ကျနော်သိသလောက် Branding
Branding
Branding နဲ့ ပါတ်သတ်ပြီး ဦးဖက်ရဲ့ ပိုစ့်မှာ ဝင် အာချောင်ရင်း ကျနော် ကတိ တခုပေးဖြစ်ခဲ့ပါတယ်။
ကျနော် Branding နဲ့ ပတ်သတ်ပြီး ရေးပါ့မယ် ဆိုတဲ့ ကတိပါ။ ဟုတ်ကဲ့ အခု ရေးပါပြီခင်ဗျား။
Brand ကို ကျနော်တို့ ဘယ်လို နားလည် လက်ခံသဘောပေါက်ထားပါသလဲ။
ဒါအရေးကြီးတဲ့အချက်တခုပါ။ ကုန်ပစ္စည်းမှ မဟုတ်ဘူး လူလည်းBrand တခုပါပဲ။
အန်တီဝေဝေ ပြောသလိုပါ။ ဟုတ်ပါတယ် ကျနော်တို့အားလုံး ကိုယ်ပိုင် Brandတွေ ရှိပါတယ်
Branding မစခင် ဦးနှောက် ရဲ့ အလုပ်လုပ်ပုံကို အရင် ဆွေးနွေးပါ့မယ်ခင်ဗျား
element တခုတိုင်းအတွက် ဦးနှောက်မှာ file တခုစီ နဲ့ သိမ်းဆည်းထားပါတယ်။
သူနဲ့ ပါတ်သတ်တဲ့ ကျနော်တို့ ခံစားထိတွေ့ဖူးသမျှ အားလုံးကိုပေါ့။
အဲ့သည့် ဖိုင်လေးထဲမှာ ရေးထည့် ထားတတ်ကြပါတယ်။
ဥပမာပြောရရင် သံပုရာသီး လို့ပြောလိုက်တာနဲ့ သွားတွေကျိမ်းသွားတာ ။
စင်ဒရဲလား လို့ ပြောလိုက်တာနဲ့ မျက်လုံးထဲမှာ ချောမောလှပပြီး ဖြူစင်တဲ့
မိန်းကလေး ကာတွန်းရုပ်က လေးကို ပြေးမြင်တာ။ Rock လို့ပြောလိုက်တာနဲ့
ဆူညံပေါက်ကွဲတဲ့ ဂီတ လို့ ကြားယောင်လာတာ … ဒါမျိုးတွေပါ။
သည်တော့ကာ Branding ဆိုတာက အဲ့သည့် ဦးနှောက်က မှတ်သားထားတဲ့
memory မှာ ဖိုင်အသစ် ဖန်တီးခြင်း။ နှိုးဆွခြင်း ပြုပြင်ခြင်း အားဖြည့်ခြင်း စတာတွေ
အကျုံးဝင်ပါတယ်။ သည်တော့ ကျနော် Branding ကို အနုပညာ ရယ်လို့ သမုတ်တာ
မလွန်ဘူး ထင်ပါတယ်။
မူရင်းကောင်းမှ မိတ္တူကောင်းမယ်ဆိုတဲ့ စာသားလေးကို ကျနော်တို့ မကြာခန
တွေ့ဖူးပါတယ်။ Branding မှာလည်း သည်လိုပါပဲ။ Branding ဆိုတာ
မူလ ပင်ကိုယ် self ဆိုတာရှိပါတယ် individual, company,product, government
တခုခုပေါ့ဗျာ ။ အဲ့သည့် self ကနေ portraited လုပ်လိုက်တဲ့ image ဆိုတာရှိပါတယ်
Brand ပါ ဒါကို လူတွေ(targeted-segment)က receive လုပ်ပါတယ်။ ရုပ်သံလွှင့်သလိုပေါ့။
ပေးတဲ့ဘက် နဲ့ လက်ခံတဲ့ကြားမှာ ကွဲလွဲမှုလေးတွေ ရှိပါတယ်။ ပေးတဲ့ information/ message/
image ထက် လျော့ပြီးပိုပြီး ရ တာတွေ ရှိပါတယ် ဘာကြောင့်လဲဆို ပေးတဲ့ဘက်နဲ့ ယူတဲ့ဘက်
ကြားထဲမှာ media ဆိုတဲ့ ကြားခံနယ် ရှိလို့ပါ။ ကြားခံနယ်ဟာ ကောင်းကောင်း အရောင်ဆိုး နိုင်ပါတယ်။
အသွင်ပြောင်းနိုင်ပါတယ်။ သို့သော် အထက်က ဆိုခဲ့တဲ့အတိုင်း မူရင်းကောင်းမှ မိတ္တူကောင်းမယ်
ဆိုသလို self ကောင်းမှ image ကောင်းမှာ ကတော့ မလွဲပါဘူး။ media ရဲ့ modification ကို
ခံရသည် က အတိုင်းအတာ တခု ရှိပေမယ့်။ ကိုယ်က ကဒါဖီ ဖြစ်နေပြီး image ကတော့ ဂန္ဒီ ဖြစ်ချင်လို့တော့ မရပါခင်ဗျား။
ကျနော်တို့ Brand awareness ကနေ စရအောင်။ စပြီး သတိထားမိတယ်ပေါ့
marketer တွေ(Brand manager) တွေဟာ awareness ကောင်းကောင်းရအောင်
လုပ်ကြရပါတယ်။ တရားသဖြင့်သော မရတားသဖြင့်သော နည်းအစုံ သုံးပြီးတော့ပေါ့
marketer တွေ ယုတ်မာတယ် လို့ ပြောတတ်ကြပါတယ် …
ဟုတ်ကဲ့ ကျနော် လက်ခံပါတယ် …(ဝန်ခံလိုက်ပြီ အန်ကယ် ဘလက်ရေ့ ..ကိုယ့်ပေါင်ကိုယ်
လှန်ထောင်းတော့ လူမြင်မကောင်းပေမယ့် သူများလာထောင်းတာ ထက်စာရင်တော့ သက်သာသေးသကိုးဗျ..)
brain wash လုပ်ကြရပါတယ် ….သည်လို သူများတကာရဲ့ ဦးနှောက်ကို ဆေးကြောရတာ
လွယ်တဲ့ကိစ္စမဟုတ်ပါခင်ဗျား … သည်တော့ Awareness ကိစ္စကို ဆက်ပါမယ်…
Brand awareness ဟာ ကြော်ငြာကနေ စပါတယ် advertisingေပါ့ … သည်မှာ ဘယ်လို
စသိအောင်လုပ်မလဲ ဆိုတဲ့အချက် ဝင်လာပါပြီ brand ဆိုတဲ့အရာကြီးကို စားသုံးသူနဲ့
communicate လုပ်ဖို့ရယ်မှာ သုံးရမယ့် ပစ္စည်းတွေ လိုလာပါပြီ ။ဒါတွေကို
Brand elements လို့ ခေါ်ကြစို့ရဲ့။ လူတွေရဲ့ အာရုံငါးပါးကို သုံးပြီး communicateလုပ်ကြရမှာဆိုတော့
brand elements ဟာ ဒါတွေပါပဲ။
Name: နာမည် ပါ …ဟုတ်ကဲ့ … product, service, concept တခုခုရဲ့ နာမည်ဖြစ်ပါတယ်..
Logo: နာမည်နဲ့အတူ တွဲပါတဲ့ အရာပါ။ ဒါကိုတော့ နည်းနည်းရှင်းပါရစေ။ အများစုဟာ Brandလို့ပြောလိုက်ရင်
logo ကို ပြေးပြေးမြင်တတ်ကြလို့ပါ။ တကယ်က logo ဟာ brand တခုရဲ့ graphical image သက်သက်သာဖြစ်ပါတယ်
brand ရဲ့ element တခုသာဖြစ်ပါတယ်။ Logo နဲ့ brand ကို recall လုပ်ယူနိုင်ပေမယ့် brand တခုလုံးကို logo
နဲ့ ကိုယ်စားမပြုနိုင်ပါ။ တချို့ product, service, concept တွေအတွက် logo ဟာ သိပ် အရေးမပါလို့ပါပဲ။
ဥပမာ Messi ဆိုပါတော့ …သည်ကစားသမားမှာ လိုဂို မရှိပါ ။ သူ့နာမည်ကို ကြိုက်တဲ့ font, ဘာသာ. စကားလုံး
နဲ့ ရေးထား ပါစေ။ ဖတ်လိုက်တာနဲ့ ခေါင်းထဲမှာskill, speed, striker, barcelona, argentina စတဲ့ သူနဲ့
သက်ဆိုင်တဲ့ attributesတွေ ထွက်ကျလာပါတယ်။ ဒါဆိုရင် logo ဟာ brand မဟုတ်ကြောင်း လုံလောက်ပြီ ထင်ပါတယ်ဗျ။
Tagline or Catchphrase: ဒါလည်း အရေးကြီးတဲ့ အပိုင်းတခုပါ။ make.believe ဆိုရင် sony. Just Do it ဆို Nike
ခေါင်းထဲက ဖိုင်လေးတွေကို ဆွဲခေါ်နိုင်ကြပါတယ်။ သည်စာသားလေးတွေပြလိုက်ရင်နဲ့ကို logo မလိုဘဲ
ဘာဆိုတာ တန်းသိကြတာကိုး ..(Marketer တွေ ကျနော်တို့ကို brainwash လုပ်ထားကြတာများပြောပါတယ်)
Shapes: ဒါလည်း အရေးပါတဲ့ အရာတခုပါ။ Volkswagen လိပ်ခုံး ကားလေးတွေနဲ့ Suzuki ကားလေးတွေဟာ ပုံစံမြင်တာနဲ့
ဘာ company ထုတ် ဆိုတာ တန်းပြောနိုင်အောင် recall လုပ်နိုင်စွမ်း မြင့်မားကြပါတယ်
Graphics: သူကတော့ logo နဲ့ နည်းနည်း နီးစပ်တဲ့ အပိုင်းဖြစ်သွားပါပြီ ။ Logo သည် စာသားသီးသန့်ဖြစ်နိုင်သလို။ စာသား graphic ရောရာ
ဒါမှမဟုတ် graphic only version လည်း ဖြစ်နိုင်လို့ပါ။ အမှန်ခြစ်ကလေး ခြစ်ပြလိုက်တာနဲ့ ဒါ nike ဆိုတာတန်းပြီး recall လုပ်နိုင်တာမျိုးပါ
Color: ဟုတ်ကဲ့ခင်ဗျ ။international corporation ကြီးတွေဟာ အရောင်ကိုပါ သီးသန့်ရွေးချယ်သုံးစွဲကြပါတယ်။ သူတို့မှာ သူတို့ brand
အတွက် color code သတ်သတ်မှတ်မှတ် ရှိကြပါတယ် ။computer သုံး RBG, printer သုံး CMYK code တွေကို သတ်မှတ်ထားကြပြီးသားပါ
တိုက်ဆိုင်လို့ ပြောရရင် နိုင်ငံတွေရဲ့ အလံ က အရောင်တွေကို အသေ သတ်မှတ်ကြပါတယ်.တရုတ်ပြည်ကြီး တည်ထောင်တော့ ဥက္ကဌကြီးကို ပန်းချီဆြာ
တွေက အလံမှာ အသုံးပြုမယ့် အနီအရောင် ၃၂ မျိုး လာပြကြပါတယ် တဲ့။ ဥက္ကဌ ကြီးက အနှီ အနီ ၃၂မျိုးထဲကနေ နံပတ်၂၁ ကိုရွေးချယ်
ခဲ့ပါတယ် တဲ့ဗျာ။ အစဉ်အဆက် အဲ့သည့် အနီကနေ မလွဲမသွေ သုံးရပါတယ်။
Corporate brand ေတွ အရပြောရရင် တော့Samsung ရဲ့ အပြာဟာ သည့်ထက် နုလို့ မရသလို
ရင့်လို့လဲမရပါဘူးခင်ဗျား။ ဘယ် media ပေါ်မှာပဲ print သည်ဖြစ်စေ
သည်အရောင်ပဲထွက်အောင် print ရပါတယ်။ corporate brand managers တွေဟာ wallsheet တွေဘာတွေ print
တဲ့အခါ brand ရဲ့ logo color မတူရင် လက်မခံကြပါ လို့ မှတ်ဖူးပါတယ်။
Sounds: ဆြာသစ်ပြောတဲ့ ၂၁ရာစု မြေခွေး ရုပ်ရှင်ရဲ့ တီးလုံး နဲ့ပဲ ဥပမာပေးပါရစေခင်ဗျား။ ရုပ်ရှင်ချစ်သူတွေ သိပါတယ်။
Movement: Lamborghiniဟာ သူ့ကားတံခါးတွေ အပေါ်ထောင်ဖွင့်တာကို trademarked လုပ်ထားတယ် လို့ ဆိုပါတယ်။
Smells: Chanel No. 5 လို့ ပြောရင် ရွာထဲက အန်တီတွေ မမတွေ မျက်လုံးထဲပေါ်မှာပါ
Taste: KFC ကတော့ special recipe တွေ ထားတဲ့နေရာမှာ နာမည်ကျော်ကြောင်းပါခင်ဗျား။
လူ့ အာရုံ ၅ပါး ကို ပါ အသုံးချပြီးတော့ ရှုထောင့်စုံကနေ Branding လုပ်တာကို 360Degree branding လို့ ခေါ်ပါတယ်
ခုနောက်ပိုင်း သုံးစွဲလာကြတဲ့ technique ပါ။ ပြောင်းဖူးပေါက်ပေါက် တွေကတော့ Sensory marketing ဆြာသမားတွေလို့ ပြောရမလားပဲဗျာ။
Brand elements တွေ သုံးပြီး communicate လုပ်ကြတဲ့ ကိစ္စ ကိုပြန်သွားပါမယ်ခင်ဗျ. Awarenessပါ
လူသတိထားမိအောင် ဘယ်လို လုပ်မလဲဆိုတာပေါ့။ တချို့လည်း အဆုံးစွန်တွေ သုံးတတ်ကြပါတယ်။
ဟိုတလောက ကျတိကျတိ လို့ ပြောတတ်တဲ့ ညီငယ် သိုးစိမ်းတင်တဲ့ အရက်ကြော်ငြာ က စကီလေးတွေ
ရဲ့ ကော့ကန်လန်ကား ပုံတွေရဲ့ တကယ့် တရားခံ အစစ်ဟာ ကျနော်တို့ပါခင်ဗျား။ ဟုတ်ကဲ့ပါ awareness
အတွက် သုံးရတာပါ။ အရက်သောက်သုံးသူ အမျိုးသားထု ကို စော်ကား တာ မဟုတ်ပါ။ အဲ့သလို product
တွေဟာ အဲ့သလို ကြော်ငြာမှ ပေါက် လို့ပါခင်ဗျား။ Sex Sell ပါ။ စက်စီ ကျရင် ရောင်းရပါတယ်ခင်ဗျ။
မငြင်းနိုင်တဲ့ အမှန်တရားပါ။
(သည်လောက် စက်စီကျနေရင်လည်း အင်ဂျင်သာကိုင်လိုက်ပါတော့ ဂီဂီ ရယ် လို့တော့ မနောက်ပါနဲ့ခင်ဗျား)
Awareness ရပါပြီတဲ့ ဘာဆက်ဖြစ်သလဲ မေးရင် ။ ဟုတ်ကဲ့ awareness ရရင် ခေါင်းထဲမှာ
အထက်က ဆိုခဲ့တဲ့ file လေး တစ်ဖိုင် စတည်ဆောက်ပါပြီ။ brand elements တွေ အားလုံးအပါအဝင်ပေါ့။
ဥပမာ ကေသီပန် ကြော်ငြာ ဆိုပါတော့ …ပထမဆုံး အဲ့သည့်ကြော်ငြာလေး ကြည့်ပြီးတာနဲ့ ခေါင်းထဲမှာ
အမျိုးသမီး သုံး ဆေးပစ္စည်း . လိုဂို. ကိုဧရာ မမျိုးသနာ္တထွန်း . လှတဲ့မိန်းကလေး. အကိုက်အခဲပျောက်. စတဲ့
attributes တွေ ဝင်သွားပါပြီ။ တနေရာရာမှာ ကေသီပန် လို့ ပြန်ကြား လိုက် ပြန်မြင်လိုက်တာနဲ့
ခေါင်းထဲမှာ သည်အရာတွေ ပေါ်လာပါတော့တယ်။
Branding ဘာလို့ အရေးပါသလဲ ဆိုတဲ့ အကြောင်း ဆက်ပါမယ်
A-I-D-A model ကို နည်းနည်းဆွေးနွေးပါမယ်(AIDSမဟုတ်ပါ)
ခုနောက်ပိုင်း A-I-D-M-A , A-I-D-A-S တွေအထိ သွားနေပေမယ့် သည်ဆောင်းပါးမှာတော့
မူလ A-I-D-A နဲ့ပဲဆွေးနွေးချင်ပါတယ်
A – Attention (Awareness): စွဲဆောင်မှု အဆင့်ပါ
I – Interest: စိတ်ပါဝင်စားမှုပါ … ကိုယ်နဲ့ ပတ်သတ်မှု ရှိရင် တိုက်ဆိုင်မှု ရှိရင်ပေါ့ ..ဥပမာ ကျနော့်ကို ကေသီပန်နဲ့ ဒဂုံဘီယာ ၂ခုလာထိုးပေးရင် ဒုတိယတခုကို ရွေးချယ်မှာပါ
D – Desire: လိုချင်စိတ်ဖြစ်လာပါပြီ ပန်းသီးလေး တကိုက်ကိုက်ထားတဲ့ တံဆိပ်က ထုတ်တဲ့ သီချင်းနားထောင်တဲ့ပစ္စည်း ဆိုပါစို့။ ပိုက်ဆံ မရှိလို့သာ နေမယ် အတော်များများက သည်အဆင့်ထိ တက်လာကြပါတယ်။
A – Action: သည်အဆင့်မှာတော့ တကယ် ဝယ်ပါပြီ။ တကယ်သုံးပါပြီ ။
သည်တော့ကာ ပြန်ကောက်ရရင် ကျနော်တို့ဟာ တခုခုဝယ်ရင် (များသောအားဖြင့်) သည်၄ဆင့် ကို ဖြတ်သန်းကြရပါတယ်။ အရေးကြီးတဲ့
(ဈေးများမယ် သုံးစွဲမှုက လူမှုဘဝ မှာ အခရာကျမယ်) ဆိုရင် ပိုတောင် သတိထား ကိုင်တွယ်ဖြေရှင်းပါသေးတယ်။
ဥပမာ ကိုပေ ဘောပွဲ (ပက်ပက်စက်စက်)နိုင်ထားတယ်။ ဆိုင်ကယ် အသစ် ဝယ်စီးမယ်။ ဆိုပါစို့ Herley Davidson ပေါ့..
ထိပ်ဆုံး သည်နာမည်ကြားလိုက်တာနဲ့ အမေလိကန် အလံပြေးမြင်မယ် Rocker ကြီးတွေ ပြေးမြင်မယ် .Awareness ဖြစ်လာပါပြီ။
ကိုပေ တယောက် စာလေးပေလေးတွေထဲမှာ riding homes ဆိုတဲ့ Herley ရဲ့ tagline ကိုတွေ့ပြီး အိမ်မှာနေရသကဲ့သို့ သက်တောင့်သက်သာ
ဇိမ်ကျမှု ဆိုတဲ့ ဆောင်ပုဒ်ကို ကြွေနေပါပြီ။(Interest ပါ)။သည်တော့ မန ္တလေးမှာ ရောင်းစရာ ရှိသလား စ စုံစမ်းပါပြီ ။ ရှိရင် ဘယ်ဈေးလဲ
ဘယ်မော်ဒယ်လဲ မေးမြန်းနေပါပြီ(Desire ပါ)။ နောက်ဆုံး ကိုပေ ဝယ်ပါပြီခင်ဗျား(Action)ပါ။
ဟာလီနှင့် အပြတ်လန်းနေသော ကိုရင်ပေ
ဒါ့ကြောင့် Branding အရေးကြီးတယ် လို့ ဆိုချင်တာပါ။ ဦးနှောက်တွေကို ဆေးရတာကိုး။
local က Brand တွေ(အများစု) ကတော့ သည်အပိုင်း အလွန်အားနည်းတာကို စိတ်မကောင်းစွာ တွေ့ရပါသည်။
သိပ် ရေတိုလိုက်ကြ ပေါ်ပင် လိုက်ကြလွန်းပါသည်။ Branding တခုလုံးမဟုတ်သေးဘူး .ကြော်ငြာ ကိုပဲ ကြည့်ပါ
ကိုယ့်ပစ္စည်းနှင့် ကိုက်၏ မကိုက်၏ ဆိုတာထက် လက်တလော ဘယ်သူ hot နေလဲ။
ဘယ်သူနဲ့ ကြော်ငြာရင် ပေါက် မလဲ။ အလွယ်လုပ်တာများပြောပါတယ်။ ဟို နာမည်ကျော် ညီအစ်မ ၄ဖော်နဲ့
ကြော်ငြာတဲ့ ဆပ်ပြာတို့။ ကုလားဆင် အဆိုတော်မင်းသမီးလေး ကို ဆောက်ကိုရီးယား နန်းတွင်းဝတ်စုံနဲ့
ကြောငြာတဲ့(ဘာ productမှန်း မမှတ်မိတော့) company တို့…
ကိုယ့်အရပ် ကိုယ့်ဇာတ် မတတ်လို့ မဟုတ်ဘူးကွ သည်လိုလုပ်မှ ပေါက်မှာ ဆိုပြီး ရေစုံမျှောနေလျင်တော့
ကောင်းလာစရာမမြင်ပါခင်ဗျား…။
Branding ကိုပြန်ဆက်ပါဦးမည်ခင်ဗျား။
ကျနော်တို့ Brandingလုပ်တယ် ပြောတယ် ..ဟုတ်ကဲ့ ကျနော်တို့ target ကို segment ခွဲပြီး
လုပ်ရပါတယ်ဗျ။ ခွဲနည်းတွေ ပေါင်းစုံရှိတဲ့အနက် အခြေခံအကျဆုံးကတော့
Geographic segmentation
Demographic segmentation
Psychographic segmentation
Behavioral segmentation
ဆိုတာတွေပါပဲ …. ကျား.မ လူမျိုး ဝင်ငွေ တောမြို့ အစရှိသဖြင့် ခွဲထုတ်ပါတယ်
Target segment အတွက်ပဲ အဓိကထား ထိုးဖောက်ပါတယ်။ ကျန်တဲ့ segment တွေရဲ့
သဘောထားကို ဥပက္ခာပြုပါတယ်…
အရက်ကြော်ငြာတွေ ပြန်ကောက်ပါမယ်..(သည်ဘူတာပဲ ဆိုက်ဆိုက်နေတာပဲ) target segment သည်
အရွယ်ရောက်ပြီးအသောက်အစားမကင်းတဲ့ အမျိုးသားထု ဖြစ်တဲ့အတွက် အနှီပုံတွေကို
အမျိုးသမီးထုက ကဲ့ရဲ့ပြစ်တင်ရှုံ့ချတာကိုလုံးဝ ၆ဂရု မစိုက်တာပါခင်ဗျား…
အရေးပါတဲ့ ဒုတိယအချက်ခွဲခြားမှု ကတော့ စိတ်မကောင်းစွာနဲ့ ပြောရင် ဝင်ငွေ(ဖြုန်းအား)
အပေါ်မှာပါပဲ Social class တွေ ခွဲပါတယ် A,B,C,D,E ပေါ့ဗျာ။ ပိရမစ်ပုံ မြင်ယောင်ကြည့်ပါ
အမွဲဆုံးက အများဆုံးဖြစ်ပြီး A ကတော့ အနည်းဆုံးဖြစ်ပါတယ်။ Target segment ဆိုတာသည်
သည်လို class အရပြောရရင် ကပ်လျက်ရှိသော အများဆုံး ၂ခု ကိုသာ target ထားခွင့်ရှိပါသည်ခင်ဗျား
A မှာ တေဂွ ရှိတယ်ဆိုပါစို့။ C မှာ ဂီဂီ် ရှိတယ်ဆိုပါစို့။ ဟုတ်ကဲ့ ဂီဂီ သုံးတဲ့ပစ္စည်း တေဂွ မသုံးပါခင်ဗျား..
သူ့ရဲ့ social status ကို ပြဖို့အတွက် သူသည် ပိုကောင်းတာ ရှာသုံးပါသည်။ ဂီဂီ Arrow လောက်ဝတ်နိုင်ရင်သူ Gucci ဝတ်ပါသည်။ သည်တော့ Branding မှာ ခွဲခြား ထိုးဖောက်ဖို့ကလည်း လိုနေပြန်ပါသည်။
ဘန်ဂေါက်က ဆေးရုံကြော်ငြာများသည် social class A or high B အတွက်သာဖြစ်ပါသည်။
သူ့ကြော်ငြာကို သာမန်လက်လုပ်လက်စားများ ကြည့်လို့ နားမလည်လဲ သူဂရုမစိုက်ပါ။
အသင့်စား ခေါက်ဆွဲခြောက်များသည် C နှင့်အောက် အဆင့်များအတွက် ဖြစ်လို့ သည်လူတန်းစားများ
လက်လှမ်းမီသော နေရာများတွင်သာ ကြော်ငြာထည့်တာများပါသည်။
သည်တော့ (ကွန်ဆာဗေးတစ်ဗ် တွေကို ဝေဖန်တာသဂျီး ကို မျက်နှာလုပ်ခြင်း မဟုတ်ပါခင်ဗျ..)
ဥတု၃ပါး အသုံးခံသည် တဲ့။ ဂလိုတော့မလုပ်ပါနဲ့ ဘယ်ဥတုမှာ ဘယ်လိုလေးထားသုံးပါ
လို့ ရေးပေးပါလားခင်ဗျား … ပိုကောင်းသွားတာပေါ့။
မြန်မာဆေးတွေကို ဝေဖန်ပါမည်။ အနာမျိုး ၉၆ပါးပျောက်သည် ဟု ရေးကြပါသည်။
(လုံးဝ) ဖြစ်နိုင်ဖွယ်ရာ မရှိပါ။ နည်းနည်းတော့ လျှော့ပါ ဆြာတို့ ။ ဘာအတွက်ဆေးဖြစ်သည်
ဆိုတာ အတိအကျ ညွှန်းစေလိုပါသည်။ မရေမရာတာတွေ များလို့ ပြောပါတယ်။
ရဟန်းရှင်လူ ဘာသာမရွေး သုံးစွဲနိုင်သည် ဟုရေးပါသည်။ သုံးတာတော့ သုံးနိုင်တာပေါ့
ဘာအတွက် အထူးကောင်းမွန်သည်။ ညာအတွက်ကတော့ ဘာဖြစ်သည် ညွှန်းစေလိုပါသည်။
အင်္ဂလိပ်ဆေး နှင့်ယှဉ် ပြောကြည့်ပါမည်။ အများသိသည့် paracetamol 500mg ကိုပင်
customized လုပ်ကာ ကိုယ်ပိုင် တံဆိပ် အမျိုးမျိုး ကပ်ရောင်းကြပါသည်။
biogesic ကို ဥပမာပေးချင်ပါသည် သူ့ brand ကိုသူ promote လုပ်သည်မှာ
အစာအိမ်ကို ထိခိုက်မှာ မပူရဘူး …(အရေအသွေးမြင့် blah blah blah ကထားလိုက်ဦး)
အစာအိမ် မထိခိုက်တဲ့ formula …တနည်း အစာမပါဘဲ သောက်လို့ရသည်ပေါ့။
သည်တော့ ရဟန်းတွေ မယ်သီလရှင်တွေအတွက် နာမကျန်းဖြစ်တဲ့အခါ
1st choice of drug ဖြစ်လာတယ်ပေါ့ဗျာ…။ (ဦးဇင်း ဆန်နီဘုရာ့ …တပည့်တော်သိသလောက် မျှဝေတာပါဘုရာ့.)
ဆက်ပါဦးမည်။ ဒါဆို Goldroast ကကောဗျာ..သူလည်း ၁ခွန်းတည်းပြောတာပါ ရင်မတုန်ဘူး။
သူ့ target ကို ထင်ထင်ရှားရှားပြထားပါတယ် ..
ဝန်ခံပါသည် Marketer များသည် လူတန်းစားခွဲခြားသူများ သာဖြစ်ပါသည်။
A-I-D-A အကြောင်းပြီးသည့်အခါ Brand အမျိုးအစား အကြောင်း ပြောချင်ပါသည်။
Microsoft, Apple, Sony, Intel, Toshiba ဒါတွေကတော့ Global Brandေတွဖြစ်ပါသည်။
Local Brand ဆိုတာလည်း ရှိပါသေးသည်။ Local only အတွက် ထုတ်တာဖြစ်ပါသည်။
Global Brandတွေ ပြည်တွင်းဝင်သည့်အခါ ပြည်တွင်းတွင် ထုတ်လုပ်မှု စရိတ်အကုန်အကျ
သက်သာစွာဖြင့် ထုတ်လုပ်နိုင်သည့်အတွက် ထိုတံဆိပ်ဖြင့်ပင် ပြည်တွင်းတွင်
ဈေးချိုချိုနှင့်ရောင်းချပေးလိုက်သည် ဆိုပါစို့။ ဘာဖြစ်မည်ထင်ပါသနည်း။
ဥပမာ philip morris က marlboro ကို တစ်ဗူး ၆၀ဝ နဲ့ ဗမာပြည်မှာရောင်းတယ်ဆိုပါစို့
ဟုတ်ကဲ့ သဂျီးတို့ဆီက ဘောစိတွေအားလုံး marlboro ကို စွန့်သွားပါလိမ့်မယ်ခင်ဗျား
social class အရ မျက်နှာမွဲတွေ သုံးတာ သူဌေးတွေ မသုံးတာကိုပြောပါတယ်
သည်တော့ local brand, Ruby ေလးကို ထုတ်ရတယ်ပေါ့ခင်ဗျား..
Asia Pacific Breweries ရဲ့ Tiger နဲ့ Myanmar Beer လည်း သည်သဘောပါပဲခင်ဗျား
(ဦးတို့ပိုင် တဲ့ အဖွဲ့အစည်းက ရှယ်ယာတွေထည့်တာကတော့ တပိုင်း ပေါ့လေ)
သည်တော့ Global Brand နဲ့ Local Brand ၂မျိုးကွဲပါသည်ခင်ဗျား…
နောက်ထပ် Brand ခွဲခြားမှု တမျိုးကတော့
House of Brands နဲ့
Branded House ပါ
House of Brands ကို FMCG ေတွသုံးပါတယ်
အကောင်းဆုံးသော ဥပမာဟာ Procter & Gamble ြဖစ်ပါတယ်ဗျ
သူ့ products တွေမှာ Gillette, Luvs, Head & Shoulders, Olay, Vicks, SK-II
အစရှိတဲ့ သီးခြား Brand names တွေနဲ့ ထုတ်တယ်ဗျာ .. Procter & Gambleဆိုတဲ့
နာမည်နဲ့ ဘာမှမထုတ်ဘူး ..P&G ဆိုတာလေးပဲ အသေးလေးပါမယ် သီးခြား Brand
names တွေနဲ့ ထုတ်ပါတယ်။ သည်လို house of brands ရဲ့ကောင်းကွက်ကတော့
product တခုခုမှာ ဂွမ်း ရင် parent company ကို သက်ရောက်မှု နည်းတယ် တခြား
တခုခုကို ထိခိုက်မှု မရှိဘူး လို့ ဆိုကြပါတယ် (တချို့ portfolio တွေမှာဂွမ်းလည်း
တကယ် ဂွမ်းခဲ့ကြပါတယ်)
Branded House ကတော့ ဘာမဆို သည် Brand name နဲ့ပဲထုတ်တာပါ။
Microsoft, Apple အစ Adidas, Nike အလယ် Toyota, Ford အဆုံး
သည်လိုသွားပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ တခုခုသာပေါက်လိုက်ရင်
မိခင် company ကို တိုက်ရိုက် အကျိုးပြုအား ကောင်းတယ်လို့ ဆိုတယ်။
stock value တွေတက်မယ် ဘာညာပေါ့လေ။
(မှတ်ချက် Toyota သည် Lexus ကို လောင်းရိပ်အောက်မှာ မထားပါ သီးခြား ခွဲထုတ်ထားပါသည် )
Brand အမျိုးအစားပြီးပြီဆိုတော့ Brand ရဲ့ အရေးပါမှု ကိုဆက်သွားပါဦးမည်။
အမေလိကန် ရှိ 911 အပြီး စီးပွားပြန် ထူထောင်ကြသော စစ်တမ်းများက
Brand image ကောင်းသော company များသည် သာမန်များထက် မြန်မြန်ပြန်လည်ထူထောင်
နိုင်ကြသည် ဟု ဆိုထားပါသည်။ (ဒေတာ လက်တကမ်းတွင် မရှိလို့ မရှဲနိုင်တာ ခွင့်လွှတ်ကြပါကုန်
P.Kotler ၏ Branding စာအုပ် ရန်ကုန်မှာပင် ကော်ပီ ဝယ်လို့ရပါသည် ၅၀၀ဝကျပ် သာရှိပါသည်။)
ဒါဘာကြောင့်လဲ မေးရင် ကျနော် သည်လိုဖြေပါမည်
Branding ကို promising လို့ ပြောတတ်ကြပါသည်..(လက်မခံသူများလည်း ရှိပါသည်)
ကျနော်ကတော့ အတိအကျ ကို လက်ခံပါသည်။ Ferrari လို့ကြားလိုက်တာနဲ့
fast and furious ဆိုတဲ့ ဂုဏ်သတ္တိကိုရမယ်လို့ ကတိပေးသလိုပဲ မဟုတ်ပါလား။
ဒါဆို Canon … Sony… Apple …Walmart…Gucci…
ဟုတ်ကဲ့ ကျနော်တို့လူတွေသည် ကတိကို ယုံပါသည် …တဖက်လူ၏ image
ကြီးရင် ကြီးသလို ယုံပါသည်။ Branding သည် ထိုimageများ ကတိများကို
ဆောင်ကျဉ်းပေးပါသည်။ ဘယ်ကထုတ်မှန်းမသိသော Software တခုနှင့်
Microsoft Office ကိုယှဉ်ဝယ် ရမည်ဆိုလျင် ဈေးပင်ကြီးစေကာမူ
ကျနော် MS Office ကိုပင် ရွေးချယ်မှာဖြစ်သည်။
ထိုမှတဖန် Brand Loyalty အကြောင်းလည်း ဆက်ချင်ပါသေးသည်။
Brand တွေသည် ကျနော်တို့ကို Loyaltyတည်ဆောက်ကြပါသည်။
ကျနော်တို့ A-I-D-A ပြီးတဲ့အခါ တကယ် သုံးစွဲကြတယ်ခင်ဗျ…
တကယ်က ကြိုက်တယ် မကြိုက်ဘူး ၂ခုပဲ ရှိတာကလား..
prefer ဖြစ်တယ်ဆိုပါစို့ သည်ပစ္စည်း သက်တမ်းကုန်တဲ့အခါ စွန့်ပစ်တဲ့အခါ
အသစ်ဝယ်ရင် သည်တံဆိပ်ပဲ ပြန်ဝယ်တာကိုး ..
Brand တွေမှာ communicate လုပ်တဲ့နည်းတွေကafter sale service, warranty
တွေပါပဲ။ တနှစ်တခါ ခုလိုချိန်မျိုးရောက်ရင် ဟို furniture ဆိုင်ကြီးက
ပြက္ခဒိန်တွေ လာလာပေးတာ ။ဟို computer ဆိုင်ကြီးက exhibitionတွေလာလာဖိတ်တာ
တကယ်တော့ ဒါတွေဟာ Branding တွေပါပဲ …recall ပြန်လုပ်ယူကြတာပါ..
ဒါဟာ brand loyalty တည်ဆောက်တဲ့ အဆင့်တွေပါပဲ … အမြင့်ဆုံးအဆင့်ဟာ
Brand resonance ဖြစ်ပါတယ်
သည်လိုတည်ဆောက်ကြတဲ့နေရာမှာ ငွေဖြုန်းအား ဟာ အရမ်းစကားပြောပါတယ်။ Branded တွေ
ဘာညာ ဈေးကြီးတယ်ဆိုတာ သူတို့ဟာ Premium quality ရအောင် ထုတ်ပါတယ်။ Unique ြဖစ်အောင်
လုပ်ပါတယ်။ Branding မှာ ငွေကို ရေလည်ဖြုန်းပါတယ်။ သည်ဟာတွေကို စားသုံးသူက မျှ ခံပေးရတဲ့
သဘော ပါဝင်တာမို့ ဈေးကြီးရခြင်း ဖြစ်ပါတယ် ။ Nike ဘောကန်ဖိနပ်တရံဟာ ထုတ်လုပ်ပြီး စရိတ် ၃၀
သာရှိပေမယ့် research, marketing, branding အထွေထွေပေါင်းလိုက်တာ ဒေါ်လာ၂၀ဝ အောက်
မရောင်းနိုင်ပါဘူးခင်ဗျား
Branding ဟာ ရပ်လို့ မရတဲ့ process ဖြစ်ပါတယ်။ Brand rejuvenation, brand revitalization
လည်း လိုအပ်သလို လုပ်ရပါတယ်။ Product စမဖြန့်ခင်မှာ branding အတွက် သိန်း၁၀ဝ သုံးထားတယ်
ဆိုပါစို့။ နောက်၃နှစ်အတွင်း တ၁နှစ် သိန်း၅ဝ စီ သုံးသွားတယ်ဆိုရင် သည်Brand တန်ဖိုး ဘယ်လောက်
ရှိသလဲမေးရင် စုစုပေါင်းသိန်း ၂၅ဝလို့ ပြောရပါမယ်။ ဈေးကွက်မှာ သည်Brand သိန်း၂၅ဝတန်ဖိုး recognized
လုပ်ခံရ မခံရဆိုတာကတော့ တိုင်းရခက် ပါတယ် သူဟာ intangible thing ပါ Brand Manager
ဘယ်လောက်တော်သလဲ ဆိုတာ အတော်ပြောရခက်လို့ပါ။
အထက်မှာပြောခဲ့တဲ့ brand elements လေးတွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး တွေးကြည့်ရအောင်။ ခေါင်းထဲက file လေးတွေ
ကိစ္စပေါ့..international corporationကြီးတွေ အဲ့သည့် ဖိုင်လေးတွေကို
သိပ်ဂရုထားလွန်းလို့ အရောင်ကအစ ပုံရိပ်အဆုံး အသေးစိတ် လုပ်ဆောင်ကြပါတယ်။model ကို စာချုပ်ချုပ်ပြီးသီးသန့်သုံးစွဲပါတယ်။
အနှီမော်ဒယ်ဟာ အခြား မျိုးတူ ပစ္စည်းမျိုး ကြော်ငြာခွင့်မရှိပါ။ ကျနော်တို့ localမှာတော့ သည်အပိုင်းကို သိပ် ဂရုမစိုက်ကြတာ တွေ့ရပါတယ်။ Celebrities ကို
သုံးတာဟာ icon အနေနဲ့ သုံးတာပါ။ Brand Ambassador ထားရှိတာပါ။ သည်လူကိုမြင်တာနဲ့ Brandကို
သိအောင် ဖိုင်လေးကို ဆွဲထုတ်နိုင်အောင် လုပ်ကြတာပါ။ Tigerwoods ဟေ့ဆိုတာနဲ့ Nike ကိုပြေးမြင်
အောင်ပါ။ James Bond ဆိုတာနဲ့ Omega ပါ။
ကျနော်တို့ဆီမှာတော့ သိတော်မူကြတဲ့အတိုင်း ဒါဟာ အလွန် အားနည်းပါတယ်။ ရိုက်ချင်သူက ရိုက်ချင်သလို ရိုက်နှက်ထားတဲ့ ကြောငြာတွေများ တပြွတ်..
(တကယ်ကောင်းတဲ့ လူတွေလည်း ရှား၂ပါး၂ရှိပါတယ်။)
A(ဖဲရိုက်နည်း နာမည်၁မျိုး) ဆပ်ပြာဆို … ဟို ရွှေမင်းသမီးလေးတက်လာ သူနဲ့ရိုက်။
ဟိုညီအစ်မ၄ဖော် ပေါက်ရင် အဲ့၄ဖော်နဲ့ရိုက်။ ဝတ်မှုန်ငွေချည်လေး လာတော့ သူနဲ့ရိုက်။ နှာပိမလေး
ပေါ်လာတော့ နှာပိမလေးနဲ့ရိုက်…. ကောင်းရော ….. ဖိုင်လေးဆွဲထုတ်ကြည့်ပါခင်ဗျား ..ဘယ်လို
Image ထွက်ပါသလဲဆိုတာ …Brand misleading ဖြစ်ပါတယ် အဟုတ်။
၃နှစ်ကြာ တည်ဆောက်ခဲ့တဲ့ Brandဟာ ၃နှစ်စာသုံးခဲ့သလောက် တန်ကြေးမရှိဘူး ဖြစ်သွားပါတော့တယ်။
Branding ဟာ တကယ်လုပ်နိုင်ရင် စားရတာချည်းပဲဗျ…
သည်မေးခွန်းလေးတွေ ကျနော်တို့ဆြာ တယောက်မေးဖူးပါတယ်။
၁။ ဗမာပြည်မှာ အကောင်းဆုံး ရေသန့်
၂။ ဗမာပြည်မှာ အကောင်းဆုံး ခေါက်ဆွဲခြောက် …
ဟုတ်ကဲ့ ဖြေကြည့်ပေးပါဦး ဘာဖိုင်လေးတွေ ထွက်လာပါသလဲခင်ဗျား…
(အောက်မှာ ကျနော်တို့ ယုတ်မာတာတွေ အသေးစိတ်လာတော့မယ်)
ခုနောက်ပိုင်းခေတ်မှာ လူဟာ လူကိုပဲချစ်တယ် ဒါ့ကြောင့် Brand ကို အသက်သွင်းမယ် ဆိုပြီး
Brand တွေကို အသက်သွင်းကြပါတော့တယ်။ (ဟို Icon တွေငှားကြော်ငြာတာနဲ့ မတူပါ ယခုဟာသည်
Brand ကိုယ်တိုင်ပင် သက်ရှိလူသား တစ်ဦးသဖွယ် လှုပ်ရှားမှာ ဖြစ်ပါတယ်)
ကျနော်တို့ Buddy Brand လုပ်ကြပါတယ်.. Michelin ကစခဲ့တာလို့ပြောလို့ရပါတယ်။
Brand သည် သူ့ Target market ရဲ့သူငယ်ချင်း အနေနဲ့ပေါ့ဗျာ…Local မှာလည်း ရှိတယ်ဗျ..
ရိုးရှင်းသောဘဝနှင့် ဘလားဘလားဘလား တို့
ပျော်ရွှင်စရာအချိန်များ စတင်လိုက်သည်နှင့် ဘလားဘလားဘလား တို့..
မိခင်ကောင်း တယောက်ဆိုရင် သင့်ရင်သွေးငယ်ကို ဘလားဘလားဘလား တို့ ဆိုပါတော့။
ဘောလုံးအသင်းတွေကလည်း သူတို့ Mascot တွေသုံးတယ်မလား …
(ဂီတို့အသင်းက မီလန်နယ်လို အရုပ်ကလေး ဆိုချစ်စရာလေး..)
တကယ်ရှိမနေတဲ့ Brandဆိုတဲ့ intangible ကြီးကို လူတယောက်ပုံဖန်ဆင်းပြတယ်ပေါ့ဗျာ။
ဒါတွေကို CSR တွေဘက်မှာ ပြန်သုံးတာတွေရှိသေးတယ်။ AVON walks တို့ AVON against breast cancer တို့ …. ဦးနှောက်လေးတွေ ဆေးပေးနေတာများပြောပါတယ်….
အဲ့ Buddy brand တင်မကဘူး Parent Brand ဆိုတာလည်း ရှိသေးသဗျ..(ရာရာစစ သူကများလူကို
အဖေခေါ်ခိုင်းချင်သေးတယ်လို့ အပြစ်တင်မစောပါနဲ့ဦး)
ဥပမာ အမေ့လက်ရာ ဆိုတာမျိုးMother’s Choice နာမည်မျိုး သူ့နာမည်မှာကိုက အမေဆိုတဲ့ဝိသေသ
မှာ အော်တို ကပ်ပါလာမယ့် စိတ်ချရတယ်။ သန့်ရှင်းတယ်။ စေတနာထားတယ် ဒါမျိုး attribute ကို
သူ့ Brand ပေါ်ရောက်အောင် ဆွဲတင် ထားတာပါပဲ … (အော် …Marketerများ
ယုတ်မာကြတာပြောပါတယ်…မိဘတောင် မနေရဝူး)
(Parent Brand တွင် အခြား အယူအဆ နာမည်တူ လည်းရှိပါသေးသည်)
Child Brands တွေ Pet Brands ေတွ ရှိသေးတယ်ခည။ အူးချစ်ကောင်းရဲ့ ခွေးကလေးလို ကြိုးနဲ့ဆွဲကာ ခေါ်သွားမလား
….. ကြားဖူးတယ်ဟုတ် … အဲ့သည့်ခေတ်က ကိုကို ကာလသားတွေ ကိုယ့်ကိုကိုယ် Pet Branding လုပ်ခဲ့ကြတာပေါ့
နောက်ဆုံး Branding ကို တော့ တချိန်က နာမည်ကျော်ဖူးတဲ့ သည် ကြော်ငြာ ခေါ်တဲ့
ကြောငြာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ…
ဟုတ်ပါတယ် Marketing/ Branding ဆိုတာတွေဟာ အရိုးရှင်းဆုံးပြောရရင် Why should I buy from you?
ဆိုတဲ့မေးခွန်း ကို ဖြေဆိုဖို့ ကြိုးစားခြင်း သက်သက်ပဲ ဖြစ်ပါတယ်ခင်ဗျား…..
40 comments
blackchaw
November 24, 2011 at 9:45 pm
တည်တည်တံ့တံ့ ဂိုင်း က ခန့်ညားလွန်းတယ်ဗျာ။
ဒါကျွန်တော် သိတ်ကြိုက်တဲ့ ပို့စ်တစ်ခုပါ။ မိုက်ထှာ၊ ခိုက်ထှာ။
windtalker
November 24, 2011 at 10:04 pm
ဘာမန် ့ရမှန်းမသိလို ့
ဟို ဆေးကြေငြာလေး ပြန်ပြောမယ်ဗျာ
လမ်းတစ်ကာ လည်ပြီး ၊ ကားတွေ ၊ ဆိုက်ကားတွေ နဲ ့လိုက်ရောင်းတဲ့ မြန်မာ သွား ချေးချွတ်ဆေး ၊ သွား ကိုက်ပျောက်ဆေး ကြေငြာ လေး ပါ ။ ဘာတဲ့လဲ ဆိုတော့
“ သွားပိုးစားနေတဲ့ မိဘပြည်သူများ ခင်ဗျား ၊ ကျွန်တော် တို ့မော်တော်ယာဉ်ဆီ ကို ခဏ ကြွမြန်း လာခဲ့ပြီး ကျွန်တော်တို ့ဆေး ကို ရဲရဲ ယုံယုံကြီးသာ သုံးကြည့်ပါ ။ ပိုက်ဆံ မပေးရပါဘူး ။ အမြည်းသဘော စမ်းသုံးကြည့်ပါ ။ ကျွန်တော် တို ့ဆေးဟာ ဘယ်လောက် စွမ်းသလဲ ဆိုရင် သုံးလိုက်တာနဲ ့၊ သုံးလိုက်တဲ့ မိဘပြည်သူများ ရဲ ့သွားပိုးတွေ ဟာ အကောင်လိုက် အပြင် ကို ပြုတ်ကျ လာစေမယ် ” တဲ ့ဗျာ
ဘာကောင်းသလဲ မမေးနဲ ့
htoosan
November 24, 2011 at 10:19 pm
ဂေဇတ်မှာ Branding မှာ ဦးပေါက်ဖော် က နံပါတ် တစ် ရမယ်ထင်တယ်။ 😀
inz@ghi
November 24, 2011 at 10:20 pm
ဘာလို့လဲဗျ လင်းပါဦး ….
မှော်ဆရာ
November 24, 2011 at 10:49 pm
ဟယ် အပေါ်မှာတော့ ဟုတ်ပုံ ဟုတ်ပန်းနဲ့ ဒီမှာတော့ ခရုခါးတောင်းကြိုက်ဖမ်းပြန်ပြီ ..
ဆရာပေါက်ဖော် ဒီလောက် ရှေ့တိုး နောက်ဆုတ်နဲ့ ထောက်လှမ်းရေးလုပ်နေတာ မတွေ့ဘူးလား …။
နေဦး အရင်တုန်းကတော့ မိုးအုံ့ရေသဘင်မျက်မှန်နဲ့ ဘာနဲ့
အခုတော့ မျက်နှာတောင် မပြရတော့ဘူးလား
ဘာလဲ ရေမွှေးနဲ့ မျက်လုံးကို အဖျန်းခံရတာ မပျောက်သေးဘူးလား … 🙂
htoosan
November 25, 2011 at 10:10 am
မူးကြစို့ ဆို ဆြာ ပေါက်ဖော်ပုံ အရင်ဆုံးမြင်တယ်လေ။ 😀
ပေါက်ဖော်
November 25, 2011 at 10:01 am
အပြင်မှာ တားက ငြိမ်ငြိမ်စိမ်စိမ် လေးပါ..
လှုပ်စိလှုပ်စိ လုပ်ပါဘူး…
ရွစိ.ရွစိ ပဲ လုပ်ဒါပါ
ကွန်းမန် ့တွေနဲ ့….ကဇာဂီရေ..လန်ထွက်.လျှံထွက်….အကြံခက်..ပလန်လက် ပဲ..
ဂွတ်ထပဲ
ချယ်ဘဲ..ဂွတ်ချယ်ဘဲ..ဘဲဒီဂွတ်ပဲ..
မှော်ဆရာ
November 24, 2011 at 11:06 pm
ကဲ ပြောစရာရှိတာတော့ ပြောရဦးမယ် …
တကယ်ကောင်းတဲ့ ပိုစ်ပါ့.။ နောက်တာမဟုတ် အတည်ပြောတာ ..။
စီးပွားရေးသမားတွေ အနေနဲ့လည်းကောင်း ၊ မှော်ဆရာတို့လို ဒါ့ပုံ ဗီဒီယို ဆြာတွေ အနေနဲ့လည်းကောင်း သိကို သိသင့် ဖတ်ကိုဖတ်သင့်တဲ့ ပိုစ်ပါ ..။
brand ကိုသတိစထားမိတာ london စီးကရက်မှာပါ ..။ မျက်လုံးထဲ စွဲနေဦးမှာပေါ့ .. သူ့အရောင်က အဝါနဲ့ အပြာလေ …။ စာသားလေးလဲပါရဲ့ ‘လဒ၏ ထကသောအရသာ’ဆိုလား ..။ လန်ဒန်ရဲ့ ဘာပစ္စည်းပဲ ဖြစ်ဖြစ် ကြည့်လိုက်ရင် အဝါနဲ့ အပြာနဲ့ပဲ …။ စာကို မမြင်နဲ့ဦး ထူးခြားတဲ့ အဝါနဲ့ အပြာလေးကိုပဲမြင်လိုက် ၊ ဒါ လန်ဒန်ရဲ့ ပစ္စည်းဆိုတာ သေချာသွားပြီ .. ။ တော်တော်လဲ ပေါက်ခဲ့ပါရဲ့ …။
အင်ဇာဂီရဲ့ ပိုစ်ကို ဖတ်ပြီး လန်ဒန် ဒီလို နည်းလမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ကျေညက်ပြီး သူ့ ဘရမ်းပေါက်အောင် စနစ်တကျ လုပ်သွားပါလားဆိုတာ မြင်မိတယ် …။
ဘရမ်းတစ်ခု ပေါက်အောင် စနစ်တကျ လုပ်ရမယ့်နည်း အပေါ်က ပိုစ်ထဲမှာ အကုန်ပါတယ် …။ တော်တော်လဲ စေ့စေ့စပ်စပ် ရေးထားတာပဲ ။ တကယ်တော်တယ်.. ချီးကျူးပါတယ်..။ ကျွန်တော် ကူးပြီး သိမ်းထားလိုက်ပြီ ..။
ခင်ဗျားပိုစ်ကို သူကြီးကတော့ ကြိုက်မှာမဟုတ်ဘူး ။။ သူက နိုင်ခြံကားမှာ အရက်ကြော်ငြာဆို မင်းသားနဲ့ပဲကြော်ငြာတာဆိုပြီး ပိုစတာကြီးထုတ်ပြတော့ တို့က အဟုတ်ကြီးမှတ်လို့ …။ နင့်ကြော်ငြာတွေကတော့ စက်ဆီတွေ တောက်တောက်တောက်တောက်နဲ့ကို ယိုကျနေပါလားဟယ်…။ အရက်သမားများ ဝမ်းမြောက်ဖွယ်ရာပဲ .. (ကြော်ငြာက မျက်လုံးထဲ စွဲနေအောင်ကို ကောင်းတာ .. ဒါပေမယ့် ဘာအရက်တံဆိပ်ကို ကြော်ငြာတယ်ဆိုတာတော့ မမှတ်မိလိုက်ဘူး …ဟီဟီဟိ)
inz@ghi
November 24, 2011 at 11:11 pm
ဟုတ်တယ်ဗျ London . …အပြာနဲ့ အဝါ ထက် အဓိက က အဝါ ကိုသုံးသွားတာ …
သူ့ အဝါရောင်များမြင်လိုက်မိရင် အဲ့သည့်ခေတ်က ဆေးလိပ်သမားတွေ ချက်ခြင်း London
ဆိုတာကို Recall လုပ်ပြီး ခံတွင်းချဉ်တာတတ်ပါသတဲ့
နောက်ပိုင်း ဆေးလိပ်ကြော်ငြာခွင့်မရတော့လို့ တေးသံသွင်းဖွင့်ပြီး
အရောင်တူ အဆင်တူနဲ့ ဆေးလိပ် ရဲ့ brand file ကိုပြန် recall လုပ်သွားကြသေးတယ်ဗျ
ဒါကတော့ surrogate branding/ marketing ဖြစ်သွားလို့
ကျင့်ဝတ်နဲ့ မညီတော့ဘူး ပေါ့ …
ခုလည်း လုပ်နေကြတုန်းပါပဲ ..အရက်မကြော်ငြာရဘူး ရေသန့်ထုတ်တယ် အင်္ကျ ီထုတ်တယ်
same brand နဲ့ house of brands approach ကိုယူသုံးတယ်ပေါ့
ပြောပါတယ် ….
မာကတ်တာများ ယုတ်မာပါတယ်ဆို
😀
thit min
November 24, 2011 at 11:09 pm
A – Attention (Awareness): စွဲဆောင်မှု အဆင့်ပါ
I – Interest: စိတ်ပါဝင်စားမှုပါ … ကိုယ်နဲ့ ပတ်သတ်မှု ရှိရင် တိုက်ဆိုင်မှု ရှိရင်ပေါ့ ..ဥပမာ ကျနော့်ကို ကေသီပန်နဲ့ ဒဂုံဘီယာ ၂ခုလာထိုးပေးရင် ဒုတိယတခုကို ရွေးချယ်မှာပါ
D – Desire: လိုချင်စိတ်ဖြစ်လာပါပြီ ပန်းသီးလေး တကိုက်ကိုက်ထားတဲ့ တံဆိပ်က ထုတ်တဲ့ သီချင်းနားထောင်တဲ့ပစ္စည်း ဆိုပါစို့။ ပိုက်ဆံ မရှိလို့သာ နေမယ် အတော်များများက သည်အဆင့်ထိ တက်လာကြပါတယ်။
A – Action: သည်အဆင့်မှာတော့ တကယ် ဝယ်ပါပြီ။ တကယ်သုံးပါပြီ ။
……………
ညီရေ့
ကြိုက်ပီဟေ့။
ညီပြောတဲ့ အဲဒီ လေးကောင်ကို
Demand Theory ဝယ်လိုအားသီအိုရီထဲက နှစ်သက်မှု ငွေရေးကြေးရေး ရွေးချယ်မှု အသုံးဝင်မှုနဲ့ ပေါင်းကြည့်ရအောင်။
(ကိုယ်လို စီးပွါးရေးသီအိုရီတွေကိုလိုက်ပြီး အပြစ်ရှာနေတတ်သူအဖို့ဒါမျိုးဆိုကြိုက်တယ်။)
ဝယ်လိုအားသီအိုရီမှာ
What a consumer wants (preferences)
What a consumer can afford (budget)
Ready to buy (shop and etc.,)
What a consumer actually consumes (choice)
ဆိုပြီး 4 မျိုးပေါင်းမှ ဝယ်လိုအားတခုဖြစ်တယ်ကွာ။
အရပ်သုံးစကားနဲ့ ပြောရရင် ဝယ်ချင်ရမယ်၊ဝယ်စရာပိုက်ဆံရှိရမယ်၊ ဝယ်စရာ(ဆိုင်)နေရာလဲအဆင်သင့်ရှိရမယ်
ဝယ်လဲဝယ်ရမယ်ပေါ့ကွာ ..။
ညီ ဟာနဲ့ ပေါင်းရင်။
A – Attention (Awareness)
I – Interest =}
—–>Preferences
D – Desire =}
Budget
Shop
A- Action =Choice
ဆိုတော့ တူတာဖြုတ်ပြီး ရှင်းအောင်ရေးရင်…..
A – Attention
I – Interest
D – Desire
B – Budget
S – Shop
A- Action
( AID BSA )
{ခေတ်ဟောင်း ဘီအက်စ်အေဆိုင်ကယ်ကြီးကိုအကူအညီပေးပါ =ဘရန်းဒင်း နှင့် အရမ်းဗျင်း(ဝယ်)မယ်}
ဖြစ်သွားရော ။ ကောင်း၏။
(^^)
inz@ghi
November 24, 2011 at 11:25 pm
ကျေးဇူး အစ်ကိုသစ်ရေ… အစ်ကိုပြောတာဟုတ်တယ်ဗျ. ..ဘတ်ဂျက်နဲ့ ရောင်းတဲ့နေရာ …
သည်လိုမျိုး မူကွဲလေး ၁မျိုး တွေးရင်ရောဗျာ..
ဘတ်ဂျက်ကို ရှေ့ဆုံးမှာ ထားမယ်ဗျ …တတ်နိုင်တယ် မတတ်နိုင်ဘူး ကို အခြေခံပြီး
စိတ်ဝင်စားမယ် စိတ်မဝင်စားဘူး ဆိုပါစို့ ….Market segmentation အရလည်း social class, demo,geo,
စတာတွေ ခွဲပစ်ပြီးမင့်ကိုး…iPAD ကို ၁နှစ်တိတိ ငွေစုပြီး ဝယ်တဲ့လူပါမယ်ဆြာ
ဒါပေမယ့် Apple ရဲ့ target segment မှာ သည်လူမပါတာ အသေအချာပါ….
ဆိုတော့ B ကစမယ် …နောက်တချက်ကတော့ Shop ပါပဲ …
ငွေစုပြီးပြီ (ဒါမှမဟုတ် မူလကတည်းက ဝယ်နိုင်သည်) ရောင်းတဲ့နေရာလိုက်ရှာရပါပြီ…
local မှာ ဆိုင်မရှိဘူးလား ..နိုင်ငံခြား အသိလူကြုံရှာမလား …showroom လိုနေရာမျိုးတွေမှာ
စာရင်းပေး ငွေသွင်းပြီး မှာယူမလားပေါ့…အိုခေ ဖြစ်နိုင်ခြေရှိတယ် လမ်းကြောင်းရှိတယ်ပေါ့
ဒါတွေ သေချာမှ ဆက်ရှာမယ်ပေါ့ဗျာ ..
ဆိုတော့မှ A-I-D-A cycle လည်မယ်ပေါ့ဗျာ …B-S-A-I-D-A ပေါ့…သည်လိုလည်း ရှိနိုင်တယ်ခင်ဗျား …
(ကျနော်တို့ရဲ့ customized model ကို copyright လုပ်ထားလိုက်ရင် မဆိုးဘူးဗျာ့….:P)
localနဲ့ ပါတ်သတ်ပြီး ကျနော်ကြုံဖူးတာတွေပါ
သူငယ်ချင်းတွေ Tablet လိုချင်တယ်ပြောကြတယ် အိုခေ စိုက်ဝယ်ပေးမယ်
ဘယ်နေ့ဘယ်ရက်မှာတော့ လူကြုံရှိတယ် …ကျနော်တတ်နိုင်တာပြောပေးပါတယ် .သည်မှာ တင်..
၁)သူတို့ ငွေကိုချိန်တယ်
၂) သူတို့ လူကြုံ နဲ့ ပစ္စည်းရမယ့် timing ကိုချိန်တယ်
၃) budget အတွင်းကပစ္စည်းကို လိုက်ရှာတယ်
၄)တွေ့တယ် ကျနော့်ဆီ ဘာဝယ်ပေးပါ လှမ်းပြောတယ်…
၅) လူကြုံကတဆင့် deliver တယ်ပေါ့ဗျာ…
ခုနောက်ပိုင်း ရန်ကုန်မှာ Online shopping serviceတွေပေါ်လာပြီဆြာ..
စလုံးနဲ့ အဆက်အသွယ်ကောင်းပြီး အသွားအပြန်များတဲ့ လူတွေနဲ့
နီးစပ်တဲ့အသိုင်းအဝိုင်းပေါ့ …ကျနော် ခနပြန်တုန်း
ကင်မလာ ပစ္စည်းနဲ့ ပါတ်သတ်ပြီး သိခဲ့ရတာပါ …amazon.com က
ကြိုက်တဲ့ပစ္စည်းကို လက်ညှိုးထိုး အဲ့သည့်ဈေးအတိုင်း ဝယ်ပေးမယ်
ပစ္စည်းတန်ဖိုးရဲ့ ၅-၁၀%သည် service charges… deliveryက ၁ပါတ်အတွင်း…
ဘစ်ဇက်နကစ်မော်ဒယ်က လန်းသားနော့်. ..သူတို့လည်း ရောင်းရလားမသိမရောင်းရမလား မသိ
ငွေအအိပ်ခံပြီး ဝယ်တင်ထားစရာမလို. ယူဇာလည်း ကျေနပ် ..အော် …ဂွင်များပြောပါတယ်ဆြာရယ်..
thit min
November 24, 2011 at 11:47 pm
ကောင်းပြီ၊ ညီရေ့….
ကို Micro Level မိုက်ခရိုလယ်ဗယ် Individual economy တဦးချင်းအဆင့်
စီးပွါးရေး အကြောင်းရေးမလားလို့။
ဈေးကွက်နဲ့ စပြောမှာလေ။ ညီ မာကက်တင်းနဲ့ ပေါင်းပြီး မြန်မာ့မော်ဒယ် တခုထွက်လာနိုင်တယ်။
{လျှာရှည်ပြန်ပြီ အလုပ်ကများရတဲ့အထဲ၊ မရေးရင်လဲ ကိုကြောင်ကအကြွေးတောင်းလိုက်၊ကိုဘလက်က
ဖတ်ညွန်းမှာ ပြန် “အစ” ဆွဲထုတ်လိုက်နဲ့ ~(^^) ခုကို ၂ ပုဒ်အကြွေးရှိသေး}
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~
ယူကေက စီးပွါးရေး ဒုတိယနှစ်ကျောင်းသား ၂ယောက်က ကျောင်းကပြဋ္ဌာန်းစာအုပ်တွေကို
အဲဒီ အမေဇုံ နဲ့ရှာဝယ်ပြီး ကျောင်းမှာ မသိ တဲ့ ကောင်တွေကို ရောင်းတာ သန်းနဲ့ ချီမြတ်သတဲ့။
ကို လဲ ဘယ်ရမလဲ၊ ချောင်းတာပေါ့။
ဂျပန်ကောင်တွေက ကိုယ်ပိုင်မဝယ်ဘဲ စာကြည့်တိုက်ကငှါးပြီး မိတ္တူဝိုင်းကူးဖတ်နေလို့
ဖယ်လာရီ ကိုထုတ်သမျှ ချုပ်ပြီးဝယ်မဲ့ အစီအစဉ် ပျက်သွားရပါရောလားကွာ။ (-_-;)
inz@ghi
November 25, 2011 at 12:25 am
ဟာ …ရေးပါဆြာ ..
အလွန် ဖြစ်သင့်ကြောင်းပါ …
တကယ်လည်း လိုအပ်နေတဲ့ အရာပါခင်ဗျား …
ဆြာဘလက်တို့ ဦးကြောင်တို့ကို ရွာသူား အပေါင်းက အာရုံပြောင်းထားကြမှာပါ…
ဗမာ့customized model ပေါ်ထွန်းရေးက ပိုအရေးကြီးကြောင်းပါ…
ဟို မီလျံ ဘစ်ဇနက် အော်နေတဲ့ လူကြီး ဝင် copy လုပ်သွားမှာတော့ မပူနဲ့ဗျို့….
ရွာသူား အပေါင်းက ဝိုင်းတော်လှန်ပစ်မှာတဲ့ ခည …
ရေးသာရေးပါဆြာ ..
အားပေးဖို့ အားဖြည့်ဖို့ ကျနော့်တာဝန်ထားပါ…
ပုံ
စာပေ တော်လှန်ရေးသမား
မင်ဇက်..
မှော်ဆရာ
November 24, 2011 at 11:26 pm
ဆရာသစ်တို့ ရှင်းရင်း ရှင်းရင်းနဲ့ ဘယ့်နဲ့ BSA ဘက်ကိုရောက်သွားသတုန်း …
thit min
November 24, 2011 at 11:52 pm
မော်ဒယ် တခု ကို မှတ်ချင်သူတွေ အလွယ်မှတ်မိအောင် လုပ်ပေးထားတာပါ။
ကိုဇေ အဲ ကိုမှော်ဆရာရေ့။(^^)
small cat
November 25, 2011 at 8:22 am
ဗဟုသုတအလို့ငှါ ကူးပြီး ပရင့်ထားလိုက်ပါတယ်။
blackchaw
November 25, 2011 at 9:25 am
အတည်ပေါက်တွေ ကြားမှာ ဝင်နောက်လိုက်ဦးမယ်ဂိုင်းရေ။
ပဟေဌိလေး တစ်ခုမေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနော်။
ကြော်ငြာတစ်ခု ကြည့်ဘူးတယ်။
ရိုးရိုးလေးဗျာ။
ဘာဆိုဘာမှ မဝတ်ထားတဲ့ ယောင်္ကျားတစ်ယောက် ရေချိုးခန်းထဲမှာ
ဒိုက်ထိုးနေပါတယ်။ ကင်မရာက ဒိုက်ထိုးနေတဲ့လူရဲ့ အပေါ်က အသေယူထားပါတယ်။
အဲဒီလို ထိုးနေရင်းနဲ့ ညာဘက်လက်ကို နောက်ကိုပစ်လိုက်ပါတယ်။
ဘယ်ဘက်လက်တစ်ခုတည်းနဲ့ ဒိုက်ဆက်ထိုးပါတယ်။ နောက်တစ်ခါ
ဘယ်ဘက်လက်ကိုပါ နောက်ပစ်လိုက်ပါတယ်။ လက်နှစ်ဘက်လုံးနော်။
ဒါပေမယ့် ဒိုက်ဆက်ထိုးနေပါတယ်။ ပြီးတော့မှ ကြော်ငြာတဲ့ ပစ္စည်းကို
ကင်မရာက ရွွှှေ့သွားပါတယ်။
ဘာကြော်ငြာလဲ။ ပြီးတော့ ဘာတံဆိပ်လဲ။
inz@ghi
November 25, 2011 at 12:39 pm
ဆေးကြော်ငြာ
ဆေးအမျိုးအစားက Viagra
ဆေး ဘရန်းက Black Beauty
😛
weiwei
November 25, 2011 at 10:08 am
ဂီဂီရေးလိုက်ရင် ရှယ်တွေချည်းပါပဲ … သေသေချာချာစုစည်းတင်ပြထားလို့ တန်ဖိုးရှိတယ် … အရင်ပို့စ်တွေတုန်းက သိပ်နားမလည်ပေမယ့် ဒီတစ်ခါရေးတဲ့ branding ကိုတော့ ဖတ်လို့နားလည်သွားပါတယ် …ပြည်တွင်းမှာ business တစ်ခုခုလုပ်မယ်လို့ စိတ်ကူးမိရင် ဂီဂီ့ဆီမှာ အကူအညီတောင်းရမယ် …
htoosan
November 25, 2011 at 10:15 am
ဆရာ သစ်မင်း မန့်တာတွေပါ ပေါင်းလိုက်တော့ bookmark လုပ်ရတဲ့ page တိုးလာပြန်တယ်။
အရိဂတော .. thank you.. အဲ ..က ကြီးလိုတော့ မပြောတတ်ဘူး ..
inz@ghi
November 25, 2011 at 10:15 am
အားပေးတာကျေးဇူးတင်ပါဒယ်ဗျား ..
ကျနော့်မှာ အလုပ်တာဝန်တွေ မအားမလပ်တဲ့ကြားကနေ …….
(…ဟင့် …. ရှိုက်သံများ….)
ဒီသဒင်းကို မဖွပါနဲ့ လို့ ကျနော် တောင်းပန်ဘာရဇေ
ကျနော် အီမိုးရှင်းဖြစ်တွားဒယ်ပေါ့နော်…..
သဂျီးတို့ရဲ့ အမေလိကားလို နိုင်ငံဂျီးကနေ….
(…ဟင့် …. ရှိုက်သံများ…. အဂန်း[again] ..)
ဆူး
November 25, 2011 at 10:16 am
Brand နဲ့ ပတ်သတ်ပြီး ရေးထားတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာတွေ ရေးထားတာ ဖြစ်လို့ ဗဟုသုတ တော်တော် ရပါတယ်။
Brand တခု ပေါက်ဖို့ လူတွေ ယုံကြည်စွာ သုံးစွဲလာဖို့တော့ အချိန်၊ ငွေကြေး၊ မှန်ကန်တဲ့ စေတနာနဲ့ ပေးဆပ်မှုပေါင်းများစွာ ရှိမှ ဖြစ်လာမယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်က ရုပ်မြင်သံကြားပေါ်ခါစတုန်းက အရင်ဆုံး တိုးလာတဲ့ တိုရှီဘာ တံဆိပ် ဒီတိုင်းပြည်က လူတိုင်း တီဗွီဆိုရင် တိုရှီဘာ တခြား ဘာမှ မစဉ်းစားဘူး နောက်ပိုင်း ဆိုနီ နာမည်ရလာတယ်။ နောက်ပိုင်းတော့ ဈေးကွက် အပြိုင်လုကြရင်းနဲ့ သုံးစွဲသူတွေက မျှသွားတယ် လို့ ထင်တယ်။ အခုနောက်ပိုင်း ပိုဆိုးလာတာက.. နာမည်ကြီး တံဆိပ်တွေ ကပ်ပြီး ရောင်းနေတဲ့ တရုတ်စက်တွေပါပဲ။ မူရင်း နာမည်ကြီး တံဆိပ် သုံးတာ ၁ဝနှစ် ခံပေမဲ့ ဟို အတုတွေ က ၃နှစ် ၄နှစ် တော့ ခံမယ် ဆိုပါတော့ အတု မှန်း သိပေမဲ့ အတု ကို မျက်စိမှိတ် တဒင်္ဂ ဖြေရှင်းနည်း အနေနဲ့ သော်လည်းကောင်း ငွေကြေးတတ်နိုင်သူ လူနည်းစု မဟုတ်ဘူးနော်.. တခါတရံ ငွေကြေးတတ်နိုင်တဲ့ လူနည်းစုကလည်း ထိုကဲ့သို့သော ပစ္စည်းများကို မက်မက် စက်စက် ဝယ်ယူသုံးစွဲကြတယ်။ Brand ကိုချစ်ပြီး မက်မက်မောမော ဈေးကောင်းပေးဝယ်သူ လူချမ်းသာ များလည်း ရှိပါတယ်။ လူများစု နဲ့ ယှဉ်ပြီး လုတဲ့ ဈေးကွက်မှာ အစစ်အမှန်တွေ ကျဆုံးပြီး ဈေးပေါတာတွေ နေရာ လုလာရင် ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ သိချင်တယ်။တခါတရံ အစစ်အမှန် ဈေးကောင်းပေးဝယ်ချင်ရင်တောင် ဝယ်လိုအားမရှိလို့ ဝယ်လို့ မရနိုင်တာမျိုးတွေ ဖြစ်နေပါတယ်။ ရေတို တခုမှာတော့ မသိသာပေမဲ့ ရေရှည် အချိန်ကြာလွန်းမှသာ သိသာစေတာမျိုးပေါ့.. ပိုက်ဆံ အနေနဲ့ ၃ခု ၁ခု စာ ကွာပြီးတော့ သက်တမ်းက ၂ခု ၁ခု စာ မျိုး ဖြစ်နေခဲ့ရင်.. လတ်တလော မြန်မာပြည် ဈေးကွက် အနေအထားက ပေါချောင်ကောင်း ဈေးကွက်ဖြစ်နေတော့ သိချင်တာလေး မေးလိုက်ပါသည်။ ဖြေရှင်းနည်းနဲ့ တိုက်ကွက်လေးတွေ ထုတ်ပါအုန်း ဆြာဂွီဂွီ ဂိ
inz@ghi
November 25, 2011 at 10:34 am
ဖွားဆူးမေးတာ Local brand ကိစ္စခင်ဗျ..
ဟုတ်ပါတယ် အနှီ Corporate firms ကြီးတွေက မာကတ်တာတွေရဲ့
ယုတ်မာနည်း နောက်တနည်းဖြစ်ပါတယ်… သူတို့ကိုယ်တိုင်လည်း
local brandထုတ်တတ်ကြပါတယ်(အဆင့်အတန်းခွဲထှာ)
သည်အတိုင်းB2C ရောင်းတာ အားမရတဲ့အပြင် B2B ဆိုပြီး
သူတို့ model တမျိုးမျိုးကို ချီးနားက company အစုတ်အပြတ်လေးတွေကို
ရောင်းပါတယ်။(လုပ်ရက်လိုက်ကြတာကွယ်တို့)
သည်တော့ ကျနော်တို့လို မဖွံ့ဖြိုးတဲ့တိုင်းပြည်တွေကို အနှီချီးနားတွေက
ဈေးပေါပေါနဲ့ ထုတ်ပြီးရောင်းပါတော့တယ် ။လျှပ်စစ်ပစ္စည်းတွေမှာ
အခြေခံဖြစ်တဲ့ transistor တွေcircuit board တွေ ကအစ ဈေးပေါတဲ့
quality မမှီတဲ့ အပေါစားတွေ သုံးထားကြလို့ Sony, Toshiba ကို မီစရာ
အကြောင်းမရှိပါ။ (ဟို ဂျာပွန်များကလည်း ကျနော်တို့ ဈေးကွက်လေးကို
ရှိတယ်လို့တောင် ထင်မှတ်ထားတာမဟုတ်လို့ လှည့်မကြည့်တာလည်းပါပါတယ်)
ချီးနားက ကောင်တွေကလည်း ကြက်တူရွေး နှုတ်တိုက်သင်ထားသလို
သည် model ဆို သည် model ပဲ ထုတ်တတ်(နည်းနည်းတော့ modify လုပ်နိုင်) ကြတော့
နည်းပညာသစ် ပစ္စည်းသစ်ဆို ဂျာပွန် ကို မယှဉ်နိုင်တာပါခင်ဗျား..
အားလုံးမကောင်းဘူးတော့ မဟုတ်ပါ အချို့ ချီးနား မလေးယား ဘရန်းတွေ
မဆိုးဘူး လိုကယ်မှာ စက်ရုံရှိတယ် ဆားဗစ်ကောင်းတယ် ကြားဖူးပါသည်။
သင့်လျော်ရာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ကြပါစေ
လေးဇားခင်မင်စွာ
(^ -^)
ကို ဇက်မင်း
ဆူး
November 25, 2011 at 10:44 am
ကမာ္ဘနဲ့ ချီ ပြီး ပြောနေတာကိုး.. တူညားက ညားတို့ နိုင်ငံ လောက်ပဲ မှန်းလို့ ရသေးတယ်။ တူညား ဘရန်း ကို သူများတွေ ဈေးကွက် လုရင် ဘယ်လို ကာကွယ် ရမလဲ လို့ သိချင်လို့ မေးထားကြည့်တာကို ကန်ပါ နဲ့ ချီပြီးတော့ ဂုရု မစိုက်လည်း နေပေါ့လို့.. ဟွန့်.. 🙄 :shy:
inz@ghi
November 25, 2011 at 10:55 am
တိန်
ဖွားဆူးတို့ကတော့ စိတ်ချည်းပဲ
B2B လား B2C လားမသိ
Product type မသိ
Buyer nature မသိ
Competitive Weather မသိ
လက်ရှိ Brand ကျန်းမာရေး မသိ
Market Share မသိ
Market segment မသိ
Positioning map မသိ
Resource အနေအထား မသိ
HR အနေအထား မသိ … မသိ… မသိ…
တားတားက ဘာကို ဘယ်လိုဖြေရမှာတုန်ဟင်….
သည်တော့ကာ Brandကို ဇာတာဖွဲ့ပြီး
ကိုရင်စီ့ ပဲ သွားမေးလိုက်ပါတော့ လို့
ဆူး
November 25, 2011 at 11:01 am
သေသေချာချာ တိတိကျကျ ပြောလိုက်ရင် ဒေါ်လှ အရွက် ဘယ်လောက်ဆိုလဲ ဟိုထဲမှာ ရေးထားတယ်လေ.. ဟိဟိ..
ပြောပြလိုက်ရင် တိုက်ပုန်းကြီးနဲ့ စကားပြောနေရာကနေ အင်းဂီ အိတ်ထဲက ပုဝါလေး ထုတ်ပြီး ညက်ရည် ဖြိုင်ဖြိုင် ကျတာ သုတ်နေရမှာ ချိုးလို့ မိကြောဝူး..
nozomi
November 25, 2011 at 11:03 am
ကိုအင်ကြီး ဒီပို့စ် ကို သဘောကျလွန်းလို့ ကူးထားလိုက်ပါသည် ၊ မန်းပြီးရင် နောက်တစ်ခေါက် ထပ်ဖတ်ပါဦးမယ်
တခဏနုတ်ပစ်တဲ့ဉာဏ်တင်ကောင်းတာ မဟုတ် ဘက်စုံတော်သူပါ တကား
သိချင်တာလေးတွေ မေးချင်တယ်
လူဆိုးကြီးက ပုလင်းကြီးကိုင်ပြီး ချောချောလေးပေါ်မှာ ရပ်နေတယ် ( ပုံစံက လူကြီးက အရည်တွေသောက်ပြီးလို့ ရှုးရှုးပေါက်မှာကို အောက်က အိပ်စောင့်နေသလိုပဲ 🙂 ၊) အဲဒီပုံမှာ ကောင်မလေး ပုံပဲ မြင်နေလို့ လူကြီးလက်ထဲက ကိုင်ထားတာ ဘာပုလင်းလဲ ပြောပြပေးပါ
ကိုအင်ကြီးကို ဗိုင်ရာဂရာ နဲ့ ဒဂုံဘီယာ ရွေးခိုင်းရင် ဘာရွေးမလဲ
inz@ghi
November 25, 2011 at 12:38 pm
အခြေအနေပေါ်မူတည်ပြီးရွေးပါ့မယ်ဆို ….
ခုနေဆိုရင်တော့ ဒဂုံပဲရွေးမယ် …ဟိုဟာတွားရွေးလို့
အလကားနေ အောင့်တာပဲအဖတ်တင်မယ် …ဟီး…(မေးလို့ဖြေထှာ …)
ကြောင်ကြီး
November 25, 2011 at 11:40 am
B to B အစစ်က လက်လီသမားကိုပေးတဲ့ အနုအရွအလှ အပိုဆာဒါး မပါဘဲ လက်ကားဝယ်သူ လိုအပ်ချက်နဲ့ညှိပြီး ရောင်းတာ မဟုတ်ဘူးလား။ အွန်လိုင်းမှာ လျော့ဈေးချတဲ့ အချို့ပစ္စည်းများကို B to B ပုံစံမျိုး ရောင်းတယ်။ ဗူးခွံတံဆိပ်တောင် မပါဘူး။ branded ပစ္စည်းသက်သက်နဲ့ manual စာအုပ်လေးပဲပါတယ်။ ပြောရရင် re-certified ဝယ်တာကမှ မူလပစ္စည်းဗူးခွံ အပြည့်အစုံပါတယ်။ အရည်အသွေး ချထားတဲ့ branded ပစ္စည်းဖြစ်မယ်လို့ မတွေးမိဘူး။ အကြောင်းတခုခုကြောင့် (မူရင်းကုမ္မဏီကဖြစ်စေ၊ လက်ကားသမားကဖြစ်စေ) သိုလှောင်ရုံမှ တိုက်ရိုက်ပို့ပေးတာလို့ ထင်ထားတာ။ ကိုဂီပြောသလို မူရင်းတံဆိပ်ကပ် မော်ဒယ်နောက်တမျိုးနဲ့ ပို့ရောင်းတာမျိုး branded ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလား၊ ပြောပါအုံး။
အန်တီဆူးပြောတဲ့ ဈေးပေါတဲ့ ပစ္စည်းတွေကို ဖိုက်ဖို့ လိုကယ်ဈေးကွက်ကလည်း ပေါချောင်ကောင်းဆိုရင် အရည်အသွေးမြင့် ပစ္စည်းများ နေရမရနိုင်ဘူး။ ကိုယ်လုပ်နိုင်တာ သူတို့ထက်သာတဲ့ ပေါချောင်ကောင်းမော်ဒယ်တခုကို လက်ရှိတံဆိပ်နဲ့ဖြစ်စေ၊ တံဆိပ်အသစ်နဲ့ဖြစ်စေ ထုတ်ပြီး နောက်ထပ် ဈေးကွက်အခွဲတခု ရှာမှရမယ်ထင်တယ်။ သူများထက် ပိုကောင်းရင် ပိုကုန်လို့ ပိုအမြတ်နဲမသွားချင်ရင် ပိုဈေးလျှော့ပြီး ပိုရောင်းရအောင် ပိုပိုကိုမန်နေဂျာခန့်ရင် ပိုအဆင့်မှီတဲ့ ကုန်ကြမ်း၊ ပိုသက်သာတဲ့ ထုတ်လုပ်မှုစရိတ်များကြောင့် ပိုချမ်းသာလာနိုင်တယ်။ ဒီလိုနဲ့ပဲ နိုင်ရာစား ဘဝမှ ငိုရသူတွေက အလုပ်သမားတွေ။ အထည်ချုပ် လောကကိုပဲ ကြည့်ပေတော့။။။။။
inz@ghi
November 25, 2011 at 12:11 pm
အဲ့ဒါ one type of B-2-Bဗျ…
feature အပြည့်အဝနဲ့ Deliver လုပ်တဲ့ B2B တွေ ရှိသေးတယ်
(B2B အကြောင်းကတော့ တော်ပြီဗျ)
ဒုတိယပိုင်းက ကျနော်ရေးတာမရှင်းလို့ အဓိပ္ပါယ်ကောက် လွဲသွားတာလို့
ထင်ပါတယ် .. အဲ့လိုမျိုး မရှိပါခင်ဗျ… Sony က Inz@ghi ကို ၂၀၀၈မော်ဒယ်
တီဗီရဲ့ technology ကိုရောင်းတယ် (ပစ္စည်းမရောင်းပါ.) ဂီကပြန်ထုတ်တဲ့အခါ
sonyက သူ့ တံဆိပ်အကပ်မခံဘူး ဘာမှ တာဝန်မယူဘူး။ သည်တော့ ဂီက
အင်ဂုလိ ဆိုတဲ့ ဘရန်းလှလှလေးပေးပြီးတော့ ဖြန့်တယ်ပေါ့။ ပေါချောင်ကောင်း
ဈေးကွက်ကို ။ အင်ဂုလိ ကို ဘယ်လို Marketing လုပ်ယူသလဲဆိုတော့ sony နဲ့
feature တွေ အတူတူ ပဲ။ sony technology သုံးပါတယ် တဝက်ဈေးနဲ့ ရမယ်
ဘာညာ နဲ့ပေါ့။ ပေါချောင်ကောင်း ဈေးကွက်ကို sony ကစိတ်မဝင်စားတဲ့အတွက်
အင်ဂုလိ နေရာ ရလာမယ်ပေါ့…..
တတိယပိုင်း အန်ထှီဆူး အတွက်ကတော့ new brand တခု ထပ်လုပ်လိုက်ပါ..
ပေါချောင်ကောင်းဈေးကွက် ကိုဦးတည်ဖို့ပါ (အင်ဂုလိ ဆိုသော
ဘရန်းနိမ်း ယူသုံးနိုင်ပါသည် လိုဂို အခမဲ့ ကူညီပါဦးမည်)
မူလ brand နဲ့ B-class product ထုတ်ရင် လက်ရှိ segment ထဲက quality preference
buyers တွေ စွန့်သွားပါလိမ့်မယ် brand image ကျမယ်ပေါ့။
သည်တော့ အင်ဂုလိ ဘရန်းလေးနေဲ့ ဦးကြောင်ပြောသလို segment အသစ် ရလာမယ်ပေါ့
(segment margin တွေတော့ သေချာစွာကွဲပြားဖို့လိုပါသည်)
နောက်ဆုံးအပိုင်းကတော့ economy of scale ကိုဆိုလိုချင်တာလို့ ယူဆပါသည်
များများထုတ် ဈေးလျော့ရောင်း(or quality plus alpha လုပ်) ပြီး ဖြုန်းအားကိုမြှင့်ယူ
per item အရ သူများထက် အမြတ်နည်းပေမယ့် volume အရ သူများထက်ပိုရောင်းရမှာမို့
ပိုကိုက်မှာပါ။ ပိုကိုက်ရင် ပို ပရိုမိုးရှင်းလုပ် ပိုဘရန်းဒင်း လုပ်နိုင်တာပေါ့ဗျာ….
အဲ့လာမှ မကိုက်ရင်လည်း …ကျားရိုးလေးသာ သွေးပြီးတိုက်လိုက်ပါတော့ …
ဟီး ..နောက်တာ..ကန်တော့ ..ကန်တော့ ….
အောင်မယ်ငှီး မောထှာ …..တရွာလုံးနဲ့ တယောက် ….ဟင့်
(တော်တော့နော် …မတော်ရင် ငိုတော့မှာ နော်….. )
နည်ရဲဇော်
November 25, 2011 at 11:59 am
ဆရာအင်ဇာဂီရေ။ အင်မတန် တန်ဖိုးရှိပြီးဗဟုသုတဖြစ်စေတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်းပြောလိုပါတယ်။
ဘာမဟုတ်တဲ့အချက်လေးကိုဆွဲထုတ်တဲ့သဘောတော့မဟုတ်ပါဘူး။
“ဟုတ်ကဲ့ပါ awareness အတွက် သုံးရတာပါ။ အရက်သောက်သုံးသူ အမျိုးသားထု ကို စော်ကား တာ မဟုတ်ပါ။ အဲ့သလို product တွေဟာ အဲ့သလို ကြော်ငြာမှ ပေါက် လို့ပါခင်ဗျား။ Sex Sell ပါ။ စက်စီ ကျရင် ရောင်းရပါတယ်ခင်ဗျ။ မငြင်းနိုင်တဲ့ အမှန်တရားပါ။”
အောက်ပါမေးခွန်းလေးတွေကျွန်တော့်ခေါင်းထဲမှာဖြေကြည့်နေမိပါတယ်။
၁။ awareness အတွက် sex sell လုပ်တယ်ဆိုရင် awareness ကတော့ကျိန်းသေပေါက်ရသွားပါပြီ။ ရလာတဲ့ awareness သည် negative လား positive လားဆိုတာစဉ်းစားသင့်ပါသလား။ အကယ်၍ negative awareness ဆိုလျှင် မိမိ ကုမ္ပဏီ၏ image (product image မဟုတ်ပါ)ကို မထိခိုက်နိုင်ဘူးလား။
၂။ စက်စီကျရင်ရောင်းရပါတယ် ဆိုတာက စက်စီနဲ့ရောင်းအား တိုက်ရိုက်ဆက်နွယ်နေမှုကို သုတေသန လေ့လာထားမှုများ ရှိပါသလား။ တခြား variables တွေကြောင့်ကောမဖြစ်နိုင်ဘူးလား။ ရှိတယ်ဆိုရင်တော့ ကျွန်တော်လဲ စက်စီကျရမှာပေါ့။
ပြည်တွင်းမှာ ရောင်းအားအကောင်းဆုံး(ကျွန်တော့်အထင်) အရက်က Grand Royal Whisky လို့ထင်ပါတယ်။ ကျွန်တော်တစ်ခုသတိထားမိသလောက်တော့ IBTC ရဲ့ကြော်ငြာတွေဟာ sex sell approach သုံးတာသိပ်မတွေ့ရသလိုပါပဲ။ Brand အသစ်တွေဘယ်လောက်ပဲထွက်လာထွက်လာ စက်စီကျတဲ့ပုံတွေ ကြည့်သရေကျပေမယ့်လည်း နောက်ဆုံးတော့ ကိုယ်သောက်နေကျ ကိုယ်လက်လှမ်းမီရာ Grand Royal ဘက်ပဲလှည့်မိပါတယ်။ ဆရာဂီပြောသလို သူတို့ target segment ထဲမှာမပါဘူးနဲ့တူပါတယ်။
စီးပွားရေးသဘောတရား၊ ကြော်ငြာသဘောတရားတွေမသိတဲ့ သာမန်စားသုံးသူအတွေးမလို့ အမှားပါရင်လည်းခွင့်လွှတ်ပါခင်ဗျား။
စက်စီကျတာကြိုက်ပေမယ့် စက်စီနဲ့ကြော်ငြာတာမကြိုက်တဲ့
နည်ရဲဇော်
inz@ghi
November 25, 2011 at 12:27 pm
အာ… ဒါနောက်တမျိုး ….
ဟုတ် ….ဖြေပါ့မယ်ဗျ. …..
Word-Of-Mouth ရချင်လို့ လုပ်တာတွေပါတယ်ဗျ….
ပြူးတူးပြဲတဲတွေ လုပ်ပြတယ်ဆိုတာ…
WOMဆိုတာ …လူအချင်းချင်း လက်တို့တာလေ ..
Buzz Marketing approach လည်းရှိသေးတယ်ဗျ…
ဥပမာ ..ဟဲ့ နင် ဟိုမင်းသမီးလေး လိုးရှင်းလိမ်းတာကြည့်ပြီးပလား …
ဟယ် ငါ့လည်းပြ စမ်းပါဦးဟ …..သည်တော့ image မကျဝူးလား
ကျ၏ ….သို့သော် .. သို့သော် …. ပြန်စဉ်းစားကြည့်ပါခင်ဗျား
အဲ့ဗီဒီယို ထွက်လာပြီးမှ အဲ့တယောက် ပိုနာမည်ကြီးလာပါသည်။
ပိုအောင်မြင်လာပါသည်။ ခု လိုးရှင်းကိစ္စသည် အသေးအဖွဲဖြစ်သွားပြီ မဟုတ်လား..
စက်စီတခုတည်းမှ မဟုတ်ဘူးနော်
Controversial တွေအားလုံးကို ဆိုလိုတာ ..
ဘာ ပျော့တာကြိုက်ရင် ရေသောက်ပါ ဟုတ်လား … ရိုင်းလိုက်တာကွာ
သည်ကြော်ငြာ …
ဟော … လူပြောသူပြော မဖြစ်ဘူးလား …
ဖြစ်ပါ့…ဟိုကြော်ငြာကလေ ဟို ကော်ဖီကလေ. ….အော် ….ကိုယ့်ထမင်း
ကိုယ်စားပြီး တပြားမှမရတဲ့ ဘရန်းကို ကြော်ငြာပေးနေကြတာ များပြောပါတယ်
ဂျာနယ်တွေဘာတွေမှာ လည်းပါ …အံမယ် ပိတ်သတ်ကို အင်တာတောင်ဗျူးလိုက်သေး
media attention ပါရလိုက်သေးသဗျား ….
ဟော …အသံတွေ သိပ်ညံလာတော့ အဲ့သည့် ဘုတ်တွေ ဖြုတ်ချပစ်လိုက်တယ်လေ….
တခြား တခုတင်တယ်…
ခုချိန် စားသုံးသူ တချို့ကို စော်ကားသလို ကြော်ငြာဖူးတယ် ဆိုတာ အတော် မေ့သွားကြပြီမဟုတ်လား
သူလိုချင်တာ အဲ့ဒါပဲ … ပေါက်ချင်တာပဲလေ…
ခင်ဗျားပြောတဲ့ ဘရန်းက မားကတ်လီဒါ လေဗျာ ..လိုကယ်မှာတော့ …
ထိပ်ရောက်လာရင် strategy တမျိုးပြောင်းရတယ်ဗျ..သူကပါ ထိပ်ကပိတ်ပြီး
sex-sellလုပ်နေရင် ကျန်တဲ့ အသေးလေးတွေ သေကောင်းသေသွားနိုင်ပေမယ့်
သူ့ image စုတ်ပြတ်သတ်သွားမှာကိုး (ငယ်ငယ်က ကျောင်းမှာ အဆင့်၁ရရင် ပိုလိမ္မာပြရသလိုပေါ့)
သည်တော့ တခြားနည်း သုံးရမယ်ဗျ ….အဲ့ဒါကတော့ CSR ပဲ…
လှူပြရတယ် …. ကောင်း (ချင်ယောင်ဆောင်)ပြရတယ်ခင်ဗျ…..
ဟိုဘောပွဲတွေ စပွန်စာ ပေးလိုက်တာကြည့် …….
၁ချက်တည်း အပီချိုင်သွားတာများပြောပါတယ် …သူရာနဲ့ ဘော ၂လုံးစလုံးနဲ့
လွတ်တဲ့ ယောက်ျား ရှားတယ်မလား ….
သည်တော့ ကျန်တဲ့ဘရန်း အငယ်လေးတွေဟာ ဘီလူးကြီး(ကိုရင်ဘီလူးမဟုတ်ပါ)
လောက်လည်း မသန်မာလေတော့(မဖြုန်းနိုင်လေတော့) sex-sell ကိုပဲ
အားကိုးရရှာတော့တာကိုး …
P.S လိုးရှင်းတော့ လိုက်လိမ်းဖို့ အားမပေးပါကြောင်း..
yaungchikha
November 25, 2011 at 2:15 pm
ဗဟုသုတရလို့ ကူးသွားပါသည်။ 🙂
MaMa
November 25, 2011 at 5:14 pm
အင်ဇာဂီ ခေသူမဟုတ်။
ကျနော်သိသလောက်မို့လို့ပဲ/
မနည်းဖတ်ယူရတယ်။
တော်ပါပေ့။
အင်းးးး ကြော်ငြာနည်းတော့ သိပြီ။ ကြော်ငြာရမယ့်လူပဲလိုတော့တယ်။ 😆
(ဆရာသမားစာကိုဖတ်ပြီး ရေးလက်စ draft ထဲက စာလေး အမှိုက်ပုံးထဲ ထည့်ပစ်လိုက်ရတော့မယ်။) 🙁
မင်းပြည့်ရှိန်
November 25, 2011 at 10:22 pm
ဒီနေ့ ဒီအချိန် အခါမှာ လိုအပ်နေတဲ့ ပို့စ်ပါ ကိုဂျီးဂီရေ..
ဒါမျိုးလေးတွေ ဖတ်ရတော့ စိတ်ချမ်းသာတယ်
ဘာကြောင့်ဆို ဘူက ဘယ်လို ဘာ ဆိုတာနဲ့ ပဲ အချိန်ကုန်ရတာ များခဲ့တဲ့ အနော်တို့တိုင်းပြည်မှာ
ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ နည်းနေခဲ့ပါတယ်
ခုနောက်ပိုင်း စာပေဟောပြောပွဲတွေမှာတော့ ဘယ်လို ပြုပြင်သင့်တယ်ဆိုတဲ့ အမြင်တွေကို ချပြနေနိုင်ပေမယ့်
ပညာရပ်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ နည်းနေပါသေးတယ်
တောင်သူတွေ ဘဝတိုးတက်ဖို့ဆိုရင် တောင်သူတွေအတွက် သူတို့နဲ့ ဆိုင်တဲ့ စိုက်ပျိုးရေးစနစ်တွေ သိုလှောင်တဲ့စနစ်တွေ ဖြန့်ဖြူးတဲ့ စနစ်တွေ တစ်ဦးတည်း မလုပ်နိုင်ရင် စုပေါင်းလုပ်ကိုင်ဖို့ စနစ်တွေကို နည်းပေးလမ်းပြ ကူညီစောင်မပေးမယ့် အခြေအနေတွေ လိုနေပါတယ်..
ခုလို ကိုဂျီးဂီရဲ့ ပို့စ်ကို ဖတ်ရတော့ ဝမ်းသာသဗျာ
Branding နဲ့ ပတ်သက်လို့ အများကြီး သိရတယ်..
ထပ်သိချင်တာလေးတွေက အစ်ကိုရေ..
ဘယ်လို ထုတ်ကုန်မျိုးတွေ ဘယ်လိုဝန်ဆောင်မှုမျိုးတွေက Branding ကိုပိုမိုလုပ်သင့်သလဲ
နောက် ဘယ်အတိုင်းအတာပဲ အင်အားရှိတဲ့ လုပ်ငန်းတွေက စလုပ်လို့ရသလဲ
နယ်တွေမှာဆို လုပ်ငန်းငယ်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းအတွက် ပတ်ဝန်းကျင်နဲ့ နီးစပ်ဖို့
အလှူ.. ကထိန်.. ရှင်ပြုတွေမှာပါ တွေ့နေရတာကြောင့် ဒါ Branding နဲ့ ဘယ်လို ပတ်သက်သလဲ..
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို
ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို နှစ်သက်တယ် သဘောကျတယ်ဆိုတာ
သူ သဘောကျတဲ့ အချက်လေး တစ်ချက်တော့ ရှိတာကြောင့်မို့…
ကိုဂီ အနေနဲ့
ကိုဂီ သဘောကျတဲ့ ကောင်မလေးက နှစ်သက်တဲ့ Brand ဖြစ်လာအောင်
ကိုဂီရဲ့ အားသာချက်ကို မွမ်းမံမှာလား အဲဒီကောင်မလေး နှစ်သက်တဲ့ အချက်ကို မွမ်းမံမှာလား
အဲဒီလို မွမ်းမံတဲ့အခါ ကုန်ကျစရိတ်နဲ့ အချိန်စတဲ့ သွင်းအားစုတွေကို ဘယ်လိုမျှဝေသုံးစွဲရသလဲ..
အဓိက ကျွန်တော်သိချင်တာက မဟာဗျူဟာ အနေနဲ့ Branding အကြောင်းကို ရှင်းပြပေးတဲ့ ကိုဂျီးဂီ အနေနဲ့
နည်းဗျူဟာကို ပါ ဆက်ပြီး လက်ဆင့်ကမ်းမျှဝေပေးပါဦးလို့….
inz@ghi
November 25, 2011 at 10:37 pm
အထက်ကဟာတွေတော့ ဖြေတော့ဝူးဗျာ…
ကျယ်ပြန့်လွန်းလို့ပါ
အောက် ဆုံးက စကီလေးတွေနဲ့ ပါတ်သတ်တာတော့ဖြေမယ်…(စေတနာတွေပါ)
ညီ့ကောင်မလေး ရဲ့ အင်ဖော်မေးရှင်း အကုန်ပေးဗျာ..
ကျုပ် ရအောင်လိုက်မယ် …အဲ့ ရသွားရင်တော့
… အင်း…
နှမြောတသ ၃ကြိမ်ခေါ်လိုက်ပါ ….
မရသွားရင်တော့ ကျုပ် သုံးခဲ့တဲ့ နည်းတွေ အားလုံးကို ပြောင်းပြန် လုပ်ပြီးသုံးဗျာ ..
ဟုတ်ပီလား…
ခင်လို့စ တာပါညီရယ်…
အဓိက ပြောချင်တာတော့ …ဘာ မှ ပုံသေ မရှိပါဘူး ဆိုတာပါ…
Strategy က လမ်းကြောင်းပဲပေးနိုင်တာ …tactics က အလွန်အရေးပါတာကလား …..
Strategy အရ ချော်သွားရင်တောင် Strategic Shift, Strategic Drift ဆိုပြီး ကုစားနိုင်စရာ
လမ်းကြောင်းတွေ ရှိနေဆဲမို့ပါ…
Strategy ကို အတိုင်းအတာ တခုထက်ပိုပြီး အားမကိုးသင့်ပါဘူးခင်ဗျား…
လက်တွေ့ လုပ်ကြည့်ပါ ..plan Bထားပါ ..သည်လောက်ပါပဲ…
တခါကမန့်ဖူးပါတယ် ..(အန်ကယ်လ် ဘလက်ရေ recallဗျနော့်..)
ဘက်တွေ့ဘဝမှာ best ဆိုတာ မရှိပါဘူး best-fit .. အသင့်လျော်ဆုံးပဲ ရှိပါတယ်ဆိုတာလေ….
ခင်တဲ့
Inz@ghi
မင်းပြည့်ရှိန်
November 25, 2011 at 11:05 pm
ကျေးဇူးပါ ကိုဂျီးဂီ
ဟုတ်ပါရဲ့ လက်တွေ့ဘဝမှာ best ဆိုတာ မရှိပါဘဲ best-fit ပဲ ရှိတယ်ဆိုတာ..
လက်တွေ့လုပ်ကြည့်ရမှာပါ့ … ကြုံလာတဲ့ အပေါ်မှာ တုံ့ပြန်မှု ကောင်းကောင်းနဲ့ လုပ်ရမယ်ပေါ့ နော်…
ဘာပဲ ဖြစ်ဖြစ် branding နဲ့ ပတ်သက်တာတော့ နည်းနည်း ထပ်ရေးပေးပါဦး ကိုဂီရာ
နောက်ပို့စ်တစ်ခုပေါ့…
ဘာကြောင့်ဆို ဒါ တစ်ကယ့်ကို လိုအပ်တဲ့ အချိန်လည်းဖြစ်နေတယ်ထင်လို့ပါ…
inz@ghi
December 6, 2011 at 7:29 pm
ညီ မင်းပြည့်ရေ ..
ကျနော် ဆက်ရေးဖြစ်နေပါတယ်..
သည် replyလေး တွေ့တာ နောက်ကျလို့ re-reply နောက်ကျတာ ခွင့်လွှတ်ပေးပါဗျာ…
tips တခုပဲဖြစ်ဖြစ်ပေါ့ဗျာ …strategy တွေက အသေတွေမဟုတ်ဘူးဗျ…
အခြေအနေအချိန်အခါ နဲ့ အနေအထား context and content ပေါ်မူတည်ပြီး
ပြောင်းလဲ ပြုပြင် သုံးစွဲနိုင်ရမယ်လို့ ဆိုလာတယ် …ရှေးခေတ်က ဆွန်ဇူး ရေးတဲ့
စစ်တိုက်တဲ့ ကျမ်းတွေကို ကျနော်တို့ marketing field မှာ ပုံစံပြောင်းပြီး လာယူသုံးနေတာကိုး…
သည်တော့ သုံးတတ်ရင် ဆေးချည်းပါဘဲဗျာ ….
အချစ်ရေး မေးထားလေတော့ …ဒါလေး တချက်တော့ စွက်ပြီး မန့်လိုက်ချင်ရဲ့
ကျုပ်ကတော့ အဲ့သည့်ကိစ္စမှာ strategy မသုံးဘူးဗျ. ..
စိတ်ထဲ ရှိ … ရှိတဲ့အတိုင်းပဲ ပြောဆို ဆက်ဆံတယ်….. မကြိုက်လည်း နေပေါ့ဗျာ…
(ကိုယ်က တသက်လုံး strategy ဆိုတာကြီးနဲ့ သူ့အလိုကျ ပုံစံခွက်ထဲ နေနိုင်မှာ မှမဟုတ်ဘဲလေ..)
ရပြီးမှ အချိုးပြောင်းတယ် လို့ ကျုပ်တို့ ယောက်ျားတွေ အစွပ်စွဲခံရတာ အဲ့သည့် အမျိုးသား strategist
တွေကြောင့်ဗျ …..။
သည်တော့ follow ur heart ကြိုက်ချင်တဲ့လူ ကြိုက်လို့ရပါတယ်ဗျာ..
သို့သော် act as ur usual ပါဗျာ …သည်လိုနည်းနဲ့ မှ တကယ့် စစ်မှန်တဲ့
ဖူးစာရှင် တွေ့မယ် ထင်တယ်ဗျ …
အင်း … ကျုပ်ပြောတာတွေ အမှန်လို့လည်း မထင်နဲ့ဦးဗျ…
ကျုပ်တောင် သည် ၆ချိုးတွေကြောင့် မစွံတာ …
ဟားဟား….
😀
aye.kk
November 26, 2011 at 5:42 am
သိသမျှပင်
မြင်နှင့်ယှဉ်၍
တွေ ့မြင်သုတ ချပြပေသည်
ဂီကရေးလာ ဖတ်ရကေလျှင် ကျေးဇူးတင်..။
inz@ghi
December 6, 2011 at 7:21 pm
အားပေးသွားတာ ကျေးဇူးပါ ….
ခုမှတွေ့လို့ ခုမှ reply တာ လည်း ခွင့်လွှတ်နားလည်ပေးစေချင့် ….