မဟာချက်ဆေးတော်ကြီး

mg wineNovember 26, 20111min1343

အခုရှားဇောင်းလက်ပတ်ချက်ဆေးအကြောင်းတင်ပြလိုပါတယ်။သားဖွားပြီးမီးယပ်ကျိုးနေတဲ့အမျိုးသမီးလေးတယောက်
ကအကူအညီတောင်းလို့ဆရာထက်ကိုပြောပြတဲ့အခါမှာဆရာကိုယ်တိုင်ချက်ပေးတဲ့ဆေးပါ။ချက်ချင်းမရေးသေးတာက
ဆေးအကျိုးသွားကိုစောင့်ကြည့်တာပါ။
ဒီကလေးမလေးကတော့ဆင်းရဲပါတယ်မီးဖွားတဲ့အခါလည်းအရပ်ကလက်သည်နဲ့အရံသားဖွားလောက်နဲ့ပါ
နောက်တော့လမ်းလျှောက်တဲ့အခါတုန့်ဆိုင်းနေပါတယ်။မီးဖွားပြီးအကြောလျှောက်အားနည်းပြီးသွေးအားလေအားကုန်ခမ်း
ခြင်းကြောင့်မလုပ်မရှားနိုင်ဖြစ်တာပါ။
ရှားဇောင်းလက်ပတ်ချက်ဆေး
၁။ ရှားဇောင်းလက်ပတ်အနှစ် (၂၅)ကျပ်သား
၂။ထန်းလျှက် (၂၅)ကျပ်သား
၃။မန်ကျည်းသီးနှစ် ၅ကျပ်သား
၄။ပွေးကိုင်းမှုန့် ၅ကျပ်သား
၅။စမုန်မျိုး(၅)ပါး ၁ကျပ်သားစီ
၆။ကြိတ်မှန်ရွက်မှုန့် ၅ကျပ်သား
၇။ကြက်သွန်ဖြူမီးသင်း ၅ကျပ်သား
ဦးစွာရှားဇောင်းလက်ပတ်ကို ခြစ်ယူပါ။အိုးထဲထည့်ပြီးကျိုပါ ရေနည်းနည်းထည့်ပြီးနူးအောင်ကျိုပါ။ နူးအိလာရင်
ချပြီးတခြားအိုးထဲလှယ်ထားပါ။ထို့နောက်ထန်းလျှက်ကိုရေဆေးပြီးထည့်ပါ ရေထည့်ပါ ကျိုပါ။ထန်းလျှက်ရည်ကိုပျစ်
လာလျှင်မန်ကျီးနှစ်ကိုထည့်ပါ၊စမှုန်မျိုးငါးပါး၊ကြက်သွန်ဖြူမီးသင်းထည့်ပါ။ပွေးကိုင်းမှုန့်၊ကြိတ်မှန်ရွက်ထည့်ပါ မွှေပေးပါ
သမမျှတအောင်မွှေပြီးလျှင် တိုင်းရင်းဆေးအမှတ်၁၆ လက်ဖက်စားဇွန်း၃ဇွန်းထည့်ပါ၊ကံကော်ဝတ်ဆံ ၁ဇွန်း
မောက်မောက်ထည့်ပါ။မွှေပေးပါထို့နောက်အိုးကိုချပြီးမွှေပါ ပြီးလျှင်ပျားရည်၁ဝကျပ်သားထည့်ပါ။မီးဖိုပေါ်တင်ပြီးတပွက်
နှစ်ပွက်ဆူလျှင်ချပြီးမွှေပါ။နှမ်းဆီဟင်းခပ်တစ်ဇွန်းထည့်ပါ။
၁။ အကြောတက် အညောင်းထိုင်သူများ နံနက် ၁ဇွန်း ည၁ဇွန်းစားပါ။ဆေးအမှတ်၂ရကို၂ပဲသားဆီတနေ့
နှစ်ကြိမ်သောက်ပါ ။
၂။သွေးအားနည်းသူများ၊ ခေါင်းမူးတတ်သူများ၊တနေ့နှစ်ဇွန်းစားပါ ဆေးအမှတ်၁၅ကို၂ပဲသားဆီနံနက်တကြိမ်
ညနေတကြိမ်သောက်ပါ။
၃။ဝမ်းချုပ်လွန်းသူများတနေ့၃ကြိမ်သောက်ပါ
၄။အမျိုးသမီးများဓမ္မတာအားနည်းလျှင်၎င်း အသားအရည်မစိုပြေသူများ၃ကြိမ်သောက်ပါ
၅။အကြောတက် ဝမ်းချုပ် သူများအမျိုးသမီးအမျိုးသားများဆေးအမှတ်၂ရ ၂ပဲသားဆီသောက်ပါ
ဖေါ်ပြပါဆေးနည်းများမှာဘေးထွက်ဆိုးကျိုးမရှိပါ။ဆေးအမှတ်များမှာရန်ကုန်ကုန်ဈေးတန်းတွင်၎င်း ပုသိမ်ပရဆေးဆိုင်
များတွင်၎င်း ဝယ်ယူရရှိနိုင်ပါသည်။ဆေးအမှတ်ဟုဆိုရာတွင် သမားတော်လက်စွဲဆေးများဖြစ်ပါသည်။
ဆေးအမှတ်၂ရသည် အကြောအတွက်ဆေးဖြစ်ပြီး ၁၅မှာနှလုံးသည်းခြေဆေးဖြစ်ပါသည်။
အမျိုးသမီးများ ဓမ္မတာပေါ်ခါနီးမသောက်ရပါ၊ဓမ္မတာ အားနည်းသူများ၊ချုပ်သူများ၎င်းဆေးနှင့်အကူအဖြစ်အမှတ်၁၇
တနေ့နှစ်ကြိမ်သောက်ပါ။
မီးယပ်ကျိုး မီးယပ်ချိသူများတနေ့၃ကြိမ်သောက်ပါဆေးအမှတ်၂ရကို လက်ဖက်စားဇွန်း၁ဇွန်းစီတနေ့နှစ်ကြိမ်သောက်ပါ။
ဘေးထွက်ဆိုးကျိုးမရှိပါကြောင်းတင်ပြလိုက်ရပါသည်။

3 comments

  • ကြောင်လတ်

    November 27, 2011 at 8:00 am

    ဆရာထက်က အရိုးတင်မက အကုန်ကုတာပဲလားဗျ၊
    ဆောင်းတွင်းရောက်ရင်အအေးဒဏ်မခံနိုင်ပဲ မနက်မျက်နှာသစ်ပြီးချိန်ကစပြီး နေပူလာချိန် ၁ဝနာရီခွဲလောက်ထိ(နေ့တိုင်း) နှာချေ နေတာ၊ ညဖက် ရင်ကြပ်ပြီးမအိပ်နိုင်တာတွေကို ဘာဆေးတွေစားရမလဲမေးပေးပါဦး။ ဆေးမီးတိုတွေတော့ စုံနေပြီ၊လတာထဲကအဖုအထစ်တွေနဲ့ ပက်ကျိကောင်ကိုပါစားဖူးတယ်၊မပျောက်ပါဘူး။

  • windtalker

    November 27, 2011 at 11:21 am

    နောက်ထပ် ကူးစရာ ဆေးစွမ်းကောင်းတစ်ခု ပါဘဲ
    ကူးပြီး သိမ်းထားလိုက်ပါတယ် နော်
    ခွင့်ပြု ပါ ကိုမောင်ဝိုင်း

  • aye.kk

    November 27, 2011 at 1:47 pm

    အပေါ်ကမန် ့သူကိုကြောင်လတ်ရေ..ညအိပ်တဲ့အခါ အရေးကြီးဆုံးကလည်ပင်းရင်ဘတ်တို ့ကို
    လုံခြုံအောင်အင်္ကျီကကြယ်သီးတတ်ပြီးဝတ်အိပ်ပါ အိပ်တဲ့အခါ ဘာမှမသိတော့လို ့တစ်ခါတစ်ခါ
    ခြုံထားတဲ့စောင် လွတ်သွားတတ်တဲ့အပြင် ယောက်ကျားလေးအများစုက အကျင်္ီကို ကြယ်စေ့ကုန်အောင်
    မတတ်ဘဲ ရင်ဘတ်နေရာကိုဟထားလေ့ရှိပါတယ် ဒါကြောင့်လည်းအအေးပတ်ဖို ့ဖြစ်နိုင်ချေများပါတယ်
    အဲလိုဆိုရင်တော့ ပြောတဲ့အတိုင်းလိုက်နာကြည့်စေချင်ပါတယ် ဂေဇက်ဧည့်လာသူအချင်းချင်း ဖတ်မိပြီး
    မနေနိုင်လို ့ကိုယ့်ရဲ ့အမြင်လေးကိုပြောလိုက်ပါရစေ..။

Leave a Reply