Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကျန်နေသူ”

“ကျန်နေသူ “

သူတို့ကြံဆ နေချိန်
ငါကတော့ ဟန်ရေးပြလို့ကောင်းနေဆဲ။
သူတို့တွေးတောစဉ်မှာ
ငါကတော့ ငေးမောလို့ကောင်းဆဲ။
သူတို့ဆုံးဖြတ်လို့ပြီးချိန်တိုင်အောင်
ငါကတော့တွေဝေနေဆဲ။
သူတို့ အသင့်ပြင်နေချိန်မှာ
ငါကတော့ အပြစ်တင်လို့ကောင်းဆဲ
သူတို့စသွားချိန်မှာ
ငါကတော့ ဗျာများနေဆဲ။
သူတို့ခက်ခဲချိန်မှာ
ငါကတော့ အိပ်မက်လို့ကောင်းဆဲ
သူတို့ရုန်းကန်ချိန်မှာ
ငါကတော့ ဝေဖန်လေကန် လို့ကောင်းဆဲ။
သူတို့…………………………..
ငါက……………………………………….
သူတို့…………………………..
ငါက……………………………………….

သူတို့…………………………..
ငါက……………………………………….

သူတို့…………………………..
ငါက……………………………………….
ဟော……………အခု
သူတို့ ပန်းပန်နေချိန်မှာတော့
ငါက……………..
…………………………
………………………………..

ကိုပေါက်လက်ဆောင်အတွေးစဉ်
(15-11-2011)

20 comments

  • blackchaw

    November 15, 2011 at 5:37 pm

    ကျွန်တော့်ကို ရည်ရွယ်ပြီး ရေးလိုက်တာလား ကိုပေါက်ရေ။

  • windtalker

    November 15, 2011 at 6:27 pm

    သူလေးက ပန်းပန်
    သူလေးက နန်းဆန်
    အိုကွယ် ငကန်းပြန်

  • ပေါက်ဖော်

    November 15, 2011 at 7:11 pm

    လေးဗောက်..
    ဒဲ့ပြောပါဗျာ…စောင်းမပြောပါနဲ ့..
    ကိုယ့်ကိုယ်ကို မလုံလို ့ပါ.. 😆

  • TTNU

    November 16, 2011 at 12:50 am

    ကိုပေါက်ရေ
    စားနောက်၊ သွားနောက်၊ ဆိုတဲ့လူမျိုးတွေကို ပြောချင်တာလား။
    တစ်ခါတစ်လေ မှာတော့ အချိန်ယူလေ့လာနေသေးတာကောင်းပါတယ်။
    ကျန်နေသူ နဲ့ ကျန်ရစ်သူ ကတော့ မတူဘူးနော်။

  • koaung

    November 16, 2011 at 3:20 am

    ကြိုက်တယ်ဗျိုး ဆိုလိုရင်းလေး

  • “ဘီလူးကြီး”ogre

    November 16, 2011 at 9:31 am

    “““““..ခဏလေးပါဗျာ……ကျွန်တော်ကျန်ခဲ့လို့
    အခုမှ ““လိုက်ခဲ့ရင်ကောင်းမလားစဉ်းစားနေတာဗျို့”””….. 🙂 😛

  • Diamond Key

    November 16, 2011 at 11:19 am

    သူတို့က ကိုယ့်ကိုရည်ရွယ်ရေးတယ်လို့ ထင်နေကြချိန်မှာ
    ငါကတော့ ဟန်ရေးပြလို့ကောင်းနေဆဲ။
    သူတို့က ပန်းပန်နန်းဆန်ငကန်းပြန်လို့ တွေးတောစဉ်မှာ
    ငါကတော့ ငေးမောလို့ကောင်းဆဲ။
    သူတို့က ဒဲ့ပြော…စောင်းမပြောပါနဲ ့ဆိုနေချိန်မှာ
    ငါကတော့တွေဝေနေဆဲ။
    သူတို့ အချိန်ယူလေ့လာနေ အသင့်ပြင်နေချိန်မှာ
    ငါကတော့ အပြစ်တင်လို့ကောင်းဆဲ
    သူတို့ ဆိုလိုရင်းလေးကြိုက်သွားချိန်မှာ
    ငါကတော့ ဗျာများနေဆဲ။
    သူတို လိုက်ခဲ့ရင်ကောင်းမလား ခက်ခဲနေချိန်မှာ
    ငါကတော့ အိပ်မက်လို့ကောင်းဆဲ
    သူတို့မန့်နေချိန်မှာ
    ငါကတော့ ဝေဖန်လေကန် လို့ကောင်းဆဲ။
    သူတို့…………………………..
    ငါက……………………………………….
    သူတို့…………………………..
    ငါက……………………………………….
    သူတို့…………………………..
    ငါက……………………………………….
    ဟော……………အခု
    သူတို့ ၅ မှတ်တန်တွေနဲ့ ပန်းပန်နေချိန်မှာတော့
    ငါက……………..
    …………………………
    ………………………………..
    (Copy right နဲ့ ပြောလာနဲ့နော် ကိုပေါက် 😀 😀 ) နော်ဝင်ဖောက်တာကို 😀

  • mg wine

    November 18, 2011 at 2:43 pm

    ကိုအောင်ချိမ့်လားမှတ်ရတယ်
    ကောင်းလိုက်တာဗျာ။
    သူတို့ရေးနေချိန်
    ငါကတော့တွေးနေတုန်း….

  • နီလေး

    November 18, 2011 at 2:57 pm

    သူတို့တွေ မန့်တုန်းရေးတုန်း ငါတော့ ဖတ်ကောင်းတုန်း

  • chitlay

    November 18, 2011 at 4:46 pm

    ကောင်းလိုက်တဲ့ ကဗျာလေး … လေးပေါက်ကဗျာလေးဖတ်ပြီး မျက်စိထဲ ကိုယ့်ကိုကိုယ် ပြန်မြင်လာတယ် …။

  • small cat

    November 19, 2011 at 8:37 am

    သူတို့တွေအားလုံးသေပြီးသွားမှ
    ကြောင်လေးက မွေးကင်းစ
    အဟီး… အခုမှ လိုက်ဖတ်နေရလို့

  • Htet Htet Soe Hlaing

    June 24, 2012 at 12:12 pm

    အင်းနော် ဘဝကြီးမှာနောက်ကျတဲ့လူတွေဆိုတာ ဒရွတ်တိုက်လိုက်နေရတဲ့သူတွေဘဲနော် ပြေးနိုင်မှပေါ့ မရပ်မနားလျှောက်နေရမယ်ပေါ့

  • kyeemite

    June 24, 2012 at 4:44 pm

    သူတို့ရေးကောင်းနေချိန်မှာ..
    ငါကသောက်လို့ကောင်းနေဆဲ…
    သူတို့ မန့်ကောင်းနေချိန်မှာ…
    ငါကဟောက်လို့ကောင်းနေဆဲ..
    သူတို့ပွိုင့်တွေတိုးနေချိန်မှာ…
    ငါကထပ်သောက်လို့နေဆဲ…
    သူတို့ငြင်းခုံနေချိန်မှာ..
    ငါကမှောက်လို့ ဒူးတွေပြဲ..
    သူတို့တွေ့ဆုံနေချိန်မှာ…
    ငါကမူးလို့ရူးနေဆဲ…
    သူတို့ ….
    ငါက….
    သူတို့…
    ငါက….
    (ကိုပေါက်အားလေးစားစွာ `ဤ ကဗျာဖြင့်ဂုဏ်ပြုပါ၏)

  • athwe lay

    October 13, 2012 at 8:41 pm

    သူတို့ကအလုပ်ကိုယ်စီဖြစ်နေချိန်မှာ
    ငါကအလုပ်ရှာနေဆဲ
    သူတို့တွေပျော်နေချိန်မှာ
    ငါကစာတွေကျက်နေဆဲ
    ကျွန်တော်စာမေးပွဲနီးနေလို့စာတွေမရသေးပါ။
    ကူညီပါဦး ကိုပေါက်ရေ ကူးနည်းလေးတစ်ချက်လောက်
    နောက်တာနော် အဟီး

  • kaungsumyatsan

    October 13, 2012 at 10:35 pm

    ကိုပေါက်ရေ-
    တခါတလေကြတော့လည်းကိုယ့်ရှေ့ကသွားနေတဲ့လူတွေ၊
    ကိုယ့်နောက်ကသွားနေတဲ့လူတွေ၊
    မှတ်မှတ်ရရနဲ့ပြန်ကြည့်လိုက်ရင်အကြောင်းအမျိုးမျိုးနဲ့
    မရှိကြတော့တဲ့အဖြစ်တွေလည်းကြုံဘူးတယ်လေ၊
    စိတ်ချမ်းမြေ့မယ့်ဘဝနဲ့မှန်မှန်လေးသွားချင်တယ်။

Leave a Reply