူး . . . . မဖြစ်နိုင်ဘူး ”

အဲဒီလို ထင်ခဲ့တယ် ၊

“ မတွေ့ရနိုင်ဘူး . . . တွေ့မှာမဟုတ်ဘူး ”

အဲဒီလို ထင်ခဲ့တယ် ၊

( ၄ )

တစ်နေ့ကျတော့ . . . .

အင်ဒီးစ်မြေခဲကြီးကို

မာယာတွေအပြည့်နဲ့

“ ဘွား ” ခနဲ . . . . သွားတွေ့လိုက်တယ် ။

သူရဿဝါ

မေလေ ၂၂ ရက် ၊ ၂၀၁ဝ ခုနှစ်

( ချစ်သော အစ်ကိုကြီး “ ကိုထွန်း ” ၂၈ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရရေးဖွဲ့ပါတယ် )