မှိုရတဲ့ မျက်နှာ – ၂
အဆင့် (၃) ကတော့ ပေါင်းခံထားတဲ့ မှိုအထုတ်တွေထဲကို မှိုမျိုးထည့်ရတာ ဒီအဆင့်က သန့်ဘို့ လိုတဲ့အတွက် စိုက်ပျိုးရေးဌာနတွေမှာ ပိုးသတ်ထားတဲ့ အခန်းထဲ လုပ်ကြတယ်တဲ့ တပိုင်တနိုင် စိုက်ပျိုးတဲ့အိမ်တွေကျ ဘယ်လိုလုပ် ပိုးသတ်ထားတဲ့ အခန်းရနိုင်မလဲ ဒါပေမဲ့ မြန်မာပဲလေ ဒီလောက်ကတော့ အပျော့ပေါ့ ပလပ်စတစ်နဲ့ ခြင်ထောင်ပုံစံချုပ်လိုက်တယ် အထဲမှာ အရက်ပျံ ဖြန်း၊သုတ် ဆိုတော့ သန့်သွားပြီးပေါ့ မိုဘိုင်း ပိုးသတ်ခန်းထဲမှာ မှိုမျိုးထည့်ရတယ် ပေါင်းခံထားတဲ့ မှိုထုတ်ကို အပေါ်ကဖုံးထားတဲ့ သတင်စာ နဲ့ ဂွမ်းကြမ်းတွေဖွင့် မှိုမျိုးပုလင်း ( မှိုမျိုးပုလင်း သီးသန့် ရောင်းတဲ့ ဆိုင်တွေက ဝယ်ရတာ) ထဲက မှိုမျိုး နဲနဲစီထည့် ရတယ် ပြီးတော့မှ ဂွမ်းကြမ်းပြန်ထည့် သတင်းစာအသစ်နဲ့ ပြန်အုပ် လုပ်ရတယ် အလုံပိတ် အခန်းဆိုတော့ ချွေးလဲပြန် ကြာကြာလဲ မလုပ်နိုင်ဘူး အသုတ်လိုက် နားနားထည့်ရတယ် ၊ အဲဒါတွေက အသုတ်လိုက်လုပ်နေရတာ လွှစာမှုန့်ထည့် ၊ ပေါင်းခံ ၊ မှိုမျိုးထည့် တစ်သုတ် ၊ နောက် တစ်သုတ်လဲ အဲဒီအဆင့်တွေ အတိုင်းပေါ့ ။
မှိုမျိုး နဲနဲစီ ထည့်ထားတဲ့အထုတ်တွေကို တစ်နေရာမှာ ပြန်စီထားရတယ် မှိုမျိုးက တစ်ရက်ထက် တစ်ရက် ပွားလာတယ် တပတ်က နှစ်ပတ် အတွင်းလောက်မှာ မှိုမျိုးတွေ ပြည့်လာပြီး တအိတ်လုံး ဖွေးလာတယ် အဲဒီအချိန်ကျမှ အပေါ်က ကော်လံ ၊ ဂွမ်း ၊သတင်းစာ တွေဖြုတ် သရေပင်နဲ့ ချည် ပြီးတာနဲ့ ဘေး တစ်ဘက်ကို ဓါး ၂ ချက် စီ နဲ့ ၈ ချက် ခွဲရတယ် ၊ နောက်ဆုံးအဆင့်ကတော့ အဲဒီ အိတ်လေးတွေမှာ ပလပ်စတစ်ကြိုး တစ်တောင်လောက် နဲ့ မှိုရုံထဲက ဝါးတန်းလေးတွေမှာ ခွာခွာပြီး ချည်ရတယ် ၊ အဲဒီနောက်ပိုင်းမှ မှိုထွက်လာမှာ ကျွန်တော်စိုက်တုန်းကတော့ ဓါးခွဲတဲ့ အဆင့် မရောက်ခင် မှာတင် ပထမဆုံးအသုတ်က (၃) ထုတ်က ပလပ်စတစ်ကိုဖောက်ပြီး သူ့ဘာသာ ထွက်လာတယ် မှတ်မှတ်ရရ ပထမဆုံး မှိုစထွက်တဲ့ နေ့က ထွက်လာတဲ့ မှိုလေးကို ကြည့်ပြီး တအိမ်လုံး ပျော်လိုက်ကြတာ မှိုရတဲ့ မျက်နှာ ကိုယ်စီ နဲ့ပေါ့ (အင်ကြီး စကားနဲ့ဆို ပျော်ထှာ ပျော်ထှာ လို့ အော်ကြရမှာ ) အဲဒီမှိုက တစ်ဆယ်သားလောက်တော့ ရှိတယ် ဦးဦးဖျားဖျား ရတာလေး ချက် ဘုရားကို ဆွမ်းကပ်ဖြစ်တာလဲ အမှတ်တရပါပဲ …..
မှိုမျိုးပြည့်သွားလိုက် မှိုရုံထဲမှာ တွဲလောင်းလေးတွေချည်လိုက်နဲ့ ပေါ့ ၊ မှိုက အအေးကြိုက်တယ် ဆောင်းတွင်းမှာ ပို အထွက်ကောင်းတယ် အဲဒါကြောင့် မှိုရုံကိုလဲ တတ်နိုင်သမျှ အမြဲအေးနေအောင် ထားရတယ် အမိုးနဲ့ အကာ က ဓနိ ၊ အောက်ခြေကို ဖွဲပြာတွေ ခင်းထားတယ် မနက်တစ်ခေါက် ညနေတစ်ခေါက် ရေ မွှားလေးတွေ ဖြန်းပေးတယ် မနက်စောစော မှိုခူးရတယ် ၊ မှိုခူးတာ မှိုအရင်းကနေ အသာလေး ချိုးပေးလိုက်ရုံပါပဲ ၊ မှို က အစောပိုင်းပဲ အရင်းအနှီး စိုက်ရတာ ၊ ပင်ပန်းတာ ရှိတယ် နောက်ပိုင်းကတော့ မနက်ညနေ ရေ မွှားမွှားလေး ဖြန်း ပေး ရုံပဲ တခြား ဘာမှ ထပ်ကုန်စရာ မလိုတော့ပဲ မနက်မနက် ခူးရောင်းပေတော့ ….
မှိုက အိတ် ၃၀၀ဝ လုံး တစ်နေ့တည်း တပြိုင်တည်း စိုက်တာ မဟုတ်ပဲ အသုတ်လိုက် စိုက်တာမို့ မှိုထွက်တော့လဲ အသုတ်လိုက် ထွက်လာတယ် အားလုံးစုံတဲ့ အချိန်ကျတော့ အိတ်အားလုံးက ထွက်တယ် အဲ အိတ် အားလုံးကထွက်တယ် ဆိုပေမဲ့ အားလုံးတော့လဲ မဟုတ်ဘူး သူတို့ဘာသာ အလှည့်လိုက် ပွင့်ကျတာ သူ့တို့ဘာသာ ခွဲထားတဲ့ ဂျူတီနဲ့ပေါ့ဗျာ ဘာနဲ့ တူသလဲ ဆိုတော့ ကြက်မွေးဘူးတဲ့ သူတွေ သိမယ် မွေးမြူရေး ကြက် အကောင် ၁၀ဝ မွေးထားတယ် ၊ဥ ချိန်တန်လို့ ဥတဲ့ အခါ ဥ ၁၀ဝ မရဘူး နေ့စဉ် ခန့်မှန်းခြေ ၇ဝ လောက် ပဲ ရမယ် အလှည့်ကျ ဥနေကျတာပေါ့ ….
ထွက်လာတဲ့မှိုကို ရောင်းလဲ ရောင်း ၊ လက်ဆောင် ပေးစရာရှိတာပေး ၊ အိမ်မှာလဲစား ပေါ့ တအိမ်လုံးလဲ သေးသေးလေးကနေ ကြီးကြီးထိ ပျော်ထှာ ၊ ပျော်ထှာ နဲ့ပေါ့ အဲဒီကာလတွေကတော့ အသိမိတ်ဆွေ ကို တွေ့ချင် အိမ်လာလည်စေချင်လိုက်တာ တွေ့ရင် မှိုလက်ဆောင်ပေး ၊ ထမင်းစားလာရင် မှိုချက်ကျွေးပေါ့ ကြာတော့ “ငွေနှင်းမှို တုံး ကာမှ မောင်ဘုန်းပြန်ခဲ့မယ်” စာဆိုရလောက်အောင် အမုန်းကို စားရတာ ၊ မှို လက်ဆောင် ခင်ရာ မင်ရာ ပေးတော့ ရတဲ့ သူတိုင်းက ပျော်ကြပေမဲ့ တအိမ်ကျ ပြသာနာ တက်ရော ၊ကိုယ်က အားရ ဝမ်းသာနဲ့ သူတို့ စားပါစေ ဆိုပြီးပေးတော့ မှ အမ တို့ ရှမ်း တွေက မှိုပေးရင် စိတ်ဆိုးတယ် ဆိုလို့ ဆက်ပေးရ အခက် ပြန်ယူရအခက် မျိုးလဲ ကြုံခဲ့ရပါတယ် ၊ ရွာထဲက ရှမ်းမ လေးတွေ အဲဒီ ဓလေ့ ရှိ၊မရှိ ပြောပြဦးနော်…
မစိုက်ခင်က မှိုဆရာကလဲ ပြောတယ် ကိုယ်တိုင်လဲ စုံစမ်းကြည့်တယ် ထွက်လာတဲ့ မှိုကို ဘယ်လို ရောင်းမလဲ ဆိုတာ အဲဒီတုန်းကတော့ ခြံထိ လာကောက်တဲ့သူလဲ ရှိတယ် ဈေးမှာ သွားသွင်းလဲ ရတယ်ပေါ့ တကယ် ထွက်တော့ ခြံလာကောက်တဲ့သူက ဈေးနှိမ်တာနဲ့ ဂဂျီ ဂဂျောင် ကျတာနဲ့ အဆင်မပြေဘူး ဈေးမှာ ကိုယ်တိုင် သွားသွင်းတော့ အဲဒီအချိန်က တပိသာ ၂၀၀ဝ လောက် ဝယ်ရတဲ့ မှိုကို ၈၀ဝ လောက်ပဲ ပေးကောက်တော့ မရောင်းဘူးကွာ ဆိုပြီး ကလေးမလေး တစ်ယောက်ကို ၁၂၀ဝ နဲ့ ရောင်းခိုင်းလိုက်တယ် ခဏ ဆို ကုန်တာပါပဲ ၊ အင်ကြီးနဲ့ တွေ့တာ နောက်ကျလို့ အဲဒီကတဲက တွေ့ြ့ပီး သူ့ဆီက မားကတ်တင်းပညာ တွေနဲ့သာ ရောင်းလိုက်ရရင် ရောင်း မလောက်အောင် တောင် ဖြစ်သွားနိုင်တယ်…
မှို စထွက်တဲ့နေ့ ကနေ ၄ လ လောက် ခူးလိုက်ရတယ် ၊ စုစုပေါင်း အချိန် ၅၃ဝ လောက် ရတာမှာ ၄၉ဝ လောက် က ရောင်း ၊ ကျန်တာ လက်ဆောင်လဲ ပေး အိမ်မှာလဲ စားပေါ့ ၊ တချို့ ရက်တွေက မထွက်တာမျိုး ရှိသလို အများဆုံး ခူးလို့ ရတဲ့နေ့ ကတော့ ၁ရ ပိသာထိ ထွက်တယ် ၊ ကျွန်တော်စိုက်တာ လွန်ခဲ့တဲ့ ၄ နှစ်ကမို့ ဝင်ငွေ၊ထွက်ငွေ တွေ ဒီနေ့ ဈေးနှုန်း နဲ့ ကွာဟချက် နဲနဲ ရှိနိုင်ပေမဲ့ မှိုစိုက်ရတဲ့ နည်းပညာကတော့ အတူတူပါပဲ၊ အဲဒီတုန်းက ကုန်ကျတာ သရေပင် ၊ မီးချောင်း ၊ ရေပိုက် ၊ အလေး ချိန်ခွင် ကအစ လွှစာ ၊ ဖွဲ အလယ် ဝါး ၊ဓနိ ၊ လက်ခ အဆုံး အားလုံး ပေါင်းလိုက်ရင် (မှိုထုတ် ၃၀၀ဝ စိုက်တာ အတွက် ) ၆၂၀၀၀ဝ ကျပ် ကျတယ်၊ ဝင်ငွေ ၅၉၀၀၀ဝ ရှိတယ် ၊ ပထမ တစ်ခါအတွက် ၃၀၀၀ဝ ရှုံးတယ်လို့ ပြောလို့ ရပေမဲ့ လက်ထဲမှာ လိုအပ်တဲ့ ပစ္စည်း အားလုံးက ရှိနေပြီ နောက်တစ်ခါ စိုက်ဘို့ အတွက် လိုအပ်တဲ့ ကုန်ကြမ်း ဝယ်ဘို့က ၁၅၀၀၀ဝ လောက်ပဲ ကုန်မယ် အကြမ်းမျဉ်း နောက်တစ်ခါ ထပ်စိုက်ရင် အမြတ် ၄၀၀၀၀ဝ လောက်တော့ ရမယ် ကဲ မကိုက်ဘူးလား ၊ တွက်ရေးတော့ စက်သူဌေးပါပဲ တွက်ကြည့်တော့ စက်မရှိတော့ဘူး ဆိုတာလို မှိုစစိုက်ကတဲက လိုအပ်တဲ့ ပညာယူ ရေလောင်း မှိုခူး မှိုရောင်း လုပ်နေတဲ့ ကလေးမလေးက ရွာပြန်မယ် ဆိုပြီး ဈေးထဲက ကောင်လေး တစ်ယောက်နဲ့ ယူသွားလို့ လူထပ်ရှာရမှာ၊ ပညာထပ်သင်ပေးရမှာ မကိုက်တာနဲ့ ဆက်မလုပ်ဘို့ ဆုံးဖြတ်လိုက်ရပါတယ် ။
ငွေနှင်းမှို စိုက်တဲ့ လုပ်ငန်း က ဈေးကွက် ရှာနိုင်မယ် တကယ် ဖိဖိစီစီး လုပ်နိုင်မယ်ဆို တကယ် ကိုက်တဲ့ လုပ်ငန်းပါ အပေါ်မှာ ပြောသွားတဲ့ ကုန်ကျငွေက မှိုရုံ တစ်ရုံစာ မှိုထုတ် ၃၀၀ဝ အတွက် ကနဦး ကုန်ကျငွေပါ မှိုရုံ သုံးရုံစာ လောက် လုပ်မယ် ဆို ရင် တချို့ပစ္စည်းတွေက မျှသုံးရင် ရလို့ ကုန်ကျငွေ သုံးဆ မရှိပေမဲ့ ဝင်ငွေကတော့ သုံးဆ ရမှာပါ ၊နောက်ပိုင်းဆို ကုန်ကျငွေ သိပ်မရှိတော့ပဲ ဝင်ငွေက ပိုလာမှာပါ ။
မစိုက်တော့ဘူး ဆုံးဖြတ်ပြီးကာစ က မှိုရုံကို ပြန်ဖျက် ကောင်းတဲ့ပစ္စည်းတွေ ပြန်သိမ်း နေရာရှင်း လုပ်တုန်း စိတ်မကောင်း ဖြစ်ရပေမဲ့ သိပ် မကြာဘူး နာဂစ်နဲ့ တိုးလို့ ဆက်လုပ်ရင် ကုန်မှာ ၊ ဖျက်လိုက်မိတာ တော်သေးရဲ့ လို့ တွေးမိပါတယ်၊ အဲဒီတုန်းက ဝယ်ထားတဲ့ ကော်လံ အလေးချိန်ခွင် ပလပ်စတစ်ခြင်ထောင် တိုင်ကီတွေကတော့ မှိုစိုက်ခဲ့ဘူးတာကို မေ့မသွားဘို့ အမှတ်တရ ပစ္စည်းလေးတွေ အဖြစ်နဲ့ ကျွန်တော်တို့နဲ့ အတူ အခုထိ ရှိနေပါသေးတယ် ။
13 comments
ပေါက်ဖော်
November 23, 2011 at 8:20 pm
အား.ပါး..ပါး..
စေတနာတွေ အပြည့်နဲ ့ ရေးထားတဲ့..ပို ့စ်ပဲ ဦးနိုရေ..
လေးစားတယ်ဗျာ….အများကြီးအကျိုးပြုပေးတဲ့ ပို ့စ်ပါပဲ..
ဂွတ်ထ..ဗျာ….
ထာဝရ
November 23, 2011 at 8:24 pm
မှိုမျိုးထုတ်က တကြိမ်သုံးဘဲပေါ.နော်
တကြိမ်စိုက်ရင် ၄လ လောက်ခူးလို.ရတယ်ပေါ.
အစိုးရမှိုစိုက်ပျိုးရေးက စပ်ပြီးသားမျိုးထုတ်ကို သုံးရင်ရောကိုက်ပါ.မလား
သိချင်တာလေးတွေမေးတာပါ..
nozomi
November 23, 2011 at 8:27 pm
ဟုတ်ကဲ့ တကြိမ်ပဲ သုံးလို့ရပါတယ်
တစ်ထုတ်ချင်း ဝယ်ရမဲ့ဈေး ၊ ပြန်ရောင်းရင် ရမဲ့ အမြတ် တော့ ပြန်တွက်ကြည့်ရမယ်ထင်တယ်
ရေရှည်လုပ်မယ်ဆို ကိုယ်တိုင်လုပ်တာက ပိုကိုက်မယ်ထင်တယ်
thit min
November 23, 2011 at 8:55 pm
(တကယ်လို့ ခိုင်းတဲ့ကောင်မလေး ယောက်ျားယူလို့ရှိရင်လဲ သူ့ယူမဲ့ကောင်လေးကိုပါအလုပ်ခန့်ဗျာ။သဘောပြောတာပါ)
ကိုယ်တိုင်ရေလောင်းမယ်ဗျာ။ ကိုယ်တိုင်ထွက်ရောင်းမယ်ဗျာ။
အဖွဲ့ နဲ့ လုပ်ရင်ရမယ်ပေါ့။
~~~~~~~~~~~~~~
ရွေ့……. ကြိုက်ကပီ၊ကောင်းလှောင့်တေး၊ကောင်းလှောင့်တေး။
ဖွတ်ကလိဒင်းဂါး ၊ရရေး အဖွဲ့လိုက် ၊အားစိုက် ကစ်လိုက်ရရင်တော့
ထစ်သမျှ အကုန်ချော၊
အစစ်အလှ အကုန်ထောမဲ့သဘော
(ခုလို) ပြောပြ ၊သဘောကျသဗျ
ကြားရ ကြားရ၊နားဝ တယ်လဲ ချို သကိုး မို့၊
အတွေးထူးတဲ့ အပေါင်းအသင်းကို ၊
ခုလို ခုလို၊ကျေးဇူးလို့
ဆိုမကွဲ၊ ရောင်းရင်းငဲ့။
(^^)
weiwei
November 23, 2011 at 9:08 pm
ကျွန်မတို့ငယ်ငယ်တုန်းက အဖေက ကောက်ရိုးမှိုတစ်ခါ စိုက်ဖူးသေးတယ် … စီးပွားဖြစ်လုပ်တာပဲ .. ဒါပေမယ့် ရှုံးသွားလို့ တစ်ခါထဲနဲ့ နောက်တစ်ခါထပ်မစိုက်ဖြစ်တော့ဘူး … စိုက်ပျိုးနည်းကို မှော်ဘီမှာ သင်တန်းသွားတက်ရတယ် … အခုတော့ မှတ်မိတော့မယ်မထင်ဘူး …
windtalker
November 23, 2011 at 9:18 pm
ကိုနိုဇိုမီရေ ပို ့စ် ၂ ခု လုံးကို ကူးထားလိုက်ပြီနော်
မှိုထုပ် ၃၀၀ဝ အတွက် အရင်းငွေ ရသိန်းရသောင်းဘဲ ရင်းရမှာ ဆိုတော့
နေရာရှာပြီး / အလုပ်သမားငှား စမ်းလုပ်ကြည့်မယ်ဗျာ
နေရာ က လဲ ရှိပြီးသာ ဆိုတော့
လာမယ့်နှစ်မှာ
သေချာပေါက် ဝင်ငွေကောင်းမယ့် အလုပ် ကို လုပ်ကြည့်မယ် ဗျို ့
တစ်ကယ်လို ့အောင်မြင်ခဲ့ရင်တော့
မန်းတလေးမြို ့ကို အလယ်လာရင်
ကောင်းကောင်းကြီး ပြုစု ဧည့်ခံ မယ် ဗျို ့
hmee
November 23, 2011 at 11:04 pm
သူငယ်ချင်းတယောက် စိုက်တာ သွားကြည့်ဖူးတယ်။ အခန်းကို နည်းနည်း မှောင်မှောင်လေးထားရတယ် ဆိုလားပဲ။ အိမ်နေရင်း ဝင်ငွေရတဲ့ အလုပ်မို့ စိတ်တော့ ဝင်စားသား။ ကိုယ်တိုင်ကလည်း လုပ်နိုင်မှာ မဟုတ်လို့ လူဌါးခိုင်းရင်လည်း ကိုနိုဇိုမီ အတွေ့အကြုံလို လင့်နောက်လိုက်သွားရင် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်မှာ။ 🙂
inz@ghi
November 23, 2011 at 11:23 pm
အားကျထှာ
ဖတ်လို့ကောင်းထှာ ….
ခရက်ဒစ်ပေးလို့
ကျေးဇူးတင်ထှာ ……..
ရန်ကုန်ပြန်ရောက်လို့ကတော့
စမ်းကြည့်ချင်ထှာ…
ပုံ
အင်ထှာဂီ…
blackchaw
November 24, 2011 at 8:58 am
စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း
သေသေချာချာ တင်ပြပေးထားတာ
နိုဇိုမိ ကိုကျေးဇူးတင်ပါတယ်။
nozomi
November 24, 2011 at 9:40 am
ဆရာသစ်ရေ ကောင်မလေးက လဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကောင်လေးနဲ့ယူတာ ၊ ယူတုန်းကပွင့်ပွင့်လင်းလင်း မပြောဘူး ရွာပြန်မယ် ဆိုပြီး ပြန်သွားတာ နောက်မှ သိရတာ၊ အခု ကလေးနှစ်ယောက်နဲ့ အဆင်ပြေနေတာ တွေ့ရတော့လဲ ဝမ်းသာစရာပေါ့
ကိုပေရေ (၂၀၀ရ ) မှာ အရင်း ၆၂၀၀၀ဝ အတွက် ပြန်ဝင်တာ ၅၉၀၀၀ဝ ရှိတယ်ဗျ ၊ နောက်တစ်ခါ ထပ်ကုန်ရင် ၁၅၀၀၀ဝ ပဲ ထပ်ကုန်မယ် ပြန်ဝင်ရင် ၅၉၀၀၀ဝ လောက် ပြန်ဝင်မဲ့ သဘောဗျ ၊ တကယ်လုပ်ရင် တကယ် ကိုကိုက်ပါတယ် ဖြုန်းနိုင်ဘို့က အဓိကပဲ ၊ မြေလဲသိပ်မလိုဘူး ကယိကထလဲ မများဘူး
ှိ
မမှီပြောတာ ဟုတ်တယ်ဗျ မှိုရုံက အလင်းဝင်ပေါက် မရှိဘူး အပြည့်ကာထားတယ် အထဲဝင်ရင် မဲမှောင် အေးစိမ့်နေတယ် ၊ မနက်ပိုင်း မှိုခူးလို့ရအောင် မီချောင်းတတ်ထားရတယ်
ကိုအင်ကြီးကိုသာ မားကတ်တင်းမှာထားလိုက်ရင် အခုလောက်ဆို ကျွန်တော်မှိုသူဌေးဖြစ်နေလောက်ပြီ
ဂျပန်ငါးရာ ငါးခါလို ၊ ပျော်ထှာလို လူတွေသဘောကျပြီး လိုက်သုံးကျတဲ့ စကားလုံးတွေ ထွင်နိုင်တဲ့ ကိုအင်ကြီးကို တကယ်သဘောကျတယ် ကိုအင်ကြီးက ဟာသဉာဏ်လဲရှိ တခဏနဲ့ နုတ်ပစ်တတ်တဲ့ဉာဏ်လဲ ရှိတယ်
အားပေးတဲ့ အတွက် မဝေကြီးတို့ ကိုချောကြီးတို့လဲ ကျေးဇူးတင်ပါတယ် နော
ဆူး
November 24, 2011 at 2:07 pm
မှိုဈေးကွက်ကတော့ ဈေးမှာ ကိုယ်တိုင် ဆင်းမှ ရမယ် ထင်တယ်နော်.. အခု စတိုးဆိုင်တွေမှာတော့ ရောင်းနေတာ တွေ့တယ်။ ရောင်းရလား မရောင်းရလားတော့ မသိဘူး စတိုးဆိုင် တင်ရောင်းရင်တော့ မရောင်းရရင် ကိုယ့်ဘက်က အရှုံးကြီးပဲ.. ပြန်သုံးလို့ မရဘူး။ ကော်မရှင်လည်း ပေးရတယ်။ လတ်မှလည်း လူက ဝယ်တာဆိုတော့.. ဘယ်လို ဈေးကွက်မျိုးတွေ ရှိသေးလဲဟင်။
nozomi
November 24, 2011 at 2:13 pm
စားသောက်ဆိုင်တွေနဲ့ ချိတ်ထားနိုင်ရင် အဆင်ပြေတယ်
အရက်ဆိုင်တွေမှာ မှိုကဇွန်း ရောင်းအားက ကောင်းတယ်
inz@ghi
November 24, 2011 at 2:23 pm
ရွာထဲကယမကာ လုလင်လေးများဖြစ်တဲ့
ပေါက်-ပေ-မှော်-တီ-စည်-ဘီ တို့နဲ့
ချိတ်ထားလိုက်ပေတော့
ကို望ရေ. .
အရက်ဆို အနံ့တောင် မခံနိုင်တဲ့ (အနံ့ရ သောက်ချင်လာလို့)
အရှေ့ကျွန်း ဂီ…