“စင်္ကြာသိုက်´´ တဘောင်

viparNovember 15, 20111min31711

မြန်မာတို့ရဲ့ ယုံကြည်မှူ့ စင်္ကြာသိုက် တဘောင်ကိုဖေါ်ပြပေးလိုက်ပါတယ်။အနာဂါတ်ကမ္ဘာအတွက်ဟောကိန်းလို့လည်းပြောကျပါတယ်။ယခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့
နှိူင်းယှဉ်ချိန်ဆကြည့်ပါ။စင်္ကြာမင်းလာရင်ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသာယာတဲ့ ခေတ်ကြီးကိုရောက်လိမ့်မယ်လို့ ရှေးလူကြီးတွေဆိုကျပါတယ်။

“စင်္ကြာသိုက်´´

၁။ မြူခိုးရစ်မှောင်၊ နဂါးရစ်တောင်၊ ဘုန်းခေါင်လျှောက်၍ လာလတ္တံ။
၂။ ထိုသည့်အခါ၊ သာသနာ၊ ရောင်ဝါနေသို့ ထွန်းလတ္တံ။
၃။ မိစ္ဆာအရောင်၊ တက်တက်ပြောင်၊ အမှောင်ဖယ်၍ စွမ်းလတ္တံ။
၄။ အညစ် မသမာ၊ လူ့ဗလာ၊ ရေမှာနစ်၍ ဆုံးလတ္တံ။
၅။ ဇောင်ခြမ်းနစ်၍၊ ဗူးတောင်းပေါ်၊ ထိုရောအခါ ဖြစ်လတ္တံ။
၆။ ဝိဇ္ဖာစစ်သည်၊ နတ်စစ်သည်၊ အပြည်ပြည်လှည့်၍ ထွက်လတ္တံ။
၇။ စင်္ကြာဖွင့်စဉ်၊ ကုန်မြေပြင်၊ ရေလျင်ထန်းပိုး လွှမ်းမိုး လတ္တံ။

 

 

 

11 comments

  • memeseku

    November 16, 2011 at 10:30 am

    ဘယ်သူရှင်းပြမှာလဲဟင်….နားလည်ဝူးး

  • ကိုရင်စည်သူ

    November 16, 2011 at 10:37 am

    စင်္ကြာမင်းလာဖို့က တော်တော်လိုပါသေးတယ်ဗျာ…
    မီမီစီးကု သိချင်ရင် စင်္ကြာမင်း အကြောင်းရှင်းပြထားတဲ့
    ဘာသာရေးစာအုပ်တွေအများကြီးရှိပါတယ်…
    အချုပ်အားဖြင့်
    စင်္ကြာမင်းပေါ်လာရင် တိုင်သူပြည်သား လူအများ
    ကောင်းစားကြပါတယ်… အဲ့ထဲတော့
    ကျွန်တော်တို့တွေ မပါနိုင်တော့ဘူးပေါ့ဗျာ..

    • Nay Myo

      November 25, 2011 at 6:00 pm

      မလိုတော့ပါဘူးညီ
      မင်း ပါရမှာပေါ့ကွာ

  • ပေါက်ဖော်

    November 16, 2011 at 10:48 am

    စကြဝတေးမင်းရေ…ဘယ်မှာအိပ်နေသတုံး..
    ကျုပ်တို ့မြင်ချင်လို ့..ဖူးချင်လို ့..ကိုယ်ယောင်ပြပါတော့..ပြပါလော့..(ကိုယ်ထင်ပြပါ..တခြားဟာမပြပါနဲ ့)
    စာအုပ်ထဲသာဖတ်ဖတ်နေရတာ..ပြင်မှာလဲ တစ်ခါမှ မြင်ဖူးဘူး…
    ဘယ်ကမ္ဘာရောက်မှ….အဲဒီမင်းနဲ ့ကြုံရမလဲ မသိပါဘူးဗျာ..
    လေဘာဒယ်.လေဘာဒယ်..

  • မှော်ဆရာ

    November 16, 2011 at 11:13 am

    စင်္ကြာမင်းဆိုသည်မှာ အခြားမဟုတ် ကျွန်ုပ် မှော်ဆရာပင် ဖြစ်ခြေတော့သည် ..
    အဘယ်ကြောင့်ဆိုသော်
    မှော်ဆရာထံ ကွန်ပျူတာစက်များ ပြုပြင်ရန် လာရောက်အပ်နှံလျှင်
    ကြာလွန်းမက ကြာလွန်းသောကြောင့်
    စက်ကြာမင်း ဟု ဘွဲ့တံဆိပ်အား အများပြည်သူမှ ထိုက်ထိုက်တန်တန် အပ်နှင်းထားသောကြောင့်ပင် ဖြစ်လေသတည်…
    ပုုံ
    မင်းမြတ်စက်ကြာ မှော်ဆရာ

    • windtalker

      November 16, 2011 at 9:14 pm

      ကဲ…ရွာထဲက စက်ပြင်လိုသူ အပေါင်းတို ့ခင်ဗျာ
      မင်းမြတ်စက်ကြာ မှော်ဆရာကတော့ သူ ့ပေါင်သူလှန်ထောင်းပြသွားချေပြီ
      စက်ကြာမှော်လေး ဆီမှာ စက်ပြင်လိုသူများ သတိပြုကြပါကုန်

    • MaMa

      November 16, 2011 at 10:17 pm

      စင်္ကြာမင်းဆိုလို့ တော်တော်ဝေးဝေးမှာ ရှာရမယ်ထင်နေတာ ရွာထဲမှာပဲ အစစ်အမှန် စက်ကြာမင်း ရှိနေပါလား… 😆

  • inz@ghi

    November 16, 2011 at 10:26 pm

    သည်လို အန်တီရဲ့ တူက …စင်္ကြာမင်း ဆိုလော့
    ဟုတ်ပါပီ … စင်္ကြာမင်း …ထားလို်က်ဦး …
    ဖတ်ဖူးသမျှထဲမတော့ … စင်္ကြာမင်း အပုန်း စင်္ကြာမင်း အပွင့် ၂မျိုး၂စားရယ် မချိဒလာကြောင့် ရယ်..
    ယခု အနှီ စင်္ကြာမင်းဟာ ကိုယ့်ဟာကိုယ် ဖော်ထုတ်ရမှာ မဖော်ထုတ်ဘဲ သူများဆီ လာမန့်ရတဲ့
    စင်္ကြာမင်း ဖစ်တာကြော့် စင်္ကြာမင်း အပုန်း ရယ်လို့ သတ်မှတ်ပါကြောင်း ….

    စက်ကြာမင်းဖျာ့ ကိုယ်တော်ကြီးဖျာ့ ရှေ့သို့ ကြွပါ….ဖျာ့…
    မမဖြိုးမှ …စက်ကြာမင်း အဆောင်အယောင်များ အပ်နှင်းလို
    ကြောင်းတဲ့ပါဖျား……

    • မှော်ဆရာ

      November 17, 2011 at 8:04 am

      သယ် ငါလို စက်ကြာမင်းအား စော်စော်ကားကား
      အတင့်ရဲလှတဲ့ ငမိုက်သားအား
      တောင်စွယ် နေကွယ်လျှင် ဖြတ်စေ …
      ကဲ ဒုတ် ….
      ဒါက ဘယ်ဖက်ပေါင် ……
      ဒုတ် …..
      ဒါက ညာဘက်ပေါင်….
      ကဲ ဒီတစ်ခါ .. ဒုတ်
      (မှတ်ပြီလား….) 🙂
      ကုံးကုံး ဖြစ်တွားပြီ ….

  • ကြောင်ကြီး

    November 17, 2011 at 12:23 pm

    စတြာကို ကိုယ်သန်ရာသန်ရာ အနက်ဖွင့်ကြပါတယ်။ ဝိဇ္ဇာဂန္ဓာရီလိုင်းသန်သူများက စတြာမင်းလေးကို မျှော်ကြသလို ဝိပဿနာအကျင့်သမားများကလည်း သာသနာတဝက်မှာ ဓမ္မစတြာ ရတနာ တပတ်ပြန်လည်လာခြင်း၊ ဝိဇ္ဇာကို အရိယာဝိဇ္ဇာ၊ ဖိုထိုးတာကို အာနာပါနအဖြစ် တင်စားသုံးနှုန်းပါတယ်။ တိုက်ဆိုင်မှုတခုကတော့ သာသနာတဝက်ကျော် ဈေးဘောင်ကျိုးနေတဲ့ ယနေ့အချိန်မှာ ရေနဲ့ပတ်သက်တဲ့ ကပ်ဘေးများ ဆိုက်ရောက်နေခြင်းဖြစ်ပါတယ်။ သဂျီးရေ အသက်ကယ်ဘော ကိုယ်နဲ့မကွာ ဆောင်ထားဗျ။ အယ်လ်အေမြို့က ကမ်းခြေနဲ့နီးမှနီး။ နယူးယောက်မြို့ကတော့ ဖြစ်နိုင်ခြေ အဝေးကြီးမှာပါ။ ကမ်းခြေနီးပေမဲ့ အနောက်ဖက်မဟုတ်ဘူးလေ၊ အရှေ့ဖက်မှာ ရှိနေတာ။ ရေဆိုတာ အရှေ့ကနေ အနောက်ကိုပဲ စီးဆင်းတယ်။။။။။ 🙂

  • shwebagan

    November 18, 2011 at 3:51 am

    ယိုးဒယားမှာ ရေကြီးနေတာနဲ့ တိုက်ဆိုင်နေတယ်။ သတိထား စောင့်ကြည့်ရမှာပေါ့။

Leave a Reply