BLACK SUNDAY II

black chawNovember 27, 20111min56627

ဒီနေ့ မနက် သူကြီး နှင့် သူ၏ ရွာသူားများလို့ ပြောလို့ရတဲ့ ဘဝင်မကျတာလေးတစ်ခု ပို့စ် က ကွန်းမန့်တွေကို
ဝင်ဖတ်ပြီး ဘုန်းကြီးက အပေါ်က တရားဟောတာနဲ့ ပတ်သက်တာလေး ဖတ်လိုက်ရပါတယ်။ အဲဒါနဲ့ ဘလက်တစ်ယောက်
ဂယာရောက်စဉ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတစ်ပုံကို ပြန်ရွေးခြယ်ပြီး သကာလ အခုလိုပဲ တင်ပြဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်ရေးခဲ့တဲ့ မှတ်မိသမျှ ဂယာ(၃) မှာ ပါတာလေးကို ပြန်ရေးပြချင်ပါတယ်။

6th Annual International Tipitaka Chanting Ceremony to the held under the Bodhi Tree in Bodhgaya, India (December 2 – 12, 2010) လို့ တွေ့လိုက်ရပါတယ်။ ဆဌမအကြိမ် နိုင်ငံတကာ ပဌာန်းရွတ်ပွဲ လို့ ဘာသာပြန်ရမလား မသိပါဘူး။ ဗုဒ္ဓ ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေ အကုန်ပါတယ်လို့ ပြောပါတယ်။ သီတဂူဆရာတော်ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။

အဲဒီအပေါ်ကပွဲမှာ ဘုန်းကြီးတွေ အပေါ်က ထိုင်ခုံမှာ ခန့်ခန့်ကြီးထိုင်နေတဲ့ ပုဂ္ဂိုလ်အကောင်းစားတစ်ယောက်ကို တွေ့ရမှာပါ။
နေရာက ဗုဒ္ဓရဲ့ အောင်မြေ ဂယာမြို့က ဗောဓိညောင်ပင်ကြီး အောက်နားမှာနော်။ ကဲ ဘုန်းကြီးတွေ အပေါ်က လူတစ်ယောက်က
ထိုင်နေတယ်။ ဘယ်လိုမှတ်ချက်ပေးကြမလဲဗျာ။
တနင်္ဂနွေ မနက်ပိုင်းမှာ ပို့စ်နှစ်ခုတင်ဖြစ်ပါတယ်။ ပထမ ပို့စ်က BLACK SUNDAY တဲ့။ ဒီပို့စ်ကတော့ BLACK SUNDAY II ပေါ့ဗျာ။

27 comments

  • windtalker

    November 27, 2011 at 1:09 pm

    ဘယ်လို မှတ်ချက်ပေးရင်ကောင်းမလဲ ဆိုတော့
    ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့
    အရာခပ်ကြီးကြီး ရှိတဲ့ကောင် တစ်ကောင် ဖြစ်မယ် လို ့ထင်မိပါတယ် ဗျာ

  • htoosan

    November 27, 2011 at 1:36 pm

    Negative thinking နဲ့တွေးမယ်ဆိုရင် ရင်ဘတ်မှာလည်း တံဆိပ်ကြီး ချိတ်လို့။ ဘိနပ်လဲ စီးထားတယ် မိုက်ရိုင်းတဲ့ သူ၊လို့ ပြောပါမယ်။
    Positive thinking နဲ့ တွေးမယ်ဆိုရင် ဒီလူကြီး အောက်မှာ တင်ပလ္လင်ချထိုင်လို့ မရရှာ တဲ့သူ၊ အရိုး အကြော ပြသနာ ရှိသူ ၊ wheel chair နဲ့ နေရသူ (wheel chair မှ ရွေ့ပေးပြီး ထိုင်ခိုင်းထားရတဲ့ အရေးပါ အရာရောက် သူပါမှ ဖြစ်မည့်သူ ) များဖြစ်မလား လို့ မှတ်ချက်ပေးရပါ့မယ်။ 😀 😀

    သူ့ဇတ် နဲ့ သူ့ဓလေ့ လည်းဖြစ်နိုင်တာဘဲ။

  • weiwei

    November 27, 2011 at 1:56 pm

    ဂါယာမှာတုန်းက သီရိလင်္ကာဗုဒ္ဓဘာသာဝင်တွေကို သတိထားခဲ့မိတယ် … သူတို့တွေက ဘုရားရှိခိုးတာကို ခြေထောက်ကိုစင်းပြီး ရှိခိုးကြတယ် … သူတို့ယဉ်ကျေးမှုနဲ့သူတို့ ဟုတ်နေတာပဲ … ယဉ်ကျေးမှုဓလေ့စရိုက်နဲ့ ဘာသာရေးအယူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ထင်ပါတယ် … စိတ်ထဲမှာ ဘယ်လိုမှမဖြစ်ပဲ နေသာထိုင်သာရှိရင် အေးဆေးပဲနေမှာပေါ့ ….

    မြန်မာပြည်မှာဆိုရင်တော့ အဲဒီလို ဘယ်သူမှ ထိုင်ရဲမယ်မထင်ပါကြောင်း … ငရဲကြီးမယ်လို့သိထားတယ်ဆိုတော့ ကြောက်မှာပေါ့လို့ … သူများကဲ့ရဲ့မယ်ဆိုတာ သေချာသိနေတော့လဲ မလုပ်ရဲဘူးပေါ့နော် …

  • thit min

    November 27, 2011 at 1:57 pm

    ယခုလို ထိုင်ခြင်းကို ဤနေရာတွင်ထိုင်ခြင်းဖြစ်သည်ကိုမူကား
    ယုံမှားသံသယစိုးစဉ်းမျှမရှိ ထင်ရှားသည်။

    ဤသူ၏ နှလုံးသားသည် ဤသို့ပင်ဖြစ်လာရခြင်း၏အကြောင်းတရားတို့ရှိပေသည်။
    ယခုမူကား ဤအကြောင်းတရားတို့သည်ပင် အသစ်အသစ်သောအကျိုးတရားကိုဆောင်လေပြီ။

    ယင်းအကျိုးတရားအသစ်တို့၏ ယခုအပြုအမူသည်ကားအကြောင်းတရားအသစ်ဖြစ်ပြန်ပြီ။
    ဤအကြောင်းတရားသည် အကုသိုလ်ဖြစ်ပါက အကျိုးတရားသည်လည်း အကုသိုလ်ရလာဒ်တဖန်ဖြစ်ရပေအုန်းမည်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~။

    အလို ……
    ဤသူသည်ကား
    နဖူးလည်း မောက်၏။
    နှာယောင်လည်းကောက်၏။
    မျက်ထောင့်လည်းနီ၏။
    အရိပ်လည်း မထွက်။
    အို ဤ သူသည်ကား…..
    (သိဘူးဗျာ)
    (^^)
    ~~~~~~~~~~~~~~။။

    အို အသင် လူသား….
    သင် ……..သည် ကြက်သားလောက် ဈေးမကြီး။

    • windtalker

      November 27, 2011 at 2:00 pm

      ကစ်သိုရေ
      သူ ့အသားက ကြက်သားလောက် ဈေးမရပေမယ့်
      သူ ့ကျောက်ကပ် ၊ သူ ့အသည်း ၊ သူ ့မျက်လုံး တို ့ဟာဖြင့်
      ၇၀% လောက်ကောင်းဦးမယ် ဆိုရင်
      ဈေးကောင်းရလောက်တယ်နော
      သူဌေးမဖြစ်တောင်…၂ နိုင်ငံ ရှော့ပင်းထွက်စာလောက်တော့ ပြေးမလွတ်လောက်ဘူးဗျ
      ဟီဟိ

  • MaMa

    November 27, 2011 at 2:59 pm

    ရိုးရာရယ်၊ ယဉ်ကျေးမှုရယ်၊ ဓလေ့ထုံးစံတွေရယ်လို့ အမည်တပ်ပြီး ရောသမမွှေလုပ်လိုက်တော့ ကျမတို့လည်း ပုံစံခွက်လေးမှာ နေသားကျသွားပါတော့တယ်။
    ကိုယ့်အမြင်နဲ့ ပြောရရင်ဖြင့် ဝေဝေပြောသလို ဘဝင်မကျစရာပါပဲ။ အဲဒီ ခုံပေါ်မှာ မိန့်မိန့်ကြီးထိုင်နေသူဟာ ဘာ ဘာသာဝင်ပဲ ဖြစ်ပါစေ အဂါရဝ ဖြစ်တယ်လို့ ထင်မိပါတယ်။

  • htoosan

    November 27, 2011 at 3:33 pm

    သေချာ ပြန်ကြည့် မှ နောက်မှာ နောက်တစ်ယောက်ရှိသေးတယ် ။
    ကျွန်တော်တို့ဆီက ဓလေ့မျိုုး မရှိလို့ ဖြစ်ပါလိမ့်မယ်.။

  • blackchaw

    November 27, 2011 at 3:42 pm

    ယိုးဒယားမှာလည်း
    ကြမ်းပြင်မှာထိုင်ပြီး ရှစ်ခိုးတာ မတွေ့ဘူးဗျ။
    သူတို့လည်း ထိုင်ခုံပေါ်မှာပဲထိုင်ပြီး လက်အုပ်ချီတာပဲတွေ့ပါတယ်။

  • aye.kk

    November 27, 2011 at 3:53 pm

    အဲဒီပုံက်ိုတွေ ့ရတော့..
    ဘာလုပ်ချင်သလဲသိလား..
    ခြေထောက်အလယ်ကိုဓားနဲ ့တည့်တည့်ခွဲ..
    ဆားထည့်ပြီးသိပ်ကာ..သူ ့အမေက်ိုပြချင်တယ်..။

  • kai

    November 27, 2011 at 4:25 pm

    တိုတိုပဲ…ပြောကြည့်မယ်နော…

    တကယ်တော့.. မည်သူမဆို.. အပေါ်မှာထိုင်သင့်ချိန် ထိုင်သင့်ရင်… ထိုင်ရမှာပေါ့..။
    အဆိုတော်ဟာ သီချင်းဆိုဖို့.. လူအများမြင်ရတဲ့.. စင်မြင့်ပေါ်တက်ဆိုရမှာပေါ့…။
    နိုင်ငံရေးခေါင်းဆောင်ဟာ.. လူထုကို လွှမ်းခြုံမြင်ရတဲ့နေရာတက်ပြီး.. မိန့်ခွန်းပြောရမှာပေ့ါ..။
    အခန်းအနားမှုးဟာ.. အခန်းအနားတက်လာသူတွေအားလုံးခြုံငုံမြင်ရတဲ့နေရာ တက်ပြီး နေရာယူရမှာပါ…။

    အဲ..
    ရှေ့ခုံမြင့်ပေါ်မှာကိုယ်ကထိုင်… သူများတွေက.. တန်းတူထိုင်ခွင့်မရှ်ိ.. အောက်မှာ ရိုသေလေးမြတ် လက်အုပ်မိုး၍ ဖူးမျှော်မာန်လျှော့.. လုပ်နေခိုင်း(ဖြစ်နေခိုင်း)ရင်တော့ ပြဿနာဖြစ်လာပြီ..
    .. အဲဒီလို ..လုပ်ကြရတာကိုက.. ငါတို့ထုံးစံ..ယဉ်ကျေးမှုလို့ကို.. လူထုအများစုက.. လက်ခံယုံကြည်နေပြီဆိုရင်တော့.. မဟာ ပြဿနာဖြစ်တော့တာပါပဲ..။

    ဒီဓလေ့ကနေ..
    အပေါ်မှာထိုင်ရင်မြင့်မြတ်တယ်..။ ခြေထောက်ကနိမ့်ကျတယ်.။
    မိန်းမက..ယောကျာ်းထက်.. ဘုန်းနိမ့်တယ်.။
    ကလေးက.. လူကြီးတွေကြားထဲ ဝင်မပါရဘူး..။
    သူကငါ့ထက်နိမ့်တယ်..။
    ငါကသူ့ထက် မြင့်တယ်..
    ငါကဘဝပေးကံကောင်းလို့.. သူ့ထက်သာသူဖြစ်တယ်..။
    ဆိုတဲ့.. လူသားအချင်းချင်း.. တန်းတူညီမျှခြင်းကို ဖြိုခွင်းစေတဲ့..စိတ်တွေဖြစ်လာတော့တာပဲ..။

    “ဒါလေးများ… ဘယ်လောက်အရေးကြီးသလဲ..”

    အမေရိကပြည်ထောင်စုရဲ့.. တည်ထောင်သူတဦးဖြစ်တဲ့ Thomas Jefferson က.. အမေရိကပြည်ထောင်စု လွတ်လပ်ရေးကြေငြာစာတန်းအတွက်.. . ပထမဆုံးစာတကြောင်း..၁၇၇၆ခုနှစ် ကချရေးခဲ့တယ်..
    “All men are created equal” တဲ့..။
    တန်းတူညီမျှမှုပြတဲ့.. စာတကြောင်းပဲ..။
    ဒီခွင့်ပြုချက်.. အာမခံချက်ကလေးကနေ..
    … အမေရိကန်တွေက.. သမ္မတကိုလည်း.. တန်းတူစိန်ခေါ်ပြောရဲလာတယ်.။
    ဖာသာ..ပါစတာကိုလည်း.. ပြန်လှန်ဆွေးနွေးရဲလာတယ်.။
    (အဲဒီခေတ်က.. ဥရောပမှာ.. ရိုမန်ကက်တလစ်ဘုန်းတော်ကြီးတွေကို.. လှန်ပြန်ပြောရင်.. သတ်ခံရတတ်…တယ်…)
    ကိုယ့်အခွင့်အရေးကို.. တောင်းဆိုရဲလာတယ်..။… သူ့အခွင့်အရေးကို..ကာကွယ်ပေးတတ်လာတယ်..။

    ဒါဟာ.. လူသားတွေ.. တန်းတူညီမျှမှုမှာ.. အင်မတန်အရေးကြီးမှန်းသိလို့.. ကုလသမဂ္ဂက.. လူ့အခွင့်အရေးကြေငြာစာတန်းရဲ့.. ပထမအပိုဒ်မှာ (ဘာသာရေးအယူအဆမထည့်ပဲ) “All human beings are born free and equal in dignity and rights.” လို့ ပြင်ရေးခဲ့တာပါ..။

    ဒါကို စောကတတက်ချင်ရင်..
    ရှေ့မှာထိုင်နေတဲ့.. လေးတန်းစာ..ဂဏန်းသချင်္ာလောက်တောင် မတွက်တတ်တဲ့.. ဘုန်းတော်ကြီးတပါး.. တရားဟောနေတာ.. ပါရဂူအဆင့်လောက်တတ်နေတဲ့.. လူတယောက်က… မတ်တတ်ရပ်ပြီး..အရှင်ဘုရား မှားနေတယ် ထောက်ရဲသလား.. မေးရမှာပဲ..
    ဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်နားမလည်တဲ့.. ဗိုလ်ချုပ်(စစ်သား)က.. လက်ညိုးထိုးပြီး စိတ်ကူးတဲ့ရာ.. လုပ်ချင်တာ.. ပြောချင်ရာပြောနေတာကို.. မာစတာအဆင့်အင်ဂျင်နီယာတယောက်က.. ခင်ဗျားမှားနေတယ်လို့.. ပြန်ဆွေးနွေးရဲသလား.. မေးရမှာပဲလေ..
    အင်း..
    တခြားသူတော့မသိ…။ကျုပ်တော့..တသက်လုံးရိုက်သွင်းခံထားရလို့..
    င……ရဲ……ကြီး……မှာ……ကြောက်……တယ်..။ 😆

    • inz@ghi

      November 27, 2011 at 4:52 pm

      သူ့ တိုတိုကလည်း …ဟို မေးခွန်းပဲ မေးတဲ့ချာတိတ် ပိုစ့် ၅ဆလောက်ရှည်တယ်…

      လွပ်လပ်ရေး ကြေငြာ စာတမ်းဆိုလို့ ဘယ်ပညာရှိ ဘယ်တက္ကသိုလ်မှာမှ မသင်တဲ့
      ဂီဂီ့ အုန်းကျူမ်း စာပေလေ့လာနည်း ပြောပြမယ်.. ခစ်ခစ်…

      ၁)။ National Treasure ကြည့်တယ်…Nicolas Cage (သူ့ကိုအကြိုက်ဆုံးအချက်က ဂီနဲ့ မွေးနေ့တူလို့…)
      ၂)။ Wiki မှာ ရှာဖတ်တယ် ဇာတ်လမ်းကျောရိုးကို နားမလည်တာတွေ နားလည်အောင်လို့
      ၃)။ မင်းသမီး သဘောကျလို့ အနှီမင်းသမီးအကြောင်း လိုက်ဖတ်တယ်…
      (သည် step က omit လုပ်လို့ရပါတယ်..ပြောချင်တာက ပင်မ အကြောင်းအရာတခုကနေ ဆင့်ပွားပြီး
      အခြားအကြောင်းအရာ တခုကို လေ့လာနိုင်တယ်ဆိုတာပါ)
      ၄)။ Rotten Tomatoes တွေ တပုံကြီးရတာ တွေ့တယ် ….ဆက်ပြီးဖတ်တယ်…ဘာလို့လဲပေါ့
      ဟုတ်ကဲ့ သမိုင်း အထောက်အထား ဆိုင်ရာ အချက်အလက်တွေ မှားယွင်းလို့ …မခိုင်မာလို့
      ၅)။ အဲ့သည့်ကမှ သမိုင်းအထောက်အထားတွေ လျောက်ဖတ်ဖြစ်တယ် …အထက်ကဆိုခဲ့တဲ့
      လွပ်လပ်ရေးကြေညာစာတမ်း တို့ ..ခုနှစ်သက္ကရစ်တို့ Free Mason တို့ လင်ကွင်း…အဲ့ လင်ကွန်းတို့
      သေချာ သိလာရတယ်….
      ၆)။ ထပ်ပြီးဆက်စပ်လို့ရတာက အမေလိကန် ပြည်ထောင်စု ဖြစ်တည်မှုအပေါ် အဲ့သည့်ခေတ်က အင်္ဂလန် တို့
      စပန်းနိယက် တို့ ဖလန်စစ် တို့ ဘယ်လို သဘောထားတယ် ကူညီတယ် နှောက်ယှက်တယ် ….ဒါတွေ တိလာရ
      ပြန်တယ်…
      ၇။ စိတ်ဝင်စားသလောက် လက်လှမ်းမီသလောက် ဖတ်ကြည့်တော့ ….Aztec တွေ Maya တွေသာမက
      Conquestators ဘာညာ သဒကာ တွေ့လာတယ်ပေါ့ဗျာ ….(ဆြာသစ် Maya ခေတ် ကြိတ်ရေးနေတာ
      သိဒယ်နော် ….မြန်မြန်ရေးဗျ..ဖတ်ချင်လှဘီ…)

      ဝှူး မောထှာ …
      ပီးပီ အဲ့လာဘဲ ….
      the Other Boleyn Girl ကြည့်တယ်… Pirates of the Silicon Valley ကြည့်တယ်..
      Young Guns ကြည့်တယ်… Ninth Gate ကြည့်တယ် … Public Enemy ကြည့်တယ်..
      ….ကြည့်တယ် …ကြည့်တယ် ……………….

      ကျနော့်ကို ပညာသင်ပေးသော မှတ်မှတ်ရရ ရုပ်ရှင်ကားပေါင်းများစွာကို ကျေးဇူးတင်ပါသည်…
      ဂီဂီသည် သဂျီးတို့ ကစ်သို တို့ ဥကြောင်တို့ လို ပညာမတတ်သောကြောင့် ….. ရုပ်ရှင်မှတဆင့် ..
      ဖြစ်ရပ်မှန်များကို သင်ယူရသော …ခပ်ညံ့ညံ့ ချာတိတ်သာဖြစ်ပါသည်…

      P.S Entertain-mental Learning System တခုကို revolutionized လုပ်နိုင်ခဲ့သည်ဟု
      ဘယ် ပညာရှင်မှ ချီးကျူးမည် မဟုတ်မှန်း သိပါသည်….
      😀

      ခင်တဲ့
      ဂီဂီ

  • blackchaw

    November 27, 2011 at 4:30 pm

    သူကြီးရေ။
    ကျွန်တော် မနေ့က ကြားဖြတ်ဂဇက် ဆိုတာလေးတင်ထားပါတယ်။
    ဖတ်ကြည့်ပေးပါဦးဗျာ။ မဖတ်ရသေးဘူးထင်လို့ပါ။ ကွန်းမန့်လေးများလည်းချီးမြှင့်ပါဦးခင်ဗျ။
    သူကြီးပြောတာလေးတွေ တချို့ကို လက်ခံပါတယ်ဗျာ။
    ကျွန်တော်တို့ ကလည်း မိရိုးဖလာဆိုတာကြီးထဲက ရုန်းထွက်ဖို့
    တော်တော် ကြိုးစားရဦးမှာဗျို့။

  • kai

    November 27, 2011 at 4:36 pm

    တခုဖြည့်ချင်တာလေးရှိလို့..
    သောတာပန်လို့ ယူဆရတဲ့..ဥတ္တရာဟာ.. ဂေါတမဗုဒ္ဓကို.. ဆွမ်းကပ်သီလစောင့် အလုပ်အကြွေးပြုချင်တဲ့အခါ.. မြို့ကအလှဆုံးပြည့်တန်ဆာမ သီရိမာကို.. အခပေးပြီး အိမ်အပေါ်ထပ်မှာ.. သူ့ယောကျာ်းနဲ့..ပျော်ပါးခိုင်းတယ်..။
    သူက..အိမ်အောက်ထပ်မှာ.. ဂေါတမဗုဒ္ဓဟောတဲ့တရားနာရင်း.. သီလစောင့်တယ်..။

    ဆရာကြီးဦးသုခက.. သူ့စာအုပ်တအုပ်မှာ.. အပေါ်ထပ်မှာ..ကာမစပ်ယှက်သိမ်းသွင်းနေတဲ့..သီရိမာဟာ.. အောက်ထပ်က.. ဗုဒ္ဓတရားဟောသံတွေကြားတော့.. တမျိုးတွေးလိုက်တာလေးပါ.. ဖြည့်ရေးပေးထားသေးတယ်..။

    အပေါ်..အောက်… ဘုန်းနိမ့်..ဘုန်းမြင့်.. နိမ့်ကျ..မြင့်တက်တွေ..အတွက်.. သတိထား.. သိစရာလေးတခုပါ..။ 😆

    • ကြောင်ကြီး

      November 27, 2011 at 10:21 pm

      တခုတော့ ရှိတယ်၊ သူကြွယ်နေအိမ်မို့ နှစ်ထပ်အိမ် အကြီးကြီး ဖြစ်လိမ့်မယ်။ ဗုဒ္ဓဘုရား တရားဟောရာ အောက်ထပ်အပေါ်တည့်တည့် အခန်းသည်လည်း လူနေ၊ အသုံးပြုရာ အခန်းဖြစ်မယ်လို့ မယူဆဘူး။ အပေါ်ထပ် အောက်ထပ်ဆိုပေမဲ့ အဖီထုတ်ထားတဲ့ အောက်ထပ် ဖြစ်နိုင်သလို၊ အပေါ်အောက် အပြည့် နှစ်ထပ်တိုက် ပုံစံလို့ တပ်အပ်ပြောလို့ မရဘူး။ အပေါ်ထပ် အခန်းတခန်းမှာရှိနေလို့ စာဖတ်သူများ မြင်သာအောင် ရည်ညွှန်းတာ ဖြစ်မယ်။
      မှတ်ချက်။ အပေါ်အောက် ကိစ္စကို ပြသနာလုပ်ခြင်းမဟုတ်ဘဲ သဂျီး၏ လိုရာဆွဲ အဂတိတရားမကင်းသော အမြင်အပေါ် ထောက်ပြဝေဖန်ခြင်း ဖြစ်၏။ ဝိုင်းဖဲ့ကြကွာ၊ ဒီလိုသဂျီးမျိုး တရားသူကြီးဖြစ်ရင် တိုင်းပြည်အခုထက် ဆယ်ဆပျက်တယ်။။။။ 😡

  • hmee

    November 27, 2011 at 4:47 pm

    ဆရာကြီး ဦးဂိုအင်ကာများလား။ ကျွန်မက ဆရာကြီးကို လူဝတ်လို့ပဲ ထင်လို့ ပြောတာပါ။ သင်္ကန်းဝတ်နဲ့ ဆိုရင်တော့ ကျွန်မထင်တာမှားတာပေါ့။ ဗုဒ္ဓဘာသာပွဲမို့ တော်ရုံသာမာန်လူဆိုရင်တော့ အဲ့လို မထိုင်လောက်ဘူး။ သူကြီး အိမ်အောက်မှာ မဟုတ်ပါဘူး အိမ်ရှေ့မှာ မဏ္ဍာပ်ထိုးပြီးလှုတာ မဟုတ်ဘူးလား။ 🙂

  • ဆူး

    November 27, 2011 at 5:15 pm

    ဦးဂိုအင်ကာ ကိုတော့ တီဗွီထဲမှာ မြင်ဖူးတယ် အဲလိုပုံ မဟုတ်ဘူး ထင်တယ်။
    ဝတ်ထားတာ မြန်မာ တိုက်ပုံ ဝတ်ထားတာလေ.. ဘုန်းကြီးတွေ ကြားထဲမှာ ထိုင်နေရလို့ အနေရခက်နေသလိုကြီးများလား… တွေးမိတာပဲ..

    သဂျီးက ဘုန်းကြီးတွေကို ပညာမတတ်တဲ့ လူလို့ အမြဲပြောလေ့ ရှိတယ်။
    ဘုန်းကြီးတတ်တဲ့ ပညာကော သဂျီးတတ်လို့လား..
    လောကမှာ တစ်တောင် ထက် တစ်တောင် မြင့်တာကြီးပဲ.. သဂျီး တတ်တဲ့ အကြောင်းအရာတိုင်း ဘုန်းကြီး က သိချင်မှ သိမယ်.. ထိုကဲ့သို့ပင် အပြန်အလှန်အားဖြင့် ဘုန်းကြီး သိတဲ့ အကြောင်းအရာတိုင်း သဂျီး မသိနိုင်ဘူး။ လူတွေ လက်အုပ်ချီ ကန်တော့တယ်ဆိုတာ သူသိတဲ့ အကြောင်းအရာကို ကိုယ်သိပါစေဆိုတဲ့ စိတ်နဲ့ ရိုသေသမှု နဲ့ ကန်တော့တဲ့ သဘောပါပဲ။
    ဘုရားလက်ထက်မှာလည်း နာမည်တော့ မေ့ပြီ.. အသက် ၈ဝ အရွယ် အဘိုးကြီးပေါ့ အမျိုးလည်း မြတ် ပညာလည်းတတ် အသက်ငယ်ငယ် ဘုရားဆိုတဲ့ လူငယ်ကို ငါ နိမ့်ချ စရာ မလိုဘူး ဆိုပြီး မကန်တော့ဘူး ဒီတိုင်းသာ စကားပြောနေတာ.. နောက်တော့ အသက်ကြီး ပညာတတ်တယ် အမျိုးမြတ်တယ် ဆိုပေမဲ့ သူ့ထက် ပိုပြီး သိတယ် တတ်တယ် ဆိုတဲ့ အသိကြောင့် အဲဒီ အဘိုးကြီးလည်း ဘုရားကို ထိုင်ကန်တော့သွားတယ်။ ဒီလိုပဲ သဂျီး ရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်မှု ဘယ်လိုပဲ ရှိပါစေ ကြိုက်ရင် လုပ် မကြိုက်ရင် မလုပ်နဲ့ လက်ခံနိုင်ရင် ဆက်လက် ဒီအယူဝါဒ ကို လက်ခံထား လက်မခံနိုင်ရင် ကြိုက်တဲ့ အယူဝါဒ ကို သွားနိုင်တဲ့ လွတ်လပ်ခွင့်ရှိတယ်။ ဒီဘာသာဝင် ရဲ့ သားသမီး ဖြစ်လို့ ဒီဘာသာဝင် အဖြစ်နဲ့ ဆက်လက်ပြီး အသက်ရှင်ရမယ် ဝင်ပြီးရင် မထွက်ရဘူး ဆိုတာ လုံးဝ မရှိဘူး။
    သဂျီး အနေနဲ့တော့ မသိဘူး.. မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ အသက်ဘေးနဲ့ ကြုံခဲ့ရပြီး ထိုဘေးမှ ကယ်တင်ခဲ့တဲ့ သူကို ထိုသူထက် ငယ်ပါစေ ယုတ်ညံ့နေပါစေ ကျေးဇူးဆိုတဲ့ အသိတရားကြောင်း ထိုင်ကန်တော့လိမ့်မယ်။ ဒီသဘော တရားပါပဲ.. တရားဆိုတဲ့ အရာက နိဗ္ဗာန်ကို ရောက်အောင် လမ်းညွန်နိုင်လို့ တရား ကို နှစ်သက် လိုလားကြတယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း တရားကို နှစ်သက်လိုလား ကြတဲ့ အတွက်လည်း တရားကို ဆက်လက် သယ်ဆောင်နေကြတဲ့ ရဟန်း သံဃာများကို ကန်တော့ကြတယ်။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုန်းကြီးကို ကန်တော့တာ အလွန်ပင် ရိုးရှင်းပါတယ်။ ဒီအတွက်လည်း နောင်တ မရဘူး။ ကိုယ့်ကိုကိုယ်လည်း ယုံမှား သံသယ မရှိဘူး။

  • kai

    November 27, 2011 at 5:32 pm

    ဘယ်နှယ်..။ ကန်တော့တာ ခလုပ်သွားတိုက်လိုက်သလည်း.. ကွယ်..။
    ဆိုလိုချင်တဲ့.. အချက်ကို ဆူးမမ မမိဘူးလို့ပဲ.. ထင်မိတယ်..။
    တိုတိုပဲ ရှင်းမိတဲ့..ကျုပ်ညံ့ချက်ပဲထားပါတော့..။ 🙁

    ဒါလေးတိုတိုတောင်.. ကိုရင်ဂီဂီက.. ထရေ့စ်လိုက်ပုံတွေနဲ့.. လိုက်ဖမ်းပြပြီး..ဆွဲဆန့်နေသေးတယ်..။
    National Treasure ကြည့်ထားတော့.. လင်ကွန်းကို သေနတ်နဲ့ပစ်သတ်တဲ့ အခန်းလေး သတိရမိမှာပေါ့..။
    တကယ်တော့.. ရုပ်ရှင်သမားက.. သေသေချာချာ လုပ်ရပါတယ်.။
    .. ကားကြီးတွေဆို.. ပါရဂူတွေခေါ်ငှားပြီးတောင် လုပ်တယ်..။
    ဆြာသစ်မာယာတွေရေးနေရင်.. အနေတော်ပဲဗျာ..
    ခရီးသွားဆောင်းပါးရေးသူတယောက်က.. တလောကပဲ.. အင်ကာ-မာယာဖက် ခရီးသွားထားတာ..
    အဲဒါလေးတွေနဲ့.. ချိန်ဆဖတ်ရမယ်..။ 🙂

    ပြောရရင်..ကျုပ်လည်း.. ရုပ်ရှင်..တီဗီက ပညာအများကြီးယူတာပါ..။
    စာဖတ်နေတာကမှ.. ပုံပြန်ဖေါ်နေ..တွေးနေရဦးမယ်.. ရုပ်ရှင်..တီဗီတွေက.. လက်တွေ့ဘဝထဲ..ဝင်လုပ်သွားသမို့.. ကောင်းလွန်းလှပါတယ်..။
    ရုပ်ရှင်ကို.. ဒေါ့ကျုမန့်ထရီကားတွေနဲ့ တွဲကြည့်လိုက်ရင်.. တော်တော်သိတတ်သွားတာပါ..။
    တို့ရွာသူားတွေ.. တီဗီ.. ရုပ်ရှင်ကြည့်ကြဖို့.. တိုက်တွန်းပါတယ်နော..။

    မှီမမရေ..
    ဥတ္တရာကို.. သီရိမာက.. အပေါ်ထပ်ကနေ.. အပူနဲ့လောင်းချတယ်ဆိုတာမို့.. အပေါ်တော့ အပေါ်..ဖြစ်မှာပါ..။
    အဲဒီခေတ်က.. ၂ထပ်အိမ်ဆောက်တဲ့.. နည်းပညာရှိလောက်ပါတယ်..။ 😆

    ဦးဂိုအင်ဂါပုံ..

  • windtalker

    November 27, 2011 at 6:14 pm

    ကောင်းဗျာ ၊ အင်မတန် အကျိုးရှိတဲ့ ကွန်မင့်တွေပါဘဲ ကိုဘလက်ချောရ
    ဖတ်ရတာ ဝမ်းသာမိတယ်ဗျာ ။ ကျုပ် ဆိုရင် အဲဒါတွေ ဝင်ပြီး မဆွေးနွေးနိုင်ဘူးဗျို ့

  • small cat

    November 27, 2011 at 8:48 pm

    ဥတ္တရာကို.. သီရိမာက.. အပေါ်ထပ်ကနေ.. အပူနဲ့လောင်းချတယ်ဆိုတာမို့.. အပေါ်တော့ …………

    သဂျီးပြောတာဟုတ်ပါတယ်၊ ဆရာကြီးဦးသုခရေးတဲ့ ဗုဒ္ဓ၏ အကျော်ဒေးယျသမီးတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ဖူးပါတယ်။ မပဒါတို့၊ သီရိမာတို့၊ သပေါက်မလေး ပုဏိ္ဏကာ တို့ စတဲ့ထေရီမတွေ အကြောင်းရေးထားတာပါ။

  • ကြောင်ကြီး

    November 27, 2011 at 9:39 pm

    ထိုင်း၊ ကမော္ဘဒီးယားတို့မှာ စည်းမျဉ်းခံ ဘုရင်စနစ်ရှိသေးတယ်။ ထိုင်းမှာပို အားကောင်းပြီး လူထုထောက်ခံမှု ပိုရတယ်။ အဲဒီလူနှစ်ဦးက ဘုရင်က တိုက်ရိုက်ကိုယ်စားပြု စေလွှတ်တဲ့ မင်းမျိုးမင်းနွယ် ဖြစ်မယ်ထင်တယ်။ အဂါဝရ ဖြစ်မဖြစ်ထက် လူမျိုး၊ ဒေသ ထုံးစံဓလေ့ ဖြစ်ပါလိမ့်မယ်။ စာထဲမှာလည်း စတြာဝတေးမင်းသေရင် သူ့အရိုးပြာအိုးကို ကိုးကွယ်ကောင်းတယ် ဆိုတယ်မဟုတ်လား။ အဲဒီအစဉ်အလာကို ယူချင်ယူမှာပေါ့။ ဆင်ဖြူတော်လည်း ဒီအတိုင်းပဲ။ သိသလောက်က ဘုရင်ရဲ့ ဘုန်းကံကြောင့် ဆင်ဖြူတော်ဝင်လာပေးတာ ကြည်ကြည်ဖြူဖြူနဲ့။ နောက်ပိုင်း ဆင်ဖြူရှင်မင်းဆိုသူများ လုပ်နေသလို ကြိုးတုပ်ဖမ်းခေါ်စရာ မလိုဘူး။ 😆

    သံဃာတော်တွေကို ကြည်ညိုကန်တော့နဲ့ ပတ်သက်လို့ သဂျီးပြောတာ မမှားသလို ဆူးဝေဖန်တာလည်း မှန်တယ်။ ကြောင်ကြီးအခုပြောမှာကတော့ အမှန်ဆုံးပဲ။ အားလုံး နာခံကြ။။ 👿
    ဘုန်းကြီးနဲ့လူ ဆက်ဆံရေးပုံစံပြောင်းဖို့ကို ခေတ်ကတောင်းဆိုနေပြီ။ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းမလဲဆိုတာပဲ ရှိတယ်။ ဟိုးအရင်ခေတ်က ဘုန်းကြီးများ အီးအီးကုန်းဖို့ တုတ်တံကိုတောင် ဘုန်းကြီးကျောင်းသားများ လုပ်ပေးရတယ်။ ဒီဖက်ခေတ်မှာတော့ ရေလောင်းအိမ်သာ၊ စက္ကူအိမ်သာများ ရှိလာလို့ မလိုတော့ဘူ။ ခေတ်မှီတဲ့ ဘုန်းကြီးများကလည်း လက်မခံတော့ဘူး။ နောက်တခုက ကျောင်းသားလေးများကို အနင်းအနှိပ်လုပ်ခိုင်းတဲ့ ကိစ္စ။ ကာယကံရှင်က ကုသိုလ်လိုချင်လို့ လုပ်ခဲ့တဲ့ဥပမာကို အစဉ်အလာ လုပ်ယူတယ်ထင်တယ်။ လိုအပ်လို့ ခိုင်းရင်လည်း တန်ရာတန်ကြေးပေး ခိုင်းသင့်တယ်။ တဖက်သားက မလုပ်ချင်ရင် အတင်းအကြပ် မခိုင်းသင့်ဘူး။ အထူးသဖြင့် ကိုယ့်အားကိုယ်ကိုး အကြောလျှော့ လေ့ကျင့်ခဏ်းမလုပ်ဘဲ ငါ့ကျောင်းငါသခင်ဆိုပြီး တဖက်သတ်လုပ်ရင် တရားတော်နဲ့မညီဘူး။ နောက်ပြီးတော့ ဇိမ်ခံရကြ အပျင်းထူရာကြတယ်။ အတုံ့အလှည့် သဘောမျိုး ပြန်လုပ်ပေးရတာတော့ မတတ်နိုင်ဘူး။ နိုင်ထက်စီးနင်း မလုပ်ခိုင်းဖို့ဘဲလိုတယ်။
    ဘုန်းကြီးများ စာဝါလိုက်ရာမှာလည်း စာသင်ခန်း၊ စားပွဲခုံ ကုလားထိုင် ကျကျနနနဲ့ ဖြစ်တာ သဘောကျတယ်။ ဒါမှ ခေတ်နဲ့အမှီလိုက်နိုင်မှာပေါ့။ ခေတ်ပညာတတ်များနဲ့ တန်းတူရည်တူ ဆက်ဆံနိုင်မှာပေါ့။ ခရစ်ယာန် ဘုရားကျောင်းများလို လူများအတွက် ခုံတန်းရှည်များ စီစဉ်ပေးထားသင့်ပြီထင်တယ်။ ပြသနာက နေရာအခက်အခဲ၊ ဘဏ္ဍာရေး အခက်အခဲရှိတယ်။ အစဉ်အလာ မဟုတ်ခဲ့လို့ ပြောင်းမယ်ဆို အတော်ကုန်ကျမယ်။ အသစ်သစ်သော ဓမ္မသဘင်၊ ဘုန်းကြီးကျောင်း၊ ဘာသာရေး အဆောက်အဦးများမှာ အလေ့အကျင့်အသစ်တခုအနေဲ့ လုပ်ဆောင်သင့်ပြီ။
    တခုသတိပြုရမှာက အလွန်အကျွံ မဖြစ်ဖို့။ ပြောင်းတိုင်း၊ ခေတ်နဲ့ညီတိုင်း ကောင်းတာမဟုတ်ဘူး။ အိန္ဒိယမှာ သာသနာကွယ်တာ အဲဒီခေတ်က ဟုတ်သလိုရှိနေတဲ့ ဂမ္ဘီရ၊ လက်ဖွဲ့၊ အင်းအိုင်တွေကို အားကိုးလို့ဆိုတဲ့ အကြောင်းတချက်ပါတယ်။ သဂျီးပြောနေတဲ့ ခေတ်ပြောင်းတော်လှန်ရေးလုပ်ခြင်းကိုလည်း နောက်အခြား အစွန်းတဖက်လို့ မြင်ကြည့်။ နှစ်ခုစလုံး သာသနာ ပျက်စီးကြောင်းပဲ။ ချင့်ချိန်မျှော်မြင်တတ်ဖို့ လိုမယ်။ အဓိကသည်ဘာလဲ။ အခုလို ဝေဖန်စောကြောမှုများ ဖြစ်လာရတာ သံဃာတော်အများစု စည်းကမ်းဖောက်၊ လုံခြုံရမဲ့ သီလမလုံ၊ သမာဓိမရှိ၊ ပညာမဖြစ်ကြလို့။ စာရွတ်စာအံတော့ ဘုရားနှုတ်ကပတ်တော်၊ ပရမတ္တသစ္စာတွေ။ လက်တွေ့ကြတော့ လိုက်နာကျင့်သုံးမှု အားနည်းတယ်။ ဒီတော့ အတွင်းစည်း၊ အပြင်စည်း ချို့ယွင်းမှုဖြစ်လာတယ်။ လူများရဲ့ ဝေဖန်မှုခံရတယ်။
    ကျနော်က စင်ကြယ်သန့်ရှင်းနေလို့ ပြောတာမဟုတ်ဘူး။ သို့သော် ကျနော်က ဘုန်းကြီးဝတ်နဲ့ မနေနိုင်လို့ လူလိုနေတယ်၊ သံဃာတော်မြင်ရင် ရတနာသုံးပါးအဖြစ် ရှိခိုးရတယ်။ ဗုဒ္ဓရဲ့ သစ္စာတရား၊ စည်းကမ်းကိုမှ ကျင့်ကြံအားထုတ်မှု မရှိရင် သင်္ကန်းဝတ်ထားလည်း သူလိုငါလို ဖြစ်နေပြီပေါ့။ ဘုန်းကြီးလို့သာ သင်္ကန်းစီးခွင့်ရတယ်၊ သံဃာဂုဏ်ထိုက်ပါ့မလား။ ငါးပါးသီလသမားရဲ့ ပူဇော်ရှိခိုးမှုကို ခံချင်ရင် အနည်းဆုံး ရှစ်ပါးသီလ လုံရမယ်။ တကယ်တမ်း သီလလုံရင် (ရှစ်ပါးမပြောနဲ့ ငါးပါးနဲ့တင်) သမာဓိဖြစ်တယ်။ အခုတော့ သိက္ခာပုဒ် ၂၂ရသွယ်ဆိုတာ စာထဲမှာရှိတာ များနေတယ်။ (အရိယာသံဃာများ၊ ကျင့်ဆဲသံဃာတော်များအား ဤနေရာမှ ရှိခိုးဦးချ ကန်တော့တောင်းပန်ပါ၏။ အပြောမှားရင် သဂျီးနဲ့ ငရဲပြည် အဖော်လိုက်နေရအုံးမယ် 😆 ) လူဝတ်ကြောင်က လူသီလ၊ ဘုန်းကြီးကဝိနည်းအကျင့် ညီမှ အဆင့်ဆင့် ပူဇော်ကန်တော့တာ တင့်တယ်မှာပေါ့။ နို့မို့ရင် ဝေဖန်ကြသလို အခွင့်အရေးယူတာ ဖြစ်နေတယ်။ ဘာသာတရားနဲ့ မနီးစပ်သူများ အတွက်လည်း ကြည်ညိုစရာ မကောင်းဘူး။
    ဘုန်းကြီးများ ကိုယ်၌က ပြုပြင်လိုစိတ် ရှိရပါမယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ သူများထောင်းတာထက် သက်သာတာမို့ ပြောင်းသင့်တာ ပြောင်းပေးရမယ်။ ခေတ်နဲ့ညီအောင် လုပ်ခြင်း ဖြစ်သလို ကိုယ်က ပြောသလို မနေနိုင်မှတော့ ဟုတ်ချင်ယောင်ဆောင် မနေသင့်ဘူး။ ကြောင်းကျိုး ပဋိစ္စသမုပ္ပသဘောအရပြောရင်လည်း ဒီဘဝမှာ တရားမရှိဘဲ၊ မစင်ကြယ်ဘဲနဲ့ သူများ အပူဇော်ခံနေရင် နောင်ဘဝ ပြန်ဆပ်ရမယ်။ လာပူဇော်သူတွေက ကိုယ့်ကို အသုံးချပြီး နတ်ပြည်တက်သွား၊ ကိုယ့်ကြတော့ ငရဲခံ၊ ပြန်လွတ်တော့လည်း ကျွဲ၊နွား အဖြစ်ပြန်ပေးဆပ်ရ၊ တွက်ခြေမကိုက်ဘူး။ ယနေ့ခေတ်မှာ ဆူနာမီဆရာတော်၊ ဒယ်အိုးဆရာတော်၊ မေတ္တာရှင်ဆရာတော်၊ ဓမ္မဒူတရှင်ဆေကိန္ဒ တို့လို့ ငယ်ရွယ်ထက်မြက်တဲ့ ပရိယတ် ပဋိပတ် ပရဟိတ စွယ်စုံရ သာသနာပြု ဆရာတော်အများအပြား ပေါ်ထွန်းလာနေပြီ။ သူတို့ရှေ့ဆက်လှမ်းနိုင်အောင် တတ်နိုင်သလောက် အားပေးကူညီပေးခြင်းဖြင့် သာသနာတော် အရှည်တည်တံ့ဖို့ အထိရောက်ဆုံး ပံ့ပိုးပေးနိုင်ပါတယ်။

  • blackchaw

    November 28, 2011 at 9:57 am

    ကျေးဇူးတင်ပါတယ်ဗျို့။
    ဆိုလိုချင်တာက ဂယာလို နေရာမျိုးမှာတောင်
    ဘုန်းကြီးတွေအပေါ်က လူတစ်ချို့ ထိုင်ကြတယ်ဆိုတာပါ။
    နည်းနည်းဆက်တွေးရင်
    ကျွန်တော်တို့က ဘုန်းကြီးတွေကို သံဃာ လို့ သတ်မှတ်ပြီး ပူဇေးမိ ပူဇော်တယ်ပေါ့ဗျာ။
    ဘုန်းကြီးတွေဘက်က သံဃာ ပီပီသသ ကျင့်ကြံနေထိုင်ပေးကြဘို့တော့ လိုပါတယ်ဗျာ။
    သူကြီးပြောတဲ့ ” လေးတန်းစာ..ဂဏန်းသချင်္ာလောက်တောင် မတွက်တတ်တဲ့.. ဘုန်းတော်ကြီးတပါး.. တရားဟောနေတာ..” ဆိုတာလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။
    ဆရာသမားလေးတစ်ယောက်က ပို့စ် တစ်ခု တင်ချင်တင်လာပါလိမ့်မယ်ဗျာ။
    စောင့်ဖတ်ကြပါလို့နော။

    • ကြောင်ကြီး

      November 28, 2011 at 10:43 am

      သဂျီးအကြောင်းကတော့ ပြောမနေနဲ့တော့ ကိုချောရေ။ သူက ဘဲဥနဲ့ တုတ်ချောင်းကို ဘုရားမှတ်နေတာ။ ဘယ်နဲ့ ဥစားကွဲမလဲ မသိဘူး။ လောကီနဲ့ လောကုတ် လာရောဖို့ကြိုးစားနေတာ သနားတယ်။ သချာင်္တတ်မှ သိပ္ပံတတ်မှ တရားဟောရမယ်ဆိုရင် ဘုန်းကြီးများ နက္ခတ်ဗေဒင် ဆေးဝါးမလုပ်ရလို့ မြတ်စွာဘုရား ပညတ်ခဲ့တာ မှားနေပြီထင်တယ်။ (စိတ်မရှိနဲ့နော် သဂျီး၊ အားထုတ်မှု တခုအတွက် တန်ပြန်သက်ရောက်မှု ပြန်လာရိုက်ခတ်တယ်သလို သဘောထားပေးပါ၊ အယ်ကိုင်းဒါး အကြမ်းဖက်သမားတွေကို ယူအက်စ်နေဗွီဆီးလ်နဲ့ ပြန်ဆော်တဲ့အတိုင်းပါပဲ 😆 ) အယ်ကိုင်းဒါးလောက် မဆိုးတဲ့ တာလီဘန်များကို ညှိနှိုင်းဆက်ဆံသလို တထစ်လျှော့ပေးရမယ်ဆိုရင်တော့ (သဂျီးလည်း နဲနဲပြန်လျှော့ 😀 ) ပရိယတ္တိသာသနာပြု ကိုယ်တော်များ သိပ္ပံ၊ သချာင်္၊ အင်္ဂလိပ်စာ၊ ခေတ်အတွေးအခေါ်များပါ သင်ယူသင့်ပါတယ်။ တရားဟော ပလ္လင်ပေါ်တက်တာတော့ အကျင့်ပဋိပတ္တိလမ်းကြောင်းနဲ့လည်း ဖြစ်နိုင်တာမို့ အဲဒီပညာရပ်များ မဖြစ်မနေ တက်ရမယ်လို့တော့ မဟုတ်ပါဘူး။ ကမ္မဌာန်းရှုမှတ်နေတဲ့ ယောဂီအတွက် ခန္ဓာညဏ်ရောက် ရှုမှတ်ခြင်းကသာ လက်တွေ့အကျဆုံး စမ်းသပ်တွေ့ရှိမှု ဖြစ်ပါတယ်။ တခုမဟုတ် တခုတော့ ဖြစ်ဖြစ်မြောက်မြောက် ရှိမှ ဓမ္မကထိက ဖြစ်သင့်ပါတယ်။ တရားနာ ပရိတ်သတ်ကလည်း သူအကြိုက်နဲ့သူမို့ ဝိရောဓိဖြစ်စရာ မမြင်ပါဘူး။

  • Shwe Ei

    November 28, 2011 at 10:09 am

    ခုံပေါ်မှာထိုင်နေတဲ့လူဂျီး ဘယ်သူဒုန်းလဲ မပြောကြဘူး။ :((

    • ဆူး

      November 28, 2011 at 12:01 pm

      ထိုင်ခုံမှာ ထိုင်နေတဲ့ လူက ဒို့ရွာက သဂျီးပေါ့.. သူက ဘုန်းကြီးတတ် ကို ပိုတတ်တော့ ဒီလို အမြင့်မှာ ထိုင်မှ သူနဲ့ ကိုက်ညီတယ်လို့ ထင်နေရှာတာပေါ့။

  • ပေါက်ဖော်

    November 28, 2011 at 11:14 am

    အဲလိုကြီးတော့ မသင့်တော်ဘူးထင်တာပဲ..
    လူမသိသူမသိ..မိသားစုအချင်းချင်း..ပြဿနာမရှိဘူး..
    အများနဲ ့ဆို မသင့်တော်ဘူးထင်တယ်…ပြောစရာဖြစ်တာပေါ့လေ..
    ကြည့်ရတာတော့…ကျန်းမာရေးအရ..အောက်မှာ မထိုင်နိုင်တာလို ့ထင်တာပဲဗျ

  • inz@ghi

    November 28, 2011 at 11:21 am

    လိပ်တက်စ် နယူးဘာ

    ဆြာသစ် ပို့စ်ဒွေ တပြွတ်ကြီး ချရေးနေဘာဒယ်ဗျို့
    ဖတ်ဖို့ အုံးစားဘို့ ပြင်ထားကြပါကုန်
    😛

  • Sonny

    November 28, 2011 at 2:30 pm

    ကိုဘလက်ချော ရေ..
    ခပ်စုပ်စုပ်အတွေးတိမ်တိမ်လူ ထိုင်နေတာပါ။ ဘိနပ်ကစီးထားသေးတယ်။ နောက်ဘဝတင်မဟုတ်ဘူး အခုဘဝမှာတင် ချေပြတ်မယ့်ကောင်ပါ။ ဘုန်းကြီး တို့ နဲ့တစ်တန်းတည်း တစ်ကြမ်းတည်းတောင်မထိုင်ရပါဘူး။
    ဘုရားဟော ဖတ်ဘူးတဲ့ ပုံဝထ္တုလေး တစ်ခုရှိပါတယ်။
    ခုဇာဥတ္တရာ ဆိုတဲ့ အိမ်ဖေါ်မလေး က ဘုရား ရှင်ရဲ့တရားတွေကို
    ( ပန်းဝယ်ပြီးပြန် လာရင်)ဘုရင်မကိုတရားပြန်ဟောရတယ်တဲ့။ အဲလိုပြန်ဟောရင်တောင် ဘုရင်မက အောက်ကနေဆင်းပြီး နာရတယ်။
    နေရာ ယူ မှား ရင် အဝိဇိ တောင် ဂျိုးကပ်သွားနိုင်ပါတယ်။
    ချစ်ခြင်းအားဖြင့်….ကိုဆန်နီ………..

Leave a Reply