ခရီးသွား လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်ရွှေ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန်

winkyawaungNovember 19, 20111min28619


ခရီးသွား လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်ရွှေ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ (MPT)၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ၎င်း စီစဉ်ကျင်းပသော ASEAN- Japan Business Meeting သတင်းအပါအဝင် ဝန်ကြီးများရုံးအား ထိန်းသိမ်း သင့်သည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓာတ်ပုံပြပွဲများ၊ ပုဂံတွင် ကျင်းပမည့်အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ- ဂျပန် အကြောင်းကို မရေးခဲ့ဘူး။ အာဆီယံ နိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေး ကို စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ ကောင်းတဲ့လမ်းကြောင်းကို တစ်ဖက်သတ် မကောင်း၊ အသိအမှတ် မပြုသလို ဖြစ်နေတယ်..´´။ ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော် စိတ်ပျက်တယ်။ ပြည်ပ မီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ် ဆိုတဲ့ အိုင်ဒီယာ ရှိနေရင်တော့ အတွေး တွေ မှားနေပြီ၊ လွဲနေပြီ..´´ ဟုလည်း ၎င်းက ဆိုသည်။

ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်းက “ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်း ရေးမှာပဲ၊ ပြောရင် ပြောတဲ့အတိုင်းရေးမှာပဲ၊ စားဖို့သောက်ဖို့ အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲ လာတယ်။ သတင်းသမား ကတော့ မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီ မှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည် ပေးရမှာပေါ့..´´။ ဟု ယင်းအခမ်းအနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။

ပြည်ပ မီဒီယာကြီးများသည် ပြောဆိုသည့် အတိုင်း ရေးသားကြ သော်လည်း ပြည်တွင်း မီဒီယာများသည် အတွေ့အကြုံနုသေးသည့် အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့မိကြောင်း ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဦးခင်ရွှေက ယင်းအခမ်းအနားတွင်ပင် ပြန်လည် ရှင်းလင်း ပြောကြားသည်။

ဦးခင်ရွှေ ထူထောင်ထားသည့် ဇေကမ ္ဘာ ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်သည်။

Saturday, 19 November 2011
Written by The Voice Weekly မှ ကူးယူဖော်ပြထားပါသည်။

အထက်ပါ သတင်းကို ဖတ်ပြီး သတင်းသမားတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောဆိုလိုက်မိပါတယ်..။
ရှေးလူကြီးများ ထားခဲ့သော စကားပုံက မှန်နေပါသည်။( မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်၏) တဲ့။ လူကြီးမင်းက သတင်းသမားတွေကို စော်ကားတာပဲ။ သတင်းသမားတွေဆိုတာ ထမင်းစားဖို့၊ ချမ်းသာဖို့ သတင်းရေးနေတာ မဟုတ်ပါ။ အများပြည်သူနဲ့ တိုင်းပြည်ကောင်းစားရေးအတွက်ကိုသာ ဦးစားပေးပြီး ရေးသားနေကြတာပါ။ အကောင်းစား ဟော်တယ်ကြီးတွေမှာ သတင်းမီဒီယာသမားများကို ဖိတ်ကြားပြီး လက်ဆောင်ပေး၊ ထမင်းကောင်းကောင်းကျွေးပြီး လူကြီးမင်းတို့ စီးပွားရေးသမားကြီးတွေရဲ့ဆန္ဒအတိုင်း ရေးသားပေးမဲ့၊ အသုံးချခံမဲ့ သတင်းမီဒီယာသမားများ မဟုတ်ကြပါ။ တိုင်းပြည်ကောင်းစားအောင် ဆိုပြီး အသံကုန်ဟစ်အော်လို့ ( လူကြီးလာရင် အလံထောင်၊ အကြံအဖန်ကောင်တွေ ကောင်းတဲ့ခေတ်ပဲ..) ဆိုတဲ့ခေတ်က ကုန်လာပါပြီ..။ လူကြီးမင်းတို့ ကပ်ဖားစီးပွားရေးသမားကြီးတွေ တိုင်းပြည်အပေါ်မှာ စေတနာထားတာ ဘာကိုလိုချင်လို့ ဆိုတာ မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက အများပြည်သူတွေသိနေပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာပါ။
ဒါကြောင့် မီဒီယာကို မကူညီချင်နေပါ။ မစော်ကားကြပါနဲ့။ ခေတ်အဆက်ဆက်က ကပ်ဖားစီးပွားရေးသမားများ ဆက်လက်ရှင်သန်ကြီးပွားကောင်းစားရေးအတွက် ကျွန်တော်အပါအဝင် မီဒီယာသမားများကို လုံးဝ(လုံးဝ) အသုံးချ မခံနိုင်ပါ။ ခေတ်အဆက်ဆက်မှာ မြန်မာပြည်ကောင်းစားရေးအတွက် (အကျိုးလိုလို့ ညောင်ရေလောင်းနေကြသူများ)ဟာ ဘယ်သူ ဘယ်ဝါ ဘာကောင်ကြီးတွေဆိုတာ မြန်မာပြည်အချိန်သမိုင်းမှာ မှတ်တမ်းတင်နေကြပါပြီ..။
သတင်းမီဒီယာသမားများမှာလဲ `ပစ္စည်းမဲ့ မာန´ ဆိုတာ ကိုယ်စီရှိတတ်ကြပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ နဲ့ ပြောဆိုနေတာ မဟုတ်ပါ။ တိုင်းပြည်ကောင်းစားရေးကို အဓိကထားပြီး တင်ပြရေးသားရခြင်းဖြစ်ပါတယ်။ ဘယ်သူက လွန်တယ်၊ ဘယ်သူက မှားတယ်၊ မှန်တယ် ဆိုတာကိုတော့ စာဖတ်သူများ ဝေဖန်သုံးသပ်ပေးတော်မူကြပါခင်ဗျာ…။

19 comments

  • winkyawaung

    November 19, 2011 at 12:14 pm

    မေးလ်ထဲမှ တဆင့် ကူးယူဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဂေဇက် ဝိုင်းတော်သား၊ ရွာသားများ ဝေဖန်သုံးသပ် နိုင်ပါရန် လေးစားစွာ တင်ပြပေးလိုက်ရပါတယ်။

  • ကြောင်ကြီး

    November 19, 2011 at 12:37 pm

    သတင်းသမားတွေညီရင် ကျောင်းမှန်း ကန်မှန်း၊ ဂျာနယ်မှန်း သတင်းစာမှန်း သိသွားအောင် လုပ်လို့ရပါဒယ်ဗျာ။ ဦးမြတ်ခိုင်၊ ဖားမင်းဆွေတို့လို ဖော်လံဖားတွေကို ညှိလို့မရလည်း ဒင်းတို့ကိုပါ ဝိုင်းဆော်ထည့်ပေါ့။ ပြည်တင်းရင် မင်းမခံနိုင်ဘူး။။။။။။။ ချကွာ..မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့…. 👿 😡

  • windtalker

    November 19, 2011 at 1:24 pm

    ဒါတောင် အဲ့စားဖားကြီး တို ့ဂေဇက်ကို မဖတ်ဖူးသေးလို ့ထင်တယ်နော
    တို ့ဂေဇက်ကိုသာ လာဖတ်ပြီးရင်တော့ ၊ သူ ရို ့တစ်အိမ်လုံး ၊ မွေးရာပါမျက်နှာတွေ ကို နိုင်ငံခြား သွားပြီး face off သွားလုပ်မယ့် ပုံစံ ရှိတယ် ကလား ။

  • inz@ghi

    November 19, 2011 at 1:37 pm

    မီဒီယာကိုများ …..
    ထမင်းကျွေးပီး သတင်းရေးခိုင်းချင်တယ်
    ထွီ … ရွံထှာ……..

    ပုံ
    တော်လှန်ရေး စာရေးဆြာ
    ဂီဂီ

  • ကိုရင်စည်သူ

    November 19, 2011 at 2:15 pm

    တောက်… !!!!!!!!!!!
    မီဒီယာသမားတွေကိုများ..
    “ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ”
    စော်ကားလိုက်တာ…. စော်ကားလိုက်တာ…
    မီဒီယာတွေ အမြှောင်ကပ်ကြီးပွားနေတဲ့ သထေးခင်ရွှေကို
    ဒီတိုင်းထားကြတော့မှာလား…..
    ရွံ့လိုက်တာ.. လူပုံစံကော … စိတ်ဓါတ်ကော..
    ဒီလိုဘဲကြီးတွေ မြန်မာပြည်မှာအများကြီးရှိသေးတယ်…
    တိုက်.. တိုက်… တိုက်… ရရင်ရ… မရရင်… ချကွာ…….. 👿 👿 👿

    မော်ဒန်တော်လှန်ရေး
    ကိုရင်စည်သူ

  • Diamond Key

    November 19, 2011 at 2:40 pm

    သူဖိတ်သော နောက်ပွဲများသို့ တက်ရောက်မည့် စာနယ်ဇင်းသမားတို့။
    သူက 👿 ဆိုမှတော့ ကိုယ့်ဖက်ကလည်း 😉
    ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ် ဆိုရင် သူက အကောင်းတွေချည်း ရဖူးတော့ 😆
    သူလိုချင်သလို မရေးရင် 😎
    ပြည်တွင်း မီဒီယာတွေက မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ်တဲ့ :mrgreen: :mrgreen:
    ဪ……….ဖစ်မှဖစ်ရပလေဟယ် လို့သာ အော်လိုက်ရတော့မယ်။ 😥 😥 😉

    • inz@ghi

      November 19, 2011 at 2:46 pm

      ချကွာ..မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….
      ချကွာ..မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….

      အဲ့ကောင်ရီး ….အေရိုးရီး ..
      ဖေတစ်ဆယ် ရိုးမတားရီး …
      — ရီး ….
      — ရီး ….
      — ရီး ….

      တော်လှန်ရေး စာရေးဆြာ
      ဂီဂီ

      • ပေါက်ဖော်

        November 19, 2011 at 3:34 pm

        ပါတိတ် ကြီး….
        မာစိတ် ကြီး..
        ဝိုးသက် ကြီး

        တော်လှန်မယ်..တော်လှန်မယ်..

        ပုံ၊
        တော်လှန်ရေးမျိုးဆက်သစ်..
        ငဖော်ရီး

  • koyinmaung

    November 19, 2011 at 3:04 pm

    တိုင်းပြည်အပေါ်
    တကယ်စိတ်ရင်းစေတနာမှန်ခဲ့ယင်
    သတင်းသမားတွေကိုရေးဘို့အမိန့်ပေးစရာမလိုပါ
    ပြည်သူအကျိုးရှိမဲ့သတင်း ပြည်သူသိသင့်တဲ့သတင်းမှန်သမျှ
    သတင်းသမားတွေကရေးနေကြမှာပါ
    လွတ်လပ်တဲ့သတင်းနဲ့စာနယ်ဇင်းမရှိယင်လဲ
    ဖောက်ပြန်တဲ့ခေါင်းဆောင်တွေပေါ်နေအုံးမှာပါ
    ခုသတင်းလွတ်လပ်မှု့ရှိလာတော့
    အရူးချီးပန်း ဖားမင်းဆွေ ဘယ်ဆီရောက်မှန်မသိ
    သောက်ရှက်မရှိတဲ့မျက်နာကြီးမတွေ့ရတော့ဘူးမို့လား….

  • moegyothwar

    November 19, 2011 at 9:38 pm

    ကိုခင်ရွှေဒီတလောတော်တော်ပစ်စလက်ခတ်ဖြစ်နေပါလား။
    မောင်ရင်.. လူတတ်ကြီးသိပ်မလုပ်နဲ့ …….မြန်မာပြည်မှာချမ်းသာတဲ့စာရင်းထဲ ဘယ်လိုအလုပ်တွေ လုပ်ဝင်လာခဲ့တာလဲ နဲနဲပြန်စဉ်းစားအုန်း …. ဒေါ်လာတွေအကုန်ခံပြီးဝယ်ခဲ့ တဲ့ ဒေါက်တာဘွဲ့ကြီး နေရာတကာတပ်ပြီး လူတတ်ကြီးလုပ်….ပါတီခေတ်ရောက်ပြန်တော့ တောကလူတွေကိုဘာသာရေးအကြောင်းပြပြီး မဲဆွယ် မဲဝယ်လုပ်ပြီး အမတ်ဖြစ်လာ…..လွတ်တော်ထဲရောက်တော့ ခမည်း ခမက်မျက်နှာနဲ့ သောက်တ လွဲတွေလုပ်……. အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ထက်စောတဲ့ သတင်းတွေကို ကိုယ်သဘောနဲ့ကိုယ်ထုတ်……. လုပ်စရာမရှိတော့ သမ္မတကြီးရဲ့မိန့်ခွန်းကိုထောက်ခံကြောင်း လွတ်တော်မှာတင်လိုတင်…….. လုပ်သေးတယ် ဆင်းရဲမှု့လျှော့ပါးရေးအတွက်တဲ့လယ်သမားတွေ ပတ်စပို့လုပ်ပြီး ပြည်ပလွတ်လေ့လာရေးလုပ်ခိုင်းမတဲ့ဆိုလား…… နောက်ရှိသေးတယ် သာသနာ အနှုတ်ပြ အသင်းဆိုလား ဘာဆိုလားဖွဲ့…. YMBA လိုအသင်းကြီးကို သူ့လက်အောက်ဖွဲထည့်ဖို့ကြံ… အခြေအနေတွေက မဟန်တော့ မသိချင်ယောင်ဆောင်လိုက်……ဟော ဘာကြာသေးလဲ အကွက်မြင်တာပြောပါတယ်..ခရီးသွားဘုတ်အဖွဲ့ဆိုတာကြီးကိုရအောင်ဖွဲ့ရန်ကုန်က နေရာကောင်းတွေကို အဖွဲ့အမည်ခံယူပြီးလုပ်စားဖို့ကြံ…… နိုင်ငံတော်ပိုင်အဆောက်အအုံတွေကို သူ့အမေလင်ပိုင်တဲ့ ဟာတွေကျနေတာဘဲ ဟိုတယ်လုပ်မယ်ပြောလိုပြော….. အခုလာပြန်ပြီ အာဆီယံ-ဂျပန်အစည်းအဝေးကို ကမကထလုပ်ပြီး ကျင်းပသတဲ့…. သတင်းတွေမှာမပါတော့ဒေါပွ……… ပိုက်ဆံပေါတိုင်းအသင်းတွေဖွဲ့ ဥက္ကဌရာထူးယူ တန်၏ မတန်၏လဲ မစဉ်းစား… ဒီလိုလူမျိုး ဆရာကြီးဖြစ်လာရင်တော့ မြန်မာပြည်အတွက် ရင်လေးစရာပါလား……ခင်ဗျားစားခဲ့တာတွေလဲများနေပါပြီ သေရင်ဘာမှခင်ဗျားနောက်ပါမသွားဘူးဆိုတာနားလည်ရင် နေရာတကာငါတကောကောနေတာတွေ ရပ်သင့်နေပါပြီ…. ခင်ဗျားကိုနေရာတကာ မီးမြှင့်ပေးနေတဲ့ ငမြတ်ခိုင်လဲ သတိသာထားနေနော်…. ကြုံတုံးဗျာ ကိုမြတ်ခိုင်ရေ ခင်ဗျားလဲသတိထားနေ… အိုလံပစ်ဟိုတယ်က ကောင်မလေးတွေက နောက်တခါ အခန်းပိတ်ပြီးနှိပ်ခိုင်းပြီးဟိုဟာဒီဟာလုပ်ခိုင်းရင် မိရာညှစ်သတ်မယ်ဆိုလား နော်.. သတိ သတိ်..

    • စုန်းထီး

      November 20, 2011 at 10:23 pm

      အိုလံပစ်ဟိုတယ် ဆိုလို့ နည်းနည်းစိတ်ဝင်စားမိတယ်
      တစ်မျိုးတော့မထင်နဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေကို အဲဒီနားမှာတွေ့လို့လေ
      တွေ့ဆို သူတို့နေထိုင် လေ့ကျင့်တာက အဲဒီမှာလို့ မပြောကြနဲ့ဗျာ
      ဘာလို့လဲဆိုတော့ ကျုပ်တို့ ရွှေရဖို့ လွဲခဲ့ပြန်ပြီကော …
      အဲဒီက ကောင်မလေးတွေက ကြည်တဲ့သူဆို ဘာမှပြန်မပြောဘဲ ကြည်ကြတဲ့အကြောင်း ………. 😀

  • htoosan

    November 19, 2011 at 10:13 pm

    အရင်တုန်းက အစိုးရ သတင်းစာ သမားတို့ ၊ TV သမားတွေကို သူ့သတင်း၊ ဓါတ်ပုံ များများ ဖော်ပြအောင် မုန့်ဖိုး လေးငါးသောင်းပေးပြီး ထည့် ခိုင်းနေကျလေ။
    လုပ်မရတဲ့ ဂျာနယ်ပေါ်လာတော့ ဒေါပွပြီလေ။ မော်နီတာ ဂျာနယ် ကကော ရိုးရဲ့လား စဉ်းစားစရာဘဲ။
    အသင်းအားလုံးရဲ့ ဥက္ကဋ္ဌ ကနေ နူတ်ထွက်ခိုင်းသင့်နေပြီ။
    မိုက်ရိုင်းတာ တစ်ခုရှိသေးတယ်.. အစည်းအဝေး တစ်ခုမှာ နိင်ငံခြားသားတွေကို ဘုရားပေါ် ဖိနပ်ပေးစီးဖို့ တိုက်တွန်းသေးတယ်တဲ့။

  • lwinmg

    November 19, 2011 at 10:41 pm

    ဟင် ဒါတော့တရားလွန်ပြီပေါ့ ၊ တမိပေါက်တစ်ယောက်ထွန်းတာထင်တယ် ၊
    ကပ်ဖား ၊ ကပ်တွန်းပြီး သွားကြီးတဖြဲဖြဲ ဖော်လံဖားတဲ့ သူယုတ်တွေကို အရမ်း
    စိတ်ကုန်လာပြီ ။ 👿 👿

  • သော်ကြီး

    November 19, 2011 at 11:05 pm

    ဘိုးဘွားရိပ်သာကိုသာ ပို့လိုက်ကြပါဗျာ။

  • mozillamedia

    November 20, 2011 at 9:51 pm

    မြတ်ခိုင် ဆိုတဲ့လူ ကို အမြင်ကပ်နေတာ ကြာပြီ…..
    သူ လုပ်တဲ့ ဂျာနယ် တွေ မဂဇင်း တွေ သိသူများ အဆင်ပြေရင် တင်ပေးပါအုံး….
    ဝယ်မဖတ်မိအောင်နဲ့ ဝယ်ဖတ်နေတဲ့သူတွေကိုလည်း သူ့အကြောင်းပြောပြီး ရှုတ်ချချင်လို့….
    ဦးခင်ရွှေကတော့ သူလုပ်မှ ဒေါက်တာဘွဲ ဆိုတာကို အထင်မကြီး ဖြစ်သွားခဲ့ကြောင်းပါ….

  • winkyawaung

    November 20, 2011 at 9:54 pm

    အားပေးကြတာ အထူးကျေးဇူးတင်ပါတယ်။ ဝန်ကြီးများရုံးဟောင်းကို ဟော်တယ်ငှါးပြီး ဖာခန်းထောင်စားမယ် ဆိုတာကို စာနယ်ဇင်းမီဒီယာတွေက ရေးပြီးတားလို့ ဒေါက်ချာ ဘိုးခင်ရွှေက စိတ်ဆိုးနေတယ်တဲ့။ ဒီကိစ္စကို ယနေ့ နိုင်ငံခြားသတင်းတွေမှာ ဆရာမောင်ဝံသ ဦးဆောင်ပြီး ဒီလူမိုက် ခင်ရွှေကို သမ္မတကြီးဦးသိန်းစိန်ထံ မီဒီယာသမားများက လက်မှတ်ထိုးပြီး တိုင်ကြမယ်လို့ ကြားသိရပါတယ်ခင်ဗျား..။

    • inz@ghi

      November 21, 2011 at 6:44 am

      တိုင်ကြဗျာ ..
      ကောင်းတယ်ဗျာ …..
      လိုအပ်ရင် …assassination..ပါလုပ်ကြဗျာ…
      ကျပ်ပေးတာဟုတ်ဝူး ..ဂယ်ပြောတာ …
      အဲ့ရာမှ နောက်လူတွေမှတ်မှာ …

      မြစ်ကိစ္စတုန်းက ဟို လူမိုက် ကျန်သေးတယ် မေ့နေမှာစိုးလို့…
      မောင့် လောက်သိသူ မောင့်ထက်မသိနိုင်ပါဝူးဆိုတဲ့ အေရိုး …ဝန်ဂျီး..

      ဒင်းတို့ကိုတော့ မီးဒုတ် မီးဒုတ် ရှို့ ရှို့ပဲကွာ……….

  • htoosan

    November 21, 2011 at 9:28 am

    ရာထူးတွေ အားလုံးကပါ နှုတ်ထွက် ခိုင်းသင့်တယ်။ သူလုပ်လို့ ခရီးသွား လုပ်ငန်းက လူတွေလဲ ပူလောင် စပ်ခါးတွေ ဖြစ်နေကြတယ်။ ကိုယ့်လုပ်ငန်းတောင် စီးပွားရေးဆန်ဆန် အောင်မြင်အောင်မလုပ်နိင်တဲ့သူ (သူ့လုပ်ငန်းတွေက အခွင့်အရေးနဲ့ လုပ်စားထားတာတွေ) က ဝင်ပြီး ဆရာကြီး လုပ်နေတော့ အားလုံး စိတ်ကုန်နေကြတယ်။ ဂိုက်တွေကို တှုညီ ဝတ်စုံတွေ ဝတ်ရမယ်ပြောပြီး ပုဆိုးတစ်ထည် ရှစ်ထောင် နဲ့ ဂိုက်တစ်ယောက် တစ်ထည်နှုန်းနဲ့ ရောင်းတယ် .။ အသင်းမဝင်ထားတဲ့ စားသောက်ဆိုင်တွေကို ခေါ်သွားရင် အရေးယူမယ်ပြောတယ်။ တိုးရစ်က သူစားချင်တဲ့ ဆိုင်ဝင်စားမှာ ဘဲ ။ အသင်းဝင် ဝင် မဝင်ဝင် သူနဲ့မှ မဆိုင်တာ။ ဟိုတယ် ကြယ်ပွင့်တွေ သတ်မှတ်လိုက်တာ ကြယ်ငါးပွင့် တစ်လုံးမှ မရှိတော့ဘူး ။ အမှန်ပြောရရင် ဦးတေဇ Aureum တွေက န်ိုင်ငံ တော်တော်များများက ကြယ် ငါးပွင့် အဆင့်တွေ ထက် အများကြီး သာပါတယ်။ သူတို့ရဲ့ ပေါက်တတ်ကရ စည်းမျဉ်းတွေနဲ့ပေးလိုက်တော့ နိုင်ငံတော်ရဲ့ အဆင့် တော်တော်ကျသွားမယ်။ ဓါတ်လှေခါး ကြီးပါမှ ၊ အစည်းအဝေးခန်းကြီး ပါမှ ၊ အထပ် အမြင့်ကြီးဖြစ်မှ ကြယ်ငါးပွင့် လို ထင်နေပုံရပါတယ်..
    ဝန်ကြီး ကလည်း ထိုနည်း၎င်း ၊ သူ့ တပည့် ဖြစ်နေတော့ ထင်တိုင်းကြဲနေတာပါဘဲ.။

Leave a Reply