ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်အရ ဆန်စက်လုပ်ငန်းပိုင်ရှင်များသို့ ကြိတ်ခွဲခွင့် လိုင်စင်ပြုလုပ်ရာတွင် ကုန်သွယ်လယ်ယာမန်နေဂျာ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးမှ စာရေးကြီး ၊ အခွန်ဦးစီးမှုး ၊ ဆန်စက်လုပ်ငန်းရှင်ဥက္ကဋ္ဌတို့မှ လုပ်ငန်းလိုင်စင်အတွက် တစ်ဦးလျှင် ၁၀၀၀ဝ ကျပ် တရားဝင်ဘောက်ချာပေး၍  တရားမဝင် ၃၅၀၀ဝ ကျပ် တိတိ အတင်းတောင်းယူခဲ့သည့်အတွက် ဆန်စက်လုပ်ငန်းရှင် များ မကျေနပ်မှုဖြစ်ခြင်း ၊ အလားတူ ခရိုင်အုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်( စီမံချက် ) အရ ခရိုင်ဒုဦးစီးအရာရှိ နှင့် စ.စ.စ တပ်ဆွယ်မှုး တို့သည် နယ်စွန်နယ်ဖျားရှိ အရက်ဆိုင်များ၊ အရက်ချက်ဖိုများ ထံမှ ဆိုင်တစ်ဆိုင် ၊ ဖို တစ်ဖို  စီအား ၃၀၀၀ဝ ကျပ်စီ ခြောက်လှန့်ခြိမ်းချောက်ကာ တရားမဝင် တောင်းယူခဲ့ခြင်း ၊ (တရားမဝင်အရက်ဆိုင် […]