13.11.2011 တနင်္ဂနွေနေ ့ည အင်းယျားကန်ဘောင်ပေါ်လုယက်မှု ဖြစ်ပွား….

gyinkalayNovember 16, 20111min174242

13 ရက်နေ ့ည 9 နာရီ ဝန်းကျင်ခန် ့တွင် ကောင်လေးနှစ်ယောက် ကောင်မလေးတစ်ယောက် အားလုံးပေါင်းသုံးယောက် ကန်ဘောင်တွင်စကား ပြောလမ်းလျှောက်လာပြီး ပြန်မယ် ဆိုပြီး နောက်ပြန်အလှည့် လူငါးယောက် အကောင်ကြီးကြီးတွေပဲ ဆံပင်အရှည်တွေ နဲ ့ ပုံစံတွေက rocker စတိုင်တွေလိုလိုဘာလိိုုလိုပေါ့ တစ်ယောက်က အရင် ပြေးထိုးကော..ဘာမပြောညာမပြောနဲ ့အဲ့ဒါနဲ ့ကောင်လေးတစ်ယောက်က ကန်ဘောင်ပေါ်က နေဒလိန် ့ခေါက်ပြုတ်ကျကော.. ရေထဲမကျလို ့တော်သေးတာပေါ့. နောက်ကောင်လေးတစ်ယောက်က ကျတော့ သူ ့ကောင်မလေးကိုထိမှာစိုး လို ့ကာရင်းနဲ ့သူပါ ဗေခံရကော….ဘေးပတ်ဝန်းကျင်မှာလဲ လူတွေ ရှိသေးတယ်..ဒါပေမယ့်သူတို ့ငါးယောက် က ရန်ဖြစ်တဲ့ပုံစံ နဲ ့လူမှားသလိုလို ဘာလိုလိုနဲ ့ဝင်ထိုးပြီးတော့ ကောင်မလေးရဲ ့ပိုက်ဆံအိတ် မသွားကော…လူတွေက တော့ရန်ဖြစ်တယ်ထင်ပြီး ဝိုင်းကြည့်နေကြကော..နောက်တော့မှ ပို်က်ဆံလုမှန်းသိတာ….ပိုက်ဆံအိတ်ထဲမှာက ပိုက်ဆံငါးသောင်းနဲ ့Nokia ဖုန်းတစ်လုံးပါသွား လေရဲ ့…ပြီးတော့ ကောင်မလေးရဲ ့ဆွဲကြိုးက ဆွဲလားရန်းလားနဲ ့ ဘယ်နားပြတ်ကျသွားလဲမသိဘူး..နောက်မှ  ကန်ဘောင်လုံခြုံရေးတွေ အကူအညီ နဲ ့လိုက်ရှာတော့မှ ဆွဲကြိုးက ပြန်တွေ ့တယ်……နောက်တော့ ရဲတွေတော့ ရောက်လာတယ် ဒါပေမယ့် အဲ့ကောင်လေးတွေ က အမှု တော့မဖွင့်တော့ဘူး..အလုပ်ရှုပ်မှာစိုးလို ့…တစ်ယောက်က နေပြည်တော်မှာနေတာဆိုတော့ ရုံးချိန်းတွေဘာတွေ မလာနိုင်ဘူးဆိုပြီး အမှုတော့မဖွင့်ဖြစ်လိုက်ဘူး…ပြောချင်တာကတော့…အဲ့လို ညဖက် မှ မဟုတ်ပါဘူး..ညနေပို်င်းလောက်တွေ ဆိုရင်လဲ လူလစ်ရင် လစ်သလို လုပ်မဲ့ကောင်တွေ ကရှိတယ်….ကန်ဘောင်ဆိုတာကများသောအားဖြင့်အတွဲ တွေဘာတွေသွားတာများတယ်လေ မွန်နေတဲ ့အချိန်ဆိုတော့ အန္တရယ်ကို မတွေ ့ဘူး….…အဲ့ဒီတော့ သတိထားသွားတာအကောင်းဆုံးပဲ..အခုပုံစံက ရန်ဖြစ်သလိုပုံစံနဲ ့ပိုက်ဆံအိတ်မသွားတာ…..အားလုံးပဲ သွားတာလာတာ သတိထားသွားကြပေတော့…..

42 comments

  • blackchaw

    November 16, 2011 at 10:06 pm

    သတိထားရမယ့် ကိစ္စ ပဲဗျ။
    ဖြစ်လာရင် ဝင်ကယ်မယ့် တာဝန်သိသူ
    တာဝန်ရှိသူ တစ်ယောက်မှ မရှိပါ။
    ရည်းဇားနဲ့ အင်းလျားသွားသူတွေ ဆင်ခြင်ကြပါ။

  • ရာဇဝင်လူဆိုး

    November 16, 2011 at 10:18 pm

    ဟုတ်တယ်ဗျ…ကန်ဘောင်မှာက ဘာကောင်တွေမှန်းကိုမသိတော့တာ…။ ဟိုးတစ်ခါက အရက်သောက်ပြီးမူးတာ အေးဆေးမနေဘူး။ ကောင်မလေး ၃ ယောက်ထိုင်နေတဲ့ရှေ့တဲ့တဲ့ကို ပေါ်တင်ကြီး အပေါ့သွားပြနေလို့ အမြင်မတော်တာနဲ့ ဝင်ပြောရသေးတယ်။ ဒါတောင် လာရှည်နေကြသေးတယ်။ဟုတ်သော်ရှိမဟုတ်သော်ရှိ ကျနော်လဲ ဂြိုလ်ကြည့်ပေးလိုက်လို့ လိမ့်သွားကြလေရဲ့။ ရန်ပွဲတွေလဲ ခဏခဏ ဆိုတော့ လုံခြုံရေးအနေနဲ့ တာဝန်ကျ ရဲ ၃ ယောက်လောက် ထားသင့်ပါကြောင်း။

  • htoosan

    November 16, 2011 at 10:44 pm

    ကန်ဘောင်မှာက ကန်ဘောင်လုံခြုံရေး ဆိုပြီး နှစ်ယောက်ဘဲရှိတယ် ။ များသော အားဖြင့် မတွေ့ ရပါဘူး ။ တစ်ခါတစ်လေ မှ အင်္ကျီဲီင်္ဲပြာနဲ့ လက်ပါတ်လေးနဲ့ ထွက်လာတာ။ စက်ဘီးမစီးရ ဆိုပြီး စီးတဲ့သူတွေတောင် သိပ်ပြောရဲတာမဟုတ်ဘူး။ ငါးမမျှားရ ဆိုင်းဘုတ်ရှေ့ မှာ နေ့စဉ်ငါးမျှားနေတဲ့လူတွေတောင် နိုင်ပုံမရတာ ၊ ဒီလို လုတာ ရန်ဖြစ်တာကတော့ အားကိုးရမယ် မထင်လေနဲ့။သူတို့က ထိပ်ဆုံးကပြေးမဲ့သူ။

  • မိုးနတ်သားလေး

    November 16, 2011 at 10:49 pm

    မြန်မာပြည်အချာင်သမားတွေရှိသလိုအနေရကြပ်ပြီးသေမထူးနေမထူးလူတွေရှိလာတယ်လေ။
    စိပွားရေးမကောင်း။အလုပ်ကိုင်မဖြစ်တော့ မကြံတက်တက်သူတွေလည်း အကြံကုန်သောလွယ်တာလုပ်စားကြတောတာပေါ့လေ
    လူတဲ့လူတွေရည်ရွယ်ပြောတာမဟုတ်ဘူးနော်
    မြန်မာပြည်ထမင်းသုံးနပ်ကိုနပ်မှန်အောင်မစားရတဲ့မိသားစုတွေရှိတယ်ဆိုသိစေချင်တယ်လေ

  • TTNU

    November 16, 2011 at 11:10 pm

    ကန်ဘောင်လုံခြုံရေးတွေ ဘယ်သွားကြပါလိမ့်။
    ရုပ်ရှင်ထဲကလို ပွဲပြီးမှ လာကြမှာပေါ့။
    အမှန်တော့ ည(၉)နာရီ ရန်ကုန်မြို ့ ဆိုတာ သိပ် မိုးမချုပ်သေးပေမဲ့
    မိန်းကလေးတို့ သွားရမဲ့နေရာတော့ မဟုတ်ဘူးထင်ပါတယ်။
    ခေတ်မကောင်းတော့ဘူး၊ လုယက်သူတွေရှိလာပြီ။လက်ရဲသူတွေများလာပြီဆိုတာ
    မမိန်းကလေးတို့ မေ့နေကြပြီ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2011 at 12:03 am

    ဗရုတ်သုက္ခ အကြံလေးပေးခွင့်ပြုပါ
    လူတိုင်း လူတိုင်း
    စုံတွဲတွေရော အတွဲချောင်းတဲ့သူတွေရောပေါ့
    မော်တော်ပီကယ်တွေ မှုတ်တဲ့ ရွှီးရွှီးဆိုပြီးမှုတ်တာလေ
    ဝီစီလား ဝီစကီလား
    အဲ့ဒါလေးတွေစောင်ထားသင့်ပါတယ်
    အရေးကြုံတော့ မှုတ်လို့ရတာပေါ့ 😀 ဝီစီ ဝီစီ
    ဒါမှ အားမရရင်လဲ မော်တော်ပီကယ်ကို ပြန်မှုတ်ပေါ့

  • ကိုရင်စည်သူ

    November 17, 2011 at 12:29 am

    မူးလာရင် တောက်ပြသနာရှာတဲ့ မအေဘေးလေးတွေ
    ရော့ခ်ကာကြီးလိုလို ရပ်ပါကြီးလိုလို ဝတ်ထားတဲ့ကောင်တွေ
    ပိုပြီး တောက်မြင်ကပ်တယ်… မူးလာရင် အေးဆေးမနေဘူး.. (တခြားသောက်တဲ့ကောင်တွေပါ ထိခိုက်တယ်)
    မာဆပ်သွားချင်၊ ကလပ်တက်ချင် … ကေတီဗီတက်ချင်တဲ့ကောင်က
    များတရ်။ (တောက်ဆံကလည်း တပြားမှမရှိဘူး) ဥကပေါက်တဲ့ကောင်တွေ ဂွေးယားပီး သူများဆီက လုယက်ချင်တယ်… ဆဲရင်လည်း
    ကိုရင့်အလွန်ဖြစ်မယ်…။ မြန်မာပြည်မတိုးတက်တဲ့ အကြောင်းအရင်းထဲမှာ
    အဲ့လို မအေဘေးလေးတွေ တောက်တလွဲလုပ်နေတာလဲ ပါတယ်…
    ဘာလဲ… ကိုရင့် ကွန့်မန့်ကို အနီကတ်ပေးချင်လား.. ပေးချင်ပေးကွာ..
    ကိုရင်ဆိုတဲ့ကောင်က မှန်တယ်ထင်ရင်… ဘယ်သူ့မှ
    တောက်ဂရုမစိုက်ဘူးကွာ…

    သေမှာမကြောက်လို့ မြေမှာလျှောက်နေတဲ့
    ကိုရင်စည်သူ

  • kai

    November 17, 2011 at 4:53 am

    စံနစ်တကျဖွဲ့ထားတဲ့.. လူမိုက်ဂိုဏ်းတွေ လာတော့မယ်ထင်တယ်..။
    ခေတ်..စံနစ်က တောင်းဆိုနေပြီ ထင်မိတယ်..။
    အဲဒီလိုနဲ့.. အပြန်အလှန်ထိန်းကျောင်းသွားမှာပါ..။ 😆

  • chityimhtoo

    November 17, 2011 at 9:06 am

    တောက်!!!! ငါမရှိလို့ပေါ့ကွာ…………ငါရှိရင်ငါပါအလုခံရမှာ……:P

  • ပေါက်ဖော်

    November 17, 2011 at 9:57 am

    ကန်ဘောင်လုံခြုံရေးတွေ..ငါးခိုးဖမ်းနေကြလို ့.လုံခြုံရေး မပေးနိုင်တာထင်တယ်

    • htoosan

      November 17, 2011 at 3:44 pm

      ကိုပေါက်ဖော်ရေ .. ငါးတော့ ခိုးမဖမ်းဘူးဗျ ။ ပုလင်းခွံ ၊ ရေသန့်ဘူးခွံတွေ ကို သူတ်ို့ ကလေးတွေ ကောက်ဖို့ ဓါတ်မီးတစ်လက်နဲ့ လမ်းညွှန်နေရတာ နဲ့ မအားဘူးဗျ။ ကိုယ်တွေ့။

      • windtalker

        November 17, 2011 at 7:47 pm

        အလို
        တယ်စီးပွားရှာကောင်းသော ကိုယ်တော်များပါကလား

  • etone

    November 17, 2011 at 10:26 am

    ဒီခေတ်မှာ လူတွေက ခိုးဝှက် လုယှက်ချင်နေကြတာများတယ်လေ … အပျော်ပါးအတွက်နဲ့ မိန်းကလေးတွေ ညဘက်အပြင်ထွက် ၊ လူပြတ်တဲ့နေရာ မသွားသင့်ပါဘူး ။ အုပ်စုလိုက် လုယှက်တဲ့လူတွေများသထက်များလာနေတာကြောင့်ပါပဲ … ။
    လုတွေလူတွေကလည်း ဉာဏ်နည်းလိုက်တာနော် …. ကန်ဘောင်လာထိုင်တာ အများအားဖြင့် လူငယ်တွေများတယ် … လူငယ်တွေ(မှီခိုတဲ့အရွယ်) ဆိုတော့ ပိုက်ဆံဘယ်လောက်များများ အိပ်ထဲထည့်မှာလဲ …. ။ ရိုက်လုတာတောင် ပွပေါက်ပွလမ်း သိပ်မရှိဘူးလေ … ။ 😆

  • Shwe Ei

    November 17, 2011 at 12:28 pm

    ကန်ဘောင်ကပြောရအောင် လူပြတ်တဲ့နေရာတော့ မဟုတ်ဖူး။ မှောင်တဲ့နေရာရှာထိုင်တတ်သူတွေနဲ့ အချိန်လွန်အောင်နေကြသူတွေအတွက်သာ အန္တရာယ်ပိုများတာ။ ၈နာရီကျော်ရင် ပြန်ဖို့ကောင်းဘီ။

  • cobra

    November 17, 2011 at 2:29 pm

    ကျွန်တော်ကတော့ဆိုင်မှာသောက်ရတာထက်ဘောင်ပေါ်မှာသောက်ရတာ
    ကိုပိုကြိုက်တယ်…..
    သွားသောက်ရင်လည်းအများကြီးမသွားဘူး
    ၅ယောက်လောက်အများဆုံးပဲ
    လူများတဲ့နေရာမှာမသောက်ဘူး
    အာရုံနောက်လို့
    တချို ့ကမူးလာရင်သွေးဆိုးတယ်တဲ ့
    အမှန်ကတော့မူးမှလုပ်ရဲတာကို သွယ်ဝိုက်ပီးပြောတာပါ
    အဲလိုလူမျိုးတွေရန်ကလည်းရှောင်ရသေးတယ်
    ဒါပေမယ့်သိပ်တော့ဂရုမစိုက်ပါဘူး
    တယောက်ချင်းလောက်ကတော့ ဖြိုလို့ရပါတယ်
    မူးယစ်ရမ်းကားဆိုတဲ့ကောင်တွေကိုအရမ်းမုန်းတယ်ဗျ
    ကျွန်တော်နေတာက ကန်ဘောင်နားမှာဆိုတော့
    အမြဲလိုသတင်းကကြားနေရတယ်
    အများဆုံးကရန်ဖြစ်တာပေါ့
    အမလေး…
    အရင်ကဆိုရှိသေးတယ်
    ဘောင်ပေါ်က PUNK ဘုရင်တဲ ့
    အရမ်းဆိုးတဲ့ကောင်တွေ မူးမှလုပ်ရဲတဲ့ကောင်တွေတော့မဟုတ်ဘူး
    မမူးလဲလုပ်ရဲတယ် အခုတော့အကုန်လုံးထောင်ထဲမှာ
    ဒါတောင်အခုနည်းနည်းပြန်လွတ်လာကြပီ
    ဘောင်ပေါ်မှာပြန်စုနေတယ်လို့သတင်းကြားတယ်
    ဘောင်ပေါ်သွားတဲ့လူငယ်တွေ သူတို့ကိုတော့ရှောင်ကြပေါ့
    အရမ်းမိုက်ရိုင်းတဲ့ကောင်တွေလေ
    လုပ်လိုက်ရင်လည်းအရှင်းပဲ
    MGက ယမကာလုလင်လေးများကိုလည်းပြောဦးမယ်
    ၁၂လပိုင်းဆို ကျွန်တော်တို့သူငယ်ချင်း၃ယောက်
    သောကြာနေ ့အပတ်တိုင်း ညဘက်၈နာရီလောက်ဆို
    စသောက်ပီဖြစ်ကြောင်း
    လာလည်ချင်သူများ ပုလင်းဝယ်ကာလာနိုင်ကြောင်း
    သတင်းကောင်းပါးအပ်ပါတယ်….။

    • nigimi77

      November 17, 2011 at 8:51 pm

      Cobra ရေ ဘယ်နားမှာ သောက်တာလဲ လုပ်ပါဦး။

      မူးပြီး ရစ်တတ်ရင်တော့ မလာဘူးနော်။

      • cobra

        November 18, 2011 at 8:55 pm

        မူးပြီးတော့မရစ်တတ်ပါဘူး
        အေးဆေးသမားတွေပါဗျ
        IBC ဘက်အခြမ်းမှာလေ
        ခုလိုသောက်ဖော်သောက်ဖက်ရတာဝမ်းသာပါတယ်
        လာခဲ့ပါအားလုံးအေးဆေးပဲ။

  • koaung

    November 17, 2011 at 2:38 pm

    ကန်တော်ကြီး၊အင်းယား စတဲ့နေရာတွေကညဆိုလူပြတ်တဲ့နေရာတွေပါ အမျိုးကောင်းသားသမီများမသွားသင့်ပါကြောင်း

  • manawphyulay

    November 17, 2011 at 4:56 pm

    ခုနောက်ပိုင်းက ဘယ်နေရာဖြစ်ဖြစ် လုယက်တာတို့၊ နောက်ကလေးပျောက်တဲ့ကိစ္စတွေလည်း တို့ဆေးနဲ့ လုယက်တာတွေလည်း အဖွဲ့တွေနဲ့ များလာတယ်။ တော်တော်တော့မလွယ်ဘူး။ ကြောက်ဖို့တော်တော်ကောင်းတယ်။

  • water-melon

    November 17, 2011 at 6:00 pm

    ဒို့လည်း လူကောင်းအဖွဲ့ဖွဲ့ပြီးချမယ်ကွ။ မြန်မာပြည်က လူမိုက်တွေတော်တော်များများက by one မဆွဲရဲဘူး။
    အဖွဲ့အားကိုးနဲ့။ ပုဆိုးထဲက လက်တီးပြနေတဲ့ကောင်တွေ။ ဖရဲကို လာမစမ်းနဲ့နော် လက်ဝှေ့ သင်ထားတယ်။ အနိုင်ကျင့်ရင် ခံရမှာစိုးလို့။ ဟီဟီ

    • inz@ghi

      November 17, 2011 at 6:04 pm

      ပုဆိုးထဲကဆိုရင်တော့ လက်သီးမဟုတ်လောက်ပါဝူးကွယ် ….အမြင်မှားတာဖစ်ပါလိမ့်မယ်…
      အော် မျက်မှန်လေးနဲ့ကိုး …

      :DDDD

  • cobra

    November 17, 2011 at 6:36 pm

    သတင်းတစ်ခုထက်ရတယ်ဗျ…….
    ၁၃ရက်၊ည၈နာရီလောက်တွင်
    အမှတ်(၁)ရပ်ကွက်၊ဘူတာရုံလမ်း၊လှိုင်မြို ့နယ်
    ရှိ လှိုင်မြို့တော် စားတော်ဆက်တွင်
    အရက်သောက်နေစဉ်……
    ထိုပိုက်ဆံအိတ်လုသွားသော ကောင်၂ယောက်အား
    ဖမ်းဆီးရမိပါသည်။

    • ပေါက်ဖော်

      November 17, 2011 at 7:23 pm

  • Gipsy

    November 17, 2011 at 9:17 pm

    ရဲက မရှိဘူး မဟုတ်ဖူးဗျ.. ရှိပါတယ်တဲ့…
    သူတို့က အတွဲသွားချောင်းနေလို့ မသိလိုက်ရတာပါ တဲ့…. 😆

  • nigimi77

    November 17, 2011 at 9:29 pm

    ကန်ဘောင်နဲ ့ပါတ်သပ်နေတော့ နည်းနည်း ဝင် အာ မှ ဖြစ်မယ်။

    အရင်က (1992 ဝန်းကျင်) ဖာရှာချင်ရင် ကန်ဘောင်ပေါ်မှာ ရှာရတယ်။

    ကန်ဘောင်ပေါ်မှာ ပဲ တခါထဲ အလုပ်ဖြစ်တယ် ။ ကားပါကင်မှာ ကားထိုးပြီး

    ယီးလေ့လေ့ ယီးလေ့လေ့ပေါ့။ အရင်ကတည်းက ကန်ဘောင်ပေါ်မှာ ရိုက်ပွဲဆိုတာ

    ရက်မခြားဘူး။ ရှင်းရှင်းပြောရရင် လှိုင် ဆိုတာ အရင်က ကလေကချေ သိပ်ပေါတယ်။

    အခုလဲ ရှိနေသေးပေမဲ့ အရင်လောက်တော့ မဆိုးတော့ဘူးပေါ့။ လှိုင်က ကောင်တွေက

    သူတို ့နယ်မြေဆိုတော့ ဒေါင့်မကျိုးတဲ့ ကောင်လို ့ သူတို ့က သတ်မှတ်ရင် တယောက်လောက်က

    ရက်ကွက်ထဲ ပြန်သွားပြီး မောင်းထုတယ်။ ရရာလက်နက်ဆွဲပြီး ဘောင်ပေါ် ချီတက်စေပေါ့။

    ပြီးရင် ရိုက်ကြပြန်ရော ။ ဘောင်ပေါ်လာတာကတော့ နယ်မြေ အစုံပဲ။ အချိန်ပြည့် အချိန်ဖြုံး

    နေကြတာကတော့ လှိုင်က ကလေကချေတွေ ၊ ကမာရွတ်က ကလေကချေတွေ ၊ စမ်းချောင်းက

    ကလေကချေတွေ ပဲ။ ခုလောလောဆယ်တော့ လှိုင်ပဲ ဖြစ်ဖြစ် ကမာရွတ်ပဲ ဖြစ်ဖြစ် နယ်ခံ ကလေကချေ

    တွေက သိပ်မရှိတော့ဘူး ။ ခေတ်ပြောင်းသွားတာရယ် ဘိန်းစားပြီး သေကုန်ကြတာရယ်နဲ ့ အကြောင်း

    ကြောင်းနဲ ့ နယ်မြေခံတွေက မရှိတော့ဘူးလေ။ အဲဒီ နယ်မြေ နှစ်ခုမှာက အရင်က ကျုးကျော်တွေ

    တဲတွေအားလုံးက တိုက်တွေ ဖြစ်လာပြီး နယ်ခံတွေက အစွန်အဖျားဖက်ကို ပြောင်းရွေ ့နေထိုင်ပြီး

    အဲဒီ အသစ်ဆောက်လိုက်တဲ့ တိုက်တွေမှာ အဆောင်တွေ ဖွင့်တော့ နယ်က (အစုံ) လူငယ်တွေ

    ကပဲ အဲဒီ မြို ့နယ်တွေမှာ ကြီးစိုးနေတယ် ။ သိတဲ့ အတိုင်းပဲ တောသားမြို ့ရောက်ဆိုသလို နယ်မှာ

    နေထိုင်တဲ့ ပုံစံတွေ အတိုင်း ရန်ကုန်မှာ မီးကုန်ယမ်းကုန် ။ ထားပါတော့ ။ ပြန်ဆက်ရအောင်။

    ဘောင်ပေါ်မှာ အရက်သောက်ကြတယ် ။ ဂစ်တာတီးကြတယ်။ အဲဒါ လုပ်လို ့ရတယ်။

    ပြသာနာက အဲဒီ အကျိုးဆက်ကို လူအများက စိတ်ရှုပ်ခံပေးရမလား ဆိုတာပဲ ။

    ထစ်ခနဲ ရှိ ကိုင်ပေါက်လို ့ရတာက နေခဲ့ဖူးတဲ့ နိုင်ငံ။ အဲဒီမှာ ဟန်မြစ်ရှိတယ်။ ညနေဆို

    လူပေါင်းစုံလာတယ်။ မြစ်ကမ်းဘေးတစ်လျှောက်မှာ ဆိုင်တွေအများကြီး ။ အရက် ဘီယာ အကုန်ရတယ်။

    လူတွေ နားနားနေနေ နေလို ့ရအောင် ယိုးဒယား ဖျာတွေ အခမဲ့ အသုံးပြုခွင့်ပေးတယ်။ ဖျာတွေ ခင်းပြီး

    အရက်သောက်ကြ လဲလျောင်းကြပေါ့။ Rocker တွေလည်း လာတယ် ၊ Rapper တွေလည်းလာတယ်။

    ဟာလီ ဆိုင်ကယ် အုပ်စုတွေလည်းလာတယ်။ ဖင်ကုန်းဘီး အုပ်စုတွေရော ၊ ထမင်းကြော် ဆိုင်ကယ်ပို ့တဲ့

    ကောင်တွေရော သူ ့အုပ်စုနဲ ့သူလာတာ ။ ဘယ်သူမှ ရန်မဖြစ်ဘူး ။ အကုန်လုံး မိန်းမက အစ သောက် ။

    သူတို ့တွေ လာတာက မွန်းကျပ်တဲ့ လူနေမှု စနစ်ရဲ ့တနေကုန် ပင်ပန်နွမ်းနယ်မှုကို ဖြေဖျောက်ဖို ့။

    ရဲကားတွေကလည်း ခေါက်တုန် ့ခေါက်ပြန် ၊ ရဲ တွေကလည်း တောက်လျှောက် လမ်းလျှောက် ။

    စီစီတီဗွီ ကလည်း နေရာ အနှံ ့ ။ ဒါတွေ ရှိနေလို ့ကြောက်လို ့ မဟုတ်တာ မလုပ်တာလား ဆိုတော့။

    ဝေးသေး ။ လုပ်ကို မလုပ်တာ ။ သူတို ့ရဲ ့ နိုင်ငံသား စိတ်ဓါတ် ကို အပြည့်အဝ ရိုက်သွင်းထားပြီးသား။

    ပြောချင်တာက ကန်ဘောင်ပေါ်မှာ မူးပြီး ရန်ရှာမယ်။ သူတစ်ပါး အတွဲကို နှောက်ယှက်မယ် ။

    ဘာကြောင့် ဒီလိုတွေ ဖြစ်နေရလဲ ။ အားလုံးက အပြန်အလှန် ပတ်သပ်နေတယ် ။ လုံခြုံရေးဆိုတာကို

    အသာထား ။ အရင်ဆုံး ကြည့်ရအောင်။ အတွဲတွေ ကန်ဘောင်ပေါ်မှာ ဘာကြောင့် နှိုက်ကြသလဲ။

    အကုန်လုံးတော့ နှိုက်မှာ မဟုတ်ဘူး ။ ထီးတွေကွယ်ပြီး နေရာမှာတင် နေ ့ခင်းကြောင်တောင် တက်ချ

    တော့မဲ့ ပုံစံတွေ အများစု ကိုကြည့်လိုက် ရန်ကုန်မြို ့ပြ ဝတ်စားဆင်ယင်မှုနဲ ့လူငယ်တွေ မဟုတ်ဘူး။

    ရိ်ုးပုံရိုးပန်း နဲ ့ ပုဆိုးနဲ ့ ထမီနဲ ့( နှိုက်ရပိုလွယ်အောင်) ဆံပင်ကြီး တံခေါက်ခွက်လောက်နဲ ့ ပုံစံတွေ ။

    မယုံ မရှိနဲ ့ လူငယ်တွေ နှိုက်ပြီး အရသာ မခံတော့ဘူး။ ဟိုတယ်လ် တန်းသွားတယ်။

    သဘောကဗျာ ။ ကျုပ် က အရက်ကလေး သောက်ပြီး ထွေနေတယ်။ ကျုပ်အရှေ ့မှာ NC 17 လာပြနေ

    တော့ ဘာဖြစ်နိုင်မလဲ။ စိတ်ကြွလာတယ်လေ ။ ကိုယ့်က ဂျိုနဲ ့သားရေပဲ ရှိချိန်မှာ သူများတွေ ကောင်း

    စားနေတာမြင်ရင် မနာလို တတ်တဲ့ ယဉ်ကျေးမှု အခြေခံ အတိုင်းကို ပစ္စည်းမဲ့ ဒေါသတွေနဲ ့ သူတပါးကို

    ဒုက္ခပေးချင်လာတယ်။ အဲဒီ ကလေကချေတွေကလည်း အခြေအနေကို ကြည့်တတ်တယ်။ ဖိုက်တာပုံ

    ပေါက်မယ်။ ဇရှိမဲ့ ပုံပေါက်မယ် ဆိုရင်တော့ မထိတထိ ပြောတာလောက်ပဲ လုပ်မယ်။ ကြောင်လိုလို

    ကြွက်လိုလို ကောင်ဆိုရင်တော့ ဘီယာဘူးခွံနဲ ့ လှမ်းပေါက်တာတို ့ ဆေးလိပ်တိုနဲ ့လှမ်းပစ်တာက အစ

    အခြေအနေကောင်းရင် ကောင်မလေးကို ဖင်နှိုက်မယ် ၊ ကောင်လေးကို ထိုးမယ် ကြိတ်မယ် ။

    ဘောင်ပေါ်က အနှိုက်တော်များ အတွဲများက ဒီပြသာနာကို အစပျိုးတဲ့ နံပါတ်တစ် တရားခံပဲ။

    • king

      November 17, 2011 at 10:18 pm

      ကန့်ကွက်ဖို့ စိတ်ကူးစိတ်သန်းလေးတောင် မရှိဘဲ
      ပြောချင်နေတဲ့ အကြောင်းအရာများကို
      ထိထိမိမိ ပြောပြသွားတဲ့အတွက်
      လှိုက်လှိုက်လှဲလှဲ ဒီ Comment ကို ထောက်ခံပါတယ် … 🙂 ကြိတ်ထားဗျ ..

    • cobra

      November 18, 2011 at 2:42 pm

      ခင်ဗျားပြောမှပဲ
      ဘောင်ပေါ်မှာအချိန်ဖြုန်းတာနဲ ့
      ကလေကချေဖြစ်ရောလား
      ခင်ဗျားရောဘောင်ပေါ်ဘာသွားလုပ်တာလဲ
      အချိန်ဖြုန်းတာပဲမဟုတ်ဘူးလား
      သိမ်းကျုန်းပြီးမပြောနဲ ့လေ
      နည်းနည်းတော့စကားပြောတာရိုသေမှပေါ့ဗျ။

      • nigimi77

        November 18, 2011 at 7:49 pm

        Cobra ကောင်မရယ် ။

        ညည်းကလဲ နှုတ်သီးကောင်း လျှာပါး စွာလိုက်တာ…. 😛

        အရင် ကော်ဘရာလား ကော်ဘရာ အသစ်လားတော့ မသိပါဘူး ။

        မန်းထားတာကို သေချာဖတ်ပါဦး ။ အချိန်ပြည့် အချိန်ဖြုံးတဲ့ ကလေကချေလို ့ရေးထားတယ်။

        မောင်ရင်ကတော့ အချိန်ပြည့် အချိန် မဖြုံးလောက်ပါဘူးနော ။

        လှိုင် အကြောင်းပြောလို ့နာတယ် ဆိုရင် ကျုပ်အိမ်က ခပေါင်းလမ်းထဲမှာ ဆိုရင်

        သိပ် များများစားစား ရှင်းပြဖို ့လိုမယ် မထင်ဘူး။

        ကျုပ်က ဘောင်ပေါ် ဘာသွားလုပ်လဲ ဆိုတော့……ငယ်ငယ်က ဆိုရင်

        ၁။ ဘိန်းစားတယ်။

        ၂။ ဘူးသီးကြော် စားတယ်။

        ၃။ ကောင်မတွေ ဖင်လိုက်ကြည့်တယ်။

        ၄။ ကြည့်ရုံ သက်သက်နော် ဂျွတ်စဘွတ် အလုပ်တွေ မလုပ်ဘူး။ ရွံတတ်လို ့ ။

        ၄။ ညဖက်ဆို ဘောင်ရှေ ့မှာ ဆိုင်ကယ်ပြိုင်တယ်။

        ၅။ နှစ်ကူးညဆိုရင် ပုလင်းထောင်တယ်။

        ကြီးလာတော့

        ၁။ ရည်းစားက ပူဆာရင် မပို ့ချင်ပို ့ချင် ဘောင်ပေါ် လိုက်ပို ့တယ်။

        ၂။ ချွေးထွက်ချင်ရင် မင်းလမ်းဆိုင်မှာ စားတယ်။

        ၃။ ဘောင်ပေါ်မှာ အရက်သောက်တဲ့ အလုပ် ၊ ဘိန်းစားတဲ့ အလုပ်ကို မလုပ်တော့ဘူး။

        ပြီးတော့…အင်း…အင်း…..မောင်ရင် ဘာသိချင်သေးလဲ ။

        • cobra

          November 18, 2011 at 8:58 pm

          အော်….
          နာ့များကောင်မတဲ့
          ခပေါင်းထဲမှာဆိုတော့နီးတာပေါ့
          နာက ဘူတာရုံလမ်းက
          ဓမ္မာရုံလမ်းမှာနာ့ဘေ်ာဘော်တွေအများကြီးပဲ
          အသိတွေများဖြစ်နေမလား……….

        • မှော်ဆရာ

          November 18, 2011 at 9:00 pm

          တပ်မ ၇ရ လောင်ချာနဲ့ တဝုန်းဝုန်းကို ပြစ်ပါတယ်ခင်ဗျ
          မြွေတပ်ကလဲ လက်နက်ကြီးနဲကို ပြန်ထုတယ်ခင်ဗျာ …
          ကြားထဲက ကိုဝိုင်းတို့ ကိုအင်တို့ ဟိုဘက် လက်နက်ရောင်းလိုက် ဒီဘက်လက်နက်ရောင်းလိုက် ဝင်လုပ်ပါတယ်ခင်ဗျာ….

        • inz@ghi

          November 18, 2011 at 9:37 pm

          သဂျီးရေ ဗျို့ …
          ဟော့သည်မှာ ဗျို့
          ရွာသားချင်းချင် းရန်ဖြစ်အောင်ဗျို့
          ိဟိုလူ မှော်ဆြာရယ်ဗျို့
          ရန်တိုက်နေပါတယ်ဗျို့ …………

  • htoosan

    November 18, 2011 at 10:57 am

    မနေ့ ညကစပြီးတော့ ကားပါကင်မှာ မီးချောင်းတွေ ထွန်းထားပြီး အရံမီးသတ် ဝတ်စုံနဲ့ ကောင်လေးတစ်ယောက် ခုံလေးနဲ့ထိုင်စောင့်နေတာ တွေ့လို့မေးကြည့်တော့ ကားတွေပေါ်က ပစ္စည်းတွေ ခဏခဏ အခိုးခံရလို့ စောင့်နေတာပါလို့ ပြောတယ်။ ဘယ်လောက်တာရှည် ခံ မလဲတော့မသိဘူး ။ တပ်မ၇ရ ရဲ့ ကားပေါ်က ယီးလေ့လေ့ ယီးလေ့လေ့ တွေ တော့ လောလောဆယ် ဂွင်ပျောက်ဦးမှာပေါ့။

    အင်းယားကန်ဘောင် အပေါ်က တော့ မီးများ အပြည့်ထွန်းထားလို့ မှောင်တယ်လို့ပြောလို့မရတာ ကြာပါပြီ.. အောက်လမ်းကသာ မီးမရှိဘဲမှောင်တာ။ ည ၉ နာရီ အထိဘဲနေခွင့်ပေးတာပါ။ ည ၉ နာရီထိုးရင် အစောင့်က ဝီစီ တရွှီးရွှီးမှုတ်ပြီး မောင်းထုတ်ပါတယ်။

  • cobra

    November 18, 2011 at 2:34 pm

    တကယ်ဖမ်းမိလို့မိတယ်ပြောတာကို
    ဘယ်သူကအနီကတ်လာပြသွားတာလဲ
    မယုံရင်လှိုင်မြို ့တော်ဘီယာဆိုင်ကိုလာမေးပါလားကွ…

  • မှော်ဆရာ

    November 18, 2011 at 9:01 pm

    ချထား ကော်ဗရာကွ … တပ်မ ၇ရ တောင် လက်နက်ကြီးနဲ့ ထုလာတာနော် …..

  • htoosan

    November 18, 2011 at 9:03 pm

    cobra ရေ . ဝင် ပြောလို့ အနီနိုပ်တာ ကျွန်တော်ဘဲလို့တော့မထင်နဲ့ ဦး ..
    post ထဲမှာ က ၉ နာရီဝန်းကျင်ခန့် မှာ ရေးထားပြီး cobra က ၈ နာရီ မှာ မိတယ် ရေးထားလို့များလား ….

  • nigimi77

    November 18, 2011 at 9:06 pm

    မှော်ဆရာ ဆိုလို ့ မေးပရစေ။

    ဓမ္မာရုံ လမ်းထဲဝင်သွားရင် မှော်ဆရာ အင်တာနက်ဆိုင် ရှိတယ်။

    ကိုရင် နဲ ့ ပါတ်သပ် သလားလို ့ပါ။

    • windtalker

      November 19, 2011 at 2:09 pm

      ကဲကဲ…
      အန် တူဒါ ဆဲဗင်း ကတော့ ပွင့်လင်းစွာပြောနေဘီ
      အိုဘာတဲ့
      “ ၃။ ကောင်မတွေ ဖင်လိုက်ကြည့်တယ်။ ”
      ဟီဟိ
      အင်တာဗျူးချင်လာလို ့ဗျူးပါရစေ
      မေး ။ ။ အဲဒီလို ကြည့်ပြီးသကာလ ၊ ဘယ်လို ဖီးလ် မျိုး ဖြစ်ပါသလဲ ၊ ဖြေပေးပါခင်ဗျာ

      • ကြောင်ကြီး

        November 20, 2011 at 8:37 am

        ဘာဖီးလ်လည်း မသိဘူး၊ ထောင်ကားတော့လာတယ်။ အကြည့်လွန်သွားလို့။
        တပ်မ၇ရ ကိုယ်စားဖြေပေးတာ။ 😆

        • windtalker

          November 20, 2011 at 1:43 pm

          ထောင်ကားလာရင်တော့ ဖမ်းချုပ်တော့မှာဘဲ
          ပြေး ဦးကြောင် ပြေး

  • cobra

    November 20, 2011 at 2:49 pm

    အခုလိုရန်တိုက်ပေးကြသောကိုမှော်ဆရာတို့အားလုံးကိုကျေးဇူးတင်ပါတယ်
    ကျွန်တော်တို့လှိုင်မြို ့နယ်သားတွေစည်းလုံးကြတယ်ဗျ….
    မသိလို့ရန်ဖြစ်ပင်မယ့် သိသွားတော့အေးဆေးဖြစ်သွားပီ…
    နောက်ဆိုဘောင်ပေါ်မှာတူတူတောင်သောက်ကြတော့မှာတပ်မ၇ရနဲ ့
    အားရင်လာကြပေါ့…ကိုယ်သောက်မယ့်အရက်တော့
    ကိုယ့်ဘာသာဝယ်ခဲ့နော်……….

Leave a Reply