Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငြိမ်းချမ်းရေး သံဃာတော်၅ပါး မန္တလေးမှ နေရပ်သို့ အကြပ်ကိုင် ပြန်လွှတ်ခံရခြင်း

DaveNovember 18, 20111min47811

မန္တလေးမြို့မှ သံဃနာယကဘုန်းတော်ကြီးများက ငြိမ်းချမ်းရေးလှုပ်ရှားမည့် ဦးဇင်းလေး၅ပါးကို နိုဝင်ဘာ ၁ရရက်က မန္တလေးတွင် ဆက်မနေရန် အကြပ်ကိုင်ပြောကြား ပြီး နေရပ်သို့ပြန်ကြွကြရန် ဖိအားပေးသည်။
ရေတော်ကျောင်းတိုက်တွင် တစ်ညတာ သီတင်းသုံးခဲ့ပြီး ထိုနေ့မွန်းမတည့်မီ မစိုးရိမ်တိုက်ဟောင်းသို့ တိုင်းသံဃနာယကအဖွဲ့က ဦးဇင်းများကိုခေါ်ယူပြီး နောက်ဆုံးအကြိမ် ဆုံးဖြတ်ချက်ချကာ မန္တလေးမှ ထွက်ခွာရန် စီစဉ်ခဲ့ကြသည်။
နာရီအနည်းငယ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကားတစ်စင်းပေါ်ဇွတ်တင်ပေးလိုက်ခြင်းဖြစ်ပြီး မူလ ရည်မှန်းထားသော ငြိမ်းချမ်းရေး လှုပ်ရှားမှုအစီအစဉ်ကို စွန့်လွှတ်လိုက်ကြရသည်။ နိုင်ငံတော် မဟာသံဃနာယကအဖွဲ့က ဦးဇင်းများကို ရပ်ဝေးသို့နှင်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။
မုံရွာဖက်သို့ ထွက်ခွာလာခဲ့ပြီး ဇောတိကကျောင်းတိုက်က ဦးဇင်းများကို လက်ခံမည်ဟု ကြိုဆိုသော်လည်း ဒေသအာဏာပိုင်များက မြို့အဝင်တွင် ဟန့်တားကာ အဝင်မခံခဲ့သဖြင့် နောက်ဆံးတွင် နှစ်ပါးက ယင်းမာပင်ဖက် ကျန်သုံးပါးက ကန္နီဖက်သို့ ဆက်သွားခဲ့ကြကြောင်း ငြိမ်းချမ်းရေးဦးဇင်းတစ်ပါးက ပြောကြားသည်။
ထိုဦးဇင်းများ၏လုံးခြုံရေးအတွက် မန္တလေးမှ ဒါယိကာ၊ဒါယိကာမများက စိတ်ပူနေကြဆဲဖြစ်ကြောင်း သိရသည်။

11 comments

  • chityimhtoo

    November 18, 2011 at 8:03 pm

    အရာအားလုံးကဖြည်းဖြည်းခြင်းအကောင်းဘက်ကိုရောက်နေကာမှ တူဒို့ကဘာလို့ ထပြီးဆန္ဒပြလည်း
    တိပါဝူး။

  • Gipsy

    November 18, 2011 at 8:15 pm

    ဟုတ်တားပဲနော် .. အခြေအနေ အရပ်ရပ်တွေက ကိုယ့်ဖက် တစ်ရွေ့ရွေ့ ဖြစ်နေပြီမို့လား..၊
    အကောင်းကို မှန်းတာလား. အပျက်ကိုလွမ်းတာလား.. မသိနိုင်ဘူးနော်…။

  • မှော်ဆရာ

    November 18, 2011 at 8:46 pm

    ဟယ် ဆန္ဒပြပါတယ်ဆိုမှ သူများ ပြန်ပို့တာ ခံရသေးလား …
    လမ်းပေါ်ထိုင် ဆန္ဒပြပါ့လား …

  • ပေါက်ဖော်

    November 18, 2011 at 9:01 pm

    ဘုန်းကြီးတွေလုံခြုံရေး..စိုးရိမ်မိတယ်ဗျ
    နားစွင့်ကြပါဦး..
    မရိုးမသားအသံကြားရရင်.ဒီတစ်ခါ.ကျုပ်ကိုယ်တိုင်ထွက်ပြမယ်..

    • မှော်ဆရာ

      November 18, 2011 at 9:05 pm

      ဘာကို ပြမှာလဲဟင် …
      အများပြည်သူ အထိတ်တလန့် ဖြစ်အောင် မလုပ်ပါနဲ့ ဆရာပေါက်ရယ်…
      ကျွန်တော် နှလုံးရောဂါရှိလို့ပါ ။။။

    • utawgyaw

      November 19, 2011 at 1:14 pm

      စဉ်းစဉ်းစားစား လဲပြောပါ ပေါက်ဖော်ရယ်..

  • သော်ကြီး

    November 18, 2011 at 9:05 pm

    ပြန်သွားကြတာပဲ ကောင်းပါတယ်ပေါက်ဖော်ရယ်။ သူတို့အတွက်ရော အားလုံးအတွက်ရော လုံခြုံတာပေါ့။ မသကာ သံတိုင်တွေကြားထဲရောက်သွားမှဖြင့် ……..အဟင့်..။

  • ဆူး

    November 19, 2011 at 12:41 pm

    သူတို့ရဲ့ စိတ်ကူးနဲ့ လုပ်ရပ်ကို ထောက်ခံသူ နည်းတဲ့ အတွက် လုပ်ရပ်ကော စိတ်ဓါတ်ပိုင်းကော ရှုံးနိမ့်သွားပြီ။
    လူထုက ပါလာရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ မရှုံးဘူးလို့ ပြောလို့ ရပေမဲ့ ထောက်ခံသူ နည်းတဲ့အတွက် မှားယွင်းတဲ့ အကွက်ကို ရွေ့မိသွားကြတယ်။
    ထို အမှား အတွက် ဘာမှ မပေးစပ်ရပဲ ဌာနီ ကိုသာ အေးအေး ချမ်းချမ်း ပြန်ကြွ နိုင်ကြပါစေသောဝ်။
    သံဃာ ၅ပါး လာလမ်းသာ လို့ ပြန်လမ်း ဖြောင့်ဖြူးပါစေ။

    မန်းက နှင်ထုတ်တဲ့ ရဟန်း သံဃာများကော သံဃာနယက အဖွဲ့ကိုကော လုံးဝ အပြစ်လို့ မမြင်မိပါကြောင်း.. ရဟန်း အလုပ်ကိုသာ ဝိနည်း နဲ့ အညီ လုပ်ကိုင်နိုင်ကြပါစေ။

    • ကြောင်ကြီး

      November 19, 2011 at 1:03 pm

      အဲသလောက် ဝိနည်းညီစေချင်ရင်လည်း ဘုန်းကြီးတွေကို သာသနာအရေးနဲ့ မအပ်စပ်တာ မှန်သမျှ မလုပ်စေနဲ့လေ အန်တီဆူးရဲ့၊ ဘက ဘုန်းကြီးကျောင်း ပညာရေးလို ဟာမျိုးကစလို့ ပရဟိတလိုမျိုးပါမကျန်။ တခုလုပ်ရင် အခြားတခုလည်း စပ်နေတာမို့ ဒါတော့ရတယ် ဟိုဟာတော့ မရ လုပ်လို့မရဘူးဗျို့…..

  • kai

    November 19, 2011 at 3:58 pm

    တခါရေးဖူးတယ်.. ရဲရဲကိုတောက်နေအောင် အနီကဒ်ထိတာပဲ..။
    ထပ်ရေးလိုက်ဦးမယ်..။

    ဂေါတမဗုဒ္ဓက.. နိုင်ငံ၂ခု ရေလုရင်းစစ်ဖြစ်တော့ စစ်ပွဲအလယ်မှာနေပြီး ငြိမ်းချမ်းရေးတရားဟောတယ်..။
    သူ့ကျောင်းဘေး..ဘာသာခြားတွေ မြေလာဝယ်တော့.. ဘုရင်သွားတိုင်ပြီး.. တားမြစ်ခိုင်းတယ်..။
    သူကိုယ်တိုင်လည်း.. သံဃာတွေ ဝိနည်းနဲ့ပါတ်သက်လို့.. အငြင်းပွားကြတော့.. ခဏရှောင်နေဖူးတယ်.။
    သူ့ဒါယကာဘုရင်ကြီးကို.. အဇာတသတ်က ထောင်ချ..ညှင်းဆဲသတ်နေတော့.. မသိချင်ယောင်ဆောင်နေတယ်..။

    နောက်ပြီး..
    သပိတ်မှောက်တယ် ဆိုတဲ့ဆိုရိုးစကားကိုက.. သံဃာက စတာပဲ..။
    ဆွမ်းစားတဲ့.. သပိတ်ကို မှောက်လိုက်တာဗျို့..။

    သံဃာတော်တွေ နိုင်ငံရေးလုပ်သင့်..လုပ်အပ်..လုပ်နိုင်ပါတယ်..။ လုပ်ရပါမယ်..။ ဂေါတမဘုရားတောင် နိုင်ငံရေးလုပ်ခဲ့တာပဲ..။

    အချိန်အခါ… အခြေအနေကြည့်လုပ်ပေါ့..။
    အခုလို.. နိုင်ငံရေးရေချိန်မြင့်ပြီး.. ဒီချုပ်ကဆုံးဖြတ်ချက်ချခါနီးရက် ကပ်နေတဲ့အချိန်မှ.. ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင်လုပ်သလို ဖြစ်သွားတဲ့.. အချိန်အခါအရွေးမှားသွားတာက.. မအောင်မြင်ခြင်းကို ဖြစ်သွားစေတယ် မြင်မိပါတယ်..။
    လူထုက.. ဘာကိုလိုချင်နေတာလည်း.. မသိလိုက်ပဲ.. အတွက်အချက် မှားသွားတာပေါ့…။

  • ice

    November 22, 2011 at 8:49 pm

    ဘယ်လို ကြီးမှန်းမသိဘူးနော်။ တဖြေးဖြေးနဲ ့တော ့ကို လို ချင်တာကို ရောက်နေကြပြီပဲ။

Leave a Reply