ခေါစာပစ်ခံ ရင်ရိုးစုများ (၁)
ပင်လယ်ပြာဟာ အပြာရောင်ရှိတဲ့ ပြင်သစ်သူတစ်ယောက်လို ပန်းနုရောင် ဟာလီဒစ်ဗစ်ဆင် ဆိုင်ကယ်နောက်တွင် တင်၍ ဘုရင့်နောင် တံတားကို ဖြတ်ကူးချင်သူသည် သတ်သတ်လွတ်စားသူဖြစ်သည်။ ဘဝသံသရာဆိုတဲ့ စကားသည် ရာစုနှစ်သုံးစုအတွင်း မရိုးနိုင်အောင် ပေါ်ပြူလာ ဖြစ်နေတုန်းပင်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ပိုပြီး များနေတဲ့အခါ လမ်းမှားတွေကို သွားလက်စနဲ့ ဆက်သွားနေမိတဲ့အခါ စိတ်ဓါတ်တွေဆောက်တည်ရာမရခင်ဘဲ ရိုက်ချိုး ခံလိုက်ရသောအခါ (အစသဖြင့်….) ကျွန်တော့်မှာ ပြုံးရယ်ခြင်း၊ မဲ့ငိုခြင်းတွေကို ခါးသက်လာပါတော့သည်။ သိပ်မကြာလှပါ။
အနာဂတ်မှာ နံပါတ်မရှိတဲ့အခန်းလွတ်တွေကို မြည်းစမ်းကြည့်လိုက်ဦးမည်။ ကျွန်တော် သမုဒ္ဒရာထဲကို မြစ်ကြီး စီးဝင်လာခဲ့ပေမယ့် မင်းကိုတော့ ဗီတိုအာဏာနဲ့ တားဆီးရမှာပဲ။ လက်မှတ်တွေ၊ ဘွဲ့တွေ၊ အသိအမှတ်ပြု ကတ်ပြားတွေ အတွက်နဲ့ ဦးနှောက်အခွံထဲကို ဝေါဟာရများ ရိုက်သွင်းနေကြသူများကို ပညာတတ်ဟု ကျွန်တော်က အဓိပ္ပါယ် ဖွင့်ဆိုလိုက်ပါသည်။ ကန့်ကွက်လိုသူများသည် လျှောက်လွှာဝယ်၍ ကန့်ကွက်ရန်မလိုပါ။ နားလည်ခြင်းဖြင့် တစ်ဖက်ကမ်းက မိန်းကလေးကို ဒီဖက်ကမ်းကို ပန်းဖောင်ဖွဲ့၍ ကျွန်တော်က ခေါ်လာချင်မိသည်။ ဒါပေမဲ့ သူမ၏ နိတ္ထိဝါဒီ ဘက်သို့ ကျွန်တော်မသွားချင်ပါ။
လူတစ်ချို့သည်မှောင်ချထားသော အခန်းကို ညအတုလို့ အလွယ်တကူတင်စားခဲ့ပေမယ့် ထိန်လင်းအောင် မီးထွန်းထားသော အခန်းကို နေ့အတုလို့ ဝန်ခံရမှာ စိုးရိမ်တတ်ကြ၏။ ဒါတွေကြောင့် အမှန်တရားကို သရော်ရင်းနဲ့ ချာလီချက်ပလင်ရဲ့ ဟာသတွေဟာ ကမာ္ဘကျော်လာခဲ့ဟန်ရှိလေသည်။ ကျွန်တော့်အခန်းတွင် ပုလင်းကွဲများ လူကြီးလူကောင်းပီသစွာ မြူထူးနေတုန်း ပလေးတိုးပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရလိုက်မိသည်။
“အနုပညာဆိုတာ တန်ခိုးရှင်ရဲ့ အတတ်ပညာ” တဲ့။ ကျွန်တော့် ဦးနှောက်သည် ရုတ်တရက် အနုပညာပန်းပွင့် ဖြစ်သွား၏။ ကျွန်တော် လက်တွေကတော့ ဝါကျတစ်ကြောင်း ချရေးမိသွားသည်။
“သိက္ခာရှိတယ်ဆိုတာ ထမင်းဝသူတွေရဲ့ သီးသန့်ဘာသာစကားပါ…..” ဗျာ
ဒီစာကြောင်းရဲ့ အမှန်တရားအတွက် မိန်းကလေးတွေ စိတ်မဝင်စားအောင် ကျွန်တော် နေထိုင်တတ်ခဲ့ပါပြီ။
လူ့အဖြစ်ဆိုတာ ခြင်ဆေးခွေမိုရ်ထဲက ရိုက်ထုတ်လိုက်သလိုတော့ ပုံစံတကျ စနစ်တကျ အဘယ်သို့ရှိပါမည်နည်း။ ခံစားချက်ဆိုတာကို ကြိုးတုတ်လို့မရမှန်း သင်တို့လည်းသိမှာပါ။ ကျွန်တော့် ခံစားချက်တွေကို လိုက်လံ ကြိုးတုတ် တတ်သော အဖေ့အိမ်တွင် နေထိုင်စဉ်တုန်းက ကျွန်တော်သည် မတ်ဒေါနားစတိတ်ရှိူးနှင့် တရုတ်သိုင်းကားနှစ်ခုကို တစ်ဆယ်ကျပ်ပေး၍ ကြည့်ရှူ့ရန် ဝန်မလေးခဲ့ပါ။
တစ်ခါတစ်လေ ကျွန်တော့်ရဲ့ သန့်စင်တဲ့ ဝိညဉ်ဓါတ်လေးက နာကျင်ခြင်းနဲ့ ကြင်နာခြင်းကို ဒီလောက်နီးစပ်ပါနေလျက်နဲ့ ဘာကြောင့်များ အဓိပ္ပါယ်တွေ ဆန့်ကျင်သွားပါလိမ့်ဟု ဝေခွဲမရဖြစ်နေတုန်း အညောင်းမိနေတဲ့ ကျွန်တော့် နှလုံးသားတို့သည် ရည်ရွယ်ချက်တစ်ခုအတွက် အသွင်ပြောင်း သွားခြင်းကို ခံစားမှုသီဝရီ တစ်ခုအဖြစ် မှတ်ထားလိုက် ချင်ပါတော့သည်။
ကဲ… ရွာသားတို့ရေ… ဒီနေ့ဥပုသ်နေ့နော်….။ ဒီတော့ ကျုပ်တို့ ညစာငတ်လိမ့်မယ်။ တစ်ပတ်မှာ ခုနစ်ရက်သာ ရှိပေမယ့် ဂြိုလ်ကြီးကိုးလုံးအတွက် ကျွန်တော် နေ့စဉ် ဥပုသ်ဆောက်ဖြစ်ပါသည်။ ဒါဟာ အဆင့်မြင့် ဘာသာရေးသမားတွေနဲ့ တူညီတဲ့ အချိုးအစားတစ်ခုပါ။ နောက်တစ်မျိုးပြောရင် ကျွန်တော် ခံယူထားတဲ့ ကိုယ့်ကိုယ်ကို သေချာမှုပါ။ အချို့သော ကိစ္စတွေမှာ အမှားနဲ့ နေသားကျသွားပြီလို့ မိတ်ဆွေတို့ ယုံကြည်လျှင် အဲ့ဒီညနေခင်းတွေကို ပုဒ်မ ကြီးကြီးချလိုက်ကြပါ။
အမှတ်စဉ်တွေ ရေတွက်ပြီး ဘဝကို ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ အစဉ်အလာတွေကို မေ့ပစ်ကြ။ ကျော်ပြီး ရေတွက်ဖို့ ပြင်ထား။ ဘယ်တော့မှ အရှူံးဆိုတာမရှိကြောင်း အရှူံးခံပြီး သက်သေပြကြ။ ဒါမှ… အထင်ကြီးမှာ… ဟာ.. မရယ်နဲ့လေ…။ ဒါမှလူအထင်ကြီးမှာ။။
အချိန်တွေအကြာကြီး အမှောင်ကျခဲ့စဉ်က တစ်ခုတည်းသော လင်းလက်မှုမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သော နာကျင်မှု ဒဏ်ရာများသာဖြစ်သည်။ တကယ့်တော့ ရိုးရိုပဲ ကိုရင်က ရူးခဲ့ခြင်းဖြစ်သည်။ ဘာသာစကားလည်း မခြားပါပဲ သူတို့အတွက် ဘာကြောင့် ခက်နေရတာလဲ…။
ကိုပေါက်ဖော်။…. ကိုပေ… ဒါတွေမှာ ရယ်စရာတွေ ပါသလား……………….။
ကမာ္ဘကြီး ပူနွေးလာခြင်း၊ ရေလွှမ်းမိုးခြင်း၊ မုန်းတိုင်းပေါများလာခြင်း အကြောင်းဟာလည်း လူတွေရဲ့ စာရိတ္တနဲ့တော့ တစ်စိတ်တစ်ပိုင်း ပတ်သက်နေမှာပဲ မြင်မိ၏ အချိန်တွေ တန်သည့်တိုင်အောင် ရုပ်ထုကိုးကွယ်မှုတွေက ပျောက်မသွား။ သဘောကတော့ ဉာဏ်ကိစ္စအရာမှာ အချို့ ချို့ယွင်းနေဆဲ။
ချစ်သူရေ……… ရောက်ရာအရပ်က
ပြေးမြင်ကြည့်ပါတော့…
အာဟာရနည်းနည်း
သိက္ခာကျဲကျဲ
အပူချိန်များများ…
အကြွေးများများရှိတဲ့…. ကိုကို ကိုယ်………
ဟားဟား…………. ဘယ်သူမဆို ကြိုက်မရှက်………. ငိုက်မရှက်ပဲဗျ….
ကောင်းပေစွ။။။ ။ အာဟာရလိုသည်။ အမြဲလိုလို ကျားကျားလျားလျားရှိခြင်းများ ကြွေကျသွား။။ ။ အဓိပ္ပါယ်က အတူတူ ဒါအချိန်ပြည့် လူလိမ်ကြီးလား…………. ကျွန်တော့်လို ဘဝတူ အီးတီ ကြိုက်တဲ့ အိုဗာတင်းတစ်ခွက်လား ။။။ နှုတ်ခမ်းနီ စွန်းထင်းနေသော တစ်ရှူး အစလေးများ…။ မရှိမဲ့ ရှိမဲ့ဒဏ်ရာလေးများ ကျိုးပဲ့နေကြဆဲ………..။
ဟားဟား… နီးရာဓါးကို မကြောက်ပဲ … မမြင်ရတဲ့ ဝမ်းတစ်ထွာကို ကြောက်နေရတဲ့ ကျွန်တော်အဖြစ်။ နီကိုရဲ ရွှေပတ် သောက်ပြီးသေတာ။ ဘာသဘောလဲ။… …. ဖင်စီကျပ် ဆေးပေါလိပ်လေးရယ်………. စကားလုံးမြှားတွေရယ်… ကိုရင့်ကို ပစ်လိုက်ကြပါကွယ်။
တစ်ဘဝလုံးစာ မိုးစိုပြီးသားကောင်ကို ထီးဆောင်ခိုင်းတာတော့ လွန်မယ်ထင်တယ်ဗျာ…
ဘာကြောင့်မှန်းမသိ တာဝန်ယူမှုနှင့် ခေါင်မိုးချွန်ချွန်တွေကို ကျွန်တော် အလွန်မုန်းလှပါသည်။ ကံဆိုတာ အလုပ်ပဲလား လူတွေပြောနေကျစကား။။။။။။။။ လူတွေရှူပ်ထွေးနေလိုက်ပုံများ လေပြည်တွေတောင် ရှောင်လို့မရ…။ အနာဂတ်တို့က
ကျွန်တော့်အား ဖြားယောင်းနေကြဆဲ…. ကျွန်တော် လူ့အဖြစ်ကို ဆန့်ကျင်ရုန်းထွက်၍ ညင်ညာ ပျော့ပျောင်းမှု ငိုရှိူက်သံတို့ စည်ဝေလာ… အစစ်ကို အစစ်ဖြစ်ကြောင်း အတုလုပ်။ ကိုဘလက်ချောရေ…. ရှာဖွေနေတဲ့ သစ္စာတရားရဲ့ အနာဂတ်ကလည်း ခုဆို လွယ်လွယ်နဲ့ တွေ့ဖို့ မလွယ်နိုင်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့ပါပြီ။ ဂေဇက်ကိုတော့ အမြဲ အမှတ်ရနေဦးမှာပါ။ ဒီလိုနဲ့ ဒီညမှာ ကောက်ကြောင်းမညီတဲ့ ပို့စ်တစ်ပုဒ်တော့ ကျွန်တော် ရေးဖြစ်ခဲ့တယ်ဗျာ….
ချစ်ခင်စွာဖြင့်
ကိုရင်စည်သူ
(နံနက် ၁းဝဝ ၁၇-၁၁-၂၀၁၁)
——————- ကိုဘလက်ချောရေ… မော်ဒန်ကိုရင်မှ ချစ်မယ်ဆိုတဲ့ တံခါးစောင့်ကြီးအပေါ် ကျနော်ကတိတည်တယ်နော်… မအိပ်ပဲနဲ့ ရင်ထဲရှိသလောက် ထည့်ရေးပေးထားတာပါ။ အိပ်တော့မယ်ဗျာ… ဝါး… ဝါး… —
20 comments
ကိုရင်စည်သူ
November 17, 2011 at 4:04 am
ထုံးစံအတိုင်းပဲ သဂျီးရေ..
ကွန်ကောင်းဝူး.. နှစ်ပုဒ်ထပ်သွားပြီ..
ရှေ့က တစ်ပုဒ် ပြန်ဖျက်ပေးပါဗျို့.
အိပ်တော့မယ် ကချောရေ…
တင်ရင်းနဲ့ အိပ်ပျော်သွားတာ…
ခုဆို ၄နာရီတောင်ပြန်ထိုးသွားပြီ… 😀 😀 😀
ဆူး
November 17, 2011 at 10:27 am
၁ပုဒ် ဖျက်ရင် ၂၀ဝ ၁ပုဒ် ရေးရင် ၃ဝ ကိုရင်တော့ အနုတ်ခံရမှုတွေ တော်တော် များပြားမှု ရှိနေမယ်လို့ သုံးသပ်ပါတယ်။
inz@ghi
November 17, 2011 at 10:32 am
ဝုတ်ဒယ် ဖွားဆူးရေ့
ကိုကြောင်လတ် လည်း ကိုရင့်လိုပဲဖြစ်တယ်ကြားတယ်
ဒီ မဟာ မြန်နှုန်းနိမ့် ကော်နက်ရှင်နဲ့တော့
လိုခယ်လ် ကရေးတဲ့လူတွေ ကြာရင်
၁ပုဒ်ရေး ဘယ်လောက် ဆိုပီး သဂျီးကို ပြန်ပေးရတော့မယ့် အပေါက်
တားကတော့ လိုခယ်လ်ရောက်ရင် တပုဒ်မပြောနဲ့
တသောင်းမပေး ရင် တကြောင်းမရေးဝူး သဂျီး….ဒါဗျဲ..
အီးတီ
November 17, 2011 at 5:04 am
မနက် ၄နာရီခွဲမှာ ဝင်ပြီးအားပေးသွားပါတယ်။ duty က ၄-၈ မို ့လို ့ 😀
ပထမတစ်ခေါက် ဝင်ဖတ်သေးတယ် တန်းလန်းကြီးမို ့လို ့။ လက်စသတ်တော့
ကိုးနတ်ရှင် ကြောင့်ကိုး။ 😀
ကြောင်လတ်
November 17, 2011 at 5:56 am
ကွန်မကောင်းတာတော့ပြောမနေနဲ့
တန်းလန်းကြီးတွေ အများကြီးပဲ
ခေါစာပစ်တာဆိုလို့ မုန့်ပါရင်ကောက်စားမလားလို့လာကြည့်တာ
မော်ဒန် စာဖြစ်နေပါလားကိုရင်၊
ဗေဒင်ဆရာက ဒါမျိုးလည်းဖြစ်တာပဲလား???
blackchaw
November 17, 2011 at 10:03 am
ကျေးဇူးပါကိုရင်ရေ။
အခုမှ ဖတ်ဖြစ်တာပါ။
အိပ်အိပ်၊ ကိုရင်အိပ်။ အိပ်ပျော်အောင်လည်းအိပ်ဦး။
ရွှေအိမ်စည်
November 17, 2011 at 10:41 am
ရှာဖွေနေတဲ့ သစ္စာတရားရဲ့ အနာဂတ်ကလည်း ခုဆို လွယ်လွယ်နဲ့ တွေ့ဖို့ မလွယ်နိုင်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့ပါပြီ။
ဆရာပီမိုးနင်းစာထဲ က…စကားလေးဌားသုံးမယ်..ကိုရင်…
လူတစ်ယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်
ဤကဲ့သို့ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့် ဖြေကြားပေလိမ့်မည်။
ဒီလိုဆိုကိုရင်လည်း…
=
ကိုရင်မော်ဒန်ပို်စ်…..အဟာရကောင်းတခွက်ပါ…
လေးစားလျှက်
ရွှေအိမ်စည်
ပေါက်ဖော်
November 17, 2011 at 11:01 am
ကိုရင်..ထ.ထ..အရုဏ်တက်ပြီ..ဆွမ်းချက်ဦး ပုန်းကြောင်နေဦးမယ် 😆
“သိက္ခာရှိတယ်ဆိုတာ ထမင်းဝသူတွေရဲ့ သီးသန့်ဘာသာစကားပါ…..”
Shwe Ei
November 17, 2011 at 1:09 pm
ဖတ်လို့တော့ကောင်းတယ် နားလည်ဝူး။ ဒါပေမဲ့ ဖတ်ချင်သေးတယ်။
Moe Z
November 17, 2011 at 1:25 pm
နေ့တိုင်းဥပုသ်စောင့်တော့လည်း ချွေတာပြီးသားဖြစ်သွားတာပေါ့ 😛
Patriot
November 17, 2011 at 1:39 pm
Nice creative ! Keep up, ကိုရင်စည်သူ !
etone
November 17, 2011 at 2:39 pm
အဟာရနည်း
အသားရည်မွဲ
သွားဖြဲလည်းကြဲ
စကားကနည်း
ဆံပင်ကဖြူ
နှုတ်ခမ်းထူထူ
နှဖူးလည်းပြောင်
နှာခေါင်းလည်းပြား
အဲ့ဒါ ဂြိုလ်သား 🙄
😀 😀
(ကိုရင်ရော .. ကိုအီးတီကိုရော ပြောတာ မဟုတ်ရပါဘူး … ကိုရင်ရေးထဲ့ကဗျာလေးဖတ်ပြီး …လျှောက်ရေးလိုက်တာ ဟီး )
inz@ghi
November 17, 2011 at 2:44 pm
တူတိတွားဘီ တူတိတွားဘီ
သင်္ဘောသီးတို့ရေ ချိတ်ကောင်းပါဝူးကွယ် အမျှ အမျှ…
ကိုရင်စည်သူ
November 17, 2011 at 3:06 pm
တူတိတွားပီ.. ဘယ်လိုများ တူလေသိ…
အို.. အနေအထိုင်လေးများမတတ်လို့လား..
ခိုးခိုးပီးတော့ ကြည့်ဒါဘာ.. ဒါဆို ရင်မှာ
ပုန်နား တူရှိဒလား… ခွစ်ခွစ်.. 😛 😛 😛
တားတားချစ်သူလေး တားတားကို ဆိုပြတာပါ
တားတားချစ်သူကတော့ တားတားကိုပြောတရ်
ခုတစ်လောနာမည်ကြီးနေတဲ့ ဆောက်ကိုလီးယား မင်းသားလေး
လီမင်ဟိုနဲ့ တူတယ်ဆိုပဲလား… အင်း.. ဒါကသိပ်အရေးမကြီးပါဘူး
ဒင်းလေးတွေက ကိုယ့်ရူပါမှီပြီး နောက်မှဖြစ်ကြတာဆိုတော့လေ… 😳 😳
တားချစ်သူက ပြောဒယ် သင်္ဘောသီးတွေထဲမှာ တားတားက
ရူပါအရှိ ဗျူအထိ ရှိတဲ့… ယောက်ျားမျိုးတဲ့.. ဟဲဟဲ…
ကြွားတာမဟုတ်ဘူးနော်.. ပြောပြတာလေး ဖောက်သည်ချပြတဲ့သဘောပါ။ 😀 😀 😀
ပေါက်ဖော်
November 17, 2011 at 3:30 pm
အော်..
ဟိုစုန်းကားထဲမှာ ပါတဲ့ မှင်စာ မင်းသားက ကရင်စည်သွတ်ကိုးဗျ
အီးတီ
November 17, 2011 at 3:51 pm
ဟိုက် ဆော်သဟ။ ကိုရင့်ပိုစ့်ကနေ ဂြိုလ်သားကို လှမ်းဆော်တယ်။ အင်း ၈ချက်လုံးကိုက်နေတော့ ဘာမှပြန်မပြောတော့ပါဘူး။ ချစ်လို ့စတယ်လို ့ပဲ သဘောထားတော့မယ်နော် ဒေါ်အီးတုံး
etone
November 17, 2011 at 4:58 pm
မှားတာရှိလျှင် ဝန္ဒာမိပါဆို … တူညားက နောက်တာ … ဟီး …
ကျမပြောတဲ့ .. ဘာကို သတိရပြီး ယောင်ရွတ်လိုက်သလား ကိုအီးတီရေ .. ဟီးဟီး… (ပို့စ်တခုမှာရေးဖူးပါတယ် ) 😆
အီးတီ
November 17, 2011 at 8:25 pm
တိန်ပြန်ရှာဖတ်ဦးမှ။ link လေးပေးတာမဟုတ်ဘူး မအိတုန်ကလည်း အလုပ်ပေးပြီ။
amatmin
November 17, 2011 at 3:22 pm
တကယ့်တော့ ရိုးရိုးပဲ ကိုရင်က ရူးခဲ့ခြင်းဖြစ်သည်….
လူတွေက တယောက်တမျိုး ရူးနေတာဆိုတော့..
ကိုရင်ရူးထားတာကို ကြိုက်လို့လက်ခုပ်တီးပြီး.အားပေးပါသည်ဗျာ…:)
windtalker
November 17, 2011 at 7:42 pm
ခန် ့မှန်းချက်အရ ဆိုရင်တော့
ဂျာနယ်ထဲမှာ ဇင်ယော်နီ ့ပုံပါခဲ့ရင်
ကိုရင်စည်သူ ့ကို ပြေးမြင်မိသဗျို ့