19.11.2011 စနေည ပွဲစဉ်များ

မောင် ပေNovember 19, 20111min1137

မင်္ဂလာပါ ခင်ဗျာ ။
ဘောလုံးချစ်သူများ အတွက် ၁၉-၁၁-၂၀၁၁ စနေနေ ့ည ကန်မယ့် အင်ဂလန် ပရီးမီးယားလိဂ် ၊ အီတလီ စီးရီးအေ နဲ ့စပိန် လာလီဂါ ပွဲစဉ်များအကြောင်းကို ရေးပြပါမယ် ။
ပွဲစဉ်များနဲ ့အချိန်များကတော့
၇:၁၅ နော့ဝစ် – အာဆင်နယ်
၉:၃ဝ အဲဗာတန် – ဝုဗ်
။ မန်စီးတီး – နယူးကာဆယ်
။ စတုတ် – ကျူပီအာ
။ ဆန်းဒါးလန်း – ဖူဟမ်
။ ဝက်ဘရွန်း – ဘော်တန်
။ ဝီဂန် – ဘလက်ဘန်း
၁၂:၀ဝ ဆွမ်ဆီး – မန်ယူ
၁၁:၃ဝ အင်တာမီလန် – ကယ်ဂလီယာရီ
၂:၁၅ ဖီအိုရင်တီးနား – အေစီမီလန်
။ နာပိုလီ – လာဇီယို
၁၁:၃ဝ ဗီလာရီးရဲ – ဘက်တစ်
၁:၃ဝ ဘာစီလိုနာ – ဇာရာဂိုဇာ
၃:၃ဝ ဗလင်စီယာ – ရီးရဲမက်ဒရစ်
*******************************
အထက်ပါပွဲစဉ်များထဲမှ စိတ်ကြိုက်တွေ ့မိတဲ့ပွဲလေးတွေကတော့
***********
အဲဗာတန် (၁၇) – ဝုဗ် (၁၃)
အဲဗာတန် အသင်း ရဲ ့အနေအထားနဲ ့အဆင့် ၁ရ ဆိုတဲ့ နေရာမျိုးကတော့ ခါးသီးလွန်းပါတယ် ။
အဲဗာတန် အသင်း ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ “ L,L,L,W,L ” ဖြစ်ပြီး အဲဒီထဲမှာ ချဲဆီး နဲ ့မန်ယူ လို အသင်းကြီးမျိုးတွေ ကို ရှုံးခဲ့တာတွေ ပါပါတယ် ။ ( ဘယ်ဘက် အစွန်ဆုံး မှာ နောက်ဆုံးကန်ထားသော ရလဒ်ဖြစ်သည် )
ပြီးခဲ့တဲ့ အပတ်ကတော့ ခြေစွမ်းအရမ်းကောင်းနေတဲ့ နယူးကာဆယ်အသင်းကို ၂-၁ နဲ ့ရှုံး နိမ့်ထားပါတယ် ။
အဲဗာတန် အသင်း ဟာ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၁ဝ ပွဲ ကစားထားပြီး ၃ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၆ ပွဲရှုံး ၊ ရဂိုး ၁၁ ၊ ပေးဂိုး ၁၅ ဂိုး ၊ ရမှတ် ၁ဝ မှတ် ပါ ။
အိမ်ကွင်း ၅ ပွဲ ကန်ခဲ့ပြီး ၁ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၅ ၊ ပေးဂိုး ရ ပါ ။
ဝုဗ် အသင်း ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ “ W,L,L,D,L ” ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ပွဲမှာတော့ ဝီဂန်အသင်း ကို အိမ်ကွင်းမှာ ၃-၁ နဲ ့အနိုင်ယူထားပါတယ် ။
ဝုဗ် အသင်း ဟာ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၁၁ ပွဲ ကစားထားပြီး ၃ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၆ ပွဲရှုံး ၊ ရဂိုး ၁၂ ၊ ပေးဂိုး ၁၈ ၊ ရမှတ် ၁၁ မှတ် ပါ ။
အဝေးကွင်း ၅ ပွဲ ကန်ခဲ့ပြီး ၁ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၄ ၊ ပေးဂိုး ၈ ပါ ။
ဈေးအနေအထားအရ အဲဗာတန် အသင်းဟာ တစ်ဂိုးသွင်းရင် သရေ နဲ ့တစ်ဂိုးသွင်းရင် ခပ်ပါးပါး အကျိုးရှိမယ့် အနေအထားရှိပါတယ် ။
အခု ပွဲကို အဲဗာတန် ဘက်မှ အားပေးချင်ပြီး ၂-ဝ / ၃-၁ လို ့ပြောချင်ပါတယ် ။
*******************************
နော့ဝစ်(၉) – အာဆင်နယ်(၇)
ဒီပွဲအကြောင်းကို ရေးရတာ နော့ဝစ် ကို အားနာမိတယ်ဗျာ ။
နော့ဝစ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၁၁ ပွဲ ကစားထားပြီး ၃ ပွဲနိုင် ၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး ၊ ရဂိုး ၁၆ ၊ ပေးဂိုး ၁၈ ၊ ရမှတ် ၁၃ မှတ်ပါ ။
အိမ်ကွင်း ငါးပွဲကန်ခဲ့ရာမှ ၂ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲရှုံး ၊ ရဂိုး ၉ ၊ ပေးဂိုး ရ ပါ ။
နော့ဝစ် နောက်ဆုံးကန်ခဲ့တဲ့ ငါးပွဲရလဒ်တွေ ဟာ “ L,D,D,W,L ” ဖြစ်ပါတယ် ။
အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၁၁ ပွဲ ကစားထားပြီး ၆ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး ၂၃ ပေးဂိုး ၂၁ ၊ ရမှတ် ၁၉ ပါ ။
အဝေးကွင်း ၅ ပွဲကန်ခဲ့ရာမှာ ၁ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၁၁ ၊ ပေးဂိုး ၁ရ ပါ ။
အာဆင်နယ် အသင်း နောက်ဆုံးကန်ခဲ့တဲ့ ငါးပွဲဟာ “ W,D,W,W,W ” ဖြစ်ပါတယ် ။
ဒီပွဲကစားအပြီး လာမယ့် ဗုဒ္ဓဟူး ည မှာ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ကို အိမ်ကွင်းမှာ ဒေါ့မန် အသင်းနဲ ့ကန်ရမှာ ဖြစ်ပါတယ် ။
ချန်ပီယံလိဂ်မှာ အာဆင်နယ်အသင်းဟာ နောက်တစ်ဆင့်တက်ဖို ့အခြေအနေ ကောင်းပြီးသားပါ
ရာသီအစ မှာ ရလဒ်တွေ ဆိုးခဲ့တဲ့ အာဆင်နယ် အသင်းဟာ နောက်ပိုင်းမှာ ပွဲတိုင်းကို အရမ်းကြိုးစားအားထုတ်လာပြီး ရလဒ်များကောင်းလာတာကို ပြန်မြင်ရပါတယ် ။
နောက်တန်း ဟာ ပေးဂိုးတွေ ရှိနေပေမယ့် ၊ ရှေ ့တန်းကလည်း တစ်ဒိုင်းဒိုင်း ပြန်ဂိုးသွင်းတာ ကို ပွဲတိုင်းလို တွေ ့နေရပါတယ် ။
နိဒါန်းမှာ ရေးခဲ့သလိုပါဘဲ ။
နော့ဝစ်ကို အားနာပါတယ် ။ အာဆင်နယ် အနည်းဆုံး ၂ ဂိုးအပြတ် နဲ ့စားမယ့်ပွဲပါ ။
*******************************
အင်တာမီလန်(၁၇) – ကယ်ဂလီယာရီ (၁၀)
ဒီပွဲအကြောင်းကို ရေးရမှာ ကယ်ဂလီယာရီ အသင်းကို အားနာပါတယ် ။
အင်တာမီလန် လို အသင်းကြီးအနေအထားနဲ ့အဆင့် ၁ရ ဆိုတာ လုံးဝ လွဲချော်နေတာပါ ။
နည်းပြသစ် လက်ထက်မှာ ချန်ပီယံလိဂ်ပွဲတိုင်း အခြေအနေကောင်းခဲ့ပေမယ့် ၊ အီတလီ စီးရီးအေ ပွဲစဉ်များမှာတော့ ၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ် ။
ဈေးအနေအထားအရ အင်တာမီလန် ဟာ တစ်ဂိုးသွင်းမှ သရေမို ့၊ ၂ ဂိုးသွင်းဖို ့လိုပါတယ် ။
ချန်ပီယံလိဂ်ကန်စရာ ရှိတယ် ဆိုပေမယ့် ၊ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်က သေချာပေါက် တက်နေပြီ ဖြစ်လို ့၊ အခု ပွဲ မှာ စီးရီးအေအမှတ်ပေးဇယား အတွက် ပြန်နိုင်ပွဲယူမှာပါ ။
ဒီတော့ အင်တာမီလန် ဘယ်နှစ်ဂိုး နဲ ့အောင်ပွဲခံမလဲ စောင့်ကြည့်ကြပါစို ့ဗျာ ။
*******************************
——- ဘောလုံးချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ပါစေ ——-

7 comments

  • ပေါက်ဖော်

    November 19, 2011 at 3:51 pm

    ဆယ်ပုံး………
    ပစ်ထည့်လိုက်ဦးမယ်..
    ရေချိုး..လယ်ဒီလုပ်ထားကြ…..

  • windtalker

    November 19, 2011 at 6:33 pm

    နောက်ဆုံးရ သတင်းများအရ ယနေ ့ညအတွက် အားပေးမည့် အသင်းတစ်သင်း ထပ်မံတွေ ့ရှိရာ
    “ ဝက်ဘရွန်း(၁၄) – ဘော်တန်(၁၈) ” ပွဲစဉ်မှ ဝက်ဘရွန်း အသင်းဖြစ်ပါသည် ။
    ဝက်ဘရွန်းအသင်း၏ နောက်ဆုံးငါးပွဲရလဒ်များမှာ L,L,W,W,D
    ဘော်တန်အသင်း၏ နောက်ဆုံးငါးပွဲရလဒ်များမှာ W,L,L,L,W
    အရှုံးများမှ အနိုင်ပြန်ရှာမည့် အသင်းနှစ်သင်းတွေ ့ဆုံရာတွင် ၊ ဝက်ဘရွန်း အသင်း၏ အိမ်ရှင်အားသာချက် ကြောင့် ၊ ဝက်ဘရွန်းအသင်းကို အားပေးမည် ။

  • သော်ကြီး

    November 19, 2011 at 7:02 pm

    အာဆင်နယ်အသင်းနို်င်မယ်ဆိုလို့ အရမ်းပျော်သွားပြီ။ မြန်မာအသင်းနဲ့ ကစားပုံခြင်း ဆင်တူတော့- အားပေးရမှာနဲနဲကြောက်တယ်။ ဒါပေမယ့် အာဆင်နယ် ကရေဇီ ဆိုတော့ အားပေးရမှာပေါ့ ။

    • windtalker

      November 19, 2011 at 7:15 pm

      ဒီည ပွဲကို အာဆင်နယ် သေချာပေါက် အနိုင်ကစားမယ်လို ့ယူဆတယ်ဗျို ့
      မန်စီးတီး က နယူးကာဆယ်နဲ ့ဆိုတော့ ၊ ဟိုကခြေစွာလေ ၊ မန်စီးတီး ခြေချော် နိုင်တယ်
      မန်ယူကိုလဲ ဒီည အားပေးရမယ် ၊ ရွန်းနီ အားအပြည့်နဲ ့ကန်မယ့်ပွဲ

  • သော်ကြီး

    November 19, 2011 at 11:08 pm

    အာဆင်နယ်တော့ နိုင်သွားပြီ ( ၂-၁ )။ မန်စီးတီးက ၈ဝ အထိ ၃ ဂိုးသွင်းထားတယ်။ ပင်နယ်တီ (၂) လုံးနဲ့။

  • သော်ကြီး

    November 19, 2011 at 11:54 pm

    နောက်ဆုံးရလာဒ်ကလေးတွေကို ပြောပြမယ်။ မန်စီးတီးက ( ၃-၁ )၊အဲဗာတန်က ( ၂-၁ ) ၈၂ မိနစ်မှာ ပင်နယ်တီရလို့ နိုင်သွားတာ။ ဝီဂန်နဲ့ ဘလက်ဘန်း က ( ၃-၃ ) ဘလက်ဘန်းဂိုးသမား အချိန်ပိုမှာ အကန်ခံ ရလို့ နဖူးပေါက်သွားပြီး ဘလက်ဘန်းပင်နယ်တီ ရလို့ သရေကျသွားတာ။စတုတ်က အိမ်ကွင်းမှာ ( ၂-၃ ) နဲ့-ရှုံးတယ်။ဆန်းဒါးလန်းနဲ့ ဖူဟမ်က ( ဝ-ဝ )၊ ဝက်စ်ဘရွမ်းက အိမ်ကွင်းမှာ ( ၂-၁ )နဲ့ ဘောတန်ကိုနိုင်တယ်။ မန်ယူပွဲတော့ မကြည့်တော့ဘူး။ အိပ်ရေးပျက်လို့။

  • kyawkoko

    November 20, 2011 at 7:44 am

    လုပ်စမ်းပါဦး တနင်္ဂနွေ ပွဲလေး 😀 :heart

Leave a Reply