ခ်စ္ရင္ထူး IINovember 12, 20111min24215
ဒီနေ့မနက် ကျွန်တော် မြို့အပြင်ဖက်သွားတော့ လူစုစု တွေ့တာနဲ့ ရပ်ကြည့်မိပါတယ်။ ဘာများလဲ လို့ပေါ့။ မရောက်ခင်မှာပဲ အော်သံတွေကို ကြားနေရပါပြီ ဝက်အော်သံတွေပါ၊ ကျွန်တော်က ဘာလုပ်နေကြတာလဲ လို့မေးကြည့်လိုက်တော့ … ဝက်ရောင်းတာတဲ့၊ ဝက်ကို ထော်လာဂျီ ပေါ်ဘယ်လိုတင်လဲဆိုတော့ ၊ လွယ်လွယ်လေးရယ်တဲ့ ၊ ဝက်ကိုကြိုးနဲ့တုပ်ပြီး ရှေ့ကတစ်ယောက်ကဆွဲတင်၊ နောက်ကတစ်ယောက်က မတက်ရင်ရိုက်တဲ့။ ကောင်းရောဗျာ ၊ လွယ်လိုက်တဲ့နည်းလမ်း။ ကျွန်တော် စဉ်းစားကြည့်မိပါတယ် ။ ဒီလူတွေ ဝက်နေရာမှာသူတို့ဆိုရင်ဘယ်လိုလုပ်မလဲ လို့ပေါ့။ ကျွန်တော်တို့ လူတွေမှာရော အဲလို လုပ်တာမျိုးတွေမရှိဘူးထင်လို့လား။ သိပ်ရှိတာပေါ့၊ ဒါပေမယ့် လူကတော့ အသိဉာဏ်ရှိတယ်လေ ၊ အရိုက်မခံ ဘဲနဲ့ ကိုယ့်ဟာကို တက်တာပေါ့၊ ဝက်ကတော့ ဘယ်သိမလဲ လွတ်လို့လွတ်ညား ရုန်းကြည့်တာပေါ့။ ရုန်းလေ အရိုက်ခံရလေပဲ […]