Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းကလေးများအတွက်

Moe ZNovember 24, 20111min67030

ဦးဦးဘလက်ရဲ့တံခါးစောင့်ပို့စ်ကိုဖတ်ပြီးတော့ မိုးစက်ရဲ့ဘတ်စ်ကားစီးတဲ့အတွေ့အကြုံကို ပြန်ရေးဖို့သတိရတယ်။ အထင်မလွဲကြပါနဲ့ မိုးစက်ကသူများအတွက် သူရဲကောင်းဝင်လုပ်ပေးခဲ့တာပါ 🙂 ။ ရန်ကုန်မြို့မှာနေပေမယ့် ရုံးကအကြိုအပို့လုပ် ပေးလို့ ကံကောင်းထောက်မစွာနဲ့ လိုင်းကားစီးရတဲ့ဒုက္ခမှကင်းဝေးပါတယ်။ တစ်ခါတစ်လေစီးရင်လည်း ပြဿနာမျိုးစုံကြုံရ တတ်တယ် ကိုယ်ကပဲသူများကိုဒုက္ခပေးခဲ့တာများတယ်။ ကားပေါ်အလုအယက်တက်ရင်း သူများခြေထောက်ကို တက်နင်းမိတာမျိုး၊ ပြိုင်ပွဲဝင်သလိုမောင်းနေတဲ့ကားက ဘရိတ်ဆောင့်အုပ်လိုက်ရင် အနားကလူကိုဝင်တိုက်မိတာမျိုးက အမြဲတမ်းဖြစ်နေကြ။ တစ်ရက်တော့ရုံးကပြန်လာပြီး အိမ်ရောက်မှ memory stick လေးရုံးမှာကျန်ခဲ့တာသတိရတယ်။ မနက်ဖြန် presentation အတွက်ပြင်နေတာ တစ်ဝက်ပဲပြီးသေးတယ် ဒီညဆက်လုပ်ရမှာမို့ သွားပြန်ယူမှရမယ်။ အသွားကိုတော့ စိတ်လောနေတာနဲ့ ကားငှားသွားလိုက်တယ်။ အပြန်မှာတော့ မိုးစက်လည်းကားဂိတ်အရောက် အဓိပတိတစ်စီးလည်းရောက်ဆိုတော့ တက်လိုက်ခဲ့တယ်။ taxi ခ ၁၅၀ဝ သက်သာလည်း နည်းလားနော်။ ကားကတော့ ထုံးစံအတိုင်းပဲ ကြပ်ပါတယ်။ မိုးစက်လည်းကောင်မလေးတစ်ယောက်ဘေးမှာ ဝင်ရပ်လိုက်တယ်။ ကျောင်းသူလေးပါ အဖြူအစိမ်းနဲ့ ကျူရှင်ကပြန်လာတာထင်တယ်။ အစကတော့ အပြင်ကိုပဲကြည့်ပြီးလိုက်လာရင်း ဘာရယ်မဟုတ် ကောင်မလေးကိုကြည့်မိတော့ ငိုတော့မယ့်မျက်နှာလေးနဲ့ မိုးစက်ကိုမော့ကြည့်ရှာတယ်။ ဒါနဲ့မိုးစက်လည်း နည်းနည်းပေါက်သွားပြီး သူ့နောက်ကိုကြည့်မိတော့ အသက်၃ဝကျော်လောက်ထင်ရတဲ့ လူတစ်ယောက်။ ကလေးမလေးရဲ့ တစ်ကိုယ်လုံးကို သူ့ကိုယ်နဲ့မိုးပြီးကာပေးထားတဲ့ပုံမျိုး မသိရင်သူနဲ့ပတ်သက်သလို အတင်းကပ်နေတာ။ ကောင်မလေးကိုပြန် ကြည့်တော့ မျက်ရည်တွေဝဲနေပြီ။ မိုးစက်လည်း သည်းမခံနိုင်တော့တာနဲ့ (ရုံးကားအားကိုးနဲ့စီးဖြစ်တဲ့) ဒေါက်အချွန်နဲ့ သူ့ရဲ့ခြေထောက်ကို အသေအချာနင်းချပစ်လိုက်တယ်။ သူ့ဆီက အားဆိုတဲ့အသံ ခပ်အုပ်အုပ်ထွက်လာတော့ လူတွေကဝိုင်းကြည့်ကြတယ်။ မိုးစက်လည်းလုပ်ပြီးမှ နည်းနည်းလန့်သွားတယ် ကိုယ့်ကိုမှတ်မိပြီးပြန်တွယ်မှာကြောက်လို့။ ဒါနဲ့သူ့ကိုခပ်တည်တည်နဲ့ပဲ ဆောရီးနော်မတော်လို့ ကားကတော်တော်ကြပ်တယ်လို့ ပြောလိုက်တယ်။ အဲဒီလူကဘာမှပြန်မပြောဘူး မျက်နှာကြီးကတော့ရှုံ့ခွက်ပြီး လွတ်တဲ့နေရာကိုပြောင်းသွားတယ်။ ကောင်မလေးကတော့ မိုးစက်ကို ကျေးဇူးတဲ့။

နောက်တစ်ခါကတော့ ကားပေါ်မှာမဟုတ်ဘူး လမ်းပေါ်မှာ။ မိုးစက်ရဲ့သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားကခဏပြန်လာလို့ သွားတွေ့တာ။ သူ့အိမ်ကတစ်လမ်းပဲခြားတယ် ပြန်လာတော့ည ၈နာရီခွဲနေပြီ။ လမ်းထိပ်ရောက်တော့အုတ်ခုံမှာ ယောက်ျားလေးတွေ ၄ ယောက်ထိုင်နေကြတယ်။ အိမ်ကိုလည်းလှမ်းမြင်နေရပြီဆိုတော့ သူတို့ရှေ့က ပုံမှန်ပဲဖြတ်သွား လိုက်တယ်။ လက်ထဲမှာတော့ သူငယ်ချင်းလက်ဆောင်ပေးလိုက်တဲ့ ရေမွှေးပုလင်းလေးပဲပါတယ်။ အဲဒီထဲကတစ်ယောက်က ထလာပြီး နာမည်ဘယ်လိုခေါ်လဲဆိုပြီးစလာတယ်။ မိုးစက်လည်းဘာမှပြန်မပြောပဲ ခြေလှမ်းကိုနည်းနည်းသွက်လိုက်တော့ မိုးစက်ရဲ့လက်ကိုလှမ်းဆွဲတယ်။ အရက်နံ့လည်းရနေတော့ ရုတ်တရတ်တော့လန့်သွားတယ်။ လက်ထဲကရေမွှေးပုလင်းကို သတိရပြီး သူ့မျက်လုံးကိုရေမွှေးနဲ့ဖျန်းပစ်လိုက်တော့ မျက်နှာကိုအုပ်ပြီး နောက်ဆုတ်သွားတယ်။ သူ့ကိုလုံးဝ လှည့်မကြည့်တော့ပဲ အိမ်ရောက်တဲ့အထိပြေးပါတော့တယ်။ အိမ်ကလူတွေထွက်ကြည့်တော့ မရှိကြတော့ဘူး။ မိုးစက်လည်းညဘက်ဆို လမ်းထိပ်တောင်တစ်ယောက်တည်း မသွားရတော့ဘူး။ ၈ နာရီခွဲဆိုတာ နောက်မကျသေးပါဘူး တစ်ချို့ကုန်တိုက်မှာ လုပ်တဲ့သူတွေဆိုရင် ၉ နာရီကျော်မှပြန်ရတာ။ ဒီလိုလူမျိုးတွေနဲ့ တွေ့နေရတဲ့ မိကောင်းဖခင် သားသမီးတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ တင်းတင်းကျပ်ကျပ်လုပ်ပေးရင်ကောင်းမယ်။ ဘာမှဖြစ်မလာသေးရင်တော့ မိန်းကလေးတွေ အနည်းဆုံး ရေမွှေး ဒါမှမဟုတ် စပရေးဘူး တစ်ခုခုတော့ဆောင်ထားကြပါနော်။ ဒါမှမဟုတ်ရင်လည်း ဦးဦးဘီလူးဆီမှာ ကိုယ်ခံပညာ(ကိုယ်ခံရတဲ့ပညာမဟုတ်) သွားသင်ထားကြပါလို့ ကြော်ငြာပေးလိုက်ပါတယ်။ 🙂

30 comments

  • ပေါက်ဖော်

    November 24, 2011 at 11:54 am

    အော်..
    ဒါကြောင့်..ကရင်စိခြေထောက် မှာအမာရွတ်ကြီးဖြစ်
    ကရင်ဂိ့ မျက်စိ..တိမ်စွဲ နေတာကိုး..
    ကောင်းလယ်..ကောင်းလယ်..

  • Diamond Key

    November 24, 2011 at 12:00 pm

    ဂီတို့ စည်တို့ တွေ သတိထားနေ………. 😉 😉
    ဒေါက်အချွန်နဲ့ မိမယ် ……………………….. :mrgreen: :mrgreen:
    ဒေါက်မကြိက်တဲ့ အရှေ့ကျွန်းဆရာ ဆိုရင်တော့ ရေမွေးလေးရှိတယ်………….. 😛 :P…ဟင်းဟင်း

  • Diamond Key

    November 24, 2011 at 12:01 pm

    ဂီတို့ စည်တို့ တွေ သတိထားနေ………. 😉 😉
    ဒေါက်အချွန်နဲ့ မိမယ် ……………………….. :mrgreen: :mrgreen:
    ဒေါက်မကြိုက်တဲ့ အရှေ့ကျွန်းဆရာ ဆိုရင်တော့ ရေမွေးလေးရှိတယ်………….. 😛 :P…ဟင်းဟင်း

  • inz@ghi

    November 24, 2011 at 12:06 pm

    ဟိတ်လူရီး …
    ဒါနောက်ဆြာလားဝေ့
    ဂီတို့က မမမိုးဇက်ကို ဒါမိုး
    ဘယ်တော့မှ လုပ်ဝူး..

    ဒါနဲ့ မမမိုးဇက်က ပရီဇန်တေးရှင်း
    လုပ်တယ်လား ….ဂီ့ သင်ပေးပါလားဟင်…
    ပရီဇန်တေးရှင်း စကေးလ်ဒွေ

  • E.T

    November 24, 2011 at 12:18 pm

    မမိုးဇက်ရဲ ့လုပ်ရဲတဲ့သတ္တိနဲ ့ ကူညီတဲ့စိတ်ကို လေးစားပါတယ်။ တော်ရုံတန်ရုံ မိန်းကလေးတွေ မလုပ်ရဲကြဘူး။ အဲဒီကျောင်းသူလေးကလည်း ဘတ်(စ်)ကားပေါ်မှာ ကိုယ့်ကိုအဲဒီလို လာလုပ်ရင် အော်လိုက်ပေါ့။ နှာဘူးကြီးလို ့ တစ်စီးလုံးကြားအောင်။ ရှက်လို ့ထင်ပါတယ်။

  • ကြောင်ကြီး

    November 24, 2011 at 12:27 pm

    တော်သေးတာပေါ့၊ ငါ့တုန်းက မိုးစက်နဲ့ မတွေ့ခဲ့ပေလို့။ နောက်ဆို ရှုးဖိနပ်စီး၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ်ပြီးမှ မိုးစက်နားကပ်မယ်။
    မင်းဘယ်ပြေးမလဲ
    မိချိုသဲ
    မိုးစက်သရဲ
    ကြောင်ကိုဆွဲ
    ကယ်ကြပါအုံး..ဗျဲ။။။။ 😮

  • Moe Z

    November 24, 2011 at 12:40 pm

    မိန်းကလေးတွေအတွက်နည်းပေးတာ ဦးကြောင်ကိုကာကွယ်ရေးသင်တန်းပေးသလိုဖြစ်သွားပြီ 🙂

  • ဆူး

    November 24, 2011 at 1:15 pm

    တော်တယ် တော်တယ်.. အဲလို လူမျိုး သနားစရာ မလိုဘူး..
    ရေမွှေးနဲ့ မတန်တဲ့သူတွေ ရေမွှေး အဖြန်းခံလိုက်ရတာ ဆိုတော့ ရေမွှေးတောင် နှမျောဖို့ ကောင်းတယ်။
    ငရုတ်ကောင်းမှုန့် အရည်ဖျော်ပြီး ပုလင်းထဲ ထည့်ပြီး ဆောင်သွားကြပါလား။ ဒါမှ မဟုတ် အရက်ပြန် အဲဒါမျိုးတွေ ထည့်ပြီး ဆောင်ထားပေါ့.. အရက်ပြန်ဆိုရင်လည်း ထိခိုက် ရှနာ ဆိုရင် ဖျန်းမယ် ဆိုရင်လည်း ပိုးလည်း သေတယ်။ လာနှောက်ယှက်တဲ့ လူကို ဖျန်းရင်တော့ နှာနီပိုး နည်းနည်း သေသွားတာပေါ့။
    ရေမွှေးလိုမျိုး ညှစ်လို့ အရည် ထွက်တဲ့ ပုလင်းမျိုးတွေ ကုန်ဈေးတန်း ဘက်မှာ ရတယ်။ ပုလင်း အခွံကြီးပဲ ဆိုရင် သိပ်မပေးရဘူး တဗူးမှ ၂၀ဝ လောက်ပဲ ရှိတယ် ၃လက်မ ၄လက်မ အရှည်လောက်ပဲ ရှိတယ် ဆိုတော့ အိတ်ထဲမှာလည်း အတော်သင့်ဆိုတော့ မဆိုးလှဘူးပေါ့။
    စတိုးဆိုင်တွေမှာလည်း ရေမွှေးပုလင်းတွေ ရှိတယ် လက်တဝါး အရွယ်လောက်ကို ၅၀ဝ ဝန်းကျင်လောက်နဲ့ တွေ့မိထားတယ် အနံတော့ မသိဘူးနော်..

    • Moe Z

      November 24, 2011 at 1:22 pm

      ဟုတ်ပ မမဆူးရယ် မိုးစက်ရဲ့ရေမွှေးလေးနှမျောစရာ
      အရက်ပြန်ကတော့ မျက်လုံးကန်းသွားနိုင်လားမသိဘူးနော်
      ပြည်တွင်းဖြစ်အပေါစားရေမွှေး ဒါမှမဟုတ် ဘော်ဒီစပရေး ဆောင်ထားရမယ်

      • ကိုရင်စည်သူ

        November 26, 2011 at 8:06 pm

        ဟုတ်ပ.. မိုးဇစ်လေးရဲ့ … အဲ့လို သတ္တိလေးနဲ့ မဟုတ်မခံတဲ့
        စိတ်ဓါတ်လေးကြောင့် ကိုရင်ခမျာ ကြိုက်မရှက်.. ငိုက်မရှက်ဖြစ်နေရဒါ… 🙄 🙄
        သူ.. တို့ဆို.. သိပ်ဥပေက္ခာပြုတယ်.. ဟွန့်… 😉 😉

  • blackchaw

    November 24, 2011 at 1:29 pm

    ဒန်တန့်တန်……….။ (သူကြီးစတိုင်)
    ကဲ ကရင်စည်သွတ်တို့ ကရင် ဂီတို့
    သတိပေးတယ်နော်။
    မိုးစက်က လက်ရုံးရည်ရော( ဒေါက်ဘိနပ်နဲ့ နင်းတာ)
    နှလုံးရည်ကော (ရေမွှေးနဲ့ ဖျန်းတာ)
    ပြည့်စုံတယ်ဆိုတာ၊၊
    နောက်တစ်ခါဆို တွယ်ချိတ်နဲ့ တွေ့သွားမယ်။ သတိသာထားနေကြ။

    • inz@ghi

      November 24, 2011 at 1:40 pm

      ငှဲငှဲ …..ဂီတို့က ဗူးစရာလိုဝူးလေ….
      အထိအတွေ့လည်း အဲ့လို မှ ထိရတွေ့ရတာဟုတ်ဝူး …သွပ်သွပ်…
      ရင်သပ်ရှုမော ဖတ်ပေတော့…..

      ညလေး သည်လိုလေးနေ ..ခေါင်းလေးနည်းနည်းစောင်းလိုက် ..
      ဟာ ဟုတ်သေးဝူးလေကွာ …ဒီမယ် ..(မေးလေးကို ဆွဲမော့လိုက်ပါသည်…)

      တောင့်တောင့်ကြီးမရပ်နဲ့လေ နည်းနည်းလေးနွဲ့ဦးမှပေါ့
      (ခါးလေးကို လှမ်းဖက်လိုက်ပါသည်)

      ညာဖက် ပုခုံးလေး နည်းနည်းမြှင့်လိုက်
      (ပုခုံးလေးပေါ် လက်ရောက်သွားပါသည်)

      အနှီ ဒါ့ပုံဆြာ များကိုလည်း ရှောင်ရှားစေလို၍ စေတနာသန့်သန့်ဖြင့်ရေးရခြင်းဖြစ်ပါသည်။
      သရုပ်ပေါ်အောင်သာ ရေးထားခြင်းဖြစ်ပြီး ဂီသည် ထိုသို့ တခါမျှ မတခါဘူးပါ..
      (ဂလိုလေးလည်းPR ပြန်လုပ်ပေးဦးမှပေါ့ အဟဲ)

      ပုံ
      အီတာလျံတိုက်စစ်မှူး
      ဂီ

      • Moe Z

        November 24, 2011 at 1:47 pm

        အဲဒီအတိုင်းလုပ်မယ့်ပုံကြီးများ 🙁
        ဒါတွေကြောင့်မိုးစက်တို့က ဘယ်တော့မှအလှပုံမရိုက်တာ
        အမှတ်တရပုံပဲရိုက်တယ် 😛

        • inz@ghi

          November 24, 2011 at 1:55 pm

          ဟားဟား….
          ကျုပ်က landscaper ပါဗျာ ..
          အဲ့လိုလည်း တခါမှ မလုပ်ဖူးပါဘူး
          လုပ်ချင်စိတ်လည်း မရှိပါဘူး

          ဒါ့ကြောင့် လူပုံအရိုက်နည်းတယ်ဗျ…
          (စိတ်မရှည်တာလည်း ပါပါတယ်..)

        • MaMa

          November 24, 2011 at 8:37 pm

          တကယ်လုပ်တဲ့လူက အဲလို မရေးပါဘူး မိုးစက်ရယ်။ ရေးတဲ့လူကလည်း အဲလို မလုပ်ပါဘူး။ တကယ့် ဒါ့ပုံဆရာ လူအရိုးလေး ပါ။ 😀

  • cobra

    November 24, 2011 at 2:32 pm

    မိန်းကလေးဖြစ်ရတာမလွယ်ပါလား
    ဘယ်ဘက်ကကြည့်ကြည့်
    ခံဘက်ကကြီးပဲ
    တကယ်မလွယ်ပါလားနော်………

  • etone

    November 24, 2011 at 2:42 pm

    မိုးစက်ရေ .. အကြံကလည်းပိုင်ပါ့ … ရေမွှေးဆွတ်ပေးခဲ့တယ်ပေါ့ ..ဟီးဟီး … ။
    ည8 နာရီခွဲဆိုတဲ့ အချိန်က ကျွန်မတို့တွေ အိမ်ပြန်မရောက်သေးတဲ့ အချိန်မျိုးပါပဲ … ဆိုလိုချင်တာကတော့ စောသေးတယ်ပေါ့နော် … ဒါတောင် လက်ရဲ ဇက်ရဲတွေရှိပြီး ရမ်းကားနေတာ မဖြစ်သင့်ပါဘူး… ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 6:36 pm

    ဟုတ်ဘူး
    ခင်ဗျားတို့ပြောရမှာ လုပ်ရမှာက
    ဒီလို မိန်းခလေးတစ်ယောက်ကို ဘလိုင်းကြီးလက်လာဆွဲရင်
    ကိုယ်ထိလက်ရောက် တိုက်ခိုက်တာထက်
    တရားဥပဒေနှင့် ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာကို လုပ်ဘို့လိုလိမ့်မယ်
    ဥပမာ
    ဒီလိုဆွဲလားရမ်းလားလုပ်တာခံရပြီဆိုရင်
    နီးစပ်ရာအိမ်တွေ လူတွေကို ပြောမယ် သက်ဆိုင်ရာတွေကို ခေါ်မယ်
    အရေးယူမယ် ဒီလိုသွားရမှာ
    ဒီလို ပြန်မလုပ်ရင် ပြီးရင်ပြီးသွားတာဘဲဆိုတော့ ပ..ပျောက်သွားဘို့ ဘယ်လွယ်မဒုန်း
    မဟုတ်လို့ကတော့ လူအုပ်မိသွားရင်တောင်
    ကုန်သွားတာမှမဟုတ်တာဘဲကွယ် တရားနဲ့ဖြေတတ်ရင် ကုသိုလ်တောင်ရသေးတယ် 😀
    ဆိုပြီးဖြစ်ကုန်မပေါ့
    ဒီလိုမှန်းသိရင် မျက်မှန်အမဲကြီးတပ်ပြီး လက်လိုက်ကိုင်ပါတယ်
    ကံကောင်းရင် သူလေးက ရေမွှေးလေးပါ ပြန်စွတ်ပေးဒယ်ဆိုဒေါ့
    တွေ့ဂျင်ဇမ်းဘာဘိဒေါ့
    စိတ်ထားကြီးလိုက်ဒဲ့ ရန်ဂုန်သူဒွေ
    အောင်ပုတို့ရွာကိုလာခဲ့ အရိုးနဲ့သရေဘဲကျန်ဇေရမယ်

    • Moe Z

      November 25, 2011 at 8:08 am

      ဘပုကလည်း တရားဥပဒေနဲ့တုန့်ပြန်ဖို့ဆိုတာ အခြေအနေနဲ့အချိန်အခါရှိသေးတယ်
      မိုးစက်တို့ဘက်က လုံးချင်းအိမ်တွေ တံခါးပိတ်ထားရင်ခေါ်မကြားအော်မကြား
      အနီးအနားမှာဘာဆိုင်မှမရှိဘူး ဘယ်လိုအော်မလဲ
      အိမ်ရောက်ရောက်ချင်း အိမ်ကလူတွေခေါ်ပြီးထွက်ကြည့်တာရဲလက်အပ်မလို့
      သူတို့အရင်ပြေးသွားလို့ ရေမွှေးပုလင်းလေးကယ်ပေလို့သာ 🙁
      ဘပုတို့ရွာက ဘယ်နားမှာလဲ 🙂

  • windtalker

    November 24, 2011 at 6:42 pm

    အဲဒီည က ပေါ့
    ဂျပန်သွား ၊ ကေသွားရှာမယ် ဆိုတဲ့
    ဘော်ဒါကြီး
    မျက်စိတွေ နီရဲ နေတာ ၊ ဘာများဖြစ်တာလိမ့်ပေါ့
    အမိမြေ ကို ခွဲခွာသွားရမှာမို ့မျက်ရည်များ တောက်တောက်ကျအောင် ငိုထားလို ့လားပေါ့
    ဘယ်ဟုတ်မလဲ
    အခု မိုးဇက် ပြောမှဘဲ
    အဖြစ်မှန်ကို သိရတော့တယ်
    သူက အခု ဟိုမှာ
    ဂျာရင်း လက်ကမြင်းနေတယ် ဆိုကလား

    • inz@ghi

      November 24, 2011 at 7:29 pm

      အာ..
      ဟုတ်လူ
      ကျုပ်က ဘာကို ဂျာရမှာတုန်း…

      သည်လူဂျီးနော် ..မဟုတ်မဟတ်တွေ ပြောနဲ့

      • windtalker

        November 24, 2011 at 7:50 pm

        မန်နေဂျာ ကို အတိုကောက် ဂျာ လို ့သုံးကြည့် တာပါဟ
        နင်ကလဲ
        လက်ကမြင်းတာကတော့ ၊ လက်ဆော့ တာနဲ ့အတူတူဘဲ ၊ ဒါ့ပုံဆြာ ဆိုတော့လေ
        နော
        ဟီဟိ

    • Moe Z

      November 25, 2011 at 8:12 am

      သူမဟုတ်ပါဘူးကိုပေရယ်
      သူကလူဂေါင်းလေးပါ 😛

  • MaMa

    November 24, 2011 at 8:33 pm

    မိုးစက်ရေ- အဲလို သတ္တိဗျတ္တိ ရှိတာ သဘောကျတယ်။ မိန်းကလေးဆိုပြီး နုနုနွဲ့နွဲ့ လုပ်နေမယ့်အစား အခုလို ဖြေရှင်းနည်းနိုင်တာ တော်တယ်။
    မိန်းကလေးများအတွက်ဆိုတော့ အပေါ်က မန့်ထားတဲ့လူတွေက မိန်းကလေးတွေချည်းပဲထင်တယ် နော်။ 🙂
    ဒါထက်စကားမစပ် မမ နဲ့ တိုင်ပင်မယ်ဆိုတာကို ကြားဖြတ်ပြီး ဆင်တူဝတ်ချင်နေတဲ့လူတွေ ရှိနေတယ်။ သတိထားနော်။ 😆

    • Moe Z

      November 25, 2011 at 8:10 am

      မမရေ မိုးစက်က အဲဒီပွဲကိုတက်ဖြစ်ရင် အနီရောင်နဲ့ခရမ်းရောင်ကိုတွဲဝတ်မလားလို့
      စဉ်းစားထားတယ် ဝတ်ချင်တဲ့သူလိုက်ဝတ်လို့ရပါတယ် 😀 😀

      • inz@ghi

        November 25, 2011 at 8:21 am

        ဂယ်လား …
        ဝတ်ရဲဝူး ထင်နဲ့နော်…..
        ဖက်ရှင်နဲ့ပါတ်သတ်ရင် ပြူပြူကြောင်သိမ်းတောင် လက်မှိုင်ချတွားစေရမယ်…
        (ဟီး …နောက်ဒါဘာ ဂလိုအရောင်ရီးတော့ ဝတ်ရဲဝူး..)

        အန်တီမမ ..
        တားတား စတိဂျော့ဘ်စ် လို ဝတ် အရိုက်ခံထားတာ
        ဘူ့မှ ကျောနဲ့နော်. ..တိရား…

      • MaMa

        November 25, 2011 at 8:03 pm

        ပွဲက မဖြစ်တော့ဘူး။ စိတ်မကောင်းစရာပဲ။ ဖြစ်ရင် ခရမ်းနီဂီ ကို တွေ့ရဦးမှာ။
        (တားတား စတိဂျော့ဘ်စ် လို ဝတ် အရိုက်ခံထားတာ
        ဘူ့မှ ကျောနဲ့နော်) ဆိုတာကို အပြည့်အဝလိုက်နာပါတယ်။ စိတ်မပူပါနဲ့။ လင့်ခ်လေး ပေးလိုက်ရုံပါ 😆

        • Moe Z

          November 27, 2011 at 9:25 am

          ဘာလို့လဲ မမရဲ့ဒီမှာမဆောင်ဖြစ်တာလား

  • သော်ကြီး

    November 24, 2011 at 10:48 pm

    နောက်ကျရင် အပ်ချိတ်ပါဆောင်သွား။ ကိုယ်ခံပညာလေး အရင်သင်သွားလေ။

  • Shanma TUmdy

    November 25, 2011 at 8:48 pm

    မန်းလေးမှာကျ လိုင်းကားမစီးချင် ဆိုင်ကယ်စီးရုံပဲ.. ရန်ကုန်ကျတော့ ..မလွယ်မလွယ် ဂျူဒိုတွေ.. ကရာတေးတွေ ..စုံအောင်တတ်ထားရမယ့်ပုံပဲ.

Leave a Reply