ချစ်သူ

chatsuNovember 15, 20111min1063

ချစ်သူ……….

အကြောင်းညီညွှတ်လို့ ဘောင်းဘီချွှတ်ပြီး စာရေးလိုက်ပါတယ်..

အခုကိုယ်ပို့လိုက်တဲ့ စာကလေးကိုရရင် အမွှေးနုတ်ပြီးကြော်စားလိုက်နော်..

မင်းကိုကိုချစ်ချင်ပေမဲ့အုန်းခြစ်ကမရှိဘူး..

မင်းနဲ့ကိုယ် ပေါင်းချင်ပေမဲ့ ကောက်ညင်းဆန်တွေဈေးကြီးတာမင်းအသိပါ..

မင်းကိုကိုယ် နှစ်သက်ပင်မဲ့ မင်းကရေငုပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့..

အချစ်ရယ်

ကိုယ်တစ်ယောက်ထဲလျှောက်လှမ်းခဲ့တဲ့အဝတ်တွေ ခုဆိုခြောက်လောက်ရောပေါ့..

မင်းအချစ်ကိုသာမရရင် ကိုယ်လေ..

မထူးတော့တဲ့ဘဝမှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..

ကိုယ်ဒီလိုအရဲစွန့်ပြီး စာရေးတာကို စိတ်မဆိုးပါနဲနော်..

ငပိ စားပြီးအသိတရားမရှိဘူးလို့တော့မပြောလိုက်ပါနဲ့.

ဂေါ်ဖီတွေ စားပြီး တော်ကီတွေပွားတာလဲမဟုတ်ပါဘူး…

ရုပ်တည်နဲ့ မုန့်တီထိုင်သောက်နေတယ်လဲမထင်လိုက်ပါနဲ့

အရှက်မရှိ သရက်စေ့လဲမဟုတ်ဘူးနော်…

ကိုယ်ဟာ..

ရုပ်ကလာပ်ကစုတ်ပြတ်..

ရူပါကချူချာ

သောက်ရုပ်က မျောက်ကုတ်..

ပုံစံက ဒုံးပျံနေပေမဲ့..

အသည်းနှလုံးကတော့သိပ်ချစ်တတ်ပါတယ်..

ကိုယ်ရဲ့စာကို မင်းမိဘတွေတွေ့လို့ တော်တော်ဆူနေလား?

ဆူရင်မီးဖိုပေါ်ကချပြီး လက်ဖက်ခြောက်ခတ်လိုက်နော်..

မင်းလေး..ကိုယ်ဆီစာြ့ပန်ပါဦးနော်…

မင်းဆီကပြန်လာမဲ့စာကလေးတွေကို..

ကိုယ်..လေသေနတ်နဲ့အသင့်ဆောင့်နေမယ် အဲမှားလို့ အသင့်စောင့်နေမယ်..

ချစ်တဲ့

3 comments

  • chatsu

    November 15, 2011 at 4:05 pm

    fackbookကတွေ့လို့တင်လိုက်တာပါ။

  • ပေါက်ဖော်

    November 15, 2011 at 4:26 pm

    ငယ်ငယ်က..ဒီလိုတော်ကီတွေ..သူငယ်ချင်းတွေနဲ ့..ခဏခဏ ပြောကြတယ်..ကချက်စူရ..
    အငြိမ့်တွေဘာတွေထဲမှာလဲ..တစ်ချို ့စာတွေ.ထည့်ပျက်ကြတယ်..
    မသိသေးတဲ့လူတွေ..ဖတ်မိရင်တော့..တော်တော်ရီရမဲ့ဖြစ်ခြင်းပါဘဲ
    😆

  • blackchaw

    November 15, 2011 at 5:43 pm

    ချက်စူရေ။
    တွေ့လို့ တင်ရင်
    အဆွဲခံရမယ်နော်
    ကြိုးရှည်ရှည်နဲ့သာလှန်ထား။

Leave a Reply