နေပြည်တော် အဝိုင်းပတ်နေရာတွေရဲ့ အလှမြင်ကွင်း

manawphyulayNovember 18, 20111min12312

နေပြည်တော်အဝိုင်းပတ်တစ်ခုရဲ့ မြင်ကွင်းအလှ
နေပြည်တော်လမ်းမတွေ ကျယ်သလို အဝိုင်းလေးတွေမှာလည်း အတော်ကို အလှဆင်ထားတာ တွေ့ရပါတယ်။ ပန်းတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ပုံဖော်ထားသေးတယ်။

အဝိုင်းပတ်လေးတွေရဲ့ တစ်မျိုးစီအလှပေါ့
အဝိုင်းလေးတွေမှာတောင် ဒီလောက်လှနေရင် မြို့တော်ကြီးဆိုရင်တော့.....

အဝေးက မြင်ကွင်းလေး

ဒါကတော့ ပဒုမ္မာကြာပန်းအဝိုင်းက အလှပေါ့။

12 comments

  • lone

    November 18, 2011 at 10:28 am

    lone ကတော့နေပြည်တော်တစ်ခါမှမရောက်ဖူးသေးဘူး…သူငယ်ချင်းတွေက သွားဖို့ခေါ်လည်းမလိုက်ဖြစ်ဘူး…အဒေါ်ကလည်း နေပြည်တော် လာလည်ဖို့ခေါ်တာမသွားဖြစ်သေးဘူး…နေပြည်တော်က ပူမှာပဲနော်…

  • အီးတီ

    November 18, 2011 at 11:17 am

    ကျွန်တော်လည်း တစ်ခါမှ မရောက်ဖူးသေးဘူး…တော်တော်လှနေတာပဲ။ နေပြည်တော်မှာ လည်စရာ ပတ်စရာနေရာလေးတွေ ရေးပေးပါဦး မမနောဖြူ

    • ကိုရင်စည်သူ

      November 18, 2011 at 12:18 pm

      အီးတီ.. နေပြည်တော်မှာ နောက်နေရာတစ်ခုရှိတေးဒယ်ဟ..
      မြို့မဈေးဘေးနားက တောင်ပေါ်လေးမှာဖွင့်ထားတဲ့
      ဘီယာဆိုင်တွေ တန်းစီနေတာပဲ… လေ လေးတဟူးဟူးနဲ့
      ထိုင်လို့လည်းကောင်းတယ်.. သောက်လို့လည်းကောင်းတယ်
      အမြည်းလည်းကောင်းတယ်… ဗျူးလည်း ကောင်းတယ်
      နင်ပြန်လာရင်… သွားသောက်ကြ
      ရအောင်… အဟီး 😀 😀 😀

      • lone

        November 18, 2011 at 12:59 pm

        ကိုရင်စည်သူက နေပူတော်ကလား….လာရင်တကယ်မုန့်လိုက်ဝယ်ကျွေးမှာလား…

        • ကိုရင်စည်သူ

          November 18, 2011 at 1:21 pm

          မလုံ.. ကိုရင်စည်သူက နေပူတော်ကမဟုတ်ဘူး..
          နေပူတော်နဲ့ သိပ်မဝေးတဲ့.. ရန်ကုန်တော်က…
          ဒါပေမဲ့ ကိုရင်စည်ရှိတဲ့ ဘယ်အရပ်မဆို တွေ့တဲ့ မိတ်ဆွေတိုင်းအား
          ဘီယာတိုက်၊ အမြည်းကိုက် ခိုင်းပါသည်… 😀 😀 😀

    • manawphyulay

      November 18, 2011 at 4:19 pm

      ရိုက်တာတော့ မပြောနဲ့တော့ အပီအပြင်နေရာစုံ လျှောက်ရိုက်တာပဲ။ သူများတွေတောင် ဘေးကနေ ကြည့်ရင်း မူးကုန်တာ။(မသောက်ပဲနဲ့ပြောပါတယ်)။ ကွန်နက်ရှင် ပူဇော်ပသပြီးမှပဲ တင်လို့ရမယ်ထင်ပါတယ်မောင်လေးရယ်

  • etone

    November 18, 2011 at 3:38 pm

    ချစ်ချစ်ကို နေပြည်တော် အလည်သွားရအောင်ပြောတော့ …. မင်းကွာ! .. အားအားယားယား … နေပူကျဲတဲကြီးကို ဘာသွားလုပ်မလို့တုန်းတဲ့ …အဟောက်ခံရတယ် …. ။ 🙁
    နေပြည်တော် သူများတွေပြောနေကြလို့ …သွားကြည့်ချင်တာကို … ဟွန်း !

    အစ်မ မနောရေ အဝိုင်းပုံလေးတွေတင်ပေးတာ ကျေးဇူးနော် … ။
    နောက်ထပ် တြိဂံပုံလေးတွေရှိလျှင်လည်း တင်ပေးပါဦး … မြင်ဖူးတယ်ရှိအောင် …… 😳
    (သုံးထောင့်လမ်းစုံလေးတွေကိုပြောတာပါ နော် 😆 )

    • manawphyulay

      November 18, 2011 at 4:17 pm

      သုံးမြှောင့်တွေလည်း ရိုက်လာခဲ့ပါတယ်ညီမလေးရေ တင်ပေးမယ်နော် အဟိ

  • Moe Z

    November 18, 2011 at 4:02 pm

    မမ မနောရေ ဓာတ်ပုံထဲက အဝိုင်းနဲ့တော့မဆိုင်ဘူး
    ပြီးခဲ့တဲ့ March လတုန်းက မိုးစက်တို့ နေပြည်တော်သွားတုန်းက
    လမ်းမှာမျက်စိလည်ပြီး အဝိုင်းတစ်ခုကိုပဲပတ်မိနေတယ်
    မေးစရာကလည်း ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မတွေ့ဘူး
    စည်ကားတာပြောပါတယ် 🙂
    ဆိုင်ကယ်ကို လက်နဲ့တွဲ ကြိုးချည်ထားပြီး အိပ်ပျော်နေတဲ့ ရဲတစ်ယောက်ပဲတွေ့တယ်
    နှစ်ခေါက်လောက်ပတ်ပြီးတော့ အားနာနာနဲ့ပဲ သူ့ကိုနှိုးပြီးမေးရတယ်
    အိပ်ချင်မူးတူးနဲ့လက်ညှိုးထိုးပြတဲ့ဘက်ကို သွားတော့လည်း သူ့ဆီပဲပြန်ရောက်သွားတယ် 😀
    လေးခါလောက်ပတ်ပြီးမှ လမ်းရှာတွေ့တယ် (အမှတ်တရ 😀 )

    • manawphyulay

      November 18, 2011 at 4:18 pm

      ဒီလိုဆိုတော့လည်း အမှတ်တမဲ့မှ အမှတ်တရ ဖြစ်သွားတာပေါ့ မဟုတ်ဘူးလား။ တစ်ခါထဲသွားတာ မှတ်မိအောင်နေမှာပေါ့နော်။ 😛

  • chitlay

    November 18, 2011 at 4:26 pm

    အဝိုင်းတွေကို လှတပတလေးဖြစ်အောင် သေချာလုပ်ထားတာပဲနော် .. တစ်ခေါက်မှ မရောက်ဖူးပေမယ့် နေပြည်တော်မှာ လည်စရာတွေ တော်တော်များတယ်လို့ သူများတွေပြောကြတယ် … အစ်မမနောရေ တစ်ခြားပုံလေးတွေရှိရင် ထပ်တင်ပေးပါအုံးနော် …

  • lwinmg

    November 18, 2011 at 6:20 pm

    ဓါတ်ပုံတွေ ကြည့်ရတာ အားရလိုက်တာ မ မနောဖြူရေ ၊ ကောင်းကင်ပြာနဲ့ တွဲပြီး မင်္ဂလာရှိပါ့ ။
    တနေ့နေ့တော့ ရောက်အောင် သွားရတော့မယ် ။

Leave a Reply