လိပ်– ပေါက်တူး— ခရိုင် ငအုပ်မှုုး

 

ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်အရ ဆန်စက်လုပ်ငန်းပိုင်ရှင်များသို့
ကြိတ်ခွဲခွင့် လိုင်စင်ပြုလုပ်ရာတွင် ကုန်သွယ်လယ်ယာမန်နေဂျာ၊ မြို့နယ်အုပ်ချုပ်ရေးမှုး
ရုံးမှ စာရေးကြီး ၊ အခွန်ဦးစီးမှုး ၊ ဆန်စက်လုပ်ငန်းရှင်ဥက္ကဋ္ဌတို့မှ လုပ်ငန်းလိုင်စင်အတွက်
တစ်ဦးလျှင် ၁၀၀၀ဝ ကျပ် တရားဝင်ဘောက်ချာပေး၍  တရားမဝင် ၃၅၀၀ဝ ကျပ် တိတိ
အတင်းတောင်းယူခဲ့သည့်အတွက် ဆန်စက်လုပ်ငန်းရှင် များ မကျေနပ်မှုဖြစ်ခြင်း ၊
အလားတူ ခရိုင်အုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်( စီမံချက် ) အရ ခရိုင်ဒုဦးစီးအရာရှိ နှင့်
စ.စ.စ တပ်ဆွယ်မှုး တို့သည် နယ်စွန်နယ်ဖျားရှိ အရက်ဆိုင်များ၊ အရက်ချက်ဖိုများ ထံမှ
ဆိုင်တစ်ဆိုင် ၊ ဖို တစ်ဖို  စီအား ၃၀၀၀ဝ ကျပ်စီ ခြောက်လှန့်ခြိမ်းချောက်ကာ တရားမဝင်
တောင်းယူခဲ့ခြင်း ၊
(တရားမဝင်အရက်ဆိုင် ၊ အရက်ဖို များကို တရားမဝင်အတင်းတောင်းရမ်းမှု ဟုဆိုရာတွင်
အကျင့်ပျက် ချစား သည်ကိုပေါ်လွင်အောင်ဖေါ်ပြခြင်းသာဖြစ်ပါ၏ )
ခရိုင်အုပ်ချုပ်ရေးမှုး နှင့် အကြင်လင်မယား စ.စ.စ တပ်ဆွယ်မှုးတို့၏ ဈေးကွက်စီးပွါးရေးများမှာ
* နွားမှောင်ခို
* သစ်မှောင်ခို
* အရက်လုပ်ငန်း
* ငါးဖမ်းစက်လှေများ
အစရှိသည် များမှ လစဉ် သိန်း ၅ဝ ခန့် ရရှိလျှက် ဝေစားမျှှစား လုပ်စားနေကြသည်မှာ လွန်စွာ
ကြာမြင့်လှပြီ ဖြစ်ခြင်း ၊
( ရရှိပါသော ငွေကြေးများကို အများပြည်သူနှင့် ပတ်သက်ကိစ္စများတွင် အသုံးမပြုပါပဲ နေ့စဉ်
သောက်စားပျော်ပါး အောင်ပွဲခံလျှက် ရှိနေကြခြင်း ၊
ဆိုလိုရင်းမှာ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူလူထု၏ အကျိုးကိုသယ်ပိုးရန် နိုင်ငံတော်မှ
အလုံအလောက်ရိက္ခာအထောက်အပံ့တို့ဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။
အထက်ဖေါ်ပြပါ ဝန်ထမ်းများသည် ပြည်သူ့အကျိုးမပြုဘဲ ပြည်သူလူထု နစ်နာအောင်၊ ဒုက္ခ
များစွာရောက်အောင် စွမ်းဆောင်၍ နိုင်ငံတော် အစိုးရအား အကြည်ညိုပျက်စေရန် လုပ်ဆောင်
နေကြပါ၏ ။
လွန်ခဲ့သော အချိန်များစွာတို့မှ အစပြုပြီး ယနေ့ထိတိုင် သစ္စာရှိရှိ၊ တစိုက်မတ်မတ်၊ အပတ်တကုပ်၊
ဆက်၍ ဆက်၍ ၊ စဉ်ဆက်မပြတ် မိုက်တွင်းကြီးကို တူးဖေါ်နေကြပါသော ( လိပ်—ပေါက်တူး)  များ
ကို ဖယ်ရှားပေး၍ ကယ်မတော်မူကြကုန် ။
စ.စ.စ တပ်ဖွဲ့မှာလည်း ယခင်က လင်မယားရန်ဖြစ်၊ နှစ်လုံး သုံးလုံး ၊ သူခိုးများ ၊ ဖာအိမ်များ ၊
ပျော်ပွဲရွှ့င်ပွဲ၊ သစ်မှောင်ခို ၊နိုက်ကလပ်၊ ပျော်ပွဲစားရုံ၊ သစ်စက်၊ ဆန်စက်၊ အစရှိသည့် နေရာ
များမှ ဆက်ကြေးကောက်ယူခဲ့သော ထောက်လှမ်းရေး အဖွဲ့ တို့၏ စိတ်ဓါတ်များ သည်
စ.စ.စ တပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ များထံပါး ဆက်လက် အခစား စိမ့်ဝင် ရောက်ရှိနေခြင်းကို
နိုင်ငံတော်အစိုးရအနေဖြင့် သတိကြီးစွာထားသင့်ပါ၏ ။
( ဆင်ခြင်သုံးသပ်ရပါလျှင် ၎င်းတို့သည် ပြည်သူလူထု၏ အဖျက်သမားများ ဖြစ်ပါ၏)
ဂွတ်ဂါးဗားမင့် ၊ ကလင်းန် ဂါးဗားမင့် ဖြစ်ရမည်ဟု ကြွေးကြော်နေသော သမ္မတကြီး
ထံသို့ ပို့ပေးရမည်မှန်သော်လည်း စိတ်ချလက်ချဖြစ်အောင် မန်းတလေးဂေဇက်
ဝိုင်းတော်သားများထံသို့သာ အရောက်ပို့ခဲ့မိသည့်အတွက် ပေးသမျှ အပြစ်ဒဏ် နှင့်
ဝေဖန်မှုများစွာတို့ကို မရဲတရဲ ရင်ဆိုင်သွားပါမည် ။
သတိ__________ လိပ်  ပေါက်တူး များ  ရှေ့ကြည့်နောက်ကြည့် ဝဲ ယာ ကြည့်ပြီး
______________ အရိုးကြည့်ရှောင် ကြပါရန် ။

9 comments

  • ပေါက်ဖော်

    November 15, 2011 at 4:03 pm

    ကလွင်မောင်..
    အဲဒီ..ငအုပ်မူး..အဲအဲ..ခရိုင်မူးက ဘယ်ကတုံး
    ဘယ်ဒေသကတုံး….

    နောက်ခါ ကဘလူးလို..ဒါ့ပုံလေးဘာလေး..ခိုးရိုက်ခဲ့ပါလား..
    အရိုးတော့..ကြည့်ရှောင်..ေြုကာင်ရှိ..မိသွားရင်..ကွိခနဲ ပဲ
    😆

  • mg wine

    November 15, 2011 at 6:47 pm

    ကောင်းတယ်ဗျာ၊စနစ်ဟောင်းကပေါက်တူးတွေ
    ရှိနေရင်တို့တွေဒုက္ခဆက်တွေ့နေမှာပဲ
    လိပ်ကိုသတ်ပါအခွံခွာလော့

  • lwinmg

    November 15, 2011 at 9:57 pm

    သတင်းတစ်ခု အသိပေးပါမယ် ၊ ပြည်နယ်က စစ်ဆေးရေးအဖွဲ့တွေ မနေ့က ရောက်ရှိလာတယ်၊
    ခရိုင်ငအုပ်မုှုးကို စစ်ဆေးရန်ရောက်လာခြင်းပါ၊
    တစ်ကယ်တော့ မပေါင်းသင့်မပေါင်းအပ်သော အထက်ဖါးအောက်ဖိ လုပ်ငန်းရှင်များ နှင့် ပေါင်းစပ်
    ပျော်ပါး အောင်ပွဲခံ ခဲ့ကြတဲ့ ရလာဒ်တွေ လို့ ယူဆမိတယ်၊
    မိုးမမြင်လေမမြင် ငါ တကောကောမယ်၊ ငါ့အပြင်လူမရှိ စိတ်ကြီးဝင် ကိုယ့်ကိုကိုယ် အထင်ကြီးပြီး
    မလုပ်သင့်မှန်း လုပ်သင့်မှန်း သေချာ ခွဲဝေနိုင်စွမ်းမရှိလောက်အောင် အကျင့်ပျက်စရိုက်ဝင်သွားခဲ့
    တာကိုးနော် ။
    ဒီလောက် လူများအပေါ် ရက်ရက်စက်စက် လုပ်ခဲ့တာ သူ့အလှည့်ရောက်တော့လဲ ကိုယ်ပြုခဲ့ဒဏ်
    ကိုယ်သာခံ ပေဦးတော့ပေါ့ ၊
    ( သံဝေဂ ရမိတာကတော့ မပေါင်းသင့် မပေါင်းအပ်တဲ့သူတွေကို မပေါင်းမိကြဖို့ပါ )

  • waymg

    November 15, 2011 at 10:00 pm

    စစ်ဆေးရေးအဖွဲ့ အမည်ခံတွေက သူတို့ အုပ်စုတွေပဲ မလား
    မြို့နယ် ထွေအုပ်ကို ပြည်နယ်ထွေအုပ်က စစ်ရတဲ့ အမှု ဟုတ်တယ်မလား
    Blue, Black, Red , Green တွေနဲ့ ပြုစု လိုက်မယ်ဆိုရင်…
    နောက်ပြီး————————–
    စက္ကူ ပါကင် ၂ဝ လောက် နဲ့ အပေးအယူလုပ်လိုက်မယ်ဆိုရင်…
    ဒုံရင်း က ဒုံရင်း ဖြစ်သွားနိုင်လောက်တယ် မိတ်ဆွေ ..
    ကျုပ်အထင် ဒီလိုဘဲ ဖြစ်သွားနိုင်လောက်တယ်..
    စစ်ဆေးသူတွေကရော ဘာသားနဲ့ထုထားတာမို့လဲ…

  • avatar

    November 15, 2011 at 10:06 pm

    အဓမ္မ သမားတို့ ပြိုလဲကျဆုံးဖို့ လိုအပ်ပါတယ် ၊
    ကျဆုံးပြီးသွားခဲ့ရင်လည်း သားစဉ်မြေးဆက် သမိုင်းမှာ တွင်ကျန်ရစ်ခဲ့မှာ သေချာပြီ ၊
    တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် မယ်ဆိုလည်း ဒီလိုလုပ် ဒီလိုဖြစ်မယ် ၊
    ဟိုလိုလုပ်ရင် ဟိုလိုဖြစ်မယ် သတိထားမိစေနိုင်တာပေါ့ ။

  • အာရက္ခ မြေသား

    November 16, 2011 at 11:09 am

    သတင်းတစ်ခုဖြစ်ဖို ့ရာထက် အတင်းအဖျင်းများကိုလက်ခံတင်ပြခွင့်ပေးနေသော မန္တလေးဂေဇက်ကို နားမလည်တော့ပါ။
    သို ့သော်လဲ ယခုရေးသားနေသူများသာ ဌာနဆိုင်ရာတွင်နေရာရ လာပါက နေစရာမရှိအောင်ဒုက္ခပေးမှာသေချာပါသည်။
    ဒေသတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ကြံသတင်းရေးသူများသာဖြစ်သဖြင့်. ယုံကြည်သူအလျှင်းမရှိ ဖြစ်နေပါသည်ကို ကိုယ့်ညီကို
    တို ့မျက်မြင်ပင်ဖြစ်ပါကြောင်းနှင့် ကြံ့ခိုင်ရေးပါတီမှ အထွေထွေအုပ်ချုပ်ရေးမှူးများပေါ်အထင်လွဲအမြင်မှားဖြစ်အောင်ချောက်ချရေးသား
    နေကြသည်မို ့ မြို ့နေလူထုမှာ အခက်ကြုံ၍နစ်နာမှုများဖြစ်ပေါ်နေပါသည်။

  • mgmgmone

    November 16, 2011 at 12:12 pm

    လွင်မောင်ရေ တိကျလိုက်တာဗျာ။တိတိကျကျသိရတော့ အရေးယူမယ့်လူတွေ ဘာလုပ်မလဲ စောင့်ကြည့်ရတာပေါ့။
    လာဘ်ပေးပြီး လျှော့ပေါ့ပေးတဲ့ခေတ်ကရောကုန်ပီလား။စောင့်မျှော်နားထောင်နေပါတယ်။

  • ဝေးလွင့်တိမ်

    November 16, 2011 at 6:58 pm

    အာရက္ခမြေသားရေ ကြံ့ဖွံ့ကလူတွေနဲ့ ခရိုင်မှူးနဲ့ကမတည့်ကြဘူးလားဗျ ။ ဒါဆိုဘယ်သူကအမှန်လဲဗျ ။ အားလုံးသိအောင်နည်းနည်းရှင်းပြပေးပါလား ။ ကြံ့ဖွံ့ကလူတွေဆိုတာက အဲဒီပါတီဝင်ထားတဲ့လူအားလုံးလား ။ ဒါဆိုရင်တော့ ခရိုင်မှူးနဲ့မတည့်တဲ့သူတော်တော်များတာပဲနော် ။ ဒီမိုကရေစီစနစ်အရ မဲခွဲဆုံးဖြတ်ရင် မလွယ်ပါလားကွယ်ရို့ ။ ကြံ့ဖွံ့မှာက စီမံချက်တွေနဲ့ပါတီဝင်တွေထည့်ထားတာ မြို့ကလူကုန်တော့မယ် ။ ဒါဆို ခရိုင်မှူးနဲ့မတည့်တာ တစ်မြို့လုံးပေါ့ ။ ဟုတ်ပဗျာ ၊ ကြံ့ဖွံ့ကလူတွေကလဲလွန်ပါတယ် ။ သူ့ခမျာလေး ကောင်းရောင်းကောင်းဝယ်တောင်းစား အဲလေ ကန်တော့ကန်တော့ လုပ်စားနေတာကို ။ ချိန်ခွင်တံဆိပ်နဲ့ အမှတ်အသားထားတဲ့ ဝန်ကြီးဌာနကဝန်ထမ်းဗျ ။ ဘာမှတ်တုန်း ။ ချိန်ခွင်လျှာ ကပ်နေရင်တော့မသိဘူးပေါ့ဗျာ ဟဲဟဲ ။

  • seahorse

    November 16, 2011 at 9:35 pm

    ရိုး……မဆီမဆိုင်တမြို ့လုံးကိုများဆွဲသွင်းနေတယ်။မရှက်တဲ့ ကိုကြံ့ရေ။အဖျက်သမားက ပြန်ဟောင်နေပါလား။

Leave a Reply