လွတ်လပ်ခြင်း

naywoon niNovember 14, 20111min1217

လွတ်လပ်ခြင်းဆိုတာက
ဘယ်ဘုရားသခင်ကမှ
လက်ဆောင်အဖြစ်မပေးနိုင်သလိုပဲ……
ဘယ်အစိုးရကမှလည်း အာမ, ခံမပေးနိုင်ပါတဲ့….
ကြားလိုက်ရတဲ့စကား
နေဝန်းနီတို့များ ……ကြက်သီးမွေးညှင်းထတဲ့အထိ
ရင်ဘတ်ထဲက ဟတ်တ် ထိသွားတာ…..။
ဟုတ်တာပေါ့……….
ကိုယ့်လွတ်လပ်မှု
ကိုယ့်ဖာသာဖန်တီးယူရမှာပ…..။
တစ်ချို့ကတော့
အပိုနှောင်ကြိုးတွေနဲ့ ရုန်းမထွက်နိုင်ကြ….
ကိုယ့်ကို ချုပ်နှောင်ထားတဲ့နှောင်ကြိုးတွေ မမြင်ရှာပဲ
ကိုယ့်လွတ်လပ်မှုကိုယ် ဖန်တီးနေကြရှာသူတွေကို
မလိုတမာ အပြစ်စကားဆိုနေကြရှာရဲ့……..။
အဲဒိတော့
ကိုယ် ဘယ်အတိုင်းတာထိ လွတ်လပ်မှုလိုချင်တာလဲစဉ်းစား
လိုအပ်သလောက်ပဲ အချုပ်အနှောင်ခံ
ကိုယ့်ဖာသာကို တာဝန်ယူပြီး
ကိုယ့်လွတ်လပ်မှုကိုဖန်တီး
ဘယ်သူ့ကိုမှ အပြစ်မဖို့ကြေးနော်………..။

နေဝန်းနီ

7 comments

  • small cat

    November 15, 2011 at 7:03 am

    လွတ်လပ်ခြင်းအရသာကို လူတိုင်းအပြည့်အဝမခံစားဖူးကြပါ၊
    မခံစားဖူးတော့ ခံစားရကောင်းမှန်းလည်းမသိပါ၊
    ခံစားရကောင်းမှန်းမသိတော့ ထူးထူးကဲကဲအားမထုတ်ကြပါ၊

  • aye.kk

    November 15, 2011 at 7:19 am

    ကြိုးနီစနစ်ကို ကိုင်စွဲထားတဲ့ အာဏာရှင်တွေ မဆင်းသရွေ ့လွတ်လပ်မှုတွေ ကင်းဝေးနေရအုံးမှာပါ..
    အာဏာရှင်ဆိုတဲ့သူတွေ မပိုင်တာက ပြည်သူတွေရဲ ့စိတ်ပါဘဲ..
    လွတ်လပ်ခြင်းဆိုတာ မွေးရာပါအခွင့်အရေးတစ်ရပ်ပါ…ဆုံးရှူံးအောင်လုပ်ထားတာက..အာဏာရှင်ဆိုတဲ့အစိုးရလို ့ပြောချင်ပါတယ်…။

  • koyinmaung

    November 15, 2011 at 7:39 am

    မှန်လိုက်လေ အေးကေကေ ရေ …….

  • ပေါက်ဖော်

    November 15, 2011 at 12:55 pm

    အပြစ်ရှိရင်တော့ အပြစ်ဖို ့ရမယ်.ဦးနီ

  • windtalker

    November 16, 2011 at 9:32 pm

    မှန်လိုက်တဲ့ စာသားတွေဘဲ ဘိုနီရေ
    လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးနေကြတာဘဲဗျို ့
    ( ကိုယ့်သမိုင်းကိုယ် ဆိုလို ့၊ ဟိုလူတွေ က ရေဝေးတွေ ထိန်ပင်တွေ ဆက်ရေးလာမှ လန် ့တယ်ဗျို ့)
    🙂

  • ကိုနေ အခုထိ လူပျိုကြီး ဘာကြောင့်လုပ်နေသလဲဆိုတာ အဖြေရပြီ။
    ကိုယ့်လွတ်လပ်မှု
    ကိုယ့်ဖာသာဖန်တီးယူရမှာပ…..။ တဲ့လေ

  • TTNU

    November 16, 2011 at 10:38 pm

    ကိုနေဝန်းနီ

    (ကိုယ် ဘယ်အတိုင်းတာထိ လွတ်လပ်မှုလိုချင်တာလဲစဉ်းစား) ဆိုလို့……
    တို့လူတွေဆိုတာကလည်း လောဘ အကြီးသား
    ဘယ်လောက်များ မောင်တို့ မယ်တို့ လွတ်လပ်ချင်သလဲမေးကြည့်
    ဆေးရိုးလမ်းပေါ်တင်လှမ်းချင်တဲ့အထိ လွတ်လပ်ချင်ကြတာ တို့အမျိုးတွေပါ။ 😕

Leave a Reply