အတုန့်အလှည့်

ခ်စ္ရင္ထူး IINovember 12, 20111min24215

ဒီနေ့မနက် ကျွန်တော် မြို့အပြင်ဖက်သွားတော့ လူစုစု တွေ့တာနဲ့ ရပ်ကြည့်မိပါတယ်။ ဘာများလဲ လို့ပေါ့။ မရောက်ခင်မှာပဲ အော်သံတွေကို ကြားနေရပါပြီ ဝက်အော်သံတွေပါ၊ ကျွန်တော်က ဘာလုပ်နေကြတာလဲ လို့မေးကြည့်လိုက်တော့ … ဝက်ရောင်းတာတဲ့၊ ဝက်ကို ထော်လာဂျီ ပေါ်ဘယ်လိုတင်လဲဆိုတော့ ၊ လွယ်လွယ်လေးရယ်တဲ့ ၊ ဝက်ကိုကြိုးနဲ့တုပ်ပြီး ရှေ့ကတစ်ယောက်ကဆွဲတင်၊ နောက်ကတစ်ယောက်က မတက်ရင်ရိုက်တဲ့။ ကောင်းရောဗျာ ၊ လွယ်လိုက်တဲ့နည်းလမ်း။ ကျွန်တော် စဉ်းစားကြည့်မိပါတယ် ။ ဒီလူတွေ ဝက်နေရာမှာသူတို့ဆိုရင်ဘယ်လိုလုပ်မလဲ လို့ပေါ့။ ကျွန်တော်တို့ လူတွေမှာရော အဲလို လုပ်တာမျိုးတွေမရှိဘူးထင်လို့လား။ သိပ်ရှိတာပေါ့၊ ဒါပေမယ့် လူကတော့ အသိဉာဏ်ရှိတယ်လေ ၊ အရိုက်မခံ ဘဲနဲ့ ကိုယ့်ဟာကို တက်တာပေါ့၊ ဝက်ကတော့ ဘယ်သိမလဲ လွတ်လို့လွတ်ညား ရုန်းကြည့်တာပေါ့။ ရုန်းလေ အရိုက်ခံရလေပဲ လေ။ ကျွန်တော်ကတော့ တွေးရင်ကြက်သီးထ မိပါတယ်။ သနားမိပါတယ်၊ ဝက်ကိုရော ဝက်ဖမ်းတဲ့ကုလား ကိုရော ။ အဲဒါနဲ့ လွန်ခဲ့သော နှစ်များက ကျွန်တော်တို့မြို့မှာ ဖြစ်ပွါးခဲ့တဲ့ လူသေမှု တစ်ခုကို သတိရမိသွားပါတယ်။ ဝက်သတ်တဲ့ကုလား ဆီက အလုပ်သမားတစ်ဦးပါ။ ဝက်ကို အရင်ဦးဆုံး တစ်တောင် နီးပါးရှည်တဲ့ ဓါးနဲ့ နံကြား ကိုထိုးသတ်လိုက်ပါတယ်။( ဝက်သား ဝယ်စားရင် တစ်ခါတစ်လေ မှာ ဓါးထိုးရာတွေ ပါလာတတ်ပါတယ် ။ )သတ်ပြီးတဲ့ ဝက်ကို ရေနွေးနဲ့ ဖြော် ပြီးတော့ အမွေး ချွတ်ရတယ်လေ။ တစ်နေ့ တစ်နေ့ သတ်ရတဲ့ ဝက်တွေက များလာတော့ ရေနွေး နဲ့ မလောင်းနိုင်တော့ဘူးလေ ။အဲဒါနဲ့ ရေနွေးအိုး အကြီး ကြီး တည်လိုက်ပါတယ်။ ပြီးတော့ သတ်ပြီးသားဝက်တွေကို ခြေထောက်တွေ ကြိုးနဲ့ခြည် ပြီး ရှေ့တစ်ယောက် နောက်တစ်ယောက် တုတ်နဲ့ လျှို ထမ်းပြီး ရေနွးအိုးထဲ နှစ်လိုက် ၊ ပြီးတော့ ဂုံးခွံနဲ့ ခြစ်ပေါ့။ အဲလိုနဲ့ တစ်နေ့တော့ ရေနွေးကန် ထဲကို ဝက် မရောက် ဘဲနဲ့ ထမ်းတဲ့ကောင်ကျသွားပါတော့တယ်။ ရေနွေးပူနဲ့ နှစ်ပြီးအသတ်ခံလိုက်ရ သလိုပါပဲ။ သူသေသွားခဲ့ပါတယ်။ သူ တစ်နေ့ တစ်နေ့ ရေနွေးပူနဲ့နှစ်ပြီးသတ်ခဲ့တဲ့ ဝက်တွေက မနည်းမနော ပဲလေ။ ခုတော့သူ့အလှည့်ပေါ့။ အဲဒါကြောင့် လောကကြီးမှာ အတုန့်အလှည့် ဆိုတာရှိတယ် ဆိုတာကို သိဖို့ပါပဲ။ ကိုယ်က အမြဲတမ်း အပေါ်စီးက နေပဲ နေရမယ်လို့ မှတ်ထားရင်တော့ မှားသွားနိုင်ပါတယ်။ နောက်ပြီးတော့ ဝက်မွေးတဲ့သူ တွေပါ ။အစတုန်းကတော့ ဝက်ပေါက်ကလေးကို ဝယ်ပြီးမွေးပါတယ်။ တဖြည်းဖြည်း နဲ့ ဝက်ကလေးက ကြီးလာတော့ ကုလားဆီကို ရောင်းစားပါတော့တယ်။ ကျွန်တော့်အထင်တော့ သတ်ဖို့ အပို့ခံရဲ့ အချိန်မှာ အဲဒီဝက်က “ငါ့သခင် ကလုပ်ရက်လိုက်တာ၊ အရင်တုန်းကတော့ ငါ့ကို ချစ်လိုက်တာ၊ အစာ မစားရင်တောင် နေမကောင်းဘူးလား ဆိုပြီး ဆေးကျွေးရတာနဲ့ ၊ အားဆေးကျွေးရတာနဲ့ ၊ ခုတော့ငါ့ကို ကုလားဆီ ကို သတ်ဖို့ ပို့လိုက်ပြီပေါ့လေ၊ လုပ်ရက်လိုက်တာ သခင်ရယ် ၊” အဲဒီလို ပြောသွားမယ်လို့ထင်ပါတယ်။ ကျွန်တော်လည်း ဝက်စကားမတတ်တော့ အတိအကျတော့ မသိဘူးပေါ့ဗျာ၊ ကျွန်တော်တို့ ဗုဒ္ဓ က ပြောခဲ့ပါတယ်။ ပျားဖွတ်၊ သားတိုး ၊မယားခိုး တဲ့ သိပြီးသား ဖြစ်ကြမှာပါ။ မလုပ်အပ်ဘူးလို့ တားမြစ်ထားတာလေ။ ဖြစ်နိုင်ရင်ရှောင်ကြင်ကြ စေချင်ပါတယ်။

မေတ္တာဖြင့်

ချစ်ရင်ထူး

15 comments

  • Gipsy

    November 12, 2011 at 11:12 pm

    အင်းနော်…ဝဋ်ဆိုတာ လည်တတ်တာမျိုး….။
    အလှည့်ကျရင် မနွဲ့စတမ်း ပေါ့ အသင် ဝက်သတ်သမားရယ်…။

  • ပေါက်ဖော်

    November 13, 2011 at 8:48 am

    ငယ်ငယ်က ကျနော်တွေ ့ဖူးတဲ့ ဝက်သတ်နည်းက
    လည်ပင်းကြိုးချည်ပြီး အပင်ရင်းမှာ တုပ်ထားတယ်.
    ပြီးတော့…ပေါင်တူကြီးနဲ ့.. ငယ်ထိပ်ကို ဂွက် ကနဲ ဆော်ထလိုက်..
    ဝက်ခမျာ….ဂွီး..ဂွီး..ဂွီး နဲ ့အော်ပြီး လဲကျနေတာ..ချက်ချင်းလဲ မသေဘူး..
    အောင်မငှီး….ကြက်သီးထသဗျာ..

    အကောင်းဆုံးကတော့ ဝေဒနာမခံစားရအောင် သတ်ကြဖို ့ပါ
    အတုံ ့အလှည့်ရှိရင်တောင်..ကိုယ့်အလှည့်ကျ ဖွတ်ကနဲ အသက်ထွက်ယုံပဲပေါ့..ဟုတ်ဘူးလား..
    သားသတ်မှုနဲ ့ အသက်မွေးမှု မပြုရင်တော့ အကောင်းဆုံးပေါ့ဗျာ..
    ကိုယ်မသတ်လဲ သူများသတ်မှာပဲလေ..

    စေတနာနဲ ့ အကြံပေးတာပါ..ကျနော်တော့ ခြင်ထက်ကြီးတဲ့အကောင်မှန်သမျှ မသတ်ရဲဝူး..
    စားရင်တော့ ကြက်ထက်ကြီးတဲ့ အကောင်တွေလောက်သာ ပိုကြိုက်တာ
    😆

  • ကြောင်လတ်

    November 13, 2011 at 11:18 am

    ဝက်သတ်တဲ့အကြောင်းလေးဖတ်ရတော့ နတ်ကန်တော့တာလေးသတိရတယ်၊ ဆိုင်ရာဆိုင်ရာကိုးကွယ်မှုကိုဝင်ရှုံချတာမဟုတ်ပါဘူး။
    ဟင်ဆိုရင် ကရင်ထက်ဆိုးတယ်ဆိုတဲ့ စကားကြားဖူးကြမှာပါ၊ အဲဒီစကားဟာကရင်တွေ ပသတဲ့နတ်တပါးကိုပြောတာပါ။အဲဒီနတ်ကိုတင်ဘို့ က ဝက်ကို သတ်ပြီးတင်ရတာပါ၊သတ်ရင်လည်းဒဏရာပေါ်လို့မရပါဘူး။ဒဏ်ရာမပေါ်အောင် ဂုံနီအိတ်ထဲထည့်၊ရေနှစ်သတ်ရတာပါ။ အဲဒီအလုပ်ကိုအိမ်ထောင်ဦးစီးလုပ်သူက သတ်ရမှာဖြစ်ပါတယ်၊အဲဒီနတ်ကို တင်ဖို့ပျက်ကွက်ရင် အရမ်းဆိုးတယ်၊ ဒုက္ခအကြီးအကျယ်တွေ့တယ်လို့အစွဲအလမ်းကြီးကြပါတယ်။
    ကျွန်တော်ငယ်ငယ်က ကြိုက်ခဲ့ဘူးတဲ့အိမ်နီးချင်းအမ( ကျွန်တော့ထက်နဲနဲကြီးပါတယ်(အသက်) ) က အဲဒီနတ်ကိုးကွယ်တဲ့မိသားစုပါ၊သူ့အဒေါ် နတ်တင်တဲ့နေ့က အဒေါ်ရဲ့ယောကျားက ကျွန်တော်ရှေ့မှာတင်ဝက်ကိုရေနှစ်သတ်ရတာမြင်ဘူးပါတယ်။ ဒါကြောင့်အမေက သဘောမတူလို့ နောက်ဆုတ်ခဲ့ရပါတယ်။ဪ …..လွမ်းလိုက်တာ မမ ရယ်။အခုဆိုအိ်မ်ထောင်တွေများကျနေပြီလား၊သားတွေသမီးတွေလဲရနေလောက်ပြီပေါ့။

  • windtalker

    November 13, 2011 at 11:21 am

    ကြားဖူးတာ တစ်ခုက
    ဝက်သတ်သမားဖြစ်ဖို ့ကုသိုလ်ကံ ပါလာရင် ၊ ဝက်သတ်မှ ကို စီးပွားဖြစ်တာတဲ့ ၊ စားဖို ့သောက်ဖို ့ရတယ် ဆိုဘဲ ၊ ချင်းတွင်းမြစ်ဘေးက မြို ့ကြီးက ဝက်သတ်သမားတစ်ယောက်ဆိုရင် အစိုးရဆီကနေ သားသတ်လိုင်စင်ယူပြီး ဝက်သားပေါ်ရောင်း ၊ ကြီးပွားသူဌေးဖြစ်လာတော့ ၊ ဝက်သတ်သမား ဆိုတဲ့ နာမည်ဆိုး ပျောက်ချင်လို ့အခြားသော ပွဲရုံ ၊ ဆီစက် လုပ်ငန်းများ ပြောင်းလုပ်ရာမှာ ၊ အကုန်ပလုံ ပြီး မွဲသွားပါသတဲ့ ၊ ဒါနဲ ့ဒုံရင်းဒုံရင်း ဝက်သတ်တဲ့ အလုပ်ကို ပြန်လုပ်တော့ ပြန်ပြီး စီးပွားတက်လာပါသတဲ့ ။
    သူ ့သားသမီးတွေကိုတော့ လုံးဝ မလုပ်စေရဘူး ဆိုပြီး အမိန် ့ချမှတ်ထားပါသတဲ့ ။
    ပြောမယ့်သာပြောရတာပါ ၊ 2010 တုန်းက မန်းတလေးမြို ့မှာ ၊ ဝက်သားသည် သားသမီး မင်္ဂလာဆောင်ကို တစ်ကယ့် ဒိတ်ဒိတ်ကျဲ ခန်းမနေရာ၃ခု မှာ အကြီးအကျယ် လုပ်တာကိုလည်း မြင်ခဲ့ရတာဘဲ ။
    နိုင်ငံကျော် လူရွှင်တော် ၊ မင်းသားမင်းသမီးတွေကိုတောင် ခေါ်ပြီး မင်္ဂလာပွဲမှာ သီချင်းဆို ၊ ဘိသိက်မြှောက် ခိုင်းလိုက်သေး ။

  • ကိုရင်စည်သူ

    November 13, 2011 at 11:27 am

    ဝက်သတ်သမားတွေ
    အားရပါးရ ဝဋ်ကြွေးတွေ စုဆောင်းနေကြသူတွေပေါ့…
    (အဲ့လူတွေသေရင်လည်း ခွေးသေဝက်သေ သေတာပါ
    ကိုရင်ပြောတာ မယုံရင် သတိထားစောင့်ကြည့်ပေါ့)
    အင်း… အနိစ္စ.. အနိစ္စ… သတ္တဝါအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ…
    ကိုရင်တို့ ဒီလိုပို့စ်တွေဖတ်ပြီးရင်
    အသားငါးတွေ စားချင်စိတ်ကုန်တယ်… (၁ကယ်ပြောတာ)
    ရေးရင်းနဲ့ ရေငတ်လာပြီ ပေါက်ဖောက်ခေါ်ပြီး..
    ဘီယာသွားသောက်ရင် ကောင်းမလားပဲ… 😀 😀 😀 😀

    • ပေါက်ဖော်

      November 13, 2011 at 12:40 pm

      ကောင်းလယ်..ကောင်းလယ်..ဝက်သလုံကြော်နဲ ့..
      ဂလု..ဂလု..
      😆

  • kai

    November 13, 2011 at 5:05 pm

    ဘာလို့ ဝက်ကိုယ်ထဲလူကဝင်ပြီး ခံစားနေသလည်း ကိုရင်ချစ်ရင်ထူးရယ်..။
    အဲဒါကမှ.. လူစစ်စစ်ကနေ ဝက်ဝင်စားဖြစ်သွားတယ်လို့.. ထင်မိတာပါပဲ.. (စိတ်တော့ မဆိုးနဲ့နော)

    ရေနွေးနဲ့ အလုပ်လုပ်တဲ့သူက.. ရေနွေးနဲ့သေနိုင်ချေပိုရှိတယ်..။
    ကားမောင်းတဲ့သူက.. ကားကြောင့်သေနိုင်ချေပိုရှိတယ်..။
    စစ်သားက စစ်တိုက်ရင်ပိုသေနိုင်ချေရှိပါတယ်..။
    လောကသဘာဝပါပဲ.. ဘာမှထူးတွေးမနေစေချင်ပါဘူး…။
    အဲဒါကြောင့်.. အာမခံဝယ်မယ်ဆို.. အာမခံဌာနတွေက.. အလုပ်အကိုင်နဲ့..နေရာဌာန သဘောကိုလိုက်ပြီး.. အာမခံပရီမီယံကြေးမြှင့်နိမ့် လုပ်တာပဲ..။
    လော့ဂျစ်အရ.. နယ်ကျွံမှားမနေပါဘူးနော..။ ဘာဝဋ်ကြွေးမှလည်း မဟုတ်ပါဘူး..။
    သဘာဝကို ..သဘာဝအတိုင်း မြင်စေချင်ပါတယ်.။

    ဆိုတော့..
    ဝက်ကို သတ်ခါနီး နှိပ်စက်နေရင်.. ဘေးကကလေး(အသက်ငယ်သူ)တွေနဲ့..စိတ်နုသူတွေ.. စိတ်ဒဏ်ရာရတတ်တာမို့..မလုပ်ကောင်းတာတော့ အမှန်ပါ..။
    အဲဒါက..ဝက်ကြောင့်မဟုတ်ပါဘူး.။ လူ-လူချင်း စိတ်တွေပျက်ပြားမှားယွင်းစေတတ်တာကြောင့်ပါ..။
    ဘေးမှာကလေးရှိရင် မကြည့်ဖို့တိုက်တွန်းပါ..။ ကိုယ်တိုင်က စိတ်နုရင်ရှောင်သွားပါ။ ပိုလုပ်နိုင်ရင်.. ဆိုင်ရာသူတွေကို.. တရိစ္ဆာန်ကိုမနှိပ်စက်ဖို့ ပြောပါ..။ လူမြင်ကွင်း မလုပ်ကြဖို့.. တိုင်ကြားပါ..။ လက်တွေ့ကျကျလုပ်ရင်း ကုသိုလ်ယူပါ..။

    ဆိုတော့..
    “အသီးမှာသရက်..။ အသားမှာဝက်..။ အရွက်မှာလက်ဖက်၊ ပြည်မှာဗာရာ..။ မမှာ ကညာ” တဲ့..။
    ကောင်းတာလေးတွေ..သုံးဆောင်ရင်း (ဗာရာဏသီပြည်က.. ဗာရာဏသီမင်းရဲ့ လုပ်ဇတ်တွေမယုံတဲ့သူအဖြစ်နဲ့.). ခေတ်သစ်လူသားအဖြစ်ကို အကောင်းဆုံးခံစားတတ်သူဖြစ်ပါစေ..။ 😆

    အဲ..
    ရှေးစကားယုံလို့.. အသက်မပြည့်သူကို ကြံစည်မှုနဲ့..ပြသနာတက်နေဦးမယ်..။
    မိန်းမကို.. မျက်ဝန်း အရွယ်လို့ ပြင်လိုက်ပါနော..။ 🙂

  • ရာဇဝင်လူဆိုး

    November 13, 2011 at 8:45 pm

    အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်၊ အချိုမှာ ထန်းလျက်၊ အရည်မှာ အရက် (ပေါက်ဖော် တို့ အကြိုက်)။
    နောက်ကိုပုတို့ကို ထပ်အားပေးလိုက်မယ်။ ငါးမှာ ငါးသလောက် မယားမှာ အခြောက်တဲ့။

  • ပေါက်ဖော်

    November 13, 2011 at 9:12 pm

    တို ့သဂျီးတော့ အနီကတ်ထိသွားပြီ အဟဟဟ..ပျော်၏တာ….ပျော်၏တာ.. 😆
    ရာဇဝင်လူဇိုးရေ…နင့်စာချိုး..မောင်ပုက ပွိုင့်ငါးထောင်နဲ ့.ဝယ်မတဲ့..

  • ရာဇဝင်လူဆိုး

    November 13, 2011 at 9:32 pm

    ပု ကိုမရောင်းဘူး…ဖြိုးကိုရောင်းရင် ပိုဇျေးရမှာ သိနေတယ်….ရောင်းဘူး ဒါဗြဲ…

  • etone

    November 14, 2011 at 10:26 am

    ကိုချစ်ရင်ထူးရေ …. ဖတ်ပြီး စိတ်မကောင်းဖြစ်လို့ မျက်ရည်ဝဲမိပါတယ် ။
    ကျွန်မလည်း ခဏခဏ မြင်ဖူးပါတယ် ။ ဝက်တွေကို သတ်ခါနီး ထော်လာဂျီနဲ့ တင်သွားတဲ့အခါမျိုး ၊ ဆိုက်ကား ပေါ် ခြေတွေလက်တွေ ကြိုးတုတ်ပြီး တုံးလုံး သယ်သွားတဲ့ အခါမျိုးမှာ နာနာကြင်ကြင် အော်မြည်တတ်ကြတယ် အဲ့ဒီ အသံကြားလျှင် ရင်ထဲက သိပ်မကောင်းချင်တော့ဘူး ။ ကိုယ်တိုင်ဖြစ်သလို တဆစ်ဆစ်နဲ့ ရင်နာလာတယ် ။ (သဂျီးပြောသလိုဆို ကျွန်မရော ဘာအကောင်ဝင်စားပါလိမ့်… သတ်ခါနီး သတ္တဝါတွေ မြင်ရတိုင်းအဲ့ဒီလိုဖြစ်နေတတ်တယ် ။ )

    သေခါနီး ခံစားရတဲ့ ဒုက္ခကို စာနာမိလို့ …. အသားစားတာ လျော့ချနေတယ် …. 🙁 အခုတော့ အတတ်နိုင်ဆုံး ဟင်းသီးဟင်းရွက်ပဲ ရွေးစားပါတယ် ။

  • NK

    November 14, 2011 at 2:07 pm

    သား ၃ သားမစားကောင်းတဲ့…မြင်၊ရည်၊ကြား

  • ချစ်ရင်ထူး

    November 15, 2011 at 8:03 am

    ဒါဆို ကို Kai ပြောသလိုဆိုရင် စစ်ထဲဝင်တဲ့သူတိုင်း သေနတ်မှန်ပြီးသေလို့လား ? ထန်းတက်သမား တိုင်းကရော ထန်းပင်ပေါ်က ပြုတ်ကျပြီး သေလို့လား ? သူ့အတိတ်က ကုသိုလ် အကုသိုလ် ကံ တွေနဲ့အများကြီး သက်ဆိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်….

  • kyeemite

    November 15, 2011 at 3:04 pm

    သဂျီးမင်းပြောတာအပြည့်အဝထောက်ခံပါတယ်…
    ရေနွေးနဲ့ အလုပ်လုပ်တဲ့သူက.. ရေနွေးနဲ့သေနိုင်ချေပိုရှိတယ်..။
    ကားမောင်းတဲ့သူက.. ကားကြောင့်သေနိုင်ချေပိုရှိတယ်..။
    စစ်သားက စစ်တိုက်ရင်ပိုသေနိုင်ချေရှိပါတယ်..။
    လောကသဘာဝပါပဲ.. ဘာမှထူးတွေးမနေစေချင်ပါဘူး…။
    အဲဒါကြောင့်.. အာမခံဝယ်မယ်ဆို.. အာမခံဌာနတွေက.. အလုပ်အကိုင်နဲ့..နေရာဌာန သဘောကိုလိုက်ပြီး.. အာမခံပရီမီယံကြေးမြှင့်နိမ့် လုပ်တာပဲ..။
    လော့ဂျစ်အရ.. နယ်ကျွံမှားမနေပါဘူးနော..။ ဘာဝဋ်ကြွေးမှလည်း မဟုတ်ပါဘူး..။
    သဘာဝကို ..သဘာဝအတိုင်း မြင်စေချင်ပါတယ်.။
    တနေ့ကရှုတ်ရှင်တကားကြည့်လိုက်ရတယ်..ဗမာကားပါ.. ထုံးစံအတိုင်း ဝဋ်အကြောင်းပြတာပေါ့…
    ငါးသယ်မတယောက(နွဲ့နွဲ့မူ) ငါးခေါင်းတွေထုခဲ့လို့တဲ့. .ခေါင်းအသေအလဲကိုက်ပီးသေတာကိုပြသွားတယ်

    ..
    စဉ်းစားကြည့်ကြ..ငါးမျိုချင်သူတွေက..မျိုဆို့ချင်တာဘဲရှိတယ်..မသတ်ရဲပြန်ဘူးတဲ.. ဒီတော့ငါးသယ်မကိုသတ်ခိုင်းပြန်ရော.. .အော်တော်တော်လည်းတရားတဲ့လူတွေ…လူတွေ…
    ဒီကားမျိုး ငါးသယ်မနဲ့မိသားစုထိုင်ကြည့်မိရင် ဘယ်လိုခံစားရမလဲ..ကိုယ်ချင်းမစာ…
    ကျုပ်တော့အဲလိုမှိုင်းတိုက်တဲ့ကားတွေလုံးဝကန့်ကွက်တယ်…. ဘုရား…ဘုရား..လုပ်နေကြပီး
    အသားငါးကြိုက်တော့သူတို့ ထိပ်ဆုံးက.. ဝက်သားတုတ်ထိုးဆိုင်တွေကြည့်လိုက်. .ခြင်ထက်ကြီးတဲ့အကောင်မှန်သမျှ မသတ်ရဲဝူး.. လို့ပြောကြတဲ့ ကောင်မလေးတွေဘဲ.. တဝထိုင်တီးနေကြတာ.. တရားကျတယ်ဗျာ..

  • kyeemite

    November 15, 2011 at 3:19 pm

    ကျုပ်တခါက..ကွန်မန့်တခုမှာရေးဘူးပါတယ်…စိတ်တရလေခါရဲ့အဘိဓမာကို..
    လူဆိုတာကောင်းမှု့ချည်းလဲမလုပ်ဘူး..မကောင်းမှု့ချည်းလဲမလုပ်ဘူး…
    သူမလုပ်မဖြစ်တာကိုသာ..လုပ်ပါတယ်..အဲဒါကိုကောင်းမှု့လို့ပြောပြော…
    မကောင်းမှု့လို့ပြောပြော…မတတ်နိုင်ဘူး…မလုပ်မဖြစ်တာလုပ်ရမှာဘဲ..
    သက်သတ်လွတ်စါးနေသူတယောက်..တနေ့လူမသတ်ဘူးလို့
    ဘယ်သူပြောနိုင်လဲ….အခြေအနေအရ..သတ်ဘို့လိုလာရင်သတ်မှာဘဲ..မလိုအပ်သေး
    လို့မသတ်သေးတာ..တွေ့ဘူး..ကြားဘူးကြမှာပါ…

Leave a Reply