ရန်ကုန်တက္ကသိုလ်
ကျောင်းတော်ကြီးငဲ့
လွမ်းလို့မျက်ရည်စို့နေပြီ
အခုတော့
ဂျပ်ဆင်ထိပ်ကလရိပ်ပြာနဲ့ဝေး
မာလာဆောင်ရဲ့ပုံပြင်တစ်ပုဒ်နဲ့ဝေး
စစ်ကိုင်းလမ်းမှာစောင့်နေပြီလားအချစ်ရယ်
အဓိပတိလမ်းမထက်ကခြေရာများ
အင်းလျားကန်ညခင်းပန်းချီကား
သစ်ပုတ်ပင်ကြီးရဲ့နာနာကျင်ကျင်ငိုညည်းသံ
ဘွဲ့နှင်းသဘင်ရှေ့က..မျက်ရည်စက်များ
အဆောင်သူလေးလည်းတိတ်တိတ်မျက်ရည်ဝဲလို့
တခါတုန်းကတက္ကသိုလ်
တခါတုန်းကတက္ကသိုလ်ကျောင်းတော်ကြီးလေ
တို့တွေဘယ်သီချင်းဆိုပြီလွမ်းရမလဲ
တို့တွေဘယ်အလင်းရောင်မှာရဲဝံ့ရမလဲ
တို့တွေရဲ့ မျှော်လင့်ချက်လေညင်း
တို့တွေရဲ့ ထုံမွှမ်းတဲ့ပန်းရနံ့တွေ
အို… အမိကျောင်းတော်ငဲ့
သင့်ရဲ့ အထီးကျန်ခြောက်သွေ့မူမှာ
ကျွန်ပ်တို့ရဲ့မျက်ရည်တွေစီးဝင်စိုစွတ်စေလော့..။ ။
5 comments
ပေါက်ဖော်
November 13, 2011 at 8:23 pm
အွင်း..
ရန်ကုန်တက္ကသိုလ်ကြီးထဲ.ရာဇဝင်တွေ မနဲ ပါလား..ဦးထက်ဝေး ရေ
အနော်တို ့..မတက်ဖူးပေမဲ့..ခံစားပေးလို ့ရပါ၏ဗျ
😯
ကိုရင်စည်သူ
November 13, 2011 at 8:37 pm
ငါတို့ကျောင်းတော်ကြီးကို လွမ်းတယ်… :'(
သူငယ်ချင်းအပေါင်းအသင်းများနဲ့ခွဲ….
ငါရဲ့ချစ်သူလေးကို လွမ်းတယ်…
မေ့မရပေမဲ့… သတိရနေဆဲ…
မေ့ပျောက်လို့ မရပါကွယ်…. 🙂 🙂
windtalker
November 13, 2011 at 8:41 pm
ခံစားသွားပါတယ်ဗျို ့ကိုထက်ဝေးရေ
Gipsy
November 13, 2011 at 10:48 pm
အဆောင်သူ …အဆောင်သူ… အဆောင်သူ အလွမ်းပြေ….
တစ်ကယ်လဲ လွမ်းမိပါတယ် ….။
we R one
November 14, 2011 at 12:57 pm
ကြင်နာသူတွေ ရဲ့ ကံကော်တန်း.. ခြေရာထင်ကျန်ဆဲ အဓိပဓိ လမ်း.. ရင်မှာ သံမှိုစွဲ နှလုံးအိမ်ထဲ သတိရနေမှာပါ….