Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူ့အလှူလား? ကိုယ့်ကုသိုလ်လား ?

Ma MaNovember 15, 20111min139443

သစ်မင်း က ရွာကြီးကို အလှူမဏ္ဍပ်ကြီးလို့ ခိုင်းနှိုင်းပြီးရေးလိုက်တော့ အလှူနဲ့ပတ်သက်တဲ့ အလွဲလေးတွေကိုရေးဖို့ စိတ်ကူးပေါ်လာပါတယ်။
ခုနောက်ပိုင်း ရွာထဲမှာ တကယ့်စာကြီးပေကြီးသမားတွေရဲ့ အဆင့်မြင့်စာပေတွေကိုဖတ်ပြီး အားရကျေနပ်နေမိသလို ကိုယ်တိုင်စာရေးဖို့ကိုတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဖြစ်မှာကိုစိုးရိမ်ပြီး လက်တွန့်နေမိပါရဲ့။
ဒါပေမယ့် ရေးချင်တဲ့စိတ်ကို ချိုးနှိမ်မရတာကြောင့် စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့် လုပ်တယ်လို့ပဲ သဘောထားပေးကြပါတော့။
(ဖတ်တဲ့လူတွေ ကိုယ့်တာဝန်နဲ့ ကိုယ်နော်လို့ ပြောတဲ့ ဦးပါလေရာ ရဲ့ စကားကို ခဏယူသုံးခွင့်ပြုပါ။)
ကဲ-ဇာတ်လမ်းစပါပြီ။
ဇာတ်လမ်းမှာ သူဌေးမကြီး ဒေါ်ဆွေဆွေဟာ ဆွေမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေ အစုံအလင် အများအပြား ဖိတ်ကြားပြီး အလှူကြီးတစ်ခုလုပ်ဖို့ စီစဉ်တယ်။
အလှူ့ရှင်ဒေါ်ဆွေဆွေက သူလုပ်မယ့် အလှူကြီးအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ဧည့်ခံကျွေးမွေးရေးတွေအတွက် လစ်ဟင်းမှုမရှိစေရန် အစစအရာရာ စီစဉ်ရင်း စိတ်ပင်ပန်းနေရတယ်။
စားသောက်ဖွယ်ရာတွေ ဝယ်ခြမ်းတာ၊ ပန်းကန်ခွက်ယောက်ငှားတာ၊ မုန့်မှာတာ၊ ချက်ပြုတ်ဖို့ စီစဉ်တာအားလုံး သူ့အလုပ်တွေချည်းဖြစ်တဲ့အပြင် မလောက်ငမှာကို ပူရတာကတမျိုး၊ ဧည့်ကောင်းစောင်ကောင်းတွေကို အထူးဂရုစိုက်ပြီး ပြည့်စုံအောင် ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံနိုင်ဖို့ တွေးပူရတာက တဖုံနဲ့ ဘုန်းကြီးပင့်ဖို့ကို အိမ်ဖော်မလေးမိအေးက ပြောမှပဲ သတိရပြီး ပင့်ဖိတ်ရပါတော့တယ်။
သူဌေးအလှူမို့လို့ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေကလည်း တတပ်တအား ဝိုင်းဝန်းလုပ်အားပေးဖို့ လာကြတာ များပြားလွန်းလှပါတယ်။
အလှူနေ့ကို ရောက်လာပါပြီ။
တူတော်မောင် မောင်ကောင်းကို ဘုန်းကြီးသွားပင့်ခိုင်းလိုက်ပါတယ်။ ဘုန်းကြီး ကြွလာတဲ့အခါကျတော့ တရားနာရေစက်ချပြီးမှ ဘုန်းကြီးကို ဆွမ်းကပ်၊ ပရိတ်သတ်ကို ကျွေးမွေးဖို့ စီစဉ်ထားတဲ့အတိုင်း တရားနာဖို့ လူစုကြတယ်။
တရားနာပြီးရင် ဘုန်းကြီးဆွမ်းကပ်ဖို့အတွက် စီစဉ်နေရတာမို့ အလှူ့ရှင်ဒါ်ဆွေဆွေခမျာ တရားမနာနိုင်ပါဘူး။ ရေစက်ချတော့မယ်ဆိုမှ ရေစက်ခွက်သွားကိုင်ပြီး ဆရာတော် တိုင်ပေးတာတွေကို ဘာမှန်းမသိ နှုတ်ကလိုက်ဆိုရင်း စိတ်ကတော့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်တာ ပြည့်စုံပါ့မလား၊ ဧည့်သည်တွေများ ရောက်နေပြီလား၊ ဝေယျာဝစ္စဝိုင်းလုပ်တဲ့ ရပ်ကွက်ထဲကလူတွေများ စားသောက်ဖွယ်ရာတွေ ခပ်ယူကုန်ကြမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်လာပြီး စိတ်မဖြောင့်ဖြစ်နေပါတယ်။
အဲဒါကြောင့် ရေစက်ချနေရင်းကပဲ အိမ်ရှေ့ပေါက်ကို သတိထားပြီး ကြည့်ကြည့်နေရသလို အိမ်နောက်ဖေးဘက်ကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်ရသေးတာပေ့ါ။
ဘုန်းကြီးဆွမ်းကပ်ပြီးတာနဲ့ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာပါတော့တယ်။
ဧည့်သည်တွေကို ဧည့်ခံရင်း အိမ်နောက်ဖေးက မိအေးကိုလည်း ဝိုင်းကူလုပ်တဲ့လူတွေအတွက် အားလုံးပြီးမှ ငါကြည့်ပေးမယ်လို့ မှာထားလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ စုတ်ပြတ်နုံခြာတဲ့ အဝတ်အစားနဲ့ အဖွားကြီးတစ်ယောက် လာရပ်နေပါတယ်။ အလှူအိမ်ထဲကို ကြည့်ပြီး နှုတ်ကလည်း ထမင်းကြမ်း ဟင်းကြမ်းလေးများ ပေးသနားဖို့ တောင်းခံနေပါတယ်။
ဧည့်ကောင်းစောင်ကောင်းတွေကြားထဲမှာ တောင်းရမ်းနေတဲ့သူကို စိတ်တိုမိပြီး အလှူ့ရှင်ဒေါ်ဆွေဆွေက နှင်ထုတ်လိုက်ဖို့ အိမ်ဖော်မလေးမိအေးကို ခိုင်းလိုက်ပါတယ်။
နောက်တော့ ဧည့်သည်တွေကို ဧည့်ခံရင်း မအားမလပ်တာမို့ သူတောင်းစားအဖွားကြီးကိုလည်း သတိမထားမိတော့ပါဘူး။
မျက်နှာကြီးဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံပြီး အစစအရာရာ အဆင်ပြေသွားလို့ အလှူပြီးသွားတဲ့အခါ သူဌေးမကြီးဒေါ်ဆွေဆွေဟာ သူ့အလှူ ကို ဝမ်းသာကျေနပ်ပြီး ပီတိတွေ ဖြာနေတာပေ့ါ။
အိမ်ဖော်မလေးမိအေးဟာ အိမ်ရှင်ဒေါ်ဆွေဆွေက မောင်းထုတ်ခိုင်းလိုက်ပေမယ့် ဆင်းရဲနုံခြာပြီး အသက်အရွယ်ကြီးရင့်နေတဲ့ သူတောင်းစား အဖွားကြီးကို မောင်းမထုတ်ရက်ပဲ အိမ်နောက်ဖေးဘက်ကို တိတ်တဆိတ်ခေါ်သွားပြီး ထမင်းဟင်းတွေကို အလှူ့ရှင်မသိအောင် ခိုးပြီးထည့်ပေးလိုက်ပါတယ်။
အလှူပြီးတဲ့အခါမှာ အိမ်ဖော်မလေးမိအေးကလည်း သူတောင်းစားအဖွားကြီးကို ထမင်းဟင်းတွေ ပေးလှူလိုက်ရတဲ့ ကိုယ့်ကုသိုလ် ကို ပြန်စဉ်းစားပြီး ကျေနပ်နေမိတယ်တဲ့။

အဲဒီဇာတ်လမ်းကို ကြားသိရပြီးတဲ့အခါ နဂိုကတည်းက အတွေးများသူမို့ စိတ်ထဲမှာ စဉ်းစားစရာတွေ များသွားရပါတယ်။
ကိုယ့်ပစ္စည်းနဲ့ ကိုယ်လှူတာဖြစ်ပေမယ့် သောကဗျာပါဒတွေနဲ့ ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားပြီး လှူဒါန်းတဲ့အလှူနဲ့ ကိုယ့်ပစ္စည်းမဟုတ်ပဲ သူတပါးပစ္စည်းကို ပိုင်ရှင်မသိပဲ ပေးလှူတဲ့ကုသိုလ် ဘယ်ဟာက ဘယ်လို အကျိုးတွေပေးနိုင်ပါသလဲဆိုတာကို….
အကြားအမြင် ဗဟုသုတများကြသော ရွာသူားများက ဝိုင်းဝန်းစဉ်းစားပေးကြရင်ဖြင့် ကျေးဇူးအထူးတင်မိမှာပါ။

43 comments

  • koaung

    November 15, 2011 at 7:49 pm

    မပြည့်တဲ့အိုးကို ဖြည့်တာက ပိုသဘာဝကျမယ်ထင်ပါတယ် ပိုပြီးအကျိုးဖြစ်ထွန်းမယ် ပိုပြီးဖြစ်သင့်တယ် (ကိုယ်တိုင်ကလည်း ပကာသနမပါတဲ့ အလှူမျိုးကိုပိုပြီး စိတ်သန်ပါတယ်)ဘာဘဲလှူလှူ စေတနာ သန့်ဘို့ပဲလိုတယ်လို့ ထင်မိပါကြောင်း

  • windtalker

    November 15, 2011 at 8:30 pm

    အညန်းရယ်
    ဒါလေးများ
    မောင်ပေ ဖြေပါရစေ
    အိမ်ဖော်မလေး ဟာ ထက်သန်တဲ့ သဒ္ဒါစိတ်စေတနာ နဲ ့
    သတောင်းစား အဖွားကြီးကို ကောင်းကောင်းမွန်မွန် ပေးကမ်းပေးတဲ့ အတွက်
    သူ ့ကုသိုလ်က ပိုမြတ်မှာပါ
    အလှူလုပ်ရင် စိတ်ရှင်းရှင်းထားရတယ်လို ့၊ သက်ကြီးရွယ်အိုများ ရှေးလူများ ဆုံးမ တာ ကြားဖူးပါတယ် ။
    အလှူရှင် ဒေါ်ဆွေဆွေ တော့ အလှူအတွက် အကျိုးပေးချမ်းသာ ရမှာ ဖြစ်ပေမယ့် ၊ အိမ်ဖော်မလေးလောက် အကျိုးမခံစားရလောက်ဘူးလို ့ထင်ပါကြောင်း ။

  • ပေါက်ဖော်

    November 15, 2011 at 8:40 pm

    ငရဲသတ်သတ်..ကုသိုလ်သတ်သတ် သွားမယ်ထင်တယ်.
    ဝူးဟူးတို ့..အောင်ကြူးမာစတာတို ့…လင်းကြပါဦး.
    အန်တီမမက မေ့လောက်ရှိရင်..တစ်ကြော့ပြန် ဦးနှောက်စားတယ်ခင်ဗျ

  • Shanma TUmdy

    November 15, 2011 at 8:43 pm

    ဒေါ်ဆွေခမျာ့လည်း.. ခိုးချင်လိုက်တာပြာလို့ .. လက်နှေးလိုက်တာချာလို့ ..အဲလိုဖြစ်တာနေမှာပါ .. ဟိဟိ သူစိတ်ထဲမှာ. ကုသိုလ်ရချင်ဇော. . သူ့ဂုဏ်သရေရှိဧည့်သည်တွေ ဧည့်ခံချင်ဇောနဲ့ .. အဘွားကြီးကို မောင်းထုတ်လိုက်မိတာနေမှာပါ.. 😀 😀 😀 😀 🙂

  • weiwei

    November 15, 2011 at 8:54 pm

    ကုသိုလ် အကုသိုလ်ဆိုတာ တစ်ထပ်စီ တစ်ခုစီ ဖြစ်တာ မဟုတ်လား …
    ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရတာရှိသလို … ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လောက်ပဲရတာလဲ ရှိပါတယ် …
    အလှူပြုတဲ့အခါမှာ …
    ၁။ အလှူခံပုဂ္ဂိုလ်က စင်ကြယ်ရင်
    ၂။ အလှူပေးမည့်ပစ္စည်းက သန့်ရှင်းရင် (သမာအာဇီဝဖြင့် ရှာထားသောပစ္စည်း)
    ၃။ လှူဒါန်းသူက အကျင့်သီလကောင်းရင်
    အကျိုးကောင်းကောင်းပေးတတ်တယ်ဆိုတော့ကာ …..
    အိမ်ဖော်ကောင်မလေးမှာက …
    အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ သူတောင်းစားမကြီးက သီလရှိမရှိ မသေချာ (မရှိဖို့များ)
    လှူဒါန်းသည့်ပစ္စည်းက သူများပစ္စည်း …
    လှူဒါန်းလိုက်သည့်စိတ်ဓါတ်နဲ့ သဒ္ဓါတရားကတော့ ကောင်းသည့်အတွက် အကျိုးတော့ပေးမယ် … ဒါပေမယ့် အပြည့်အဝတော့ မဟုတ်နိုင်ပါဘူး … တကယ်လို့ သူလှူတုန်းက ဉာဏ်လေးနဲ့ယှဉ်ပြီး ရုပ်နဲ့နာမ်ပဲလို့ နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ အကျိုးရှိမှာ သေချာပါတယ် …

    သူဌေးမကြီးကတော့ စိတ်ထဲစိုးရိမ်ပူပန်နေလို့ လက်ငင်းမှာ စိတ်ကောင်းနှလုံးကောင်းမထားနိုင်ပေမယ့် သူ့အလှူကိုတွေးပြီး ပြန်လည်စိတ်ကူးကာ ကုသိုလ်ယူမယ်ဆိုရင် ပြန်ရနိုင်ပါသေးတယ် … သူ့အလှူအတွက် အတိုင်းအတာတစ်ခုအထိတော့ ပီတိဖြစ်နေပြီး အကျိုးရှိမှာပါ ..

    သူတို့ ၂ ယောက်မှာ နှိုင်းယှဉ်ရခက်ပေမယ့် သူတို့လုပ်တဲ့ ကုသိုလ်ကံနဲ့ ထိုက်တန်ရာကို ရမှာသေချာပါတယ် …

    • MaMa

      November 15, 2011 at 9:45 pm

      @koaung ပြောသလိုပဲ ပကာသနမမက်ပဲ သဘာဝကျကျ အားနည်းသူကို ဖေးကူတာက ပိုအကျိုးရှိမှာပါ။
      @မောင်ပေရေ- အလှူပစ္စည်းက မစင်ကြယ်တာ (သူများပစ္စည်း ဖြစ်နေတာ) ကို စိတ်ထဲမရှင်းလို့ ဒီစာကို ရေးဖြစ်သွားတာပါ။ 🙁
      (ဒါထက် စကားမစပ် “အညန်း” ဆိုတာ ဘာကို ခေါ်တာလဲ။ တကယ်မသိလို့ပါ။)
      @ပေါက်ဖော် ခေါ်တဲ့ စစ်ကူတွေဖြစ်တဲ့ ဝူးဟူးတို ့..အောင်ကြူးမာစတာတို ့ရေ ကူပါဦး။ အန်တီမမက ရွာထဲမှာ မေ့ပျောက်သွားမှာစိုးလို့ တစ်ချက်လောက် အသံပေးတာပါ။ တစ်ကျော့ပြန် ဦးဏှောက်စားခြင်း မဟုတ်ပါ။ 😛
      @Shanma TUmdy ရေ ဒေါ်ဆွေဆွေ ဗျာများနေပုံကတော့ ကုသိုလ်လုပ်တာကိုတောင် စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်လောက်အောင်မို့ အကျိုးပေးမသန်မှာကို စိုးရိမ်မိပါရဲ့။ 🙁
      @weiwei ရေ- သူတို့၂ယောက်စလုံး မတူတဲ့ ကုသိုလ်တွေ ရမယ်လို့ ကျိုးကြောင်းပြ ရှင်းပေးထားလို့ ကျေးဇူးပါ။ 🙂
      ကုသိုလ်ပြုရာမှာ အကုသိုလ်ပါ ယှဉ်နေလို့ စင်ကြယ်အောင် ဘယ်လို ဆင်ခြင်သင့်သလဲ၊ ဘာတွေကို ရှောင်သင့်သလဲ၊ ဆောင်သင့်သလဲဆိုတာတွေကို စဉ်းစားရင်း ပေါ်လာတဲ့ စိတ်ကူးလေးပါ။ ကော်မန့်များနဲ့ ဝိုင်းဝန်းစဉ်းစား အဖြေရှာပေးကြလို့ ကျေးဇူးတင်ပါတယ်။ 😀

      • windtalker

        November 16, 2011 at 7:25 pm

        အညန်းဆိုတာ တရုတ်လို အဒေါ်လို ့လေးလေးစားစား နဲ ့ခေါ်လိုက်တာပါ

        • MaMa

          November 16, 2011 at 11:02 pm

          ဒီလို လူကြီးကို လေးစားတဲ့ မောင်ပေ ပြောလို့ အညန်းဆိုတာကို ခုမှပဲ သိတော့တယ်။ မှတ်သားထားပါ့မယ်လို့….. 😀

  • pooch

    November 15, 2011 at 9:21 pm

    ဆရာတော် ဦးဗုဓ်က မယ်နုကို သူ့ကျောင်းအလှူနဲ့ ပတ်သတ်ပြီး ဘယ်လိုကုသိုလ်ရမလဲလို့မေးတော့
    ဆရာတော် က သူ့ကို ရွှေဖလားနဲ့ ရေတခွက်ခပ်အပြည့်ခပ်ခိုင်းတယ်..ပြီးတော့ အကြွင်းအကျန်မရှိ ကုန်အောင်သွန်ခိုင်းတယ် …

    ပြီးတော့မှ ပြောတယ် အခုသွန်ပစ်လိုက်တဲ့ရေက လှူလို့ ကုန်သွားတဲ့ ပစ္စည်းနဲ့တူတယ်
    ဖလားထဲမှာ ကပ်ကျန်ရစ်နေတဲ့ရေကတော့ ကိုယ်ရလိုက်တဲ့ ကုသိုလ်အကျိုးနဲ့ တူတယ်လို့ မိန့်တယ်…

    ဒေါ်ဆွေဆွေရတာကတော့ ကပ်ကျန်နေတဲ့ကုသိုလ်နဲ့တူပြီး
    အိမ်ဖော်လေးကတော့ ဖလားအပြည့်နဲ့ကုသိုလ်နဲ့ တူသလား ထင်မိပါတယ်..

    အဓိကကတော့ စိတ်သန့်ရှင်းစင်ကြယ်ဖို့လို့ ထင်ပါတယ်… သူများကလည်း လှူနေတာပဲဆိုတော့ သူယူလှူပေးလိုက်တာကလည်း မကောင်းတဲ့စိတ်နဲ့မှ မဟုတ်တာ….လှူတာပဲလေ

  • parlayar46

    November 16, 2011 at 12:15 am

    ဒါမျိုးများဖတ်ရရင် ဦးပါလေရာတို့ ဇာတိပြပြီ
    သူများတွေအကျိုးသင့်အကြာင်းသင့် ဝေဝေဆာဆာလေးမန်းကြပါစေဦး တရက်လောက်အလိုက်တသိ စောင့်လိုက်ဦးမယ်လို့ တွေးပြီးအောင့်ထားကြည့်တာ မနေနိုင်ပြန်ဘူး။ အိပ်မပျော်လို့ သန်းကောင်ကျော်ကြီး ထမန်းလိုက်ပါတယ်။
    ကျုပ်ကတော့ ကို်ယ်ထင်တာ ဇွတ်ပြောတတ်သူနော်….

    ဒီပိုစ့်ထဲက ဒေါ်ဆွေဆွေကိုတော့ မဝေဖန်တော့ပါဘူး၊ တကယ့်လက်တွေ့မှာလဲ ဒါမျိုးအဖြစ်များပါတယ်။

    အိမ်ဖေါ်မလေးမိအေးရဲ့လုပ်ရပ်ကို တစွန်းတစလောက်ပဲ ကွက် ပြီးသုံးသပ်ကြည့်မယ်
    မိအေးရဲ့စိတ် –
    သူက သူလုပ်ချင်တာကိုလုပ်လိုက်တာ။ သူတောင်းစားအဖွားကြီးကို သနားလို့ အစားအစာရစေချင်လို့ (ပေးချင်တာမဟုတ်ဘူးနော်)
    နောက်မှအိမ်ရှင်ဆူရင်လဲဆူပစေဆိုတဲ့စိတ်နဲ့ စားစရာတွေပေးလိုက်တာ တွေ့ရတယ်။

    လုပ်ချင်-က =သဒ္ဒါ
    သနား-က = ဂရုဏာ
    အစားအစာရစေချင်-က =မေတ္တာ
    နောက်မှအိမ်ရှင်ဆူရင်လဲဆူပစေဆိုတဲ့စိတ်-က =ဝီရိယ(ရဲရင့်တာ)
    စားစရာတွေပေးလိုက်-က =အပေါ်ကစိတ်တွေကိုစုရုံးဦးစီးတဲ့ စေတနာ
    သူတောင်းစား(လက်ငင်းအစားအစာလိုတဲ့သူ)ကို အစားအစာပေးတာ-က= ကာလဒါန
    ကိုယ်ကျိုးမငဲ့ + ကိုု်ယ်ကျိုးမမျှော်ပဲပေး(လှူ)လိုက်လို့ = အမြတ်စား

    စုချုပ်လိုက်ရင် သူတော်ကောင်းစိတ်နဲ့လှူတဲ့ သပ္ပူရိသ ကာလ ဒါန အမြတ်စား ဖြစ်ပါတယ်။

    စောဒကတက်စရာက သူ့ဟာမဟုတ်ပဲလှူတာ

    ဒါပေမယ့် အဲဒါက အလှူလုပ်နေတုန်းလေ
    အဲဒီမှာရှိနေတဲ့ စားစရာတွေက လှူမယ့်ဟာလို့ ပိုင်ရှင်က ခေါင်းစဉ်တပ်ထားတာမဟုတ်လား
    အိမ်ဖေါ်လုပ်တာက အလှူခံ ပြောင်းပေးလိုက်တာပဲရှိတာ
    ပေးတာကလဲ လက်ရှိလှူနေတဲ့ စားစရာလေ (တီဗွီကြီး ဖြုတ်ပေးလိုက်တာမဟုတ်)
    ပိုင်ရှင်ကမောင်းထုတ်ခိုင်းတာက သူတောင်းစားကိုမပေးချင်လို့ထက်
    သူ့အလှူ မျက်နှာပျက်မှာစိုးလို့ သာဖြစ်နိုင်ပါတယ်။ တကယ့်လက်တွေ့ အပြင်မှာလဲ အဲသလိုတွေပဲ များပါတယ်။
    အဲဒါကြောင့်တော့ သူတောင်းစားကို စားစရာပေးဘို့ အလှူရှင်က သဘောမတူဘူးလို့ မယူနိုင်ပါဘူး။
    အလှူလိုဟာမျိုးမှာ အိမ်ဖေါ်လို အတွင်းလူမပြောနဲ့ အပြင်ကလာကူတဲ့သူတွေတောင် (အခကြေးငွေယူပြီးကူရင်တောင်) ကောင်းမယ်ထင်သလိုလုပ်ခွင့် အသင့်အတင့်ရှိပါတယ်။

    အဲဒါဆိုရင်တော့ ဒီပိုစ့်နဲ့ပတ်သက်လို့ ပြောချင်တာ ကုန်ပါပြီ။
    ……………………………………………………..
    ဒါပေမယ့် နဲနဲ စကားကြောရှည်ချင်သေးတယ်။

    လောကမယ် – သူ့ဟာ ကိုယ့်ဟာ ပိုင်ဆိုင်တာ ဆိုတာတွေက သမုတိသဘောပါ
    သမုတိဆိုတော့ သမုတ်ထားတာ – ပကတိသဘောမဟုတ်ပဲ သတ်မှတ်ထားတဲ့သဘော
    သတ်မှတ်ထားတာဆိုတော့ ကာလ ဒေသ ပယောဂ အလိုက် ပြောင်းနိုင်တယ်ပေါ့။

    ဥပမာ- ထိုင်းမှာ ရေကြီးတော့ အစိုးရက အစားအစာတွေ လှောင်မထားပဲ ထုတ်ရောင်းခိုင်းတယ်(၂၀၁၁)
    အိန္ဒိယမှာ ပဲဈေးတက် (ပဲရှား၊ပစ္စည်းပြတ်)တော့ အစိုးရက ပဲတွေလှောင်မထားပဲ ထုတ်ရောင်းခိုင်းတယ်(၂၀၀၈-၂၀၀၉)
    တွေ့လား – သမုတိ ပျက်သွားပြီ။ တမျိုးတမည်ဖြစ်သွားပြီ။

    သူများတော့မတိုက်တွန်းပေမယ့် ကျုပ်ကတော့ အိမ်ဖော်လေးမိအေးလို နဲနဲပါးပါးမှားရင်လဲ ကိုယ့်ဟာကိုယ် စိတ်ရှင်းပါသဗျာ။
    (အဲဒါကြောင့် ဂွစာတွေ အပါယ်ကျတာများတာ..) 🙁

  • အီးတီ

    November 16, 2011 at 4:10 am

    ကျွန်တော်တော့ ဆွေမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေ အစုံအလင် အများအပြား ဖိတ်ကြားပြီး လုပ်တဲ့အလှူထက် မရှိဆင်းရဲသားတွေ၊ ပညာမသင်နိုင်တဲ့လူတွေ၊ ကျန်မာရေးမကောင်းလို ့ဒုက္ခရောက်နေတဲ့လူတွေ အစရှိတဲ့ လူတွေကို လှူရတာပိုကြိုက်တယ်ဗျ။ မန်းဂေဇက် forum ထဲက suggestion box ထဲမှာ “အလှူအတန်းစိတ်ဝင်စားသော ရွာသားများအကြံပေးပါ” ဆိုတာ အကောင်အထည်ဖော် ဖြစ်လား မမ။ မမတို ့အဖွဲ ့ကအပြင်မှာ အင်အားတောင့်တယ်လို ့ကြားတယ်။ သူကြီးပြောသလို ဒီဇင်ဘာမှာ member တွေဆုံဖြစ်ကြရင် မမတို ့အဖွဲ ့ဦးဆောင်ပြီး လုပ်ကြည့်ပါလား။

    • MaMa

      November 16, 2011 at 6:43 am

      @pooch ပေးတဲ့ ဥပမာလေးက ရှင်းလင်းပြီး သိလွယ်လို့ ကျေးဇူးပါပဲ။
      @ ဦးပါလေရာရဲ့ စကားယူသုံးထားမိတယ်။ (မူပိုင်ခွင့် ပေးရမှာစိုးလို့ ကြိုတင်တောင်းပန်ထားတာ။ 😀 ) ကုသိုလ်ပြုရာမှာ အကုသိုလ်တွေလည်း တပြုံတမကြီး ပါလာတတ်တာကို သတိပြုမိလာလို့ပါ။ သူ့ပစ္စည်းမဟုတ်ပဲလှူတာကို သံသယဖြစ်နေတာ ဦးပါလေရာဆီက (သန်းကောင်ကျော်ကြီး ထမန်းပေးတဲ့) အဖြေကိုရလို့ ကျေနပ်သွားပါတယ်။
      @အီးတီ ပြောသလိုပဲ- တကယ်လိုအပ်နေတဲ့နေရာတွေမှာ လှူရတာ ပိုပြီးအကျိုးများစေနိုင်ပါတယ်။ အဲဒါကြောင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်လို လှူရင်ရတယ်လို့ အကျိုးမျှော်ပြီး လှူတာထက် အလှူခံပုဂ္ဂိုလ် ချမ်းသာရေးကို ပဓာနထားပြီး ပေးလှူတဲ့ အလှူမျိုး ဖြစ်စေချင်တဲ့ စေတနာပါ။
      ရွာထဲကလူတွေ စိတ်တူကိုယ်တူနဲ့ စုပေါင်းပြီး အလှူ မလုပ်ဖြစ်သေးပါဘူး။ ကျမတို့အဖွဲ့က အပြင်မှာ အင်အားတောင့်တာ မဟုတ်ပါဘူး။ နီးစပ်ရာ ရွာသူားတွေ တတ်နိုင်သလောက် စုစည်းနေတာပါ။ ရွာထဲမှာ ခင်မင်ကြသလို အပြင်မှာလည်း စိတ်ရင်းနဲ့ ရင်းရင်းနှီးနှီး ခင်မင်ကြရအောင် ကြိုးစားနေတာပါ။ ရွာသူား အားလုံးလည်း ပါဝင်စေချင်ပါတယ်။ နောက်ပြီး ရန်ကုန်မှာရှိတဲ့လူတွေ စုဖြစ်သလို မန်းလေးမှာလည်း စုကြ၊ တရွာတကျီဆောက်ဆိုသလို သူ့မြို့ ကိုယ့်မြို့( အပြင်ကလူတွေလည်း ပြန်) ရောက်ခဲ့ကြရင် တွေ့ဆုံကြရရင် ရွာ့စည်းလုံးရေးညီညွတ်ရေးကို တဒေါင့်တနေရာက ကူညီသလို ဖြစ်မယ် ထင်မိပါတယ်။
      တကယ့် မော်ဒရိတ်တာက ရွာတော်ရှင်ဆူးပါ။

  • ဆူး

    November 16, 2011 at 9:46 am

    ဒေါ်ဆွေဆွေ နဲ့ အိမ်ဖော်မလေး..
    အိမ်ဖော်မလေး အဲလို လုပ်တာ ဒေါ်ဆွေဆွေ သိသွားတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ..
    အိမ်ဖော်မလေးက ကျမ စားမဲ့အထဲက လှူတာပါဆိုရင်တော့ ပြီးပြီပေါ့။ အဲလိုမှ မဟုတ်ပဲ သူစိတ်ထဲမှာ ပြန်လည်း မပြောရဲ စိုးတထိတ်ထိတ်များ ရှိခဲ့ရင်… အိမ်ရှင်မသိအောင် ခိုးလုပ်ရတယ် ဆိုတဲ့ စိတ်က ကြီးစိုးသွားမယ် ဆိုရင် ကောသလ မိဖုရားကြီး အိမ်သာတက်တဲ့ ကိစ္စကို သတိရပြီး သေသွားတော့ ရရက် အကုသိုလ် ခံသွားရတယ်။ ကုသိုလ်က ကုသိုလ်ပါ အကုသိုလ် က အကုသိုလ်ပါ သူ့အကန့်နဲ့ သူ ရှိပါတယ်။ အကုသိုလ် အကျိုးမပေးနိုင်အောင် ကုသိုလ် အားကြီးအောင်သာ လုပ်ကြတာပါ။

    ကုသိုလ်တော့ ကုသိုလ်ပဲ.. အစွန်းအထင်းကင်းတဲ့ ကုသိုလ် မဟုတ်ကြောင်း ဝင်ရောက် ဖြည့်စွက်လိုက်ပါသည်။

  • “ဘီလူးကြီး”ogre

    November 16, 2011 at 9:49 am

    အဟမ်းး..အဟမ်းး
    ဟုတ်ကဲ ပါ ဘာပဲလှူလှူပါခင်ဗျ
    စေတနာ သုံးတန် ပြတ်သား ပြီး
    မလှူခင် လှူဆဲ လှူပြီး သောပီတိသောမနသ များနဲ့ လှူဒါန်းကျမယ် ဆိုရင်ဖြင့်…
    (အလှူခံမဏ္ဍပ် မှ လေသံဖြင့်) 🙂

  • ကြောင်ကြီး

    November 16, 2011 at 12:48 pm

    သူ့ဟာ ကိုယ့်ဟာ လုပ်မနေနဲ့ အန်တီမမ။ လောကမှ အကြောင်းအကျိုး အကောင်းအဆိုး နှစ်မျိုးပဲရှိတယ်။ အဲဒီနှစ်မျိုးစလုံးဟာလည်း မနောကံကနေ စတာ။ သူဌေးမကြီးကတော့ရှင်းတယ် သူနဲ့ထိုက်သလောက် ကုသိုလ်၊ အကုသိုလ်ရမယ်။ ဒါနကုသိုလ် ရမယ်။ တရားနာတဲ့ ကုသိုလ်ရမယ်။ ကုသိုလ်တော့ သိပ်ရမယ်မထင်။ စိတ်သိပ်များနေတာကိုး။။ သူကျွေးတာလာစားခဲ့သူများ ဆီကနေ သံသရာ ဘဝတခုခုမှာ ပြန်စားရမယ်၊ နီးစပ်ပတ်သက်မှုရှိမယ်။ အဖွားကြီးကို ဒေါကီးမိလို့ အကုသိုလ်အကျိုးဆက် ဖြစ်မယ်၊ အဖွားကြီးနဲ့ သံသရာတကွေ့ပြန်တွေ့ရင် ရင်နှီးကျွမ်းဝင်မှု မရှိနိုင်ဘူး။ တန်ပြန်အလုပ်ခံရမဲ့ကိန်းရှိတယ်။ ဒါမှမဟုတ် အကောင်းရော အဆိုးပါ ကိုယ့်ကို သူလုပ်ခဲ့လို့ ပြန်လုပ်မိတာလို့လည်း တွေးနိုင်တယ်။ ပဋိစသမုပ္ပဆိုတာ အဲဒါပဲ။ လုပ်ပြီးရင် ပြန်ခံကြေး။ အစ အဆုံးမရှိဘူး။
    ကောင်မလေးကတော့ သူ့လုပ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးချပေးခဲ့တယ်။ အလှူပစ္စည်း ဖြစ်ကထဲက အခွင့်မရလည်း အပြစ်မဖြစ်နိုင်ဘူးထင်တယ်။ ကုသိုလ်အကြီးကြီးရမှာပေါ့၊ သူ့မှာ ကိုယ်ကျိုးစီးပွားပါနေရင် တမျိုးလေ။ ဥပမာ လာတောင်းသူက ကိုယ်ဆွေမျိုးသားခြင်း။ ကောင်မလေးကုသိုလ်နဲ့အတူ အဖွားကြီးပါ ကန့်လန့်ကန့်လန့် လိုက်ပါမယ်။ အကျိုးပေးတဲ့အချိန်မှာ ကောင်မလေးကို အဖွားကြီးက မှီခိုရမယ်၊ သို့မဟုတ် လွန်ဆန်လို့မရဘူး။ (ဥပမာ အရာရှိဖြစ်ပေမဲ့ လက်အောက်ကလူကို အရိပ်ကြည့်နေရတာမျိုး) ဘာလို့လည်းဆိုတော့ ကောင်မလေးက အဖွားကြီးထက် ပို စိတ်ထားမြတ်ခဲ့တာကိုး။ ကြောင်းကျိုးစပ်ဆက်မှု သဘောအရ အဖွားကြီးတုန်းကလိုပဲ အိမ်ဖော်မလေးလည်း ကိုယ့်ကိုအတိတ်မှာ သူ ကောင်းခဲ့လို့ ကိုယ်ကပြန်ကောင်းတာ။ သံသရာမှာ ထပ်တွေ့ရင် သူကကိုယ့်အပေါ် အလားတူ ပြန်ကောင်းလိမ့်မယ်။ အဲဒီအတိုင်း တသံသရာလုံး မပြောင်းလဲဘဲ ရှိမယ်လည်း မယူဆနဲ့။ ကိုယ်လုပ်ပေးခဲ့တာထက် ပိုပြီးအားကောင်းတဲ့ အကြောင်းတခုခု တိုက်ဆိုင်လာရင် အခြေအနေ ပြောင်းလဲသွားမယ်။ ဒါနဲ့ပဲ ချစ်လိုက် မုန်းလိုက်၊ ကောင်းလိုက် ဆိုးလိုက် သံသရာလည်တယ်။ ပြန်ချုပ်လိုက်ရင် ကောင်မလေးက အရင်းမစိုက် လှေထိုးလိုက်ပြီး အရမ်းကြီးပွားသွားတယ်၊ အဖွားကြီးကတော့ လှေရော၊ ကုန်ပါစိုက်ပြီး အကျိုးကျေးဇူးသိပ် မခံစားရဘူးလို့ ပြောနိုင်မယ်ထင်တယ်။

    • MaMa

      November 16, 2011 at 2:31 pm

      @ဆူးရေ- အိမ်ရှင်သာသိသွားရင် သူတို့ နှစ်ယောက်စလုံး အကုသိုလ်တွေ အများကြီး ပွားသွားမယ်ထင်တယ်။ 🙁
      @ဘီလူးကြီးကိုတော့ ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်မှ။ အလှူခံမဏ္ဍပ် ထိုင်နေကျ ထင်တယ်။ 😛
      @ ကြောင်ကြီးရေ- မာစတာ ဟာ မာစတာပါပဲ။ 😀
      ရရှိနိုင်တဲ့ အကျိုးအပြစ်တွေကို ပဋိစသမုပ္ပနဲ့ကို ရှင်းပြလိုက်တာကိုး။ (ကောင်မလေးကုသိုလ်နဲ့အတူ အဖွားကြီးပါ ကန့်လန့်ကန့်လန့် လိုက်ပါမယ်။ အကျိုးပေးတဲ့အချိန်မှာ ကောင်မလေးကို အဖွားကြီးက မှီခိုရမယ်၊ သို့မဟုတ် လွန်ဆန်လို့မရဘူး။) ဆိုတဲ့ အကျိုးပြချက်ကို တော်တော် သဘောကျတယ်။ ဦးပါလေရာရော၊ ကြောင်ကြီးရော မန့်တဲ့ အလှူပစ္စည်းကိစ္စကိုတော့
      စိတ်သိပ်မကျေနပ်သေးဘူး။ လောကမှ အကြောင်းအကျိုး အကောင်းအဆိုး နှစ်မျိုးပဲရှိတယ်ဆိုရင် အဲဒါက အဆိုးဘက်ကို သွားလိမ့်မယ်ထင်ပါတယ်။

  • မိုးချမ်းမြေ့

    November 16, 2011 at 2:08 pm

    ဆိုင်မဆိုင်တော့မသုံးသပ်ရသေးဘူး။ Ma Ma ရဲ့ပို့(စ်)လေးကို ဖတ်လိုက်ရတော့ တစ်ခုသတိရမိတာလေးရှိ
    လို့ဝင်ပြောမိတာနော်။ တစ်ခါတုန်းက အဖွားကြီးတစ်ယောက်က သူသေခါနီးအချိန်မှာ သားသမီးဖြစ်သူတွေ
    က သူ့အနားမှာဝိုင်းပြီးရှိနေကြတုန်း သူကပြောပါတယ်…..ဘယ်သူမှငါ့ကိုကြည့်မနေကြနဲ့…ငါမှာရှိတဲ့ပစ္စည်း
    တွေကို နင်တို့ကို ဘယ်သူ့မှပေးမှာမဟုတ်ဘူး….သေတဲ့အခါ ငါ့နောက်ပါမယ့်အခြေအနေမျိုးဖြစ်အောင် ဘု
    ရားမှာပဲ ရှိသမျှတွေကိုလှူလိုက်တော့မယ်…အဲ့ဒီဒါနကမှ ငါ့နောက်ပါမှာတဲ့။ ကဲ..စဉ်းစားကြည့်ကြပေါ့ဗျာ…
    ကိုယ့်ရဲ့သားသမီးတွေကို ပေးကန်းတာကရော ဒါနမဟုတ်ဘူးလား..။ ဘုရားမှာလှူမှ ဒါနစစ်ဖြစ်တာလား…။
    လက်ငင်းအကျိုးကျေးဇူးတွေကိုပြန်သုံးသပ်ကြည့်ရင်…ကိုယ့်ကို ပြုစုပေးနေတဲ့ သားသမီးဆွေမျိုးညာတကာ
    တွေကို ပေးလှူလိုက်မယ်ဆိုရင်…မသေခင်အားရပါးရသေလို့ရအောင် သားသမီးတွေက အားရပါးရထပ်ပြီး ပြုစုကြမှာလေ။ သိုက်သိုက်ဝန်းဝန်းနဲ့ဆိုတော့ သေခါနီး ပျော်စရာတောင်ကောင်းသေး။
    အဲ့ဒီလိုမှမဟုတ်ပဲ…နင်တို့ကိုမပေးပဲ ဘုရားသွားလှူလိုက်မယ်…ဆိုတော့….ဒါဆိုလည်း ငါတို့ကဘာလုပ်
    ပေးစရာလိုတော့လည်း…သူ့ဘုရားကသူ့ကိုလာပြုစုလိုက်ဆိုပြီး ပစ်ထားမယ့် သားသမီးမျိုးနဲ့ကြုံကြရရင်
    ကိုယ်ကျိုးနည်းရချည့်ရဲ့ မဟုတ်လား။ ဒါန…ဒါနနဲ့ အသိမှား၊ အမြင်မှားတဲ့ ဒါနဆိုရင်တော့…အင်း……။

  • blackchaw

    November 16, 2011 at 3:13 pm

    ခေါင်းတောင်တော်တော် စားသွားတယ်ဗျာ။
    သူများဟာနဲ့ လှူပေမယ့် အိမ်ဖေါ်မလေးကလုပ်လိုက်တာက ကုသိုလ်ပါ။
    မောင်းထုတ်ခိုင်းတဲ့ ဒေါ်ဆွေဆွေက ပိုင်ရှင်ဆိုပေမယ့် သူလုပ်လိုက်တာ အကုသိုလ်ပါ။
    ကုသိုလ်ပြုသူနဲ့ အကုသိုလ်ပြုသူလို့ပဲ ခွဲခြားတတ်ပါတယ် မမရေ။

  • etone

    November 16, 2011 at 3:46 pm

    အလှူတော့ အလှူပေမယ့် … စေတနာအလျှောက်လှူတာမျိုးမဟုတ်ပဲ ထင်ပေါ် ကျော်ကြားမှု ၊ ဩဇာ အရ ှိန်ဝါ ကြီးရင့်မှုတွေကို မက်မောလို့ လှူတယ်ဆိုတာ … ထင်ရှားပါတယ် ။ အလှူဆိုတာမျိုးက ဖိတ်လို့ လာတဲ့ ဧည့်သည်ရှိသလို ၊ မဖိတ်ပဲ လာတဲ့ ဧည့်သည်လည်းရှိတယ် …. လာတဲ့ လူတိုင်းကို ကျွေးသင့်တာပါ … ။ အလှူတစ်ခုက နည်းသည် ၊များသည်မဟုတ်ပဲနဲ့ လှူလိုက်သူရဲ့ စေတနာ သဒါ္ဓတရားနဲ့လည်း ဆိုင်ပါတယ် … အဲ့ဒါကို နားမလည်ပဲ လှူနေလို့ကတော့ ဘယ်လောက် လှူလှူ အကျိုးရှိဘူးလို့ထင်ပါတယ် ။

    ကျွန်မတို့အိမ်မှာ အလှူလုပ်တုန်းက မဖိတ်ပဲ ဝင်စားတဲ့ မိသားစုတစ်ခုရှိတယ် … အဝတ်စား ခပ်နွမ်းနွမ်းနဲ့ရယ် … ကိုယ်တွေလည်း ကြောင်သွားတာပေါ့နော် …. ဒါပေမယ့် ဒီအတိုင်းလေးပဲ ကြည့်နေလိုက်ပါတယ် … စားနိုင်သလောက်စားပါစေဆိုပြီး …( သတိတော့ထားရတယ် … ဖိနပ်ပျောက်မှာ စိုးလို့ ) …သူတို့ကလည်း အေးဆေး စားပြီး အေးဆေးပြန်သွားတယ် … သူတို့စီးလာတဲ့ ဖိနပ်လေးတွေပဲ ပြန်စွပ်သွားကြတယ် … အဲ့ဒီအခါမှ တွေးပြီး ကိုယ့်ကိုယ်ကို ရှက်မိတယ် … အလှူမို့လို့ ဝင်စားတဲ့ လူကို ဖိနပ်များ လဲစီးသွားမလား စိုးရိမ်မိတဲ့ ကျွန်မအဖြစ် ဘယ်လောက် သိမ်ဖျင်းလိုက်ပါလိမ့်လို့လေ … ။ တကယ်တမ်း ဖိနပ်လဲစီးသွားဦးတော့ … ကျွန်မတို့ အိမ်သားတွေ ဖိနပ်တစ်ရံမှ မပါတာကို … သူများ ပစ္စည်း အချောင်ပူပေးတဲ့ အဖြစ်လေ … ။ 🙂

  • kai

    November 16, 2011 at 4:12 pm

    လက်တွေ့ကျကျပေါ့နော…
    ဟောလိဝုဒ်က.. မင်းသားတယောက်အိမ်ရောက်ဖူးတယ်..။
    မင်းသားက.. ခရီးချည်းထွက်… အိမ်တွေလည်းများတော့.. မရှိ(မနေ)တာများပါတယ်..။
    အဲဒီတေ့ာ.. အိမ်ဖေါ်အေဂျင်စီက..အိမ်ဖေါ်တယောက်ငှားပြီး.. အလုပ်ခန့်ထားတာပေါ့..
    တအိမ်လုံးကို.. ယုံကြည်လို့အပ်နှံထားတာပါ…။

    တကယ်ကတော့.. ပိုင်ရှင်မသိအောင် ယူသုံးစွဲတာက ခိုးတာပဲ..။
    ယုံကြည်လို့အပ်နှံထားတာကို ခိုးရင် ပိုအပြစ်ကြီးတယ်..။

    ဆိုတော့.
    အလှူပွဲလာတဲ့ သူတွေဖက်ကကြည့်ပါ..။
    စုတ်ပြတ်နုံခြာတဲ့ အဝတ်အစားနဲ့ အဖွားကြီးတယောက်..အိမ်ရှေ့လာတောင်းတယ်..။
    အိမ်ဖေါ်က.. အိမ်ရှင်ပြောတဲ့အတိုင်းမလုပ်ပဲ.. အိမ်ထဲခိုးသွင်းလိုက်တယ်..။
    မြင်မိတဲ့….ကျုပ်သာဆိုရင်တော့ တော်တော်စိတ်ပျက်မိမှာပဲ..။
    ဘယ်နှယ်..
    မသန့်မပြန့်နဲ့.. ဘာရောဂါတွေရှိမှန်းမသိ.. အဲဒီလိုလူတောင်.. အိမ်ဖေါ်က ခေါ်သွင်းနေတော့ကာ…
    မတော်..အကျွေးအမွေးမှာ.. ဖုပွိုင်ဇင်ဖြစ်ရင်.. အဲဒီအိမ်ဖေါ်အရင်ဆုံး ဆွဲစိပြီး.. မေးရမှာပါ..။
    လူမှုဆက်ဆံရေးရဲ့.. ထုံးစံဥပဒေတွေကို.. ချိုးဖေါက်နေတဲ့..ဒီအဖြစ်မှာ..
    ကုသိုလ်ရတာ..မရတာတွေဘေးချိပ်..

    အဲဒီလိုအိမ်ဖေါ်မျိုး အလုပ်ထုတ်သင့်ကြောင်း.. ပြောလိုပါတယ်ခင်ဗျား.. 😆

    • Moe Z

      November 16, 2011 at 4:22 pm

      သဂျီးးးးးးးးးးးးးးးးးးးးးးး
      ဘာမှမဟုတ်ဘူး နေကောင်းလားလို့ 😀 😀

    • ပေါက်ဖော်

      November 16, 2011 at 4:24 pm

      ဝုတ်ဒယ်..ဝုတ်ဒယ်..
      ဘယ့်နှယ်.ခိုင်းရင် ခိုင်းတဲ့အတိုင်း မလုပ်ဘူး….ဖြုတ်ပလိုက်
      😆

      တရားခံက အလှူရှင်အဖွားကြီး မကောင်းတာ..ဗျ..လှူတာပဲ..
      ငတ်နေလို ့ကျွေးမွေးတာငရဲ မကြီးပါဘူး..အဲတော့..အိမ်ဖော်ကို ဒီလိုပြောရမယ်..

      “အလုပ်ရှုပ်ရတဲ့ အထဲအေ..အဲဒီတတောင်းစားမကြီးက တစ်မှောင့်..
      ကန်မလေးရေ…..အဖွားကြီးတွက်..စားစရာ အိတ်နဲ ့ထည့်ပေးပြီး မြန်မြန်ပြန်လွှတ်လိုက် စမ်းပါ
      ဧည့်သည်တွေ..အနှောင်အယှက်ဖြစ်တယ်..တွား.တွား..အဖွားကြီး ဝင်မလာစေနဲ ့..အပြင်မှာစောင့်ခိုင်းထားပြီး.စားစရာ.မြန်မြန်သွားထည့် ချေ”

      😆

    • Shanma TUmdy

      November 16, 2011 at 8:41 pm

      သူကြီးပြောတာကတော့ ..ဟုတ်ပါတယ်..
      သို့ပေမယ့်..သို့ပေမယ့်ပေါ့လေ..
      ကောင်မလေးက .. ဆင်းရဲတဲ့ဘဝကနေတက်လာတာဆိုရင်ကော..
      ကိုုယ်ချင်းစာလို့ .. သနားလို့ .. ခေါ်မိတာဆိုရင်ကော..
      အပြစ်တင်နိုင်တယ်ပဲထား.. တင်ဖို့ကောင်းသေးရဲ့လား..
      ပြီးတော့ အိမ်ထဲခေါ်သွားတာလည်းမဟုတ်သေးဘူး.. အိမ်နောက်ဖေးကိုပဲ .. တိတ်တိတ်လေး ခေါ်သွားတာပါ..
      အလုပ်ထုတ်ပြစ်ဖို့တော့မသင့်ဘူးထင်ပါတယ်.. ဒေါ်ဆွေဆွေအနေနဲ့လည်း.. အလှူအဒါန်းကြီးကိုတောင် ရက်ရက်ရောရောလုပ်ထားတာပဲ.. အဲအဘွားကြီးကိုကျွေးရတာလောက်တောင်.. သူ့အနေနဲ့ ဘာမှ မပြောပလောက်ဘူးထင်တာပါပဲ..

      • ဆူး

        November 17, 2011 at 9:41 am

        ဟိုတယ်ကြီးက မှာထားတဲ့ အစားအသောက် တယောက် ဒေါ်လှ ၁၀ဝ လောက် တန်တဲ့ ကော်ဖီ နဲ့ မုန့် လူဦးရေနဲ့ တွက်ပြီး ဖိတ်ကျွှေးတာ ဆိုရင်ကော.. ဒေါ်လှ ၁၀ဝ တန် ကို အိမ်နောက်ဖေး သွင်းပြီး အကုန်ကျွှေးလိုက်တယ် ဆိုရင် အိမ်ရှင်ဘက်က စဉ်းစားကြည့်ပေါ့..
        အဲလိုမှ မဟုတ်ပဲ အရှေ့က လူတွေ စားမကုန်လို့ ကျန်ပြီး မစားရသေးတဲ့ မုန့် အပိုတွေ ကျွှေးတယ် ဆိုရင်တော့ တမျိုးပေါ့..

        မမ ရဲ့ အမှုကြီး တရွာလုံး ခေါင်းစားနေရပြီ။

  • nayminn

    November 16, 2011 at 4:58 pm

    ကုသိုလ် အကုသိုလ် တစ်လိုင်းစီသွားတယ်လို့ထင်ပါတယ်…။
    ဒေါ်ဆွေဆွေဟာ သူလှူလိုက်တဲ့အလှူအတွက် ထိုက်သင့်တဲ့ကုသိုလ်ရမှာပါ။
    ထမင်းကြမ်း ဟင်းကြမ်းလာတောင်းတဲ့အဖွားကလည်း အလှူအပြီး ဧည့်သည်ရှင်းမှလာတောင်းသင့်ပါတယ်..။
    အိမ်နောက်ဖေးဘက်ကို တိတ်တဆိတ်ခေါ်သွားပြီး ထမင်းဟင်းတွေကို အလှူ့ရှင်မသိအောင် ခိုးပြီးထည့်ပေးလိုက်တဲ့ မိအေးကတော့ သူလှူလိုက်တဲ့ အပေါ်ကုသိုလ်ရလိုက်သလို ပိုင်ရှင်မသိအောင် ယူပြီးလှူ လိုက်တဲ့အတွက်…အပြစ်ကိုတော့.. ရွာသားတွေလည်းသိကြမှာပါ..။

    • MaMa

      November 16, 2011 at 8:08 pm

      @ nayminn ရေ- (ထမင်းကြမ်း ဟင်းကြမ်းလာတောင်းတဲ့အဖွားကလည်း အလှူအပြီး ဧည့်သည်ရှင်းမှလာတောင်းသင့်ပါတယ်..။) ဆိုတဲ့ အိုင်ဒီယာလေးကို သဘောကျတယ်။ အဲဒါဆို အလှူ့ရှင်လည်း စိတ်တမျိုးပြောင်းပြီး လှူဖြစ်သွားမယ်ဆိုရင် အားလုံးအတွက် ကောင်းသွားမှာပဲနော်။

  • MaMa

    November 16, 2011 at 5:16 pm

    @မိုးချမ်းမြေ့ ရေ-ကုသိုလ် အကုသိုလ်ဆိုတာ မနောကံကနေ စ တယ်လို့ ကြောင်ကြီးပြောထားတာကို Refer လုပ်လိုက်ပါတယ်။ အဖွားကြီးအနေနဲ့ ကျန်ခဲ့တဲ့ သားသမီးတွေကို မပေးချင်တဲ့ စိတ်နဲ့ဆိုရင် ဒေါသ၊ သူ့ပစ္စည်းကို သူနဲ့အတူ ယူသွားချင်တာက လောဘ။ တကယ်လို့များ ဘာသာသာသနာ ထွန်းကားပါစေ ဆိုတဲ့စိတ်တွေ နဲ့ လှူတယ်ဆိုရင်တော့ ကုသိုလ်စိတ်လို့ ပြောရမယ်ထင်တယ်။ ထို့အတူပဲ ကျန်ရစ်ခဲ့မယ့် သားသမီးတွေ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်အောင်ဆိုတဲ့ စေတနာနဲ့ သူ့ပစ္စည်းတွေ ထားခဲ့မယ်ဆိုရင်လည်း ကုသိုလ်ပဲ ဖြစ်မှာပါ။
    @ကိုဘလက်ရေ- ခေါင်းစားသွားတယ်ဆိုလို့ အားနာသွားတယ်။ စဉ်းစားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာတွေရဲ့ အားနည်းချက်ကို ထောက်ပြချင်မိတာပါ။
    @အီတုံးရေ- အဲဒီလို ကျွေးမွေးလိုက်နိုင်တဲ့ စိတ်ဓာတ်တောင် တော်တော် တော်နေပါပြီ။
    @သဂျီးရေ- ရွာ့ဥသျှောင် သဂျီးလို့ မပြောရဘူး။ တကယ့်ကို မတူတဲ့ အတွေးပဲ။ သဂျီးမန့်တာကိုလည်း အားရမိပါတယ်။
    @မိုးဇက်ရေ-တခုခု ပြောချင်နေပုံပေါက်တယ်နော်။ 😀 ပြောသာပြောပါ။ သဂျီးက ဒီမိုကရေစီ အပြည့်အဝပေးထားပါတယ်။ ဦးဘဂျမ်းလမ်းမှာ ပြထားတဲ့ ကာတွန်းထဲကလိုပေ့ါ။ (ငယ်ငယ်က သင်ရတဲ့ လိပ်ကလေး ဖိုးသောကြာကို ဗျိုင်းနှစ်ကောင်က တုတ်ချောင်းကို ပါးစပ်နဲ့ ကိုက်ခိုင်းပြီး ကောင်းကင်မှာ ပျံနေတဲ့အချိန် လွတ်လပ်စွာ ပြောခွင့်ရှိတယ်နော် ဟုတ်ပလားလို့ ကာတွန်းဆရာက သရုပ်ဖော်ထားတဲ့ပုံ လိုမျိုး 😀 )
    @ပေါက်ဖော် ရေးမှပဲ။ အမှန်က ဒီဇာတ်လမ်းကို ဒါရိုက်တာပေါက်ဖော်ပြောသလို ဇာတ်ညွှန်းပြောင်းရမှာ 😀

  • alinsett

    November 16, 2011 at 6:12 pm

    မမ ရဲ ့ လက်စမ်းစာပေ မှာ မျော ပါသွားပါကြောင်း…

    • MaMa

      November 16, 2011 at 9:06 pm

      @alinsett ရေ- တိုတိုလေးမန့်ပေမယ့် လက်စမ်းစာပေမှာ မျောပါသွားတယ်လို့ို ဆိုပြီး ချီးမြှောက်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း…. 🙂

  • သူကြီးရေ ချဥ်းကပ်ပုံခြင်းလွဲနေတယ်ဗျာ။
    အခုမမ သိချင်တာက
    ပိုက်ဆံထုတ်ပြီး လှူလိုက်တဲ့ သူဌေးမနဲ့ လှူဘို့ထားတဲ့ပစ္စည်းကို ပိုင်ရှင်ဆီခွင့်မတောင်းဘဲသူဌေးမ မလှူချင်ဘူးလို့ ထင်ရတဲ့သူကို လှူတာ ဘယ်သူက ကုသိုလ်ပိုရလဲသိချင်တာ။
    သူကြီးက ဥပဒေကြောင်းအရကြည့်ပြီးလာပြောနေတော့ တစ်လမ်းစီဖြစ်ကုန်ပြီ။

    တစ်ခါက ကျနော်တို့ အဖွဲ့တွေဝိုင်းဝန်းပြီးကူလုပ်ပေးရတဲ့အလှူပေါ့။
    အဲဒီမှာ ဒါန်ပေါက်တွေအများကြီးပိုနေပါတယ်။
    မနက် သုံးနာရီလောက်ကထဲက ချက်ထားတော့ ကြာကြာထားရင်သိုးမှာလို့ ထမင်းချက်ဆရာက လာပြောပါတယ်။
    ကျနော်ကလဲ သုးိကုန်ရင်အလကားဘဲဆိုပြီး မနက်မိုးလင်းအစောကြီးထဲက
    လာကူလုပ်တဲ့အဖွဲ့တွေကို တစ်ထုပ်စီဝေပေးလိုက်ပါတယ်.။
    ထည့်စရာ အိတ်မရှိတော့ ကျွတ်ကျွတ်အိပ်ကို တောင်ကျနော်က ဝယ်ပေးလိုက်ပါသေးတယ်။
    အထုပ်ဆွဲပြန်တာလဲမြင်ရော ပိုင်ရှင်က ကွိုင်ပါတော့တယ်။
    နောက်ဆုံးကျနော်ခေါင်းပေါ်ပေါ့။
    နင်ကပေးရအောင်နင့်ပစ္စည်းလားလို့မေးခံရပါတယ်။
    ကို်ယ်ကလဲ မမေးမမြန်းနဲ့လုပ်မိတာကိုးဗျ။
    နောက်အဲဒီအိမ်က ဘာလုပ်လုပ် ကျနော်လုံးဝမသွားတော့ပါဘူး။
    ကျနာ်က အလဟဿဖြစ်မှာစိုးတာကိုးဗျာ။

    • kai

      November 17, 2011 at 4:39 am

      လွဲတယ်မထင်စေချင်ပါဘူး.. ကိုပေါက်ရယ်..။
      နေရာတကာ.. အဲဒီကုသိုလ်..အကုသိုလ်..တွေနဲ့ လိုက်တိုင်းနေတဲ့..” ရှေးစွန်းစွဲ ” တွေ ဖျောက်စေချင်လို့.. ၂၁ရာစုထဲ ဆွဲတင်ပေးတာပါ…။

      .. ၂၁ရာစုထဲက သားပျိုသမီးပျိုတွေဖြစ်ကြောင်း.. လက်တို့ သတိပေးရတာပါနော…။
      ကမ္ဘာ့တခြားနိုင်ငံတွေမှာ.. အဲဒီလိုတွေး-ပြောနေရင်…. လက်နဲ့.. ဆွဲဆိတ်ခံရမယ်..။ :mrgreen:

    • ကြောင်ကြီး

      November 17, 2011 at 12:05 pm

      မှန်သဗျို့ဦးပေါက်ရေ။ အန်တီမမ မေးကထဲကိုက ကုသိုလ်၊ အကုသိုလ် ရှုဒေါင့်ကနေ မေးတာလေ။ သဂျီးဖြေပုံက မြန်မာအကကို အနောက်တိုင်းအမြင်နဲ့ကြည့်ပြီး ခြေခွင်နေတယ် ပြောသလိုဖြစ်နေပြီ။ လိုင်းခြင်းမှ မတူတာပဲ။ မေးသူအပေါ်မူတည်ပြီး ဖြေရမှာကို လိုရာဆွဲပြောတဲ့ သဂျီးပေပဲ။

      အန်တီမမရေ
      {{{{ဦးပါလေရာရော၊ ကြောင်ကြီးရော မန့်တဲ့ အလှူပစ္စည်းကိစ္စကိုတော့
      စိတ်သိပ်မကျေနပ်သေးဘူး။ လောကမှ အကြောင်းအကျိုး အကောင်းအဆိုး နှစ်မျိုးပဲရှိတယ်ဆိုရင် အဲဒါက အဆိုးဘက်ကို သွားလိမ့်မယ်ထင်ပါတယ်။}}}}}
      ကုသိုလ်တပဲ ငရဲတပိသာဆိုတဲ့ မြန်မာစကားရှိတယ် ။စေတနာသည် ကံလို့ မြတ်စွာဘုရားဟောထားတယ်။ စိတ်ထားတတ်ရင် ကံရမယ်။ မိမိအပေါ်မှာတည်တယ်။ စိတ်ထားသက်သက်ထက် ကာယကံ၊ ဝစီကံမြောက်ပါ လုပ်ဆောင်နိုင်ရင်တော့ အတိုင်းထက်အလွန် တံခွန်ထက် ကုက္ကားပေါ့နော်။ သို့သော် ထိုင်နေအကောင်း ထသွားမအကျိုးဆိုတာလည်း ရှိသေးတယ်။ မိမိပြုတဲ့ စိတ်တခဏအပေါ် မူတည်ပြီး ကံဖြစ်တယ်။ လက်တဖြစ်မှာ မရေမတွက်နိုင်အောင် စိတ်ပြုကံဖြစ်နေလို့ လိုက်ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ ရလို့ အကျိုးပေးလည်း တသံသရာလုံး မမြဲဘူး။ ဒါကြောင့် ချမ်းသာအစစ်ကိုရဖို့ သမထကျင့်စဉ်သက်သက်ကို ဘုရားက ပယ်ခဲ့တာ။ ဖြစ်နေတဲ့ကံကို ဖြတ်ဖို့ ဘုရားပွင့်လာတယ်။ နည်းလမ်းထားခဲ့တယ်။

  • blackchaw

    November 17, 2011 at 9:56 am

    တစ်ရွာလုံးခေါင်းမစားပါဘူးဗျာ။
    သူကြီးက Management အမြင်နဲ့ ပြောတာပါ။ သူကြီး တွေးတာ မှန်ပါတယ်။
    ကိုပေါက်က Religions အမြင်နဲ့ ပြောတာပါ။ ကိုပေါက်ပြောတာလည်း မှန်ပါတယ်။
    မမမေးထားတာကိုက
    “ကိုယ့်ပစ္စည်းနဲ့ ကိုယ်လှူတာဖြစ်ပေမယ့် သောကဗျာပါဒတွေနဲ့ ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားပြီး လှူဒါန်းတဲ့အလှူနဲ့ ကိုယ့်ပစ္စည်းမဟုတ်ပဲ သူတပါးပစ္စည်းကို ပိုင်ရှင်မသိပဲ ပေးလှူတဲ့ကုသိုလ် ဘယ်ဟာက ဘယ်လို အကျိုးတွေပေးနိုင်ပါသလဲ”
    တဲ့။
    ဘာသာရေးနဲ့ တွက်ကြည့်တော့ အိမ်ရှင်ဒေါ်ဆွေဆွေ က ဒီဇာတ်မှာ ဗီလိန်ကြီးပေါ့။ အဲလိုမြင်အောင်လည်း
    မမက ရေးထားပါတယ်။ တစ်ဖက်ကလှူနေပေမယ့် တစ်ဖက်က အကုသိုလ် ဖြစ်နေပါတယ်။
    အိမ်ဖေါ်လေးမိအေးကတော့ စိတ်သဘောထားကောင်းပြီး သဒ္ဒါတရားထက်သန်သော ဒီဇာတ်ရဲ့ မင်းသမီးပေါ့။
    သူများပစ္စည်းနဲ့ပေမယ့် သူက ကုသိုလ် ဖြစ်နေပါတယ်။
    ဟော အဲဒီကိစ္စကို Management ထောင့်ကကြည့်တော့ မိအေးက ဗီလိန်ပါဗျာ။
    ဒီလို အိမ်ဖေါ်မျိုးတော့ ကျွန်တော်လည်း မကြိုက်ပါဘူးဗျာ။ ဒါလေးပါပဲ။

  • amatmin

    November 17, 2011 at 4:38 pm

    အန်တီမမ ရေ.
    ဒီပုံစံ နဲ့ခပ်ဆင်ဆင် ကိုယ်တွေ့လေး ဝင်ပြောပါရစေ..
    ၂၀၀ရခုနှစ် တရက်က ကျွန်တော့ အကိုရဲ့ ဖိနပ် ကို ကျွန်တော်စီးသွားပြီးတော့ ကာ
    နေ့လည်ရောက်တော့ လမ်းလျှောက်စီတန်းလာတဲ့ဘုန်းကြီး တပါးမှာ ဖိနပ် မပါတာကို တွေ့မိတော့
    ှုငှား စီးလာတဲ့ ဖိနပ်လေး ကိုချွတ်လှူလိုက်ပါတယ်..(ဝယ်နေဖို့ဆိုင်မရှိတာနဲ့ စီးလက်စကိုပဲပေါ့နော်.) လှူပြီးတဲ့ အချိန်ခဏလေးမှာ..စိတ်မှာတကယ်ချမ်းမြေ့သွားခဲ့ပါတယ်(ကုလိုလ်ပေါ့)..ကျွန်တော်လည်းခြေဗလာနဲ့
    အပူဒဏ်အတော်ခံလိုက်ရပါတယ်..ဒါပေမဲ့ကျေနပ်လို့မဆုံးပါဘူး နောက်ပိုင်းအိမ်ပြန်ခါနီးမှ.
    ငါသူများဖိနပ်ကို.သူမသိဘဲလှူလိုက်မိတယ်ဆိုတဲ့ ခံစားမှု ဝင်လာပါတယ်(အကုသိုလ်ထင်တယ်)…
    ဒါပေမဲ့ ခြေဗလာနဲ့ ကိုယ်တော် ကိုယ့်ကြောင့် အပူဒဏ်က သက်သာသွားခဲ့တဲ့ လက်ငင်းမြင်ကွင်းကိုတော့ ခုချိန်ပြန်တွေးလဲ
    ကြည်နူးရပါတယ် ။ အဲဒီနေ့က ကျွန်တော့ အကိုလဲ ပြန်ပြောပြတော့ ကျေနပ်ပါတယ်..
    ပြောရ ရင်ကျွန်တော်လဲ မိအေးလိုခပ်ဆင်ဆင်အဖြစ်တူတယ်ပေါ့ဗျာ..

    ကျွန်တော်ထင်တာကတော့ တသသ ဖြစ်နေတဲ့ စိတ်က ပိုအကျိုးပေးမှာပဲလို့ယုံတယ် (ကုသိုလ်ဖြစ်စေ.အကုသိုလ်ဖြစ်စေ)

    အိမ်ဖော်ကောင်မလေးကလဲ.အဘွားကြီးမသိအောင်ပေးမိတယ်ဆိုတဲ့ စိတ်ဖိစီးမှုရှိနေရင်တော့
    သိပ်မမြတ်လောက်ဘူးထင်တယ်ဗျ..မရှိရင်တော့ တန်မှတန်ပဲ..
    အဲလိုပဲ အိမ်ရှင်ဒေါ်ဆွေဆွေကလည်း ဘုန်းကြီးဆွမ်းကပ်တုန်းက စိတ်ချမ်းမြေ့မှုရှိခဲ့လို့ တသသ
    ဖြစ်နေရင် သူလဲ မရှုံးဘူးထင်တာပဲ.အဲလိုလဲ ရှိဘူးဆိုရင်တော့ တေပြီဆရာ..
    ကိုယ်ထင်တာ ဝင်မန့်ပြီး… မေးကြည့် တွေးမိ အဖြေညှိတာပေါ့နော်..

  • MaMa

    November 17, 2011 at 5:19 pm

    (မမ ရဲ့ အမှုကြီး တရွာလုံး ခေါင်းစားနေရပြီ) လို့ ပြောတဲ့ ဆူးရေ- ကိုယ်ဉာဏ်တိမ်လို့ ရွာထဲမှာ ဉာဏ်ကြီးရှင်များရဲ့ အာဘော်ကို တောင်းဆိုတာ ဆရာများ သားသေ ဆိုသလို ကိုယ်ကိုယ်တိုင်လည်း ခေါင်းကိုက်သွားရပါကြောင်း…. 😥

    • ဆူး

      November 18, 2011 at 8:39 am

      ဆူး က နောက်တာပါ မမ ကို တမင်ပြောလိုခြင်း မဟုတ်ကြောင်း…
      အသုံးအနှုန်းမလှတော့ လိုရင်းမလှ ဖြစ်သွားခြင်း ဖြစ်တာပါ။

  • အကောင်းဆုံးကတော့ လှူတန်းနေတဲ့အခါ စိ်တ်မညစ်ရအောင် အဲဒီအနားကိုတောင်းစားသူတွေမလာပေ့စေနဲ့။
    ခြံတံခါး ကျောင်းတံခါးလုံအောင်ပိတ်။
    ပီးမှ အဲဒီလူတွေကို သတ်သတ်ဝေလိုက်။
    ဒါဆို စိတ်လဲပျက်စရာမလို တော့ဘူး။

  • naywoonni

    November 17, 2011 at 8:04 pm

    အဲဒိ ပြဿနာက ကုသိုလ် ရတယ် မရဘူးဆိုတာ ကိုယ်မြင်ရတဲ့ ကိစ္စမဟုတ်ပါဘူး……။ စိတ်ထဲကအထင်နဲ့ ဘဝင်လေဟတ် ကြတဲ့ ကိစ္စပါ……။ အဲဒိတော့ကာ သိပ်ကျယ်ကျယ်လောင်လောင်အငြင်းပွားမနေကြပါနဲ့တော့…..။ ကိုယ့်အလှည့်ရောက်ရင် ဘယ်ပုံ ပြုမူမယ်ဆိုတာ ကြိုတင်စဉ်းစားပြင်ဆင်ထားကြသင့်တယ်….။ ဒါ နေဝန်းနီ တစ်ယောက်ထဲရဲ့ အမြင်လေးပါ….။ သဘောမတူရင်လည်း မတူပဲနေလို့ရပါတယ်…။

    • MaMa

      November 17, 2011 at 8:50 pm

      အဲဒီလို ကိုယ့်အလှည့်ရောက်ရင် ဘယ်ပုံ ပြုမူမယ်ဆိုတာကိုပဲ သိချင်တာပါ။ အဘနီရဲ့ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့ အိုင်ဒီယာလေးလည်း ဖြစ်နိုင်ရင် သိချင်ပါတယ်။

  • padonmar

    November 18, 2011 at 12:54 am

    ရွာထဲမဝင်သေးဘူးနေတာ မမက အတင်းဆွဲခေါ်နေတယ်။
    သူတို့ရဲ့ ပြုတဲ့ကံတွေ ဘယ်လို အကျိုးပေးမယ်လို့ မှန်းဆကြည့်မယ်နော်။
    ဒေါ်ဆွေဆွေက ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားပြီး လှူဒါန်းတဲ့အလှူ ဖြစ်လို့ ဉာဏ်မယှဉ်တဲ့ ဒွိဟိတ်ကုသိုလ်ပါ။
    မလှူခင်ရော လှူဆဲပါ သောကဗျာပါဒတွေနဲ့ ရောနေတော့ ရှေ့နောက်နှစ်တန် အကုသိုလ်ခြံရံတဲ့ အညံ့စား ဩမကကုသိုလ် ဖြစ်ပါတယ်။
    ဒွိဟိတ်ဩမကကုသိုလ် က ပဋိသန္ဓေ အကျိုးပေးခဲ့ရင် ဉာဏ်ရည်မမီ(Mongo ,Microcephaly စသည်) မွေးရာပါ မျက်မမြင်၊နားမကြား စသည် ဖြစ်တတ်ပါတယ်။
    (အလှူကြီးလှူပြီး အကျိုးပေးညံ့ချက်က ကြောက်စရာပါ)

    မိအေးကတော့
    ချို့တဲ့ရှာသူကို ကိုယ်ကျိုးမဖက်ဘဲ စေတနာနဲ့ပေးတဲ့ အတွက် ဉာဏ်ယှဉ်တဲ့ တိဟိတ်ကုသိုလ်ရပါတယ်။
    ဒီလိုလှူတဲ့အတွက် မလှူခင်ရော လှူဆဲ သူဝမ်းသာပီတိဖြစ်ရင်တော့ ပဋိသန္ဓေ အကျိုး မှာ တိဟိတ်ဥက္ကဌ ဆိုတဲ့ ကြိုးစားရင် ဈာန်မဂ်ဖိုလ်ရနိုင်တဲ့ ဉာဏ်ရှိသူဖြစ်ပါမယ်။
    ဒါပေမယ့် သူတပါးပစ္စည်း ခွင့်မပြုဘဲပေးပစ်တာဟာ အပြစ်ရှိမှန်း သူနားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ အဒိန္နာဒါနာ အကုသိုလ်ပါ။
    အဲဒီကံ ပဋိသန္ဓေ အကျိုး ပေးရင် အပါယ်ပါ။
    ပဋိသန္ဓေ အကျိုး မဟုတ်ဘဲ ပဝတ္တိခေါ်တဲ့ ဘဝအဆက်ဆက် မသေခင် ကြားကာလတွေမှာ အကျိုးပေးရင် ရပြီးဥစ္စာ မတည်မြဲတဲ့ အကျိုးပေးပါလိမ့်မယ်။

    စာထဲဖတ်ဘူးတာတွေ ပြန်မျှတာပါ။
    သဘောမတူကြရင်တော့ မမနဲ့ဘဲ ဆက်ငြင်းတော့။:D

  • padonmar

    November 18, 2011 at 1:01 am

    ကျန်သွားလို့၊
    မိအေးက သူလှူလိုက်တာကို စိတ်မဖြောင့်ခဲ့ရင် ရှေ့နောက်နှစ်တန် အကုသိုလ်ခြံရံတဲ့ အညံ့စား ဩမကကုသိုလ် ဖြစ်ပါတယ်။ ဒါဆို တိဟိတ်ဩမက ခေါ်တဲ့ ကုသိုလ်ပါ။
    ပဋိသန္ဓေ အကျိုးပေးခဲ့ရင် ဒွိဟိတ် ပုဂ္ဂိုလ်ခေါ် တဲ့ ဒီဘဝမှာ ဘယ်လောက်ကြိုးစားပေမယ့် ဈာန်မဂ်ဖိုလ်မရနိုင်တဲ့/ ဉာဏ်မရှိသူဖြစ်ပါလိမ့်မယ်။
    ဒီလိုလူတွေလည်း အများကြီးပါ။

  • small cat

    November 18, 2011 at 3:28 am

    ဆရာတော် ဆန်နီနေမင်း ဝင်ရှင်းသင့်ပြီထင်ပါကြောင်း..

    နှစ်ဘက်စလုံးကို တချက်ခြင်းစီ တရားသဘောအရ သုံးသပ်ပြသင့်ပါကြောင်း
    ကြောင်လေးမှ ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား………………..

  • kai

    June 8, 2018 at 4:09 am

    ရနှစ်လောက်ကြာပြီးမှ.. မူလပို့စ်ရှင်.. အမတော်က.. FB မှာ.. ပြန်တင်ပြီးဆွေးနွေးခန်းလည်းရှိနေတာမို့.. ဒီနေရာမှာ သမိုင်းမှတ်တမ်းထား… ပါတယ်..။

    https://www.facebook.com/myintmyint.maw.73744/posts/2046299049030636

Leave a Reply