အချစ်ဟုခေါ်သည်

“ အချစ်ဟုခေါ်သည် ”

ပူလောင်ခြင်းတွေနဲ့
သန္တေတည်တဲ့နေရားလေး ။
အေးမြခြင်းတွေ
တစ်ခါတစ်ရံ
နားခိုတဲ့နေရာလေး ။
သံသယတွေ
ကင်းစင်တဲ့နေရာလေး ။
သံသယတွေ
မြစ်ဖျားခံတဲ့နေရာလေး ။
ရင်ခုန်သံဆိုင်ချက်တွေအောင်မှာ
ကခုန်ကြ
ပျော်မြူးကြ … ။
အပျော်ကျူးတော့
အပျော်မူးကြ
အပျော်လွန်တော့
အသည်းကျွံကြ
ခါတစ်ရံမှာ
စစ်ပွဲတွေဖန်တီးသလို
ခါတစ်ရံမှာ
ငြိမ်းချမ်းရေးတွေတည်ဆောက်လို့ … ။
အဆုံးသတ်မှာ
မျက်ရည်စို့သလို
အပျော်တွေလည်းစီးဆင်းရဲ့ … ။
နားလည်ရခက်တဲ့
နှလုံးသားရဲ့တစ်နေရာ
အဲဒါကလေ …. ။ ။

9 comments

  • မောင်သန်းထွဋ် ဦး

    November 16, 2011 at 10:09 pm

    ဒီနေ ့ထိ ကိုယ့်ဖက်က ချစ်မှုဖြစ်တည်လာပေမယ့် ချစ်သူအပေါ် စိတ်နဲ ့တောင်မပြစ်မှားခဲ့ဖူးပါဘူး။
    ကိုဝေးလွင့်တိမ်ရေ ကျေးဇူးပါနော့်။

  • ကြောင်လတ်

    November 17, 2011 at 6:49 am

    ကဗျာအဓိပ္ပါယ်လေးကောင်းပါတယ်။
    အားပေးသွားပါတယ်

  • ဝေးလွင့်တိမ်

    November 19, 2011 at 2:06 pm

    ကျေးဇူးတင်ပါတယ်ဗျာ ။ ချစ်သူအပေါ်မှာ စည်းစောင့်ထိမ်းတတ်တဲ့ ကိုသန်းထွဋ်ဦးကိုလဲလေးစားပါတယ်ဗျာ ။

    • Cherrylay

      December 12, 2011 at 6:12 pm

      အစ်ကိုအမြဲအဲဒီလိုချစ်နိုင်ပါစေနော်..ညီမလည်းဒီကဗျာလေး သူ့ကိုဖတ်ပြရမယ်..

  • မောင်တုတ် ကြီး

    November 19, 2011 at 2:15 pm

    ပူလောင်ခြင်းတွေနဲ့
    သန္တေတည်တဲ့နေရားလေး ။ဆိုတာ ကဘယ်နေရာလေးဆိုတာ လဲပြောပြပေးပါအုံး ကိုဝေး ရေ။

    နေရားလေးဆိုတာ ဘယ်နားများ ရားနေတာလဲဗျာ။

  • အာရက္ခ မြေသား

    November 19, 2011 at 2:21 pm

    နောက်ပြီးပြောထားသေးတယ် ကိုယ့်ညီကိုရ နားလည်ရခက်တဲ့ နှလုံးသားတစ်နေရာက
    ပါတဲ့။ဟုတ်ရဲ ့လား ကြည့်လုပ်ပါ ကဗျာဆရာလေးရယ် တဲ့ဗျာ။

  • ဝေးလွင့်တိမ်

    November 20, 2011 at 3:12 pm

    ကျွန်တော်က စာလုံးပေါင်းခဏခဏမှားတတ်တယ်ဗျာ ။ ကျေးဇူးပါကိုတုတ်ကြီးရေ ကျွန်တော်ရေးတာက နေရာလေးကို ရေးတာပါ ။ း ပိုသွားတာပါ ။ ပြင်ဆင်ဖတ်ရှုပေးပါဗျာ ။ အာရက္ခမြေသားရေ ကဗျာတစ်ပုဒ်ကိုဖတ်တယ်ဆိုတာ ကဗျာဆရာရဲ့ဝိညာဉ် နဲ့ ဖတ်ရှုသူဝိညာဉ်တစ်ထပ်တည်းပူးကပ်ပြီးဖတ်မှသာ ကဗျာ ကိုနားလည်နိုင်တာပါ ။ ကဗျာ တစ်ပုဒ်ကို စာလိုဖတ်ရင် စာလိုပဲတွေ့ပါလိမ့်မယ် ။ ကဗျာ ဆရာရင်ထဲမှာခံစားပြီးရေးထားတာက ဘယ်လိုနားလည်ရမှန်းမသိပဲ ချစ်မိသွားတယ်ဆိုတာလေးကို တင်စားတာပါ ။ ကဗျာဆရာရဲ့အချစ်မှာ အတ္တ မရှိဘူး ။ ငွေကြေးမလိုဘူး ။ ပကာသနဆိုတာတွေမရှိဘူး နားလည်ရခက်လောက်အောင်နှလုံးသားတစ်နေရာမှာ စူးနစ်ဝင်ရောက်ချစ်မိသွားစေတတ်တဲ့ အချစ်လို့ တင်စားလိုက်တာပါဗျာ ။ ခုကျွန်တော်ပြောသလိုရှင်းအောင်ကဗျာမှာထည့်ရေးလိုက်ရင်လဲ စကားပြေဖြစ်သွားရောဗျ ။ ရှေးခတ် ရဟန်းစာဆို ၊ လူစာဆို ကျော်တွေရေးဖွဲ့ခဲ့တဲ့ကဗျာတွေမှာလဲ ခက်ဆစ်နဲ့ရှင်းမှ အဓိပ္ပါယ်ပေါ်တဲ့ကဗျာတွေအများကြီးပါခင်ဗျာ ။ ကဗျာကို ကဗျာလိုရှုမြင်နိုင်မှသာ ကဗျာအရသာကိုခံစားနိုင်တာပါ ။ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ အနုပညာသမားတွေကိုအောင်မြင်စေတဲ့သော့ချက်က များများဝေဖန်ခံရခြင်းပါပဲ ။

    • Cherrylay

      December 12, 2011 at 6:09 pm

      အင်းညီမလည်းကိုယ့်ကဗျာလေးတွေကိုကောင်းဆိုးကျိုးကြောင်းပြောပြပြီးအားပေးရင်ပျော်တယ်..ဒါကလည်းကိုယ့်စာကိုဂရုတစိုက်ဖတ်ပြီးတော့မှသိနိုင်တာမဟုတ်လား

  • The Angry Man

    November 20, 2011 at 3:20 pm

    အနုပညာသမားတွေကိုအောင်မြင်စေတဲ့သော့ချက်က များများဝေဖန်ခံရခြင်းပါပဲ ။
    Right!!!!!
    I agree with your thinking.thanks a lot MG ဝေးလွင့်တိမ်

Leave a Reply