လမ်း

htet wayNovember 11, 20111min1457

နီးစပ်မူကိုရှာကြံရင်း
မြဲရာကိုတမ်းတလို့
မမြဲသောတရားသည်မြဲခဲ့ပြီ။
တစ်နေ့
သေခြင်းအရသာမြည်းစမ်းကြရမှာပဲ
လွတ်မြောက်ရာဘေးမဲ့အရပ်
သတိကပ်သောတည်ငြိမ်စိတ်နဲ့
စိတ်ရိုင်းတွေကိုပယ်သတ်ခဲ့ပြီ။
ကြေကွဲခြင်း ၊ဆုံးရှုံးခြင်း၊အလိုမပြည့်ခြင်း
စသဖြင့်..ဘဝစာမျက်နှာတွေကိုဖြတ်သန်း
အေးစေသောငြိမ်းအရိပ်မှာ
ချွေးသိပ်သော အနားယူစိတ်နဲ့
ဖြောင့်မတ်မှန်ကန်သောလမ်းကိုလျှောက်ချင်ခဲ့ပြီ။ ။

7 comments

  • ပေါက်ဖော်

    November 11, 2011 at 9:21 pm

    မှန်ကန်တဲ့လမ်း..လျှောက်ချင်ပေမဲ့..
    ခွေးချီးပုံတွေ…ဗွက်တွေ…ချိုင့်တွေနဲ ့..မိုလို ့..သိုင်းကွက်တော့ နင်းရမယ်ခင်ည
    😆

  • alinsett

    November 12, 2011 at 1:23 pm

    ကောင်းပါတယ် ။ ကျွန်တော် နှစ်သက်တဲ ့ကဗျာ အမျိုးအစားပါ ။
    ကိုဋ္ဌေးဝေရဲ ့ပို့စ်တွေ ကို အမြဲ..စောင့်ဖတ်နေပါ့မယ်။

  • aye.kk

    November 12, 2011 at 3:32 pm

    စေတနာ
    ဆိုတဲ့လမ်းမှာ
    ဖြောင့်ဖြောင့်တန်းတန်း
    လျှောက်လှမ်းသွားရင်
    လောကဓံဆိုတာ
    ဘယ်လောက်ကြမ်းကြမ်း
    မမောပမ်းဘဲ
    လိုရာအောင်ပန်းဆွတ်နိုင်မယ်

  • windtalker

    November 12, 2011 at 9:44 pm

    မင်းစိတ်မလျှော့နဲ ့လုံးဝ မလျှော့နဲ ့
    မင်းစိတ်မပျက်နဲ ့လုံးဝ မပျက်နဲ ့
    လမ်းးးးးးးးးးး ( လေးဖြူ သီချင်းစာသား )

  • TTNU

    November 13, 2011 at 12:24 am

    လမ်းဆုံးရင်ရွာတွေ့တယ်တဲ့
    တွေ့တဲ့ရွာမှာဝင်နားပါ
    ကံပါခဲ့ရင် အားထုတ်ခဲ့ရင်
    ဆက်သွားရမဲ့ နောက်တစ်ရွာအတွက်
    လမ်းညွှန်မဲ့သူ မိတ်ဆွေတွေ တွေ့ရမှာပါ မိတ်ဆွေ။

    (မှတ်ချက်) Recommendation: Mandalay Gazette Village is a perfect place
    to find best friends.

  • small cat

    November 13, 2011 at 7:26 am

    ဖြောင့်ဖြောင့်လျှောက် သူဟာ ကွေ့ကောက်လျှောက်သူတွေနဲ့ခဏခဏတိုက်တယ်၊
    မတိုက်ချင်ရင် ဘေးထွက် လျှောက်ရတယ်။

  • htet way

    November 13, 2011 at 10:54 am

    အားပေးတာကျေးဇူးတင်ပါတယ်
    မမြဲတရားဟာမြဲနေတဲ့တရားသဘောမှာ
    ကျွန်တော်တို့တနေ့သေရမှာသိလျှက်လွတ်မြောက်ရာဘေးမဲ့
    အရပ်ဆီသွားဖို့နောင့်နေးကြန့်ကြာနေတာကို
    ခံစားမိရင်းရေးဖြစ်တာပါ။

Leave a Reply