မြင်ကွင်းလေးကရိုးပါတယ် ဒါပေမဲ့ ( ဝေးရောက်တို့အတွက်အမှတ်တရ )
ဒီလိုမြင်ကွင်းလေးတွေကမြန်မာတွေအတွက်တော့ရိုးနေပါပြီ။
အထူးသဖြင့် ရန်ကုန်ပရိတ်သတ်အတွက်
ပိုလို့တောင်ရိုးနေပါလိမ့်မယ် …။
ရွှေတိဂုံ စေတီတော်ကြီးအတွက်
ရွှေပြားရွှေသင်္ကန်း ကပ်လှူပွဲ လှည့်လည်တဲ့ပွဲပါ။
ရန်ကုန်မြို့ကြည့်မြင်တိုင်
ပန်းတဉ်းတန်းက
ရွှေပြားတပြားကို ၃ ကျပ်သားနဲ့ ၂၃ ပြား
၆၉ ကျပ်သား လှူဒါန်းပါတယ် …။
မြန်မာတွေဆင်းရဲ့တယ်ဆိုတာ ဟုတ်ပါ့မလား …။
ဒီကနေ့ပေါက်ဈေးက တကျပ်သားကို ၇၃၀,၀၀ဝ ကျပ်ကျော်ကျော်ပါ။
ယုံကြည်မှုဆိုတဲ့ အင်အားဟာ အင်မတန်ကြီးမားပါတယ်။
အဝေးရောက်နေတာကြာပြီဖြစ်တဲ့ မြန်မာတွေအတွက်
တစုံတခုသောအတိုင်းအတာထိ အမှတ်တရဖြစ်ပါစေလို့ …..။
17 comments
windtalker
November 20, 2011 at 10:08 pm
မြင်ကွင်းကလေး က ကြည့်လို ့အရမ်းကောင်းပါတယ်
လုံးဝ မရိုးကြောင်းပါ ဦးဖက်တီးရေ
မြန်မာမှု မြန်မာ့ရိုးရာ ဆိုတာ မတွေ ့ရတာ အရမ်းကြာနေပေါ့
ပေါက်ဖော်
November 21, 2011 at 10:47 am
ဟာ.
မောင်ပေ..
ဂတုံးကြီးနဲ ့ပါလား..
ရင်ဘတ်မှာလဲ ပိုက်ဆံတွေချိတ်လို ့
အမယ်
တောင်း နှစ်လုံးလဲ ထမ်းထားလိုက်သေးတယ်…
နာတို ့ကပေက ဒါမျိုးကျ ရေလည်ခန် ့တယ်နော့
MaMa
November 20, 2011 at 10:19 pm
မရိုးဆန်းလေးကို အားပေးသွားပါတယ် ဦးဖက် ရေ။
Don Juan Ronald
November 20, 2011 at 10:26 pm
ဓါတ်ပုံတွေကပူပူနွေးနွေး၊အသစ်စက်စက်လေးတွေပါလား~~~
စေတနာကိုလေးစားပါသည်။
စုန်းထီး
November 20, 2011 at 10:31 pm
ဦးဖက်က စမ်းချောင်း ဒါမှမဟုတ် ကြည့်မြင်တိုင်မှာနေတာလားဗျ ..
kai
November 21, 2011 at 1:52 am
ကွန်ဆာဗေးတစ်တို့.. တိုင်းပြည်က… အဲဒီလို.. ရှေးဘုရင်ခေတ် အဝတ်အစားနဲ့.. လုပ်ချရင်.. ထိရောက်တယ်လို့.. မြင်မိတယ်..။
ရုပ်ရှင်တွေထဲမလည်း.. ဂရန်င်းကျတယ်ဆိုတာမျိုး ပြချင်ရင်.. အင်္ဂလိပ်ခေတ်.. သခင်ဘုရားထူးရတဲ့ခေတ်က.. အိမ်ကြီးရခိုင်မှာ.. ကျွန်းကနုတ်ခုံကြီးတွေနဲ့.. လှေကားကြီးတွေပေါ်က… ဆင်းလာတဲ့ဟန်.. ဆက်တင်ထား… အတုလုပ်ကြတာပဲ..
အငုံ့စိတ်ရှိတာ သေချာမိတယ်..။
ဘာပဲဖြစ်ဖြစ်ပါ..။
ဓါတ်ပုံတွေအတွက် ကျေးဇူး..။
အလွမ်းမပြေပဲ.. တွေးစရာတွေ တပုံတပင်ထုတ်ပေးလိုက်တဲ့ ပုံတွေပေါ့…။ 😆
Moe Z
November 21, 2011 at 10:32 am
ဒို့သဂျီးကို ဘယ်သူအနီကတ်ပြလိုက်ပါလိမ့်
မိုးစက်မဟုတ်ဘူးနော် 😛
inz@ghi
November 21, 2011 at 10:40 am
မိုးဇိလေး ဒါမိုးမလုပ်တတ်တာ ကအင်ဂျီး တိပီးတားပါကွယ်….
ဒါမိုးက ဟိုခြေဆော့လက်ဆော့ ကိုရင်တွေ သင်္ဘောသီးတွေနေမှာပါကွယ်
ကအင်ဂျီး အပြည့်အဝ နားလည် သဘောပေါက်ပီးတား ရယ်ပါ….ညလေးရယ်
small cat
November 21, 2011 at 6:41 am
ဒီရွှေ ၆၉ ကျက်သားရဲ့တန်ဘိုးနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေလုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေသူတွေ အများကြီးရှိနိုင်ပါတယ်။
မြန်မာစကားပုံမှာ” ရွှေကျောင်းပြောင်ပြောင်၊ဝမ်းဟောင်ဟောင်” ဆိုတာရှိတယ်မလား
htoosan
November 21, 2011 at 9:39 am
၆၉ ကျပ်သား … ဒါလေးများးးးးးးးးးးး ကျွန်တော်တို့ ရှေးဘုရင်က ရွှေချိ်န် ပိသာ တကုဋေ တောင် လှုတာ…
😀
နောက်တာနော် စိတ်မဆိုးနဲ့။
“ဘီလူးကြီး”ogre
November 21, 2011 at 5:32 pm
တဂျီးကတော့ လုပ်ပြီ
ကျုပ်တို့မြန်မာ့သမိုင်းမှာ ဘုရင်အုပ်ချုပ်ရေးတွေနဲ့သာ
ခေတ်အဆက်ဆက် တည်ရှိခဲ့လေတော့
ဘုရင် ဆိုတဲ့ အုပ်ချုပ်သူလူတန်းစားအဆက်ပြတ်သွားတဲ့ဒီဘက်ခေတ်မှာ
အမှတ်ရစရာအဖြစ် ဒီလိုလုပ်တယ်လို့မြင်တာပဲလေ
တစ်ချို့ နိုင်ငံတွေတောင်ခုချိန်ထိ ဘောင်းဘီဝတ် စကဒ်ဝတ် ဘုရင်ထီးဘုရင်မတွေ ရှိသေးတာပဲလေဗျာ
ဟုတ်ဘူးလားနော့ ဒီလောက်အမှတ် ရစရာလးလုပ်တာနဲ့တော့ ..ဟင်းဟင်းကျောတော့ဝူးဂျာ…. 🙂
fatty
November 21, 2011 at 7:58 pm
မြန်မာတွေက ကထိန်လှည့်တာ အလှူပွဲလှည့်တာတွေမှာ ဝန်းခင်းပြီးလှည့်လေ့ရှိပါတယ်။
ဘာကြောင့်လဲ အမှတ်တရလား တခြားအဓိပ္ပါယ်များရှိသေးလားဆိုတာ ဆရာကြီးမောင်သာရ တို့ကို
မေးကြည့်ရင်ပိုကောင်းမယ်ထင်ပါတယ် ..။ ကျနော့အထင်တော့ မြန်မာဘုရင်များတိုင်းခန်းလှည့်လည်တဲ့
အခါ ခန်းခန်းနားနားရှိပုံ ကို တင်စားတယ်ထင်တာပါဘဲ ..။ အဲလိုမလုပ်ရင်လဲ နောင်လူငယ်တွေမမြင်ဖူးတော့ဘူးပေါ့ …။
စုန်းထီးရေ … မပြုစားဘူးဆိုရင်လာလည်ပေါ့ စမ်းချောင်းမှာနေပါတယ် ..။
koaung
November 21, 2011 at 8:17 pm
လှတယ်ဗျိုး ဓတ်ပုံတွေက ကျေးဇူးအထူးပါဗျာ
ကြောင်ကြီး
November 22, 2011 at 10:38 am
ရွှေသင်္ကန်းအလှူအတွက် သာဓုခေါ်ပါတယ်ဗျာ။ (ကြိုကန်ထားတာ၊ မဝေဖန်ခင်။ ဒါမှ ယမမင်းနဲ့တွေ့ရင် သက်သာမယ်) လှူရင် ဘယ်သူမဆို ကိုယ့်အလှူအတွက် အမြင့်မြတ်ဆုံး ဖြစ်ချင်ကြမှာပါ။ စာထဲမှာလည်း ရတနာသုံးပါးကို လှူတာအမြတ်ဆုံးလို့ ဆိုထားတာကိုး။ ယုံကြည်မှုရော အစဉ်အလာပါ ဖြစ်နေလို့ ပြင်လို့မဖြစ်နိုင်ပါဘူး။ ပြင်လိုက်ရင် လှူမဲ့သူနည်းသွားမှာပေါ့။ ဘုန်းတော်ကြီးများ၊ ဘုရားဂေါပကများ၊ ဗုဒ္ဓစာပေ တတ်သိပညာရှင်များက ရလာတဲ့အလှူငွေများကို အကျိုးရှိအောင် တဆင့်ပြန်လည် အသုံးချနိုင်ရင် နှစ်ဖက်စလုံး အကျိုးရှိမယ်ထင်တယ်။ ပရဟိတလုပ်ငန်များ ဦးဆောင်လုပ်ပေးနေတဲ့ ယနေ့ခေတ်ဆရာတော်များကို သဘောကျတယ်။ လှူသူက သံဃာအမှတ်နဲ့ ရည်စူးလှူတယ်၊ ဆရာတော်က သူလုပ်နေတဲ့ အလုပ်ကို ဖွင့်ချပြပြီး ပြန်လည်အသုံးချတယ်။ လှူသူလည်း စိတ်ကျေနပ်၊ အလှူခံသူလည်း အလုပ်ဖြစ်တယ်။ ထင်ရှားတဲ့ ဆရာတော်ကြီးများ ရလာတဲ့ သင်္ကန်း ပရိက္ခရာပေါင်းများစွာကို စုထားပြီး လိုအပ်နေတဲ့ ကိုယ်တော်များကို ပြန်ဝေငှတာ အစဉ်အလာ ရှိပြီးသားပဲ။ သာသနာရေးဆိုင်ရာ အလှူငွေများကို ပရဟိတ လူမှုရေးဖက်မှာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ နောက်ကဏ္ဍတခု ဖွင့်သင့်တယ်။ ဥပမာ – ရလာတဲအလှူငွေထဲက ရာခိုင်နှုန်းအချို့တဝက်ကို အလှူခံသူ ဘုရားအမည်နဲ့ ပညာရေး၊ ကျန်းမာရေး ဖောင်ဒေးရှင်ထောင်။ လှူသူစိတ်ကျေနပ်အောင် ရွှေသင်္ကန်းကို စေတီတခုလုံးအစား ဆင်းတုတော်တဆူဆူကို ကပ်လှူပေး။
တိုးတက်တဲ့အမြင်ရှိ လုပ်နိုင်ကိုင်နိုင်တဲ့ သံဃာတော်များ ဘုရားဂေါပကအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွှက်နိုင်ရင် ကောင်းမယ်။
cobra
November 22, 2011 at 1:32 pm
အရမ်းမိုက်တယ်ဗျာ…….
ဒါပေမယ့် ဘုရင်က ဝေါမစီးဘဲနဲ ့
လမ်းလျှောက်နေပါလား
etone
November 22, 2011 at 3:31 pm
လေးဖက်ကြီးကိုတော့ လေးစားတယ်ဗျို့ … ။
စမ်းချောင်းက လမ်းတွေထဲထိ တကူးတက လိုက်ရိုက်ပေးထားလို့လေ … ။
fatty
November 23, 2011 at 8:09 pm
မခန်းနားမသားနားပေမဲ့ မြန်မာ့ဓလေ့လေးမို့တင်ပေးလိုက်တာပါ ..။
တုန်တုန်ရေ နောက်တခါ ညီးနဲ့ဆူး အလှည့်ဘဲ ညီးတို့ကလူငယ်တွေဘဲ ပေါ့ပေါ့ပါးပါးနဲ့
ပြေးလွှားပြီးရိုက်ကြ …။ အားအားရှိ သရေစာတွေဘဲလုပ်ပြီးစားမနေကြနဲ့ဗျို့