သေခြင်းတရားရဲ့နောက်ကွယ်မှာ

လူသားအားလုံး နေ့စဉ်အလုပ်အကိုင်များနဲ့မအားမလပ် စားသောက်နေထိုင်ရေးတွက်ကြိုးစားနေကြရပါတယ် ။ လူဝင်ဆံ့နေနိုုင်ရေး လူတန်းစေ့နေနိင်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရုန်းကန်လှုပ်ရှားနေကြပါတယ် ။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝသူတွေကလဲ ပိုပြီးပြည့်စုံအောင် လှူတန်းနိင်အောင် ရှာဖွေကြိုးစားနေကြပါတယ် ။ လူ့သက်တန်းတစ်လျှောက်အလှုတွေပြုကြတာ ဘယ်ဘာသာတရားမှာမဆိုပါ ။ အလှူရေစက်လက်နဲ့မကွာလှူနိုင်ဖို့တွက်ကလဲ ဥစ္စာငွေကြေးဆိုတာ လိုလာပြန်ပါတယ် ။ ဥစ္စာရှာတော့လည်း နောက်ကွယ်က လောဘဆိုတာလေးပါလာပြန်တော့တာပါပဲ ။ တစ်ချို့ပြောကြပါတယ် အလှူလုပ်တာ ကုသိုလ်လုပ်တာဘာတွက်လုပ်သလဲမေးရင် သေရင်ကိုယ့်နောက်ပါမှာမို့လို့တဲ့ ။ အဲဒါကျတော့ အတ္တစိတ်ဖြစ်မသွားပါဘူးလား ။ ကိုယ့်အတွက်ရည်ရွယ်ပြီးလှူနေတာပါပဲလေ ။ ဒါဆိုအကုသိုလ်လုပ်သူတွေကရော သေရင်ကိုယ့်နောက်ပါအောင် အကုသိုလ်လုပ်နေတာပဲလား ။ အဲလိုမေးရင်တော့ မတတ်သာလို့လုပ်ရတာပါ စိတ်ထဲကမပါဘူးလို့ဖြေကြမှာမလွဲပါဘူး ။ သေရင်ကိုယ့်နောက်ကို ပါပါ မပါပါ စေတနာသုံးတန်ပြတ်သားပြီး လှူနိုင်ဖို့တွက်ပဲ လိုပါတယ် ။ သေခြင်းတရားရဲ့နောက်ကွယ်မှာဘာတွေရှိနေလို့များလူတွေကြောက်နေကြတာပါလဲ ။ သေခြင်းတရားရဲ့နောက်ကွယ်မှာ ပူလောင်တဲ့အရာတွေရှိသလို အေးမြမှုတွေလဲရှိနေတယ် လို့ဆိုကြပါတယ် ။ အကုသိုလ်များများလုပ်သူတွေက ပူလောင်တဲ့နေရာကိုရောက်မယ် ။ ကုသိုလ်များများလုပ်သူတွေက အေးမြတဲ့နေရာကိုရောက်မယ် ။ အဲဒါ ဘယ်ဘာသာတရားမှာမဆိုပါ ။ ကမ္ဘာ့ဘာသာကြီးလေးခုမှာ ကုသိုလ်နဲ့ပတ်သက်တာတွေအတော်များများတူနေတာကိုတွေ့ရပါတယ် ။ သေခြင်းရဲ့နောက်ကွယ်မှာ မဆုံးနိုင်တဲ့ဘဝသစ်တစ်ခုက လက်ကမ်းကြိုဆိုနေလိမ့်မယ်လို့ထင်မြင်မိပါတယ် ။ ကျွန်တော့အထင်လွဲကောင်းလွဲချော်နေပါလိမ့်မယ် ။ ကိုယ်ပိုင်ထင်မြင်ချက်ကလေးတွေနဲ့ ဝင်ရောက်ဆွေးနွေး ပေးစေလိုပါတယ် ။ အားလုံးကို ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။

9 comments

  • ပေါက်ဖော်

    November 16, 2011 at 8:22 pm

    သေပြီး..ဘာဖြစ်မလဲ ကိုယ်မသိနိုင်တဲ့အတွက်..ဘာဖြစ်မလဲ မစဉ်းစားတော့ပါဘူး..
    မသေခင်..လေးတော့ကောင်းကောင်းနေချင်၏..ကောင်းကောင်းကဲချင်၏..ကောင်းကောင်းလှူချင်၏
    ကောင်းကောင်းကူညီချင်၏..အကူအညီကောင်းကောင်းလဲလိုချင်၏..ကောင်းကောင်းဆွဲချင်၏(ဝါးတီး)
    ကောင်းကောင်း..သေချင်၏

    • windtalker

      November 16, 2011 at 9:10 pm

      ရဲ ဘေဘီ ရဲ
      ပြေး ပေါက်ဖော် ပြေး
      ဒက်စ်ရွိုက်မန်း
      ဘရာဗို

  • မောင်သန်းထွဋ် ဦး

    November 16, 2011 at 10:06 pm

    မလွယ်တဲ့ ကိုပေါက်ဖော်ကြီး မသေခင်လေး အစားအောင်းလေးစားသွားမယ်ပေါ့။
    အဲလိုလား ဟင်

  • ကြောင်လတ်

    November 17, 2011 at 6:55 am

    ဘယ်လောက်ရှည်ကြာတဲ့ သံသရာမှာ ဖြတ်သန်းလည်ပတ်ခဲကြပြီလဲ????
    ဘယ်လောက်ရှည်ကြာတဲ့ သံသရာကို ထပ်မံလည်ပတ်ရဦးမလဲ မသိပါ…..
    အလှူ လှူတဲ့အခါ သေရင်ကိုယ့်နောက်ပါဖို့ လို့ အာရုံမပြုပဲ၊
    သံသရာလည်ပတ်မှုတွေ ချုပ်ညိမ်းရာ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ရပါလို၏
    ဆိုတဲ့ဦးတည်ချက်တစ်ခုကိုပဲ စွဲစွဲမြဲမြဲ အာရုံပြုဖို့လိုအပ်လှပါကြောင်း။

  • အာရက္ခ မြေသား

    November 19, 2011 at 1:56 pm

    ကိုယ့်ညီကို ကြောင်လတ်ကပြောတာလေးကို လေးစားလိုက်တာဗျာ။
    တကယ်တော့ ပြည်သူ တွေကြားမှာမြှောက်ထိုးပင့်ကော်လုပ်၊အချင်းချင်းရန်တိုက်ပေးနေတဲ့
    ကြံ့ခိုင်ရေးပါတီဝင် ဝေးလွင့်တိမ်တို ့လို Gipsy တို ့လို လူတွေကြောင့်အများအကြည်ညိုပျက်စေတာအားလုံးအသိ မဟုတ်ပါလား
    ကိုယ့်ညီကို
    တို ့။သေပြီးနောက်ထက် ယခုလက်ရှိမှာ မလိုလောဘဇောကပ်နေတဲ့ လူပျက်တွေကြောင့် ပိုခေတ်ဆိုးနေလေပါပီ ကိုယ့်ညီကိုတို ့။

  • ဝေးလွင့်တိမ်

    November 19, 2011 at 1:56 pm

    ဟုတ်ပါတယ် ကိုကြောင်လတ်ရေ ။ အတ္တကင်းတဲ့အလှူဒါနလေးနဲ့ သံသယာကိုမမျှော်ကိုးပဲ သံသရာဝဋ်ဆင်းရဲမှ ချုပ်ငြိမ်းရာကိုသာရှာကြရမှာပါဗျာ ။

  • မောင်တုတ် ကြီး

    November 19, 2011 at 2:02 pm

    ကိုဝေးလွင့်တိမ်ရေ အကိုက သံသရာလို ့ဘဲရေးပါဗျာ။စာလုံးပေါင်းသတ်ပုံလေး ဂရုစိုက်ပေးပါလား။အကို ့ရည်ရွယ်ဦးတည်ချက်ကို
    လေးစားအားကျမိပါတယ်။

  • mg wine

    November 19, 2011 at 2:37 pm

    လောကုတ္တရာနဲ့ပတ်သက်တာတွေတွေးခေါ်တဲ့ဆောင်းပါးတွေ
    ဖတ်ချင်ပါတယ်။ ကောင်းပါတယ် အားပေးပါတယ်
    ဝိပဿနာအကြောင်းတွေရေးပေးပါဆရာ

  • ဝေးလွင့်တိမ်

    November 20, 2011 at 3:02 pm

    မောင်တုတ်ကြီးရေ ကျွန်တော်စာလုံးပေါင်းမှားသွားပါတယ် ။ ခုလိုထောက်ပြပေးတဲ့အတွက်ကျေးဇူးပါဗျာ ။ mg wine ရေ အားပေးစကားပြောတဲ့အတွက်ကျေးဇူးပါ ။ ကျွန်တော်က ဝိပဿနာအကြောင်းတွေ သိပ်မသိပါဘူး ခင်ဗျာ ။ ကျွန်တော်တွေးမိတာလေးကိုရေးလိုက်တာပါ ။ ဒါပေမယ့် ဝိပဿနာအကြောင်းတွေကိုလဲ လေ့လာပြီး ကောင်းနိုးရာရာလေးတွေကိုတင်ပေးပါ့မယ် ။ အားလုံးကို ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

Leave a Reply