ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း(၃)
3
The Royal Star
တော်ဝင်ကြယ်စင်တစ်ပွင့်
After a year at Oxford University, Edward went to fight in the First World War, he wrote:
အောက်စဖို့တက္ကသိုလ်မှာ တစ်နှစ် ပညာဆည်းပူး ပြီးနောက်၊ အက်ဒဝပ် ပထမကမာ္ဘစစ်ပွဲ မှာ ဆင်နွဲတာဝန်ထမ်းဆောင်ခဲ့ရပြီး သူရေးမှတ်ထားပုံကဒီလိုပါ…………..
I lived in a house with twenty five other soldiers. At night we talked about our lives and our families. It was very interesting. I could speak freely to different people – rich and poor, young or old. But I also saw the blood and noise of war. One day in 1916 my driver took me to the town of Loos in Belgium.
I got out of the car ad walked to the top of the hill. Down below me there was heavy fighting and I felt very sad. An hour later I returned to my car. I’ll never forget what I saw. My driver was dead. While I was away, somebody shot him in the neck.
“ကျွန်တော် အခြားစစ်သည်တော် နှစ်ဆယ့်ငါးယောက်နဲ့ နေခဲ့ရတယ်..ညညဆိုရင် သူတို့နဲ့သူ့မိသားစုကိုယ့်မိသားစုအကြောင်းဘဝအတွေ့အကြုံတွေ
အကြောင်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ဝင်စားစရာ သိ်ပ်ကောင်း တဲ့ အတွေ့အကြုံလေး တွေပါပဲ။ ဆင်းရဲချမ်းသာ မရွေး အရုပ်အလှအမြတ်မရွေးကြီးသည် ငယ်သည်မရွေး လူမျိုးစုံနဲ စကားကို လွတ်လွတ်လပ်လပ်ပြော ခဲ့ရတယ်။(၁၉၁၆) ခုနှစ် တစ်နေ့မှာ..ကျွန်တော့် ဒရိုက်ဘာ က ကျွန်တော့်ကို ဘယ်လဂျီယံနိုင်ငံ ရဲ ့ လူစ့် မြို့ကို ခေါ်သွားတယ်..ကျွန်တော်ကားပေါ်ကဆင်းပြီး တောင်ထိပ်ပေါ် တက်ကြည့်တယ်။ တောင်အောက်လှမ်းကြည့်လိုက်တော့ အို တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတာမြင်တွေ့ ရတယ်။ ရင်နင့်အောင်စိတ်မကောင်းဖြစ်မိတယ်။ တစ်နာရီလောက်နေပြီးကားဆီ ပြန်ဆင်းလာရော..ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်း
ကတော့ ဒီတစ်သက်မမေ့စရာ ပါ။ ကျွန်တော့် ကားဒရိုင်ဘာလည်ပင်း ကို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်။”
When the world finished in 1918, Edward returned to Buckingham Palace. One night he was talking to his father in the dining room.
(၁၉၁၈) ခုနှစ် စစ်ပွဲအပြီး အက်ဒဝပ် ဘာကင်ဟမ်နန်းတော်ကိုပြန်ခဲ့ပြီး..တစ်ညမှာ သူ သူ့ခမည်းတော်ကို ညစာစားဆောင်တော်မှာ စကားပြောဖြစ်ခဲတာက…
“I don’t understand why countries fight,” the Prince said. “The war has finished, but nothing has changed. There are still millions of poor and hungry people. It’s not right. Somebody must do something.”
မင်းသားအက်ဒဝပ်က သူ့ခမည်းတော်ကို “တိုင်းပြည်အချင်းချင်းဘာကြောင့်များ တိုက်ခို်က်နေကြတာပါလိမ့်..နားမလည်နို်င်အောင်ပါပဲ..ဖခမည်းတော်..
စစ်ပွဲလည်းပြီးပြီ..ဘာတစ်ခုမှပြောင်းလဲမလာဘူး…
ဆင်းရဲမွဲတေသူတွေသန်းချီရှိနေသေးတာပဲ..သူရဲကောင်းတစ်ယောက်ယောက်
ကတော့ကယ်မှဖြစ်မယ်။”
“Well,” King George replied, “you can’t change the world if you sit by the fire. You must travel. Meet people. Talk to them. Listen to what they say. And then, when you are King, you can make the world a better place.”
သူ့ဖခင်ဘုရင်ကြီးဂျော့(ချ) က.. “ထိုင်နေရုံနဲ့ဘာမှ ကမာ္ဘကြီးအတွက်ပြောင်းလဲ ပေးနိုင်မှာမဟုတ်ဘူး..ခရီးထွက်ကြည့်မယ်..လူတွေနဲ့ဝင်ဆန့်အောင်နေရမယ်..
လူတွေနဲ့စကားစမြည်ပြောကြည့်ရမယ်…သူတို့ဘာတွေပြောဆိုဆွေးနွေးလည်း
နားထောင်ကြည့်ရမယ်…ဒီလိုလုပ်ကြည့်ပြီးမှ. တိုင်းပြည်အုပ်ချူပ်မင်းလုပ်တဲ့အခါမှာမှကမာ္ဘကြီးကိုမင်းဖြစ်ချင်သလို
သာယာဝပြောအောင်လုပ်နိုင်မှာပေါ့..သားတော်ရဲ့…”
And so, in 1920, Edward left England again. During the next five years he travelled 240,000 kilometres and visited 45 different countries.
ဒါနဲ့ ၁၉၁၂ ခုနှစ် မှာ အက်ဒဝပ် အင်္ဂလန်ကနေစတင်ခရီးထွက်ခဲ့တာ နှစ်ပေါင်း ငါးနှစ်အတွင်းမှာ ခရီးအရှည် ကီလိုမီတာပေါင်း ၂ သိန်း ၄သောင်း နဲ့ တိုင်းပြည်ပေါင်း ၄၅ တိုင်းပြည် ကို အလည်အပတ်ခရီးရောက်ရှိခဲ့တယ်။
He saw India, Argentina, Nigeria, Mexico, New Zealand, Germany, and Japan.
အိနိ္ဒယ၊ အာဂျင်တီးနား၊နိုင်ဂျီးယီးယား၊မက်ဆီကို၊နယူးဇီလန်၊ ဂျမဏီ နဲ့ ဂျပန် နိုင်ငံတွေကိုရောက်ခဲ့ပါတယ်။
When he came to Toronto, in Canada, there were 500,000 people in the streets to meet him. Everywhere, thousands of people waited to see him—there were crowds of 190,000 in Cape Town, 300,000 in Paris, 500,000 in New York, and 750,000 in Melbourne.
အက်ဒဝပ် ကနေဒါ နိုင် ငံ တော်ရမ်တို မြို့ ကိုရောက်တော့ ပြည်သူ့ပြည်သား ၅သိန်း တောင်မှ လမ်းတွေပေါ်ထွက် ပြီး ကြိုဆိုကြတယ်။ နေရာတိုုင်း မှာ ထောင်သောင်းချီတဲ့ ပြည်သူပြည်သားတွေအပြည့်။ ကိတ်ပ်တောင်းမြို့မှာ ၁သိန်း ၉ သောင်း။ ပဲရစ်မြို့မှာ ၃ သိန်း။နယူးရော့ မှာ ၅သိန်း။ မယ်လဘုန်း မြို့မှာ ရ သိန်း ၅ သောင်း။
“Edward is the first royal star,” one newspaper wrote, “and he is now the most famous man in the world. In the old days princes were cold and bored. But Edward is different. He gets out of his car and walks down the street. Every two or three minutes he stops and speaks with the crowd. He laughs. He smiles. He shakes a thousand hands. He is a man of the people with a heart of gold.”
သီတင်းစာ တစ်စောင်ရဲ့ ဖော်ပြချက်မှာ “အက်ဒဝပ် မင်းသား ဟာ တော်ဝင်ကြယ်စင်တစ်ပွင့်ပါပဲ။ ယခုဆိုရင် ကမာ္ဘပေါ်မှာ အထင်ကရ အဖြစ်ဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်လာပါပြီ။ ဟိုးရှေးယခင်က မင်းညီမင်းသားတွေနဲ့ဆက်ဆံ ရတာ ပျင်းရိ ငြီးငွေ့ ဘွယ်ကောင်းသလို အေးစက်စက်နိုင်လှပါသည်။ အက်ဒဝပ် မင်းသား ကတော့ တစ်မူထူးခြားပါသည်။ သူစီးလာတဲ့ကားထဲကနေ လမ်းပေါ်ထွက်ပြီး လူတွေကို ၂ မိနစ် ၃ မိနစ်ကြာအောင် ပြည်သူလူထုကို နှုတ်ဆက်စကားပြောတတ်တယ်။
နှစ်လိုဘွယ်ပြုံးပြတယ်။ရယ်မောတတ်သူတစ်ယောက်လည်းဖြစ်တယ်။
ထောင်ပေါင်းများစွာသောလက်တွေကို လက်ဆွဲ နှုတ်ဆက် ရ တာလည်း မမောနိုင် မပန်းနိုင်။ သူဟာ ရွှေနှလုံးသား ပိုင်ရှင်..ပြည်သူ့အသဲစွဲ.. အက်ဒဝပ် မင်းသား လေး ဖြစ်ပါသည်။”
အပိုင်း(၃) ပြီး၏။ အပိုင်း (၄) မကြာမီ လာပါမည်။ ချစ်ခြင်းအားဖြင့် ကိုဆန်နီ။
10 comments
etone
November 11, 2011 at 10:01 am
ကိုဆန်နီရေ … အပင်ပန်းခံပြီး ဘာသာပြန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော် … ။
အပိုင်းလေးကိုလည်း စောင့်ဖတ်နေပါတယ် … ။
နန်းဝတ်နန်စားမှာတော့ စကတ်ကြီး ဝတ်ရပြီး စစ်ထွက်တော့လည်း ဒေါင်ကျကျပြားကျကျဝတ်ရရှာသားပဲနော် … ။ 😀
စုံ စုံ
November 11, 2011 at 10:20 am
ကိုဆန်နီရေ. အခုလိုတင်ပေးတဲ့သူရှိတော့
ကျမစာပြန်ဖတ်ဖြစ်ပါတယ် အဲ့ဒါကြောင့်ကျေးဇူးဘယ်လိုတင်မိမှန်းကိုမသိဘူး
ဒါပေမယ့်ကျမဘာသာပြန်တာတော်တော်ညံ့ပါတယ်
တချို့စကားလုံးတွေဆိုချောအောင်မပြန်တတ်လို့ မြန်မာလိုပြန်ဖတ်ရတယ်
ဒါပေမယ့် အရင်လိုလုံးဝမဖတ်ဖြစ်တာထက်စာရင် အခုလိုပြန်ဖတ်ဖြစ်တာ
ကျမအတွက်တော့ တော်တော်တိုးတက်မှုကြီးပါ
ထို့ကြောင့် အတိုင်းမသိကျေးဇူးတင်ပါ၏
Shwe Ei
November 11, 2011 at 10:21 am
သူများနိုင်ငံက တော်ဝင်မိသားစုတွေများ အားကျလောက်စရာ တော်ဝင်စိတ်ဓါတ်တွေနဲ့။ ကောင်းပါလေ့။
Sonny
November 11, 2011 at 1:44 pm
etone ရေ..အားပေးရင်ဝမ်းသာပါတယ်..ပင်ပန်းပါတယ်..ဒါပေမဲ့..ဖတ်သူရှိရင် ရေးသူပျော်ပါတယ်..သူတို့လိုလူမျိုးတွေစစ်မှုထမ်းရတာကောင်းလိုက်တာနော်..ကျွန်တော်တို့ဆီမှာလည်းစစ်မှုမထမ်းမနေရရှိစေချင်
တယ်။ ဒါမှတိုင်းပြည်ကိုအချိန်မရွေးကာကွယ်နိုင်မယ်လေ။ ၈၄ လောက်က DSA ဖြေဖူးတယ် ကျတယ်။ တကယ်စစ်တိုက်ချင်ခဲ့တယ်။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..
စုံ စုံရေ
စာဖတ်ဖို့ ကိုယ့်ကိုကိုယ်အမြဲတိုက်တွန်းနေရမှာပါ။ ထောင်ထဲကလူတွေဆိုစာဖတ်ချင်လွန်းလို့လေ နော..
စာကောင်းတွေရှာပြီး အားသ၍ ရေးနေမှာပါ။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..
Shwe Ei ရေ..တော်ဝင်စိတ်ဓါတ်ရှိသူများ က ဘယ်တော့မှ ပြည်သူတွေအပေါ်ပဲဖြစ်ဖြစ် အားနည်းသူတွေ နိမ့်ကျသူတွေကိုပဲဖြစ်ဖြစ် အနိုင်မကျင့်ပါဘူး။ ဆက်ဖတ်အုံးနော်…ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..
ပေါက်ဖော်
November 11, 2011 at 2:27 pm
မင်းသားက ဒီလိုကျတော့လဲ .နာ့လိုပဲ.ခန် ့ချောရီးပါလား.. 😆
ဟီး..ဟီး..နောက်ဒါ..
ကိုဆန်ရေ..အားပေးလျက်..ပါ..
Sonny
November 12, 2011 at 2:05 pm
ကိုပေါက်ဖေါ် က ခင်စရာကောင်းမဲ့လေသံပါ။ ပျော်ပျော်နေတတ်မဲ့ပုံပဲ။ ဆက်ရေးပါ့မယ်။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
ကိုရင်စည်သူ
November 12, 2011 at 2:19 pm
အင်း… မင်းသားက ကိုရင့်လိုပဲ
ခန့်ချောကြီးပါလား… (ကပေါက်ဖော်ထက် ပို့ခန့်ပါတယ်) 😛
အင်္ဂလိပ်စာလေးတွေကို တွဲပြီး
ဘာသာပြန်ပေးမှပဲ…
နားလည်တော့တယ်..
မြန်မာလိုတောင် မနည်းဖတ်နေရတာလေ..
ဟီးဟီး… 😀 😀
AKKO
November 11, 2011 at 3:14 pm
ဒီဘာသာပြန် ပို့စ်လေးတွေ ဖတ်ရင်းစာရေးသူရဲ့ စေတနာကို ခံစားမိပါတယ် ။
နောင်လည်း များစွာရေးနိုင်ပါစေဗျာ ။
Sonny
November 12, 2011 at 2:08 pm
AKKO( အကို ) ပေးတဲ့ဆုနဲ့ ထိုက်တန်အောင် အကျိုးပြုအောင် ဆက်ရေးပါမယ်။ ကျွန်တော် အကျိုးပြုစာပေတွေကိုဆက်ဘာသာပြန်မှာပါ။ အကို ရွင်လမ်းချမ်းမြေ့ပါစေ။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…
windtalker
November 16, 2011 at 9:40 pm
ဂေဇက်မှာ အကို ့လို အင်းဂလိ လို တစ်ကြောင်း ၊ ဗမာလို တစ်ကြောင်း ဘာသာပြန်ပေးတဲ့ ဆရာတွေ အများကြီး လိုအပ်နေပါတယ် ဗျို ့။ ဒီပို ့စ်လေး ကို ဆက်ကူးလိုက်ပြီနော် ကိုဆန်နီရေ ။
အထပ်ထပ် အလွယ်တကူ လေ့လာလို ့ရအောင် ပါ ခင်ဗျာ ။ ခွင့်ပြုမယ် ထင်ပါတယ် နော် ။
တင့်ခရု ဗဲလရီးမက်ချ် ပါ ခင်ဗျာ