ဂမ္ဘီရ ဆိုပြီးထီးဖြူဖိနပ်ပါးခဲ့တယ်

htet wayNovember 13, 20111min1092

ဂမ္ဘီရ ဆိုပြီးဖြတ်ကနဲနားထောင်
ဖြတ်လမ်းနဲ့စီးပွားဖြစ်မယ်တဲ
အောက်လင်းဓါတ်မီးကကင်းမီးကောက်တံဆိပ်
ရလိုက်လို့ကတော့သိန်းရာချီပဲတဲ့
အိန္ဒယရူပီး၁၀၀ဝတန်ရရင်တိုက်ဆောက်ကားစီးရမယ်
မောင်ကောင်းစံလင်းရှေးပိုက်ဆံရသလောက်ဝယ်ထား
ထီးတလက်နဲ့ဖိနပ်တစ်ရံအသစ်ဝယ်ပြီးလျှောက်လိုက်တာမပြောပါနဲ့တော့
ဖြတ်လမ်းစီးပွားရေးတဲ့
ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်
သူတို့ပြောတော့ဖြတ်လမ်းစီးပွားရေးတဲ့
ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်
အကျိုးအမြတ်မရခဲ့ပါဘူး
ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်
ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်
ဂမ္ဘီရမဆန်သောနေ့ရက်များပါလေ
ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်။ ……. ငွေကုန်ခဲ့တယ် အသံပြာခဲ့တယ်
…….ထီးဖြူခဲ့တယ် ဖိနပ်ပါးခဲ့တယ်.။ ။

2 comments

  • ကြောင်ကြီး

    November 14, 2011 at 11:20 am

    ဂမ္ဘီရ ဂမ္ဘီရနဲ့
    ဟန်ပြီကွထင်ပြီး
    မာန်ချီကြွမိတာ
    ခံဆီတောင်
    မရခဲ့ပါခင်ဗျာ။။။ 😥

  • Diamond Key

    November 14, 2011 at 2:22 pm

    ဪဆြာဝေးနှယ်၊ ကင်းမီးကောက်ကို အသာခေါက်ပြီး
    စထဗဝ မဟုတ်တဲ့ စဆဇည နဲ့များ မစားလိုက်ရလေသလားလေ။
    ၅ – ၁ဝ ကနေ အဘစိန်တံခိုးနဲ့ အဆ ၁ဝ လောက်တိုးခဲ့တယ်လေ။
    မောင်ကောင်းစံလင်းနောက်မလိုက်ပဲ
    ဦးစံရှားကားတွေနောက် လိုက်ခဲ့မယ်ဆိုရင်တော့
    ထီးမဖြူ ဖိနပ်မပါးပဲ
    တေးကဗျာတွေကြားမှာ
    ဆြာဝေး ပန်းကုုံးတွေ စွတ်နေမှာ မြင်ယောင်သေးတယ်။
    😀
    😀

Leave a Reply