စေတနာမပါသော ဘော်လုံးပွဲတစ်ပွဲပြီးစီးသွားခြင်း
မြန်မာအသင်းကခုဆီးဂိမ်းမှာ အားသွန်ခိုက်စိုက်နဲ ့ကစားရင်း၊လှေလှော်ရင်းတက်ကျိုးသလို မမျှော်လင့်ပါဘဲ ဗိုလ်လုပွဲဝေးရတယ်လို ့ဘဲပြောပြော၊ပြုပြင်ပြောင်းလဲဖို ့လိုနေတဲ့ စိတ်ဓာတ်တွေကြောင့်ဗိုလ်လုပွဲနဲ ့လွဲတယ်ပြောပိုမှန်မယ်ထင်ပါတယ်။အနီးစပ်ဆုံးပွဲဖြစ်တဲ့ အိုမန်နဲ ့ပွဲမှာ အိမ်ရှင်ဖြစ်နေရဲ ့သားနဲ ့ကျေပွန်လိုက်တဲ့တာဝန်ဗျာ၊ဧည့်သည်အသင်းကိုပေးလိုက်တဲ့မေတ္တာတွေက ရေဗူးတွေ၊လောက်လေးတွေ၊ဖိနပ်တွေစုံနေတာပါဘဲ။ဒါက ပွဲကြိုက်သူတွေရဲ ့အပြုအမူတွေ၊ဒါပေမယ့် သူ ့မြေကိုယ့်မြေကစားကြတဲ့နေရာမှာ သူတို ့ဆီသွားကစားတော့လဲ အနည်းနဲ ့အများတော့ ဘက်လိုက်တာ၊တို ့တာလေး၊ဆော်တာလေးမရှိဘူးမပြောလိုပါဘူး။ကိုယ့်နိုင်ငံသားနဲ ့ဆိုမနိုင်မှာစိုးလို ့မွေးစားသားတွေတောင်ခေါ် ကစားနေရတာလေဗျာနော့။
ပြောရင်းနဲ ့ဝေးသွားတယ်ဗျာ၊ ယနေ ့ကျင်းပနေတဲ့ ပရော်ဖက်ရှင်တဝက်ပါတဲ့ MNL မှာတောင်မှ အာမခံချက်မရှိတော့လို ့ ကိုယ့်ဌာနပြန်ကစားနေတဲ့ ဘောလုံးသမားတွေရှိတယ်။ပြောချင်တာက မြန်မာ့ဘောလုံးလောက ယိုယွင်းပျက်စီးနေတာ ဘယ်ခါမှခေါင်းထောင်မှာမဟုတ်ပါဘူးလို ့တောင်ထင်မိတယ်။ဆိုလိုတာက လူတွေရဲ ့အားကစားပေါ်မှာ မြင်တဲ့အမြင်တော်တော်လေးပြောင်းလဲသွားပါပီ။တကယ်ပါဘဲ အားမှကစားလို ့ရတဲ့အားကစားဖြစ်သွားပါပီ။နေ ့စဉ်ဖြတ်သန်းနေထိုင်ရတဲ့ လူသားတွေကကိုယ့်ဝမ်းရေးကို ပိုဦးစားပေးနေရတာ၊ဝါသနာကိုဦးစားပေးရင် အိမ်မှာစားစရာမရှိဖြစ်နေမယ်။
အားပေးတဲ့သူကလဲအားတော့ပေးပါရဲ ့ဗျာ၊မစို ့မပို ့နဲ ့လှောင်ပြုံး ပြုံးရမယ့် ဆုငွေလေးနှစ်ပဲတစ်ပြားရယ်ပါ။မတော်လို ့ကျိုးမယ်ကန်းမယ်၊နာမယ်၊ဖျားမယ် မည်သူမျှတာဝန်မယူ၊ဝါသနာပါလို ့သာကစားနေရတာဘယ်သူမှအားခွန်ကုန်အောင်မသုံးဘူး၊တကယ်အစွမ်းအစရှိတဲ့ ဦးနှောက်သုံးကစားတတ်တဲ့ ကစားသမားကောင်းတွေ ဘယ်သူမှမကစားတော့ဘူး။
ဘေးထိုင်ပွဲကြည့်လုပ်နေရင် သက်သာတယ်လေဗျာ။
ပြောတော့ပြောမိပါပီနည်းနည်းတော့လိုရင်းလေး နဲ ့ဝေးသွားပီလားမသိဘူး။တောင်းပန်ပါတယ်. သီးခံဖတ်ရှုကြပါ။
ကျွန်တော်ကိုယ်တိုင်က ဘောလုံးအားကစားကို ဝါသနာပါလေတော့ တခြားအားကစားနည်းတွေပေါ်အာရုံလျော့ပြီး မပြောလိုရင်းမဟုတ်ပါ။ပြောရင်လွမ်းစရာ၊နှမျောစရာပေါ်လာလို ့ပါ။တကယ်ကိုနှမျောဖို ့ကောင်းတဲ့အားကစားနည်းတစ်မျိုးက ခုချိန်မြန်မာ့လက်ရွေးစင်အမျိုးသားတွေဆီးဂိမ်းမှာဝင်မပြိုင်ဖြစ်တာ ကြာနေပီဖြစ်တဲ့ ဘတ်စကက်ဘောပါ။၁၉၉၆-၂၀၀ဝ လောက်ထိ ကျွန်တော်တို ့ပွဲကြည့်ကလေးတွေမှတ်မိသလောက်ပေါ့ အဲဒီချိန်က မြန်မာ့လက်ရွေးစင်တွေဖြစ်တဲ့
(၁)ကိုမောင်မောင်မြင့်(မြစ်ကြီးနား)
(၂)ကိုတိုးမြင့်(သံတွဲ)
(၃)အမည်မမှတ်မိပါ(ပုသိမ်ဇာတိ၊လက်ရွေးစင်အသင်းကပ္ပတိန်)
သူတို ့ကစားသွားတဲ့ ဘတ်စက်ဘောကွင်းက ခုမြေကြီးနှုန်းမြေအောက်သုံးပေလောက်မြုပ်သွားလိုက်တာ တကယ်ကိုကစားနည်းပါ မြေမျိုသလိုမျိုသွားပါလေရောလား။အဲဒါကြောင့်အကြိမ်ကြိမ်နှမျောမိပါတယ်။နိုင်ငံနဲ ့အဝန်း အားလုံးချွတ်ခြုံကြနေမယ်ဆိုတာကိုလဲယုံပါတယ်။
ဒီပို ့စ်ကိုရေးဖြစ်ဖို ့ရည်ရွယ်မိတာက ကျင်းပပြီးစီးသွားတဲ့ မြို ့နယ်ပေါင်းစုံဘောလုံးပွဲ သတင်းလေးကနေ ရှေ ့ဆက်နိုင်ငံအားကစားအတွက် ပိုစိုးရိမ်စရာကောင်းစရာသွားတွေ ့မိလို ့ပါ။ဒီကနေ ့နောက်ဆုံးဗိုလ်လုပွဲကို ဒွါရာဝတီ အားကစားပြိုင်ကွင်းကြီးမှာ သံတွဲမြို ့နယ်အသင်းနဲ ့ဂွမြို ့နယ်အသင်းတို ့ကစားကြတာပါ။သံတွဲအသင်းက၂;ဝ နဲ ့အနိုင်ယူပြီးလက်ရှိချန်ပီယံဆီက နေဆုဖလားပြန်လုယူနိုင်လိုက်တာပေါ့။
သံတွဲအသင်းကအနိုင်ရသွားပေမယ့် ကျွန်တော်မပျော်မိပါ။ဝမ်းသာနည်း၍ခံစားရတာတမျိုးပါ။အနိုင်ရသံတွဲ အသင်းကို ဆုကြေးငွေ(၁၅၀၀၀၀)နဲ ့တဦးချင်းဆုတံဆိပ်အပါအဝင် ဆုဖလားကြီးပေါ့ဗျာ။ဒုတိယရတဲ့အသင်းက ဆုငွေ(၁၀၀၀၀၀)နဲ ့ဆုတံဆိပ်ပေါ့ဗျာ။ဒီနေရာမှာ စိတ်မကောင်းဖြစ်ရတာက မြို ့နယ်ခွဲနှစ်ခု(မအီ၊ကျိန္တလီ)၊ကျန်မြို ့နယ်သုံးခု(သံတွဲ၊ဂွ၊တောင်ကုတ်)အသင်း(၅)သင်းယှဉ်ပြိုင်ကစားကြတဲ့ပွဲ မှာ ပေးလိုက်တဲ့ဆုတွေ၊ချီးမြှင့်လိုက်တဲ့ငွေသားတွေ ဗျာ သူတို ့တွေ စားသောက်နေတဲ့ အရက်ဖိုး၊စားသောက်ဆိုင်၊အမျိုးမျိုးသောစားပွဲသောက်ပွဲ၊Dinner ပွဲတွေမှာမျိုဆို ့နေတဲ့စရိတ်လောက်တောင်မရှိလေတော့။
အင်း အားကစား၊အားကစား,အားမှဘဲကစားရတော့မှာပါလား??????????????
တကယ်တော့မြန်မာ့လက်ရွေးစင်အသင်းကိုမွေးထုတ်ပေးမယ့် အောက်ခြေပွဲတွေမှာ တကယ်ထူးချွန်တဲ့အားကစားသမားတွေကိုချီးမြှောက်ကြတဲ့နေရာမှာ စေတနာပါဖို ့လိုပါတယ်။အားပေချီးမြှောက်မှုများလေ ပါဝင်ဆင်နွှဲသူများရဲ ့ဝါယမစိုက်ထုတ်မှုများလေမို ့ မြန်မာ့လက်ရွေးစင်အသင်းတိုးတက်စေချင်ရင်တော့ အောက်ခြေမြို ့နယ်တွေမှာ ခုလိုဟန်လုပ်ပြနေတဲ့ပွဲတွေကို အမှန်အကန်ဖြစ်အောင်လုပ်ဖို ့လိုနေပီဆိုတာ သိအောင်ရေးပြလိုက်ပါတယ်။
14 comments
Gipsy
November 27, 2011 at 7:18 pm
အွင် . . လာ လာချေပြီ .. ဂလု .. နာကြောက်တယ်ဝေ့ . . ၊
တိုင်စာတော့ မဟုတ်လောက်ပါဘူးနော် …၊
ဆက်၍သည်းခံ ပါလော့ အကိုလေး …။ (စိတ်ထိန်း)…၊
moethuzar
November 27, 2011 at 8:41 pm
ဟုတ်တယ်နော် ဟိုးအဝေးကြီး မိုင်(၈၀)ကျော်ကနေ တကူးတကပွဲမကန်မီကနေလာနေရတဲ့ ဂွအသင်းဆို
သူတို ့ရတဲ့ ဆုကြေးငွေတစ်သိန်းက နှစ်ရက်စာအသုံးစရိတ်လောက်ဘဲရှိမှာ။ပွဲမကစားမီကနေပွဲပြီးတဲ့ထိ ဆယ်ရက်အတိုင်းအတာမှာ
သိန်း၃၀-၄ဝလောက်ကုန်ကျနေတယ်လို ့ပြောတယ်။
ကြောင်ကြီး
November 28, 2011 at 11:47 am
ဘောလုံးပွဲဖြစ်လို့ စားပွဲသောက်ပွဲ၊Dinner ပွဲ ရှိတာ မဟုတ်ဘူးဟေ့၊ စားပွဲသောက်ပွဲ၊ Dinner ပွဲဖြစ်ဖို့ ဘောလုံးပွဲရှိတာ။ 😆
maetu
November 28, 2011 at 1:49 pm
ကိုကြောင်ကြီး၏ အဖြေမှန်ပါတယ်။တော်တယ်ဗျာ။
myaphay
November 28, 2011 at 1:14 pm
မလောက်မငှ၊စေတနာမပါသောဆုကြေးငွေဆိုတာတော့ ဟုတ်ပါတယ်။အကောင်းဆုံးဂိုးသမား၊နောက်တန်း၊အလယ်တန်းနဲ ့ရှေ ့တန်း
ဆိုပြီးဆုငွေ(၂၀၀၀၀)စီပေးတယ်လေဗျာ။အဲဒီတော့ ပင်ပန်းခံပြီးအားကျိုးအားတက်ကစားသူတွေကို ဆင်ပါးစပ်နှမ်းပက်သလိုဖြစ်မနေဘူးလား။
ကျနော်တို ့ရွာအသင်းတွေ တောင်ဖက်က ရေကျော်တို ့ကြွေဂျိုင်တို ့မှာသွားကစားတာ ပထမဆု(၅)သိန်း၊ဒုတိယဆု(၃)သိန်းပေးနိုင်ပါတယ်။
ဒါတောနယ်တွေမှာခြေဗလာကန်တဲ့အပျော်ပွဲသာသာလေးပါ။ခုလိုမြို ့နယ်အဆင့်ပွဲတွေမှာ ဆုကြေးငွေနည်းလွန်းတာက ပွဲလုပ်ရုံလုပ်ပြတဲ့သဘော
ဖြစ်နေပီ။အားကစားကတော့ ကမ ္ဘာကျော်မကျော်မသိတော့ဘူး။တော်တော်ပျက်နေပီလို ့ဆိုရမယ်ကွာ။
tharbaw
November 28, 2011 at 6:17 pm
စိတ်ပျက်တယ်ဗျာ နှစ်စဉ် တို ့ပင်လယ်နားအသင်းတွေ ဗိုလ်လုပွဲတက်နေကြမဟုတ်လား။တို ့ဆီက
ကလေးတွေ ကစားရဖို ့ပိုအခွင့်အရေးရသင့်ပါတယ်။ခုတော့ အသုံးစရိတ်ချွေတာတယ်ဆိုပြီး
မြို ့ပေါ်က ကလေးတွေကိုဦးစားပေးခေါ်တယ်။အသင်းအောင်နိုင်ရေးအတွက် အသုံးစရိတ်ငွေ (၂၄)သိန်းကို
ဘယ်လိုများသုံးစွဲပြီးအားကစားသမားတွေဘယ်လိုများထောက်ပံကူညီကြလေသလဲမသိရသေးပါဘူး။ဒီကနေ ့
၂၈ ရက်နေ ့ညနေ(၆:၃၀)ထိမြို ့ထဲမှာအောင်နိုင်ရေးဆုငွေတောင်းခံဖို ့လှည့်လည်နေကြတယ်ပြောသံကြားရတယ်။
ဒီဆုငွေတွေကိုရော ကစားသမားတွေအတွက်အသုံးမချပါဘဲ အလွဲသုံးစားလုပ်ကြအုံးမှာလား။ဒီလိုဆိုမှဖြင့်
ကစားသမားတွေကို တောင်းစားခိုင်းနေသလို ဖြစ်သွားမှာလေဗျာ။
မောင်သန်းထွဋ် ဦး
November 28, 2011 at 11:12 pm
ကိုသာဘော်ခင်များ ယခုလိုကစားသမားကျွန်တော့်ရဲ ့ကစားဖော်လေးတွေ မြို ့ထဲထွက်လမ်းလျှောက်
ဆုငွေတောင်းခံကြတာက သူတို ့တွက်အောင်ပွဲခံပျော်ပွဲရွှင်ပွဲလေးလုပ်ချင်ကြတာရယ်ကြောင့်ကလေးတွေ
လုပ်ကြတာပါ။သူတို ့ကိုကူညီပြီး သံတွဲ-တောင်ကုတ်ကားလိုင်းက ကားတစ်စီးဆိုကိုယ့်ဆီကိုယ်ထည့်ပြီး
တစ်မြို ့လုံးအောင်ပွဲခံလိုက်ပို ့ပေးနေတာပါ။အကိုတို ့ပြောသလို လောက်တော့ မဆိုးလောက်ပါဘူးလို ့
ယုံထားပါတယ်။
Gipsy
November 28, 2011 at 6:28 pm
အင်း…. အရာရာ အားလုံးတွေဟာ စည်းလွတ်ဝါးလွတ်ဟုတ်ဟန်မတူဘူးဗျ…. ❗
စနစ်တကျနဲ့ကို ရှယ် စီစဉ်ထားတာနေမှာ… ❗
ဘာမှ လုပ်မရတဲ့ အတူ သည်းခံလိုက်ခြင်းဟာ နှလုံးအေးသောဆေးပါ… 😆
ဟူးးးးးးးးးးးးးးးးးးးး ❗
phoekhwarchay
November 28, 2011 at 6:48 pm
နင်ကလဲ ဆရာကြီးလေသံ ပေးနဲ ့ပါလား။ကိုယ့်မြို ့ကိုယ့်ရွာ ကိုယ့်နိုင်ငံအားကစားတိုးတက်ဖို ့
သူတို ့လုပ်မှာကိုစောင့်နေလို ့မဖြစ်တော့ဘူး။တပိုင်တနိုင်လေးနဲ ့ကစားသမားတွေစိတ်ပါဝင်စားလာ
အောင် ဆွဲဆောင်ရလိမ့်မယ်။နင်ပြောသလို သီးခံရအောင် တို ့တွေကအရူးမဟုတ်ဘူး နားလည်လား။
အဖြစ်သဘောဘဲ လုပ်လုပ်၊အဖျက်သဘောဘဲလုပ်လုပ် မဟုတ်တာလုပ်မယ်ဆိုရင်တော့ ပြည်ထောင်စု
ဝန်ကြီးဦးတင့်ဆန်းဆီ လိပ်မူလို ့တိုင်မှာဘဲ။စောင့်ကြည့်ဖို ့လူလွှတ်ပြီးသားပါကွာ။
Gipsy
November 28, 2011 at 7:05 pm
ဆရာကြီးတော့ မဟုတ်ရပါဘူး ….
စိတ်ပျက်စရာတွေ များလွန်းလို့….
လုပ်နိုင်သလောက် အစွမ်းကုန်သာလုပ်ကြစမ်းဘာ…
ဆက်သာလုပ်… 🙂
mgmgmone
November 28, 2011 at 7:36 pm
မောင်မိုးဒီတို ့ရွာအသင်းဆိုနှနှစ်ဆက်တိုက် ဗိုလ်လုပွဲတက်တယ်။ဒီနှစ်မြို ့နယ်အသင်းတွက်လူရွေးပွဲမှာ ပါဝင်မကစားနိုင်ကြတော့ဘူး။
ပွင့်လင်းရာသီရောက်လာတော့ ပိုက်လုပ်ငန်းနဲ ့ပင်လယ်ထွက်နေကြတော့ ကစားသမားတွေက ခုချိန်မကစားနိုင်တော့ဘူးလေဗျာ။
မိုးရာသီဘောလုံးပြိုင်ပွဲမှာဆိုရင်တော့ ပြိုင်ဘက်ကင်းက မောင်မိုးဒီတို ့ လင်းသာရွာလေဗျာ။
phoekhwarchay
November 28, 2011 at 7:43 pm
အားကစားနဲ ့ပတ်သက်လို ့ကတော့မပူနဲ ့ဗျာ။တို ့ရွာဖက်အသင်းတွေက ဘောလုံး၊ပိုက်ကျော်ခြင်း
အားလုံးမြို ့ပေါ်အသင်းတွေထက်သာပြီးသားမို ့ရွာပွဲတွေကိုဘဲ အာရုံစိုက်တော့မယ်။နင်တို ့မြို ့လာကစားရတာ
ပိုက်ဆံသာကုန်တယ်။ဘာမှပြန်မရဘူး။
အာရက္ခ မြေသား
November 28, 2011 at 8:01 pm
ဟုတ်ပါတယ် ကိုယ့်ညီကိုတို ့
ခုပြီးသွားတဲ့ပြိုင်ပွဲက ဆုကြေးငွေနည်းတယ်၊ကစားသမားတွေအစုံအလင်ပါဝင်ခွင့်မရဘူး၊နီးစပ်သူတွေကိုဦးစားပေးရွေးချယ်တယ်၊
စသော အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။ဟုတ်ပါတယ်။ဒီနေရာမှာ အားကစားအဖွဲ ့အောင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်
ကြရာမှာ ကုန်ကျငွေ (၂၄)သိန်းဆိုတာမှာ ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကျပ်(၁၂)သိန်းကောက်ခံပေးရပါတယ်။ဒါပြင့်
မြို ့ပေါ်မှာရော ဆုငွေလှည့်လည်တောင်းခံနေကြရာမှ မသမာမှုပေါ်ပေါက်လာပါက ကိုယ့်ညီကိုတို ့သိရအောင်ပို ့စ်မတင်တော့ဘဲ မန်းတလေးဂေဇက်၏
စည်းကမ်း(၁၁)အရ forum တွင်ရေးသားပေးပါမည်။ကျွန်တော့်အား ခွင့်လွှတ်သည်းခံပေးကြသော ညီကိုရောင်းရင်းများအား
ကျေးဇူးတင်ရှိပါကြောင်း ဂါရဝ စကားဆိုပါရစေ။
မောင်သန်းထွဋ် ဦး
November 28, 2011 at 11:15 pm
ခုလိုမျိုး သဘောထားအမှန်လေးကို ကြားခွင့်သိခွင့်ရလို ့ကျေးဇူးတင်ပါတယ် ကိုအာရက္ခရေ။အကို ့မလဲ လူ ့တိရစ္ဆာန်ဘဝက
ဘယ်တော့များလွတ်မလဲလို ့ထင်တောင်မထင်ထားမိလေတော့ ။ခုတော့ ယုံရတော့ခက်ကြီးပါလားနော့။ဘာဘဲဖြစ်ဖြစ်ပါ အကို ့ကိုကျေးဇူးတင်ပါတယ်။