စိန်ပလိန်တိမ်အုံအွမ်

မောင် ပေNovember 17, 20111min40420

မင်းထိုက်စိုး တစ်ယောက် အဆောင်ရှိ သူ ့အခန်းထဲတွင် ထိုင်ကာ ဝတ္ထုစာအုပ်များကို သည်းကြီး မဲကြီး ဖတ်နေလေသည် ။
သူဖတ်နေသည့် စာအုပ်များကို ကြည့်လိုက်မည် ဆိုလျှင် ၊ “ မူကြို အေမင်းအောင် ” ၏ “တီနိုင်ဓါးနှင့် စုံလုံးကန်းဖိုးချစ်” ၊ တိဘက်ပြန်တင်စိန် ၏ “ နှစ်တစ်သောင်းအတွင်းအားသိုင်း ” စသည့် သိုင်းဝတ္ထုများ ဖြစ်နေသည်ကို တွေ ့မြင်ရမည် ဖြစ်သည် ။ စာဖတ်ရမှာ ဝါသနာမပါသော ၊ စာဖတ်ပျင်းသော မင်းထိုက်စိုး အား စာဖတ်ချင်စိတ်ဖြစ်အောင် ပေါ်ပေါက်စေသော အကြောင်းအရင်းကို ပြန်ဆန်းစစ်သော်..မင်းထိုက်စိုး ၏ ရည်းစား ဝေဝေတင်မြင့် ပေါ်တွင် မြစ်ဖျားခံလာသည် ။
ဟုတ်သည် ။ မနေ ့က ကျောင်းကန်တင်းမှာ မင်းထိုက်စိုး နှင့် သူ ့ရည်းစား ဝေဝေတင်မြင့် တို ့ထိုင်မလို ့ဝင်လိုက်စဉ် ၊ ကန်တင်းမှာ လူပြည့်နေသည် ။ လွတ်နေသော တစ်နေရာ ကို တွေ ့ရသည်မို ့၊ မင်းထိုက်စိုး နှင့် ဝေဝေတင်မြင့် တို ့အပြေးလေး ထိုင်မည် အလုပ် ၊ သူတို ့ နဲ ့မျက်နှာချင်းဆိုင်မှာလည်း အတွဲတစ်တွဲပြေးလာသည် ။ ထိုအတွဲမှာ ကျောင်းတွင် နာမည်ကြီး အတွဲ ၊ ကောင်လေး နာမည်က မင်းပေါက်စိုး ၊ ကောင်မလေး က ဟုတ်ချင်းစိန် ။
အစက မင်းထိုက်စိုး နဲ ့မင်းပေါက်စိုး ညီအကိုများလား ဟု ကျောင်းကလူတွေ ဝိုင်းမေးကြသဖြင့် မဟုတ်ကြောင်း ပြန်ဖြေရသည်မှာလဲ အမော ။ ဟုတ်တယ်လေ ။ မင်းထိုက်စိုး နှင့် ဝေဝေတင်မြင့် ဆိုတာ ပိန်ပိန်ပါးပါး နှင့် မော်ဒယ်ဘွိုင်း မော်ဒယ်လ် ဂဲ ပုံလေးတွေ ၊ ဟို မင်းပေါက်စိုး ဆိုတာ က လူက ခပ်ပိန်ပိန် ၊ ဆံပင်က ဂုတ်ကျော် ၊ ဟုတ်ချင်းစိန် ဆိုသည်မှာလည်း တစ်ကယ့် ပွင့်အငယ်စား ။
လွတ်နေရှာသော တစ်ခုထဲသော စားပွဲဝိုင်းလေးခဗျာ ၊ အလျင်စလို နေရာလုကြသော အတွဲ၂တွဲကြောင့် ယိုင်သွားရှာသည် ။ စားပွဲခုံပေါ်မှ ရေနွေးကရား လဲ ခုံအယိုင် တွင် သူပါလိုက်ယိုင်ပြီး သူ ့ဗိုက်ထဲက ရေနွေးပူပူလေးတွေ သွန်ထုတ်ရရှာတော့သည် ။
ရေတို ့မည်သည် မြင့်ရာမှ နိမ့်ရာ စီးဆင်းတတ်သော သဘောတရား အရ ၊ ရေနွေးပူတို ့သည် မင်းပေါက်စိုး ပေါင်ပေါ်သို ့စီးလေတော့သည် ။
“ အောင်မြတ်မင်း..အမေကြီးရေ..ပူသဗျ ”

ပူလွန်းလှသဖြင့် မင်းပေါက်စိုး တစ်ယောက် လုပ်မိလုပ်ရာ ၊ ရေနွေးပန်းကန်လုံး တစ်လုံးကို ကောက်ကိုင်ကာ ဝေဝေတင်မြင့် ဆီသို ့ပစ်ပေါက်လိုက်သည် ။ မင်းထိုက်စိုး ချက်ချင်း လှမ်းဖမ်းလိုက်သော်လည်း အချိန်မမှီတော့ ။
မင်းပေါက်စိုး ပစ်လိုက်သော ရေနွေးပန်းကန်လုံးက ဝေဝေတင်မြင့် နဖူး ဆီသို ့ဂွက်ကနဲ ပိတ်မှန်သည် ။
ဝေဝေတင်မြင့် နဖူး တွင် ဘုကြီး ချက်ချင်း ဖူးယောင်လာပြီး ၊ ဝေဝေတင်မြင့် တစ်ယောက် ကလေးတစ်ယောက်လို ခြေတွေဆောင့်ကာ ၊ ပုလဲတွေ ခ ပါတော့သည် ။

“ ဟင့်ဟင့် ဟီး….ကိုကို ”
“ ဟေ ” “ ဟမ် ဘာလဲ ”
မင်းထိုက်စိုး ရော မင်းပေါက်စိုးပါ နှစ်ယောက်စလုံး ဗြိုင်တူ ထူးမိလိုက်ကြသည် ။ ဖြစ်ချင်တော့ နှစ်တွဲစလုံးမှ ကောင်မလေးများက သူ တို ့ဘဲများကို ခေါ်ပုံချင်းက တူနေသည်ကိုး ။
“ ဟင့်..ငါ့ကိုကို ကို ငါ ခေါ်တာကို နင် က ဘာကိစ္စနဲ ့ဝင်ထူးရတာလဲ သေနာ ရဲ ့ဟင့်ဟင့်ဟီး ”
“ အေးဟုတ်သားပဲ ၊ မင်း…ငါ့ ပူတူးလေးကို လဲ ခွက်နဲ ့လဲ ထုသေးတယ် ၊ အခု ငါ့ကို ခေါ်တာကို လည်း အချောင်ဝင် လျှာအရသာခံသေးတယ် ၊ ဘယ်လိုကောင်လဲကွ ”
“ ဟေ့..ဟေ့ ကိုကို ဆိုတာ မင်းတစ်ယောက်ထဲတင် ပိုင်တာ မဟုတ်ဘူး ၊ သိလား ၊ ငါ့ ဟုတ်ချင်းစိန် လေး က လဲ ငါ့ကို ကိုကို လို ့ခေါ်တာကွ ၊ ရေနွေးခွက်နဲ ့ထုတယ် ဆိုတာ မင်းလုပ်လို ့၊ ခုံယိုင် လို ့ ၊ ငါ့ ရေနွေးပူလို ့ ယောင်မိတဲ့ ကိစ္စလေကွာ ”
“ အောင်မာ…မင်း ဖက်တီးပုတ်မ က မဆင်မခြင် မိန်းကလေး တန်မဲ ့နဲ ့ဒီဝိုင်းကို အတင်းလုထိုင်လို ့ယိုင်တာကွ ၊ ငါ့ကြောင့်မဟုတ်ဘူး ”
“ အံမာ…လူကိုများ ဖက်တီးပုတ်မ တဲ့ ၊ ကိုကိုပေါက် ၊ ကိုကို ဒီအတိုင်း ကြည့်နေတော့မှာလားလို ့၊ သူများက မီးကို စော်တကား နေပြီ…..မီးအကြောင်း သိတယ်နော် ”
သို ့ဖြင့် ကန်တင်းတွင် အတွဲ နှစ်တွဲ စကားများ ၊ ရန်ထဖြစ်ရာမှ ၊ နှစ်တွဲစလုံး မော်ကွန်းထိန်း ရုံးခန်း တွင် လက်မှတ်ထိုးလိုက်ကြရလေသည် ။
ကောင်လေး နှစ်ယောက်လုံးက ၊ ကျေအေးပြီး ဖြစ်ကြသော်လည်း ၊ ဟုတ်ချင်းစိန် နှင့် ဝေဝေတင်မြင့် တို ့နှစ်ယောက်လုံးမှာ မကျေမချမ်းနိုင် ဖြစ်နေစဲ ။
“ ညံ့လိုက်တဲ့ ကိုကို ရာ ၊ ဟိုက ပိန်ပိန်လေးကို ကိုကို နိုင်အောင် မချခဲ့ဘူး ၊ အံ့ပါရဲ ့ ”
“ ဪ..ဝေလေးရာ ၊ ကျောင်းသူ ကျောင်းသားအချင်းချင်းတွေပဲလေကွာ ၊ ရန်သူကြီးတွေ မှ မဟုတ်တာ ၊ စိတ်လျှော့လိုက်ပါတော့ကွာ ”
“ ဟင့်အင်း ၊ ဒီလို လွယ်လွယ် နဲ ့မဖြစ်ဘူး ကိုကိုရေ ၊ ဒီကနေ ့က စလို ့၊ နောက်ကို ဒီလို ထပ်ဖြစ်ရင် မခံရအောင် ကိုကို ပြင်ရ ဆင်ရ မယ် ”
“ ဘာလဲ ၊ ကိုကို က ကရာတေး တို ့တိုက်ကွမ်ဒို တို ့သင်တန်းတွေ သွားတက်ရဦးမှာလား ”
“ အဲ့လောက်ကြီး ကိုကို ့ကို အပင်ပန်း မခံခိုင်းပါဘူး ကိုကို ရယ် ”
သို ့ဖြင့် မင်းထိုက်စိုး တစ်ယောက် ဝေဝေတင်မြင့် အစီအစဉ် ဖြင့် သိုင်းဝတ္ထုများကို ဖတ်ရှု ့လေ့လာရတော့သည် ။ မဖတ်လို ့ကလဲ မဖြစ် ။
ဝေဝေတင်မြင့် က သိုင်းဝတ္ထု အားလုံးနီးပါး အလွတ်ရနေအောင် ဖတ်ထားသူ ဖြစ်သည် ။ သူ ့အမိန် ့အရ ၊ တော်ရိရော်ရိ ဖတ်ရုံ မရ ၊ သေချာဖတ်ရမည် ။ ဖတ်ပြီးလျှင် တစ်အုပ်ချင်းစီ နဲ ့ပတ်သက်ပြီး ဝေဝေတင်မြင့် က နုတ်ဖြေမေးခွန်းများ ဖြေခိုင်းမည် ဟူသတည်း ။ မဖြေနိုင်လျှင် ၊ ပေးမတွေ ့တဲ့ ။
ဝေဝေတင်မြင့် က တစ်ခါတစ်လေ ဂေါက်တတ်သည် ကို သိထားသဖြင့် ၊ သူမ အလိုကျ မင်းထိုက်စိုး ခဗျာ သိုင်းဝတ္ထု စာအုပ်များကို သဲကြီးမဲကြီး ဖတ်ရတော့သည် ။
ဟိုဇါတ်လမ်း အရ ဆိုလျှင် မင်းသား သည် အလွန်မြင့်မားသော တောင်ထိပ်မှ ချောက်ထဲ ပြုတ်ကျ သွားရာမှ ၊ ရွက်ပုန်းသီး သိုင်းဆရာကြီး မှ ကယ်တင်ပေးလိုက်ပြီး ၊ တိမ်မြုပ်နေသော သိုင်းပညာများ သင်ပေးလိုက်သဖြင့် ၊ သိုင်းစွမ်းအားများ ရရှိသွားကာ သိုင်းလောက တစ်ခုလုံးကို မင်းမူလေသည် တဲ့ ။ သို ့နှင့်…မင်းထိုက်စိုး ခဗျာ မန်းတလေးတောင်၊ရန်ကင်းတောင် ပေါ်များသို ့သွားရောက် လေ့လာကြည့်မိသည် ။ မဟန် ။ တော်ကြာ ခုန်ချပြီးမှ ရွက်ပုန်းသီးသိုင်းဆရာကြီးနဲ ့မတွေ ့ဘဲ ၊ ဗြဟ္မစိုရ် ကား စီးနေရလျှင် သေပြီဆရာ ။ မဖြစ်သေး ။
( ဗြဟ္မစိုရ်ကား ဆိုသည်မှာ သုဿန်သို ့လူသေပို ့သောကား )
ဟိုဇါတ်လမ်း တစ်ပုဒ်ထဲမှာကြတော့ ၊ ခြေတစ်ဘက်ပြတ်နေသော သူတောင်းစား ကြီးက သူ ့ကို လာရန်မူသော ရန်သူ လူဆိုးများအားလုံးကို တုတ်တစ်ချောင်းဖြင့် အနိုင်ယူသွားသတဲ့ ။ ဒါနဲ ့အပြင်ထွက်တိုင်း ၊ လမ်းမှာတွေ ့သမျှ သူတောင်းစား တွေ ကို သတိထား လိုက်ကြည့်မိတယ် ။ ပညာရှာပမာ သူဖုန်းစား ဆိုတဲ့စကား ရှိပေမယ့် ၊ တွေ ့သမျှ သူတောင်းစားတိုင်းက ညစ်ပတ်ပေတူး ၊ စုတ်တီးစုတ်ပြတ်တွေ မို ့၊ သိုင်းပညာရှင် ဖြစ်မယ် မထင်မိဘူး ။ ဟုတ်တယ်လေ ၊ သူတို ့သာ ထိပ်သီးသိုင်းပညာရှင် ဖြစ်နေရင် ၊ တောင်းစားမှာ မဟုတ်လောက်ဘူး မလား ။
သူနှင့် မင်းပေါက်စိုး တို ့မှာဖြင့် ၊ တစ်ယောက်ကို တစ်ယောက် စိတ်ပြေ၊ပြန်ကျေနပ်ကြလို ့၊ မနေ ့ည ကတောင် အရက်အတူတူထိုင်သောက်ခဲ့ကြသေးသည် ။
အဲဒီသတင်းသာ ဝေဝေတင်မြင့် သိသွားလျှင် ၊ မည်မျှ မိုးမီးလောင်မည် မသိ ဟု တွေးရင်းပြုံးနေမိသည် ။
မနေ ့ညက သိုင်းဝတ္ထုတွေဖတ်အပြီး ၊ စာကျက်ရမှာ ပျင်းပျင်းရှိသည်နှင့် ၊ ဂီတာကောက်လွယ်ကာ ၊အမျိုးသမီးအဆောင်များဘက်သို ့အရောက် ၊ ဂီတာတီးနေသော မင်းပေါက်စိုး နှင့် တန်းတွေ ့သည် ။
နေ ့ခင်းက ပြဿနာ တော့ ဒီမှာ ဆက်ရှင်းရပြီ ဟု တွေးမိကာ ၊ ပုဆိုးကို ပြင်ဝတ်လိုက်တော့ ၊ ဖော်ရွှေစွာ နှုတ်ဆက်လာသော မင်းပေါက်စိုး ကြောင့် ၊ အဆောင်ရှေ ့မှာပင် ၊ ငယ်ပေါင်းကြီးဖော်များသဖွယ် ခင်မင်သွားကြပြီး ၊ မင်းထိုက်စိုး ၏ အဆောင်နား နီးသော အရက်ဆိုင်သို ့ဆက်လက် ချီတက်သွားကြခြင်း ဖြစ်သည် ။
“ နေ ့လည် က ငါမှားသွားတယ် ၊ ခွင့်လွှတ်တယ်မလား ”
“ အာ..ရပါတယ်ကွာ ၊ မင်းတင် မဟုတ်ဘူးကွ ၊ ငါလဲ မှားတာပါဘဲ ၊ မိန်းမတွေ ရှေ ့ရောက်ရင် တို ့ယောက်ျားတွေ က ကောင်းကို မကောင်းတာ ၊ ခွီးတဲ့ကွာ ၊ လာကွာ အဲ့မိန်းမ တွေ အကြောင်းမပြောကြေး ၊ သောက်ကွာ ၊ ချီးယားစ် ”
“ နေဦးငါ့ရောင် ၊ ငါ့ သဲသဲ ဝေဝေ က ငါ့ကို သိုင်းဝတ္ထုတွေ ဖတ်ခိုင်းနေတာဗျ ၊ သိလား ”
“ ဟေ..ဘာဖြစ်လို ့တဲ့လဲ ၊ စာကျက်ခိုင်းမယ်တော့ မရှိပဲ ၊ သိုင်းဝတ္ထု ဖတ်ခိုင်းရတယ်လို ့”
“ မင်းတို ့အတွဲနဲ ့ရန်ဖြစ်ပြီးတော့ ၊ နောက်ကို ရန်ဖြစ်ရင်တဲ့ ၊ လိုလိုမယ်မယ် အထောက်အကူ ပြုအောင် တဲ့ ကွာ ”
“ ဟားဟားဟားဟား…မင်း ကောင်မလေး က ဘယ်လိုကြီးလဲကွ ”
“ အေးကွာ ၊ ငါ့မှာ အခု သိုင်းဝတ္ထုတွေ ဖတ်ရလွန်းလို ့၊ လမ်းတွေ ့သမျှ လူတိုင်းကို သိုင်းသမား လို ့မြင်နေပြီမောင် ”
“ အား..မင်းအဖြစ်ကလဲ ဆိုးပ ၊ အခု ဘယ်လို လုပ်မယ် စိတ်ကူးလဲ ”
“ မသိတော့ပါဘူးကွာ ၊ သိုင်းဝတ္ထုတွေ ဖတ်ရပါများလို ့၊ မျက်မှန်တပ်ရတော့မယ့်ကိန်းဘဲ ကွာ ၊ မဖတ်ဘဲနဲ ့ဖတ်ပါတယ် ဆိုပြီးလဲ ရွှီးလို ့မရပြန်ဘူး ၊ သူက ချိန်းတွေ ့တဲ့အခါကြ ၊ ဗိုက်ဗာ ပြန်မေးသေးတာ ကွ ”
“ ဒါဆို ဒီလိုလုပ်ပါလား ”
*@$#^&$**(!(^#^#*((@))(!*
နှစ်ယောက်သား ဘယ်နှစ်ခွက်မှန်းမသိ ၊ အဲ့ညက ဆိုင်ထဲမှာ မူးမှောက်ကုန်သဖြင့် ၊ ဆိုင်ရှင် မှ ဆိုက်ကားငှားပြီး အဆောင်ပြန်ပို ့ခိုင်းလို ့ အိပ်ရခြင်း ဖြစ်သည် ။
(ဆက်ပါဦးမည်)
————– အားလုံးကို ကျေးဇူးတင်ပါသည် ————–

20 comments

  • အလကားအလုပ်ရှုပ်ခံလု့ိကွာ။
    ကိုယ်မကျေနပ်တဲ့ကောင်မှတ်ထား
    အရက်ဖိုးပေးပြီးချောင်းရိုက်ခိုင်းလိုက်ရင်ပြီးတာကို
    စာတစ်တန် ပေတစ်ဖွဲ့လုပ်နေသေးတယ်

    • windtalker

      November 18, 2011 at 7:08 pm

      တစ်ကယ်ပြောတာလား ဟင်
      ပိုက်ဆံစုပြီး လာခဲ့မှာနော်

  • မှော်ဆရာ

    November 17, 2011 at 10:22 pm

    ကိုဝိုင်း တို့လို့တန်းလန်း လုပ်ပြန်ပြီနော် ….

    • windtalker

      November 18, 2011 at 7:37 pm

      ဒေါ်တာဆော့တဲ့ကျောင်းသားတွေနဲ ့ပဲ ပေါင်းနေရင်တော့ ၊ စာဖတ်တဲ့ ကျောင်းသားတွေ ကို တွေ ့ရမှာ မဟုတ်ဘူး ညီမလေး ရေ

  • TTNU

    November 18, 2011 at 12:15 am

    နာမည်များကိုမှတ်ရင်း မှတ်ရင်း ခေါင်းမူး၍ အိပ်ပျော်သွားရာ
    အိပ်မက်ထဲတွင် မင်းပေါက်စိုး၊ မင်းထိုက်စိုး တို့မှာ ရှောင်လင်ကျောင်းအဖွဲ့နှင့်
    ဓါးသိုင်းခုတ် နေကြလေသည်။ ဝေဝေတင်မြင့် မှာ ချန်ဂင်မ အဝတ်အစားနှင် ပေါင်ချိန်ဘေးတွင်
    ကျန်ကျောင်းနှင့် တွဲရပ်နေကြပါတော့သည်။

  • ပေါက်ဖော်

    November 18, 2011 at 10:08 am

    ဘလား..ဖလား..
    ဆက်ဦးမယ်ဆိုပဲ..

    ဆက်မရေးပဲ ဒီမှာတင်ရပ်ထားရင် သဂျီးက တစ်သိန်းထုတ်ပေးမယ်ပြောတယ်..ဂယ်ပြောတာ

    😆

    • inz@ghi

      November 18, 2011 at 1:29 pm

      စိုးတယ် …စိုးမိတယ် …စိုးရိမ်မိပါတယ်…..
      😛

  • အီးတီ

    November 18, 2011 at 11:50 am

    ကျွန်တော်လည်း အပြင်မှာမူးပြီးမှောက်သွားပါကြောင်း…ဆရာမတီတီ ပြောသလို နာမည်တွေ မှတ်ရလို ့ပါ။ ဆက်ပါဦးမည် ဆိုတော့ နာမည်တွေ ပြန်ကျက်ထားဦးမှ 😀

  • etone

    November 18, 2011 at 1:22 pm

    ဟီး … ရူးကြောင်မူးကြောင်ကောင်မလေးက သိုင်းဝတ္တုဖတ်ခိုင်းတယ် …သိုင်းဝတ္တုရေးတဲ့ ဝတ္တုဆရာတိုင်း ….. သိုင်းတကယ်များ တတ်တယ် ထင်နေရော့သလား ။ 😆

    အပိုင်းနှစ်ကို ဆက်တော့လည်း ဖတ်ဖို့စောင့်နေပါတယ် ကိုပေရေ … ။

  • နွယ်ပင်

    November 18, 2011 at 2:38 pm

    နာမည်ပေးတဲ့ နေရာမှာတော့ မေပေါင်က ဆရာကြီးပဲ
    နာမည်တွေမေ့မေ့သွားလို့ စာတစ်ကြောင်းကို နှစ်ခါလောက်
    ဖတ်ရင်း အခု ပိုစ့်ကို အလွတ်နီးပါးလောက်ရနေပြီ ဟီး 🙂
    အပိုင်းနှစ်ကို ဆက်လက်အားပေးနေပါတယ် ……

  • chitlay

    November 18, 2011 at 4:07 pm

    ယောကျင်္ားလေး ၂ ယောက်က ပြန်အဆင်ပြေပြီး peace ဖြစ်နေတယ်ဆိုတော့ မိန်းကလေး ၂ယောက်က အခဲမကြေဖြစ်နေရင် မိန်းကလေး ၂ယောက်ကိုပဲ သိုင်းချခိုင်းလိုက်တော့…. 😛

  • MaMa

    November 18, 2011 at 4:23 pm

    သူများနဲ့မတူ တမူထူးတဲ့ ကိုယ်ပိုင်စတိုင်ကို ထူထောင်နိုင်တဲ့ မေပေါင် ပါပဲ။ တော်လေစွတကား။ 😀

  • Moe Z

    November 18, 2011 at 4:37 pm

    မသောက်ပဲမူးသွားပါသည် 🙂
    ကိုပေရေ မိုးစက်ရေးထားတာ တစ်ပုဒ်ရှိတယ်
    တစ်ဝက်ပဲပြီးသေးတယ် ဆက်ရေးပေးမယ်ဆိုရင် mail ပို့လိုက်မယ်
    ဇာတ်လိုက်ကျော်ကြီးကို စိတ်ကြိုက်နှိပ်ကွပ်နိုင်မယ့် အခွင့်အရေးနော် 😀 😀

    • windtalker

      November 18, 2011 at 7:41 pm

      သိနေတယ်နော် ၊ မိုးလေး ပြောတဲ့ ဇါတ်လမ်းကို မိုးလေးဘဲ ရေးပါကွယ်

  • kai

    November 18, 2011 at 4:39 pm

    အဟမ်း..
    ယူအက်စ်မှာ.. သိုင်းဝတ္ထူလောကရဲ့..ဆရာ၂ပါးဖြစ်တဲ့.. ဘုန်းကြွယ်ရော..ဝင်းကြွယ်ရော ရှိနေပါတယ်.။
    မန္တလေးဂေဇက်မှာတောင် စာရေးပေးဖူးတယ်..။
    သူတို့.. သိုင်းမတတ်ပါဘူးနော…။ ရေးတာတွေကလည်း.. တကယ်ချလို့ရတဲ့ဟာတွေမဟုတ်ပါဘူး…။

    စာအုပ်ထဲမှာပါလို့. အပြင်မှာပါတကယ်ချလို့ရတာက.. အရက်တွေခင်ဗျ..။
    သောက်လိုက်.. မူးရောပဲ..။
    တကယ်ပြောတာ..။ :mrgreen:

  • blackchaw

    November 18, 2011 at 4:43 pm

    “ မူကြို အေမင်းအောင် ” ၏ “တီနိုင်ဓါးနှင့် စုံလုံးကန်းဖိုးချစ်” ၊ တိဘက်ပြန်တင်စိန် ၏ “ နှစ်တစ်သောင်းအတွင်းအားသိုင်း ” စသည့် သိုင်းဝတ္ထုများ

    ဟားဟား ဝတ္ထုနာမည်တွေက လန်းတယ်ဗျို့။
    ဂိုင်းအင်ဇာဂီလို စီးရီး အရှည်ပဲလား ဗျ ကိုပေ။

  • naywoonni

    November 18, 2011 at 6:35 pm

    စိုးရိမ်တယ် ညီမလေးရေ…… စိုးရိမ်တယ်…။ ညီမလေးရေ……… ညီမလေးရယ်…။

    • windtalker

      November 18, 2011 at 7:59 pm

      ဘယ်က ညီမလေး လဲ ဗျ
      အဘနီ ပို ့စ်မှားလာပြီလားဟင်

  • alinsett

    November 18, 2011 at 7:21 pm

    ဖတ်ရှု သွားပါကြောင်း….

    မူးချင်သွားပါကြောင်း…

Leave a Reply