ဟနွိုင်မှ အလွဲများ..

ムラカミNovember 27, 20115min21123

ဗီယက်နမ် လေယာဉ် မစီးပါနဲ့ ဆိုတာမျိုးရေးမိရင် တိုင်စာ ပစ်စာ ဆိုပီး

တားတားကို ထိပ်တုံးခတ်မှာလား ဟင်င်င်င်???

 

ပြီးခဲ့တဲ့ တခေါက် အရှေ့ကျွန်းကိုပြန်လာတော့ Vietnam transit ခင်ဗျ..

tax မယူလို့ဆိုလား ဘာဆိုလား … TG ထက်သက်သာတယ်လေ…

စီးဆိုတော့လည်း စီးပေါ့ဗျာ ဘယ်တတ်နိုင်ပါ့မလဲ ။

 

စိတ်တော့ ထင့်တာတော့ အမှန်…. ဗလချိုက်ဆိုတာ ဘယ့်နှယ့် ဟာမှန်းမှ မသိတာ..

ဘန်ဂေါက် transit ထက် တခုကလေးတော့ သာတာ ရှိတယ်ဗျ… အဲ့ဒါကတော့

ရန်ကုန်-ဘန်ဂေါက်-တိုကီယို ဆို ၁-၆ ခဗျ…(ဂိုးမဟုတ်ပါ ၁နာရီ ၆နာရီ ကိုဆိုလိုပါတယ်)

ရန်ကုန်-ဟနွိုင်-တိုကီယို ကတော့ ၂-၅ဗျ… (၆နာရီထက် ၅နာရီထိုင်ရတာက နည်းနည်းလေးတော့ သက်သာတယ်ပေါ့လေ)

ဒါလေးပါပဲ ….

ဂလိုနဲ့ ရန်ကုန်ကနေ ဟနွိုင် ရောက်လာတယ်ပေါ့ခည…ည၉နာရီလောက်ပေါ့

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပါပဲ ..transit counter ပေါ့ဗျ…

counter ကို ၁ခု တိတိ ကြီးများတောင် ထားပေးထားတာကလား …..

အံမယ် သူတို့တိုင်းပြည်ကိုဝင်မယ့် ကောင်တာကျတော့ ၁ဝခုတောင်ဗျား…

(ဟီး …သူ့တိုင်းပြည်သားကလွဲရင် သူ့ထဲ အဖြူအမဲ အဝါ ဝင်တာတွေ့ဝူးရယ်..

သိတယ်မလား …ဈေးချိုလို့ transit စီးကြတဲ့ကောင်တွေချည်းပဲ….)

 

 

japan tours တွေပါတဲ့ ကျနော်တို့ လေယာဉ်နဲ့ အော်ဇီ လေယာဉ် နဲ့ အပရိုင်(အပြိုင်)

ဆိုက်တာဆိုတော့ဗျာ ဘယ်ပြောကောင်းမလဲ အဖြူတွေ အဝါတွေခဲလို့

ကောင်တာသာ မလောက်မငှ ဖြစ်တာ မဟုတ်ဝူး ခည …ထိုင်စရာခုံကလည်း နည်းသေးတာ…

သူများ ၆ဂရု မစိုက်တတ်တဲ့ ဘိုတွေကတော့ ကြမ်းပြင် ထိုင်လိုထိုင် အိပ်လိုအိပ်နဲ့ ….စောင့်နေကြရတယ်…

 

transit ကောင်တာက မမ ရဲ့ ဆက်ဆံရေး ကတော့ ဗမာပြည် စာရေးမတွေကို တန်းတူ

လိုက်နိုင်ပါတယ်ခဗျား …..ကျောင်းပြေးမိလို့ အပြစ်ရှိတဲ့ကျောင်းသားတွေကို

ကျောင်းအုပ်ဆြာမကြီးက ဆုံးမတဲ့အထှာနဲ့ခဗျ...(အော် သည်လူတွေက သူ့ထမင်းရှင်ဆိုတာ

မသိလေရော့သလား ကွယ်….)

တုံးလေးထုပါတယ်…ဟန်တွေမာန်တွေ တခွဲသားနဲ့ခည. ….

သူ့နောက်မှာ ကတော့  နောက်ထပ် မမလှလှ ဗထက်ချိုက်မ

တယောက် ဘိုမတယောက်နဲ့ မပီကလာ ပီကလာ စကားအခြေအတင် ပြောနေပါတယ်…

နားထောင်ကြည့်လိုက်တော့ luggage ပျောက်လို့ ကွန်ပလိန်းတာပါခဗျား …

တုန်းထု မမ ကသူ့ ဘော်ဒါကို မဲ့ရွဲ့ပြီး လှမ်းလှမ်းပြောနေတာများ ဘာပြောလဲ

နားမလည်ပေမယ့် အခြေအနေ အမူအရာ ကိုကြည့်ရင် ချီးထုပ်တွေ အလုပ်ရှုပ်တယ်

ဘာညာ ပြောနေမှန်းတော့ ဂီအပါအဝင် သူ့ရှေ့က အဝါတွေ အဖြူတွေ နားလည်ပါတယ်ဗျာ..

 

 

နောက်ပိုင်း ဘိုထီးတကောင် ဘိုမ ဘက်ကဝင်ပြောတယ်ဗျ….တိုင်မယ်တောမယ် အလျော်တောင်းမယ်

ဘာညာပေါ့ …သည်တော့မှ အနှီဗလချိုက်တွေ ပြာကုန်ပြီး ၂ဘား တပ်ထားတဲ့ အရာရှိကို ပြေးခေါ်ပါတော့တယ်..

နောက်ပိုင်း ဘာဆက်ဖြစ်လဲ တော့ မသိပါ

(သူရို့လူမျိုးလည်း စိတ်အလိုမကျတဲ့အခါ ပါးစပ်က ကျွတ်တွေကျက်တွှေ လုပ်တတ်တာ သိခွင့်ရလိုက်၍

အနှီ မမများ ကျေးကျေးပါ….)

 

သည်လိုနဲ့ အရာရှိ နောက်တယောက် ရောက်လာပြီး တုံးထုပြီးသား သူတွေ နားနေဆောင်ဘက်

သွားဖို့ လုပ်တဲ့ လှေကားထိပ်မှာ တယောက်ချင်းစီရဲ့ passport  စာအုပ်တွေနဲ့ မျက်နှာတွေကို

တိုက်ဆိုင်စစ်ဆေးပါတော့တယ်ခင်ဗျား။ စာအုပ်တွေ ကို ဇက်ကနဲ ဆွဲယူ လှန်လှော…

ပွစိပွစိရွတ် ..(ဖတ်တယ်ပေါ့လေ…)

သူဖတ်ပီးမှ သွားစေပါတယ်ခင်ဗျား … လိုအပ်လို့လုပ်တာလား ဂိုက်ပေးကြမ်းတာလားတော့

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း နားမလည်တဲ့ ဂီလည်းမသိပါ….

ဂလိုနဲ့ ဂီ့အလှည့်ရောက်လာပါလေရော …စာအုပ်နီနီလေးထုတ် …နှာခေါင်းရှုံ့…

ဒါ့ပုံနဲ့ မျက်ခွက်နဲ့ တိုက်ကြည့် …. ပီး ပြောသေးတယ် …i can’t say ..

အော် ..ဆြာသမားရယ် မပြောနိုင်လည်း မပြောနဲ့ပေါ့ ….ပီး မေးတယ်ဗျ…

ပီသကြည်မြတဲ့ လေသံ စုတ်စုတ်ကြီးနဲ့  ဂီ့DoB ကို …..

တခါမှ အဲ့လောက် မပီတာ မကြားဖူးပါခင်ဗျား

Grammar ကိုစမ်းဦးမလား ..what is date of birth of this passport ? တဲ့

(what ? what? နဲ့ ၃ခါလောက် ကွန်ဖမ်းပီးမှ သိတာနော် ဒါတောင် …အနှီပုဂ္ဂိုလ်နယ့်

listening ပါ အားနည်းရှာသကိုး….)

သည်တော့ ဆက်ရရင် မွေးနေ့ဒိတ်လေး မှန်အောင်ရွတ်ပြပီးသကာလ (January ကို

နားမလည်လို့ ဂဏန်း ရွတ်ပြခဲ့ရပါတယ်ဆြာတို့ …) ဂီလည်း အပေါ်တက်ခွင့်ရပါတော့တယ်…

ကိုယ့်စာအုပ်ကိုယ်ပြန်ကြည့်တော့မှ အော်…. စာအုပ်ထဲက ဒါ့ပုံလေးက ထမင်းမဝတဲ့  မွန်သူပုန်

မှုန်ပြပြလေးဖြစ်နေတာကိုး …. (အပြင်မှာတော့ အီတာလျံ ဂျစ်ဂိုင်လို ရုပ်ရီး ဟီး ….)

ဟုတ်ကဲ့ professional photography လောကမှာ အစုတ်ပြတ်ဆုံး ကင်မလာ နဲ့

အညံ့ဆုံး ဒါ့ပုံဆြာ ဘယ်မှာ ရှိလဲ သိသလား မေးလျင် သိပါသည်။ ပြောပြပါမည်…(မလန့်ပါနဲ့ ဆြာသော့တို့ ဆြာမှော်တို့

…ခစ်ခစ်…) မလနရုံးမှာရှိပါသည်ခင်ဗျား….။(ဟုတ်တာပြောတာကွာ မကျေနပ်လည်း မီးဒုတ်ပဲ…)

 

တိုက်ဆိုင်လို့ ဒါ့ပုံဆိုင်ရာ ဟာသလေးတစ်ခု ဖောက်သည်ချရရင်

အယ်လ်ဘမ် ၁အုပ် ။ ဒါ့ပုံလေးကလည်း  တပုံပဲပါတယ်. ..ပါတဲ့ပုံကလည်း ရစရာမရှိအောင်

စုတ်ပြတ်သတ်နေမယ်ဆိုရင် …အဲ့ဒါ သင့် passport စာအုပ်ပါပဲ တဲ့

 

သည်လိုနဲ့ ဂီလည်း dutyfree တွေရှိတဲ့ နားနေဆောင်ဘက် လျောက်ကြည့် ဒါ့ပုံလျောက်ရိုက်ခဲ့ပါတော့တယ်…

ဒါ့ပုံတွေက သည်မှာပါ…

 

1. Koto girl …she plays 18strings guitar

 

2. Vietnamese version of Barbie girls

 

 

3. focus on flute

 

4. Reverse to Innlay

 

 

 

5. Oh my God!

6. Vietnamese Pokemons?

 

7. they are also famous for Khamouk

 

 

8. Post me ..!

 

 

9. Dragon Medallion 

 

 

10. Let’s have a massage ….(spot metering mode)

 

 

 

11. Replica of Europa League?

 

12. Fatty gal @ bar counter

 

13. All Closed

 

ရှားပါးတရိစာ္ဆန်တွေ အကောင်အရှင်တွေ ဝယ်ယူတာမျိုးကို တားမြစ်ထားတဲ့ စာတမ်းကို မရိုက်ဖြစ်ခဲ့တာနာတယ်ဗျာ..

do not buy the trouble တဲ့ …dutyfree ဆိုင်တန်းတွေရဲ့ ကျောဘက် bar counter လေးဘေးမှာ

ပြူးနေအောင် ရေးထားတာပါ …..အတော် ရယ်ချင်သွားပါသည် … dutyfree ဆိုင်တွေ ဘာတွေခိုးရောင်းဖူးလို့လဲတော့ မသိ…

 

ကောင်တာမှာ ၁နာရီလောက် အချိန်ဖြုန်းခဲ့ရတဲ့ တနားစရာ ဂီဂီလေးဟာ ၁၁နာရီလောက်ထိ ဆိုင်တွေ လှည့်ပတ် ငန်းကျောထအပြီး

ခန်းမကြီးထဲမှာ အရှေ့ကျွန်းကို သွားမယ့် လေယာဉ်ကြီးကို တကိုယ်တော် ၁နာရီလောက်ထိုင်စောင့်လိုက်ရပါသည်ခင်ဗျား

 

 

ကျေးဇူးတင်တယ် ဗီယက်နမ်ရေ့…အဲ့ညက ပဲ ခန်းမထဲက မီးလုံးတွေကို  metering-mode အမျိုးမျိုးပြောင်း ..စမ်းသပ်ရိုက်ကူးပြီး

လေ့လာခွင့်ရခဲ့တဲ့အတွက်ပါ

 

 

P.S မလန က ဒါ့ပုံဆြာများ မကျေနပ်ရင် ချိန်းရိုက်နိုင်ပါသည်။ 

ဘားလမ်းကနေဓါးထမ်းစောင့်နေမယ်။ 

တရုတ်တန်းကနေ တုတ်ထမ်းစောင့်နေမယ်ကွ …… 

 

Post နဲ့ ဘာမှတော့ဆိုင်ဝူး …evaluate metering mode စမ်းချင်တာနဲ့

sunset နဲ့ အတော်ဘဲ ဖြစ်တွားတယ်

ဝရံတာ ထွက်ရိုက်ထားတာပါ…

 

 

 

s-90, 95, 100 မှာလည်း  ရိုက်လို့ရတယ်နော

ခုတလော မျက်စိနဲ့လက်တွေ့ မြင်မှ ယုံတယ်လို့ နာမည်ကြီးနေတဲ့ သဂျီးအတွက်

လက်ဆောင် …

ပုံ

ဂီဂီ

23 comments

  • windtalker

    November 27, 2011 at 1:57 pm

    ဒါကြောင့် ဘားလမ်းထိပ်ရောက်တုန်းက ၊ ဓါးမကြီးကိုင် ၊ ကျောက်တုံးကြီးပေါ်တင် ၊ ငုတ်တုတ်ခလေး ထိုင်သွေးရင်း သူလှမ်းမေးတာကိုး ။ “ ဓါးသွေးဦးမလား အကိုတဲ့ ”
    တရုတ်တန်းမှာတော့ ၊ သူကလေး က အဟုတ်ထမ်းရှာပါတယ် ၊ ဖြိုး ရဲ ့အထုပ်ဆန်းကြီးကို ။
    🙂

  • weiwei

    November 27, 2011 at 2:06 pm

    ဗလချိုက်စကားကတော့ နားထောင်လို့တော်တော်မကောင်းတဲ့စကားထဲမှာပါတယ် … ဒီအတိုင်း စကားပြောနေတာတောင်မှ ရန်ဖြစ်နေသလိုလိုပဲ … အသံအနိမ့်အမြင့်တုန်းတွေလဲ တော်တော်များတယ်ပြောတယ် …

    • inz@ghi

      November 27, 2011 at 2:42 pm

      မမဝေ ခင်ဗျား .
      ဟင်းချက်နည်း သင်တန်းတက်ရန်အလို့ငှာ .မမဝေရဲ့ g-talk ကို add ရန် ကြည့်လိုက်မိ သော်လည်း
      account မှာ ပေးထားသော နာမည်ကိုတွေ့ကာ ကြောက်ရွံ့လှ သဖြင့် မ add ရဲ တော့ပါခင်ဗျား..

      😀

      • weiwei

        November 27, 2011 at 3:16 pm

        သူကြီးနံမည်ကို ထိပ်ဆုံးကတွေ့လိုက်လို့ မဟုတ်လား … 😛
        မကြောက်ပါနဲ့လေ … ဗမာလို အသံမထွက်ပဲ တရုတ်လို အသံထွက်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် … 🙂

        • inz@ghi

          November 27, 2011 at 3:18 pm

          ဟီး ..ဂျာပွန်လို အသံထွက်မိလို့
          ခိခိ…

  • inz@ghi

    November 27, 2011 at 2:19 pm

    အောက်ဆုံးပုံ နဲ့ ပါတ်သတ်လို့ ပြောမယ်ဗျ..
    ဆသော့စ် နဲ့ ဆြာမှော် တို့ရေ….
    ဘမ်းတော့ ဘမ်းတွားတဒယ် တတ်နိုင်ဝူး..
    reverse-nd နဲ့ CPL သုံးတာဘဲ….
    နောက်နေ့ကျမှ long-exposure ရိုက်ကြည့်ဦးမယ်
    ND-400 တပ်ပီး …ဟီး…

    ဝေဖန်ပါဦးနော့

  • ဆူး

    November 27, 2011 at 2:54 pm

    ဗီယမ်နာမ် ပိုက်ဆံကတော့ ကိန်းဂဏန်းတွေ ကြီးလွန်းတာတော့ လန်ထွက်နေတာပဲ တွက်ရင်းနဲ့ ချာလပတ် လည်သွားတာပဲ.. ဆူး သွားတဲ့ အဖွဲ့မှာ အဘိုးကြီးတယောက် မြန်မာပိုက်ဆံတွေ အထုတ်လိုက်ပါလာတာ တွေ့လို့ အရစ်ခံရတယ်။ မများပါဘူး ၁၀၀ဝ တန် ၅၀ဝ တန် ၂၀ဝ တန် အစုံပေါ့.. စုပြီး သရေကွင်းနဲ့ စည်းထားတာဆိုတော့ လဝက လူကြီးက သူတို့ စိတ်ထဲ တော်တော် များတယ် ထင်ပုံရတယ်။ အဲဒါကြီးကို ထုတ်ပြ ထုတ်ပြ ဆိုပြီး အတင်းမေးတယ် မင်း ငွေတွေ ခိုးထုတ်နေတယ် ဘာညာပေါ့.. ဟို ဘိုးတော် ကလည်း အင်ဂုလိ လို မတတ်.. ဘေးက လူက မြန်မာ အချင်းချင်း ရှင်းပြမယ် ဆိုရင်လည်း မင်းနဲ့ မဆိုင်ဘူး ထွက်သွားဆိုပြီး အော်ထုတ်.. ရီတော့ ရီရတယ် အဲဒီ ဘိုးတော် မျက်နှာ ဇီးရွက်လောက်ပဲ ရှိတယ် သနားစရာ မျက်နှာနဲ့ ဖြစ်နေပြီ.. သူပြောတာ နားမလည် ဟိုလူပြောတာ သူ မရှင်းနိုင် အခြေအတင်နဲ့ နောက်တော့ နားမလည်တဲ့ အဆုံး မြန်မာ တယောက်က ဝင်သွားပြီး အဲဒါ ဘယ်လောက်မှ မတန်ဘူး ဝင်ပြီး အော်လိုက်တော့.. အသံမာမာ နဲ့ ပြောတော့ မျက်နှာ မော်ကြည့်ပြီး မင်းဘာကောင်လဲ ပုံစံနဲ့.. ပြီးတော့ ဟိုက လှမ်းပြောတယ် ဒါ မီလျံ ကျော်တယ်ကွ.. ဝင်ဟောက်တဲ့ လူက စိတ်ပေါက်ပေါက် နဲ့ မင်းလိုချင်ရင် ငါ လက်ဆောင်ပေးလိုက်မယ် တန်တယ် ထင်ရင် ယူထားလိုက် လေယာဉ်ချိန်နောက်ကျမယ် ဆိုတော့မှပဲ လဝက က လွတ်ပေးပြီး အုပ်စု လိုက် ထွက်လို့ ရတယ်။

    • inz@ghi

      November 27, 2011 at 2:59 pm

      တိန်…
      ကမာ္ဘ့ ငွေမာ စာရင်းမှာ နံပါတ်-၁စွဲတဲ့ ငွေထုပ်ကိုများ … (မာမှာပေါ့ ….တိပ်တွေနဲ့ ကပ်ထားတာကိုး)
      အလကားပေးတာမယူ တဲ့ ဗထက်ချိုက် …မိုက်ပါ့ …..

      နောက်တခါ ကြုံရင်ပြောပေးပါ ဖွားဆူးရယ် …
      ငါတို့ပိုက်ပိုက်က အဖာ၁၀ဝ ဖြစ်လည်း သုံးရတယ်… ပလတ်စတင်လောင်းလဲ သုံးရတယ်..
      ထပ်ခြမ်းဖြဲ ပြန်ကပ်လည်း သုံးရတယ် ၄ပိုင်းပိုင်းထားပီး ကိုယ့်ဟာကိုယ် ပြန်ကပ်လိုက်
      ဆိုလည်း သုံးရတယ် ဆိုတာ …သကောင့်သား သိအောင် ပြောပေးပါဦးနော်..
      😀

  • kai

    November 27, 2011 at 3:24 pm

    (သူရို့လူမျိုးလည်း စိတ်အလိုမကျတဲ့အခါ ပါးစပ်က ကျွတ်တွေကျက်တွှေ လုပ်တတ်တာ သိခွင့်ရလိုက်၍ အနှီ မမများ ကျေးကျေးပါ….)

    ဒါလေးအတွက်.. ထပ်ပြီး ကျေးကျေးနော…။ 🙂

  • MaMa

    November 27, 2011 at 3:32 pm

    (အယ်လ်ဘမ် ၁အုပ် ။ ဒါ့ပုံလေးကလည်း တပုံပဲပါတယ်. ..ပါတဲ့ပုံကလည်း ရစရာမရှိအောင်
    စုတ်ပြတ်သတ်နေမယ်ဆိုရင် …အဲ့ဒါ သင့် passport စာအုပ်ပါပဲ တဲ့)
    မှန်လိုက်တာ။ ဓာတ်ပုံကို ကိုယ်တိုင်ရိုက်ယူသွားလို့လည်း မရ။ သူတို့ရိုက်ပေးတော့လည်း ပုံတွေက လန်းလွန်းလို့ အဲဒီအယ်လ်ဘမ်ပြလိုက်ရင် ဓာတ်ပုံကြည့်လိုက်၊ လူကိုကြည့်လိုက်နဲ့ ၂ ပြန်လောက်လုပ်ပြီးမှ ပေးသွားတယ်။ 🙁

    • nikita

      November 28, 2011 at 5:00 pm

      ဘယ်ကသာ
      passport စာအုပ်တင်မကဘူး
      နာတို့ ရုံးက ဝန်ထမ်းကဒ်လဲ ပါတယ်ကွ
      ကိုယ့်ဘာသာတောင် ထုတ်မကြည့်ရဲဘူး
      လန့်လွန်းလို့

      • inz@ghi

        November 28, 2011 at 5:22 pm

        ဟိုက်…..
        သေပီဆြာ…..
        ကိုယ်ပြန်တော်လှန်ခံရဘီ …..

        နီတို့ရုံးက ဝန်ထမ်းကတ်တွေ ဘယ်သူလုပ်တယ်ထင်လို့ဒုံးဟ…

  • blackchaw

    November 27, 2011 at 3:49 pm

    အရက်ပုလင်းတွေရောင်းနေတာ ဗီယက်နမ်မလေးလားဗျာ။
    နည်းနည်း ထင်ထင်ရှားရှား ရိုက်ခဲ့ရောပေါ့ ဂီဂီ ရယ်။

    • inz@ghi

      November 27, 2011 at 3:59 pm

      ခိုးရိုက်ရတာဂျ ….
      သူရို့က ရောင်းလည်းရောင်းချင်တယ်
      ပြလည်းပြထားတယ်….
      ဘတ်
      ကင်မလာ ထွားရင် ပေးမရိုက်ချင်ဝူးရယ်…
      စိတ်ပိန်ဒလယ်

      • E.T

        November 27, 2011 at 9:32 pm

        အဲဒါကြောင့်ပြောတယ် ထွားထွားကြီးတွေ မကိုင်ပါနဲ ့လို ့။ သေးသေးကိုင်သင့်တဲ့ အခါကိုင်ရတယ်။ ကင်မလာကို ပြောထှာ။

  • naywoonni

    November 27, 2011 at 8:32 pm

    ဖတ်ရင်းနဲ့ မျက်စိထဲ မြင်ယောင်လာပါတယ်………ဗ လက်ကျိုက်မလေးတွေကို…………. 😛

    • windtalker

      November 27, 2011 at 8:48 pm

      လိုအပ်နေတာ..သူ လိုအပ်နေတာ
      နောက်တစ်ခါ ဓါတ်ပုံရိုက်ရင်ကွာ
      လူပျိုသိုးကြီး ဦးနီပါ
      သူ ့အတွက် ရိုက်ပေးဟာ

  • မှော်ဆရာ

    November 27, 2011 at 10:19 pm

    ဆရာလေး ဒါးထမ်းစောင့်နေတယ်ဆိုလို့
    ဘာမှ မမန်းရဲတော့ပါ ..

  • ကြောင်ကြီး

    November 27, 2011 at 11:01 pm

    စာထဲမှာ ဖတ်ဖူးတာ အမေရိကန်တွေက ဗီယက်နမ်မတွေကို အရှေ့တောင် အာရှမှာ အလှဆုံးတဲ့။ မျက်နှာပေါက်အကျကတော့ လူတကိုယ် အကြိုက်တမျိုးဖြစ်လို့ မဝေခွဲတတ်ပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကြတော့ အကြိုက်က အမျိုးသားများ တူတာများတယ်။ 😀 သူတို့ကိုယ်လုံးလေးတွေက သွယ်သွယ်လျလျလေးတွေ၊ စားတဲ့အစာကလည်း ဆီမပါ ရေလုံပြုတ်။ ဝတဲ့မိန်းခလေး သိပ်မရှိဘူးတဲ့၊ ပိုပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ပျမ်းမျှကိုယ်လုံးကိုယ်ပေါက် အချိုးအစားကို မြင်ကြည့်ဖို့ပြောတာပါ။
    မြန်မာကိုတော့ ဒုတိယ အလှဆုံးတဲ့၊ ဒါကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ ဖြစ်မယ်။ အင်ဒိုနီးရှား သူငယ်ချင်းတယောက်ကတော့ မြန်မာပြည်က မော်ဒယ်၊ မင်းသမီးတွေကို ရေရေလည်လည် ဝေဖန်တယ်။ မင်းတို့နိုင်ငံမှာ ချောလှတဲ့ မိန်းခလေး မရှိဘူးလားတဲ့။ ဟုတ်လည်ဟုတ်တယ် အင်ဒိုနီးရှား ဆယ်လစ်ဘရစ်တီတွေဆို very very sexy… စတိုင်ရော၊ ရုပ်ရူပကာပါ ကွာတယ်။ ဓာတ်ပုံပညာတခုထဲကြောင့် မဟုတ်ဘူး။ အသားအရည် အပြင်အဆင် ထိန်းသိမ်းမှုများကြောင့်လဲ ပါမှာပေါ့နော်။ ဒါမျိုးဆိုတာ နေ့ခြင်းညခြင်း လုပ်ယူလို့ရတာမှ မဟုတ်တာ။။ မြန်မာမိန်းခလေးများ လှနိုင်ကြပါစေ။

    တက်မက်ခြင်းကင်းသောဦးကြာင်ကြီး 😎

    • ပေါက်ဖော်

      November 28, 2011 at 10:19 am

      ဝုတ်ဒယ်..ဝုတ်ဒယ်….ဖြစ်နိုင်တယ်..
      နမူနာကို..၈ပုံမြောက် Post me! မှာ ကြည့်ကြည့်…..
      😆

    • inz@ghi

      November 28, 2011 at 10:23 am

      ဥကြောင်
      တားတား မရှင်းတာလေး မေးဂျင်ရို့
      [ကိုယ်လုံးကိုယ်ပေါက်] လို့ ဥကြောင်ရေးထားတယ်ရေ..
      အဲ့လာ ဘာကျောရာ လဲဟင်င်င်င်
      ကိုယ်လုံးကတော့ ဟုတ်ပါဘီ
      ကိုယ်ပေါက်ကတော့……၊၊၊??????

      • ပေါက်ဖော်

        November 28, 2011 at 10:31 am

        ကိုပေါက် ဒါပုံရိုက်နေသည်

  • nozomi

    November 28, 2011 at 11:05 am

    ဟနွိုင်းမှ အလွဲများ ပြီးရင် ဟနွိုင်း မှ အကွဲများလဲ သိချင်ထှာ၊ လုပ်ပါဦး ဆြာ

Leave a Reply