Doing Good Deeds Without Limits (Part 1) ကုသိုလ်ကောင်းမှုကို အကန့်အသတ်မဲ့ ပြုလုပ်ခြင်း
Strive to do good deeds without limit
အမှန်တရား(သစ္စာတရား)ကို သိရှိရေး ကုသိုလ်ကောင်းမှုကို အကန့်အသတ်မဲ့ ပြုလုပ်ခြင်း အတတ်ပညာ
We have to strive to do good deeds without limit. Whatever ability that we are now using in doing good deeds is within limitation and restriction.
We can do good deeds somewhere and anywhere, using the ability of someone; self and others. Since the ability that we can do has limitation, it is necessary to do good deeds till that limited ability has been used up.
We must do our utmost to do good deeds like using a battery till it has been used up. This is the way to be able to understand the limitless power of non-self (Anatta) by using up all of the restricted or limited power.
“Not to save the energy in doing good deeds” as in saving everything. Everyone is used to saving ‘money, electricity and energy’ as in ‘doing good deeds within constraints’ without doing as much as one can. That is why ‘the ability of a person’ is within’ limited time, places, methods and situations such as “how to do”, “ where to do” & “ how long shall we do”.
We have to try our utmost to do good deeds in exploring the original truth (Four noble truths). The more we do good deeds with the utmost capability, the greater the power of that capability .
We can do good deeds same way as others do (offering things or generosity (dana), taking precepts or morality (sila) & practicing meditation __right contemplation (bhavana).
However, it is not the same; doing good deeds using our limited ability or beyond our ability. We have to do good deeds using our utmost ability; not enough to do it with limited ability.
The more we strive to do good deeds without limit, the greater the power of using “bodily, verbal & mental actions”. Only then, we will be able to go beyond common peoples’ abilities.
(TO BE CONTINUED)
——————————————————————
This article is directly based on the Guided Talk by Tsunami Sayadaw Rev Ottamasara at Than-lyin Natural Meditation Center(TMC) , Yangon.
at Oct – 2011.
Translated by Hnin Nwe Soe
3 comments
kai
November 12, 2011 at 3:59 am
(ကုသလာ ကုသလံ ဇဟံ= ကုသို်လ်နှင့် အကုသိုလ်ကို စွန့်ခြင်း)
ကုသလာ ကုသလံ ဇဟံ-ဝဋ်ဆင်းရဲ၏ မူလဖြစ်သည့် အဝိဇ္ဇာ တဏှာ စသော ကိလေသာတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် စွန့်ပယ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ စွန့်ပယ်လိုက်သဖြင့် လောကီကုသိုလ်ဖြစ်ခြင်း၏ မူလဖြစ်သော အဝိဇ္ဇာ၊ တဏှာတို့ ကင်းရှင်းသွားသည်။ ထို့ကြောင့် ပုညာဘိသင်္ခါရသည် သံသရာ၌ တဖန် ပဋိသန္ဓေဖြစ်ခြင်းကို မစွမ်းနိုင်။ ထိုသို့ ဝဋ်ဆင်းးရဲ၏ မူလဖြစ်သော ကိလေသာတို့ကို စွန့်ခြင်းသည်ပင် ဖလူပစာရ (အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍) ကုသိုလ်ကို စွန့်သည် မည်၏။
True Answer
November 13, 2011 at 5:33 pm
(ကုသလာ ကုသလံ ဇဟံ= ကုသို်လ်နှင့် အကုသိုလ်ကို စွန့်ခြင်း) အဓိပ္ပါယ်….
အကုသိုလ်ကို စွန့်ခြင်း ဟူသည် မပြုလုပ်ခြင်း ဟု ဆိုလိုသော်လည်း
ကုသိုလ်ကို စွန့်ခြင်း ဟူသည် မပြုလုပ်ခြင်း ကို ဆိုလိုခြင်း မဟုတ်ဘဲ…
ကုသိုလ်ကောင်းမှု ကို ငြိတွယ်မှုမပါ လုပ်ရုံသက်သက် (စွန့်လွှတ်သောဉာဏ်ဖြင့်) လုပ်တတ်ခြင်းကို ဆိုလိုပါသည်။
ကုသိုလ်ကောင်းမှု (သို့) ကုသိုလ်ကောင်းမှုတို့၏ အမြင့်ဆုံး မဂ္ဂင်လမ်း (သီလ-သမာဓိ-ပညာအလုပ်များ) ကို ဖောင်သဖွယ် အသုံးချရပေမည်။
အသုံးချ ပြီးနောက် လိုရာ ပန်းတိုင်ရောက်မှ စွန့်လွှတ်ထားခဲ့ရပေမည်။
လိုရာ မရောက်သေးဘဲ စွန့်လွှတ်သော် ကျေးဇူးမဲ့ ဘဝ သို့ရောက်လေသည်။
ကုသိုလ်ကောင်းမှုကို မြတ်စွာဘုရား နှင့် တကွ ရဟန္တာပုဂ္ဂိုလ်များ လောက အကျိုးငှာ ကုသိုလ်ကောင်းမှုများစွာ (အထူးသဖြင့် ဓမ္မသာဝနာကုသိုလ်) ပြုလုပ်လေသည်။
ကုသိုလ်ကောင်းမှု လုပ်ရုံသက်သက် ငြိတွယ်မှုမပါ ပြုလုပ်တတ်ခြင်းကို ဆိုလိုလေသည်။
ကုသိုလ်ကောင်းမှုကို ငြိတွယ်မှုမပါပဲ လုပ်ရုံသက်သက် လုပ်တတ်ခြင်း ၊ စွန့်လွှတ်သောဉာဏ်ဖြင့် လုပ်တတ်ခြင်း အကြောင်းကို ယခုခေတ်တွင် သန်လျင်သဘာဝရိပ်သာ ဆရာတော်မှ သင်ပြပေးလျှက်ရှိပါသည်။
ဗုဒ္ဓတရားတော်မှ ပါဠိဘာသာပြန်များကို ဘာဝေတဗ္ဗ ခေါ် ပွားများအားထုတ်မှု …မပါပဲ ဘာဝနာမယဉာဏ်မပါဝင်ပဲ …..မိမိ အလို(ကိလေသာ)ဖြင့် လိုရာဆွဲယူ အဓိပ္ပါကောက်ကာ….ထင်ယောင်ထင်မှား ပြုလုပ်သော် ကျေးဇူးမဲ့ဘဝကို မိမိကိုယ်တိုင်သော်လည်းကောင်း …..ကိလေသာများသူတို့ကိုလည်းကောင်း ကျရောက်စေလေသည်။
ကြောင်ကြီး
November 14, 2011 at 10:17 am
သဂျီးနဲ့ ကိုသစ္စာ တို့နှစ်ဦးစလုံး ပြောချင်တာ အတူတူပဲ ထင်ပါတယ်။ ကိလေသာ တဏှာကင်းသွားမှတော့ ဘာဖြစ်ပါစေ ညာဖြစ်ပါစေ၊ ဘာကြောင့် ညာကြောင့် မရှိတော့ဘူးပေါ့နော်။ သို့သော် ကိလေသာကင်းစင်နေတဲ့စိတ်ကို ပုထုဇဉ်များ ဘယ်လိုသိနိုင်ကြမလဲ။ မဖြစ်နိုင်လောက်အောင်ကို ခက်ပါမယ်။ ဥပမာ ဘုရားလက်ထက် အလွန်တန်ခိုးကြီးတဲ့ ရှင်ဒိဗ္ဗမထေရ်မြတ်ကြီးသည် (သာမာန်ရဟနာ္တသာမက မဟာသာဝကထဲမှာတောင် ပါတယ်ထင်တယ်) အတိတ်ဘဝများမှာ ဘုရင်ဖြစ်ခဲ့တာ များလို့ အထုံဝါသနာအရ စကားပြော အလွန်ကြမ်းတယ်။ ဆဲဆိုပြေလေ့ရှိတယ်။ ဒါမျိုးဆိုရင် ပုထုဇဉ်တိုင်း ပြစ်မှားမိကြမယ်ထင်တယ်။ အဲသလိုပဲ အထုံပါလာရင်၊ အတိတ်ဆုတောင်း ပါလာရင်၊ အကြောင်းအကျိုးတိုက်ဆိုင်ရင် ကိလေသာအာသဝေါ ကုန်ခမ်းသွားတဲ့ ရဟနာ္တများတောင် ပညတ်အရာတွေကို မရှောင်ကြဘူး။ သူ့အတွက် ထူးမလာတော့ပေမဲ့ ကျန်သူများအတွက်ငဲ့ညှာပြီး လောကသတ်မှတ်ချက်များ လုပ်ပေးရတယ်။ ကုသိုလ် အကုသိုလ် စွန့်ခြင်းကိုလည်း အဲသည်အတိုင်းမြင်ပါတယ်။ လုပ်ပေမဲ့ လုပ်ရုံသက်သက် ငြိတွယ်မှုမပါ (ငါ၊သူမရှိ) လုပ်ရုံသက်သက် ဖြစ်ပါတယ်။