အေးအေးငြိမ်းငြိမ်း
“အေးအေးငြိမ်းငြိမ်း”
တစ်ခါတစ်လေပျင်းတဲ့အခါ မေးခွန်လေးမေးကြည့်မိပါတယ်။
“ကျနော်တော်တို့ဘာလို့လူဖြစ်နေကြရတာလဲ”ဆိုတဲ့မေးခွန်းလေးပါ။
ဒီမေးခွန်းလေးက ခပ်ကြောင်ကြောင်နိုင်ပေမယ့် ကျနော်လို့ ဉာဏ်ပညာသိပ်မရှိတဲ့သာမန်လူအတွက်တော့
အဖြေကို မတွေ့ပါဘူး။
ကျနော်တို့နေစဉ်ကျင်လည်နေတဲ့လူဘဝကြီးမှာ လူတိုင်းလူတိုင်းမှာ ဆန့်ကျင့်ဘက်ခံစားမူ့တွေကို
တစ်လှည့်စီရယူရင်း နောက်ဆုံး နှလုံးသွေးရပ် တဲ့အချိန်ကို ရောက်မှန်းမသိရောက်သွားပါတယ်။
ပျော်တယ် စိတ်ညစ်တယ်
လွမ်းတယ် ကြည်နူးတယ်
ပင်ပန်းတယ် သက်သာတယ်
ဆိုတဲ့ ဆန့်ကျင်ဘက်တွေနဲ့ဘဲ နပန်းလုံးရင်းပေါ့။
- ၁-ဘာတွေများ ဒီလောက်စိတ်ဝင်စားနေပါလိမ့်နော်
4 လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ဆရာစိုင်းခမ်းလိတ်က ရေးပြးီ ဘိုထီးဆိုခဲ့ပါတယ်။
ပျောက်ဆုံးသောနိဗ္ဗာန်ပါတဲ့။
လွမ်းစရာကောင်းလိုက်တဲ့သီချင်းလေး။
“ငယ်စဉ်က ကလေးတို့ဘဝမှာ ပျော်ပါးဘို့ရာ လွယ်ပါတယ်တဲ့”
ဒီသီချင်းကို လွှမ်းမိုးက ဟော်လိုဂစ်တာလေးတီးပြီးဆိုတော့လဲ ကောင်းပြန်တာပါဘဲ။
အဲတော့ စိတ်ညစ်တိုင်း မပြေလည်တိုင်း ကလေးဘဝလေးကို ပြန်သတိရမိတယ်။
အဲတော့ ကလေးတွေကို သတိထားမိတိုင်း သူတို့ပျော်နေတဲ့ပုံရိပ်လေးတွေကို မှတ်တမ်းတင်မိတယ်။
ပြန်ဝေငှလိုက်တာပါ။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
ပုံစာတွဲ
29-11-2011
20 comments
Zippo
November 29, 2011 at 12:27 pm
ဟုတ်ပါတယ် ကိုပေါက်ရာ တစ်ခါတလေ ခေး ဘွ ပြန်ရောက်ချင်တာ ။
အပူအပင်ကင်းတဲ့ ခလေး ဘဝ ပြန်ရောက်ချင်စမ်းတယ်ဗျ ။
အပူအပင်ကင်းတယ် ဆိုပဲ ။ အတိတ်မေ့ သလိုလို ဖြစ်နေတာလေ ။
thit min
November 29, 2011 at 12:33 pm
စိတ်ချမ်းသာစရာတော့ ကောင်းပါတယ်။
ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကလေးဘဝကိုတော့ မလိုချင်တော့ဘူးဗျ။
ဒီလောက် ခရီးပေါက်အောင် ဒါးတောင်ကိုလည်းကျော်ခဲ့၊မီးပင်လယ်လဲဖြတ်ခဲ့၊ခရောင်းလမ်းကိုလည်း
ဖြတ်ကျော်ခဲ့၊ သုမနကျောမှာလည်း ဒဏ်ရာတွေရခဲ့၊သစ်ငုတ်မြင့်တုံ မြက်မြင့်တုံလဲဖြစ်ခဲ့၊ အိမ်ပြန်ချင်တဲ့အလွမ်းနဲ့
ဝေးခဲ့ရတဲ့ပန်းခရမ်းပြာတွေ အို(ဘာကျန်သေးလဲ ဆက်ရေးကြနော်)
တော်ပါပြီ ကိုပေါက်ရယ်။
မန်းလေးလာတော့မှ ဟိုထမင်းဆိုင်လိုက်ပို့ကွယ်။(^^)
Moe Z
November 29, 2011 at 12:55 pm
ကိုသစ်မင်းပြောသလိုပဲ ကလေးဘဝကိုတော့ပြန်မရောက်ချင်တော့ဘူး
အခုရောက်နေတဲ့အသက်အရွယ်ကိုပဲ ကြိုက်တယ်
နောက်ထပ်ကြုံရဦးမယ့်အသက်အရွယ်ကိုလည်း ပြီးခဲ့တဲ့အချိန်တွေအတွက်
နောင်တမရဘဲကျော်ဖြတ်ချင်တယ်။
Shwemoe
November 29, 2011 at 12:58 pm
ဟုတ်ဖူး ဘ ဘ ပေါက် က ကလေး ဘဝ ပြန်ရောက် ချင်နေတာလားမသိ
ဟုတ်တယ် လူ့ဘဝ က ရှုပ်ထွေးပွေလီ လွန်း လှပါတယ်
ရင်ဆိုင်ဖြေရှင်း နေရတာ အားအင်တွေက လျော့တိလျော့ဖတ် ဖြစ်နေပီ
ဒါလဲလေ အားကိုဖြည့်တင်း ဆက်လက်ရင်ဆိုင် ရဦးမှာ ။
ဦးဖွတ်ကျား
November 29, 2011 at 1:00 pm
တားတားလည်း ဂဏန်း အဲ့လေ ဇက် လိုပဲ..
ခေး ဖစ်ချင်လော့ဝူး ….(ခေးပြန်ဖစ်တွားရင် မိန်းမရနောက်ကျတွားမှာပေါ့..)
ဘတ်ထ် ..လက်ရှိ စကေးလ်နဲ့ပဲ အသက်ကို ၈နှစ်လောက် ဖြိုပေးမယ်
ဆိုရင်တော့ စိတ်ဝင်ဇားဘာဒယ်…
ပုံ
ဦးဖွတ်ကြား။ အင်ဇာဂီ။ ဆောက်ဇာဂီ။ ကိုအင်ကြီး။ ဇာဒူးကြီး။ ဂီဂီ။ ဂိုင်း။ ဆြာအင်။
water-melon
November 29, 2011 at 1:09 pm
ကလေးဖြစ်ချင်တယ် ငယ်ငယ်တုန်းကလို စိန်ပြေးလိုက်တန်း အရုပ်ပြစ်မယ် စွန်လွှတ်ခြင်တယ် ပေတီးလည်းပေါက်ခြင်တယ်။ ဟီး ငိုချင်လာပြီ။
ကိုပေါက် ဆိုင်ကယ် သက်တမ်းကုန်တော့မယ်နော်။၁လ လောက်တော့ ကျန်ပါသေးတယ်။ ကြိုတိုးလို့ရပြီ။ မတိုးသေးဘူးလား။
စုံ စုံ
November 29, 2011 at 1:20 pm
ကလေးတွေကတော့အပြစ်ကင်းတယ် ချစ်ဖို့လဲကောင်းတယ်
ဒါပေမယ့် တချို့ကလေးတွေကအရွယ်နဲ့မလိုက်အောင်လူကြီးတယောက်လို
တတ်နေရင်လဲ အမြင်ကတ်တယ် ကလေးကိုကလေးလိုဘဲမြင်ရတာသဘောကျတယ်
ကိုယ်ကိုတိုင်က ကလေးပြန်ဖြစ်ချင်လားဆိုရင် လုံးဝမဖြစ်ချင်တော့ဘူး
အဓိကကတော့ စာပြန်မကျက်ချင်တော့တာ 😛
နွယ်ပင်
November 29, 2011 at 1:33 pm
တစ်ခါတစ်လေတော့လည်း ကလေးဘဝလေးကိုလွမ်းမိတယ်
ကလေးတော့ ပြန်မဖြစ်ချင်တော့ဘူး စုံစုံပြောသလိုပဲ စာကျက်ရမှာကြောက်လို့ …. 😀
windtalker
November 29, 2011 at 3:18 pm
အမှန်က
ကလေးနာမည် က “ အေးအေး ”
သူ ့အမေ နာမည် က “ ချမ်းချမ်း ” တဲ့
king
November 29, 2011 at 7:16 pm
ဟုတ်ဘူး
အမေနာမည်က “အေးအေး”
မအေးရယ် ချစ်လို့ပါကွယ် သီချင်းက အဲဒီကစတာ … 😀
သမီးနာမည်က “ချမ်းချမ်း”
သူကလည်း မခေဘူး ….. ရှိသည်၊ ဖြစ်သည်၊ ချစ်သည် တဲ့ ….. 😀
blackchaw
November 29, 2011 at 3:43 pm
ကလေးတွေရဲ့ ဘဝက အပူအပင်မရှိဘူးဆိုတာ
ဘာမှမသိသေးလို့လေ။ သိလာတော့ အပူတွေ ဝင်လာမှာဆိုတော့
မလိုချင်ပေမယ့် အပူအပင်မဲ့တဲ့ ဘဝလေးကိုတော့ ချစ်ပါတယ်ဗျာ။
naywoonni
November 29, 2011 at 4:31 pm
ကလေးဘဝကို ပြန်မလိုချင်တော့ပါဘူးဆိုတာ အသက် 30-40 – 50 ဝန်းကျင် သန်တုန်းမြန်တုန်း အရွယ်လောက်က အတွေးပါ…….။ ဒီထက်ကြီးသွားပြီး အိုလို့ ‘ မင်းမစွမ်း ‘ ဖြစ်လာတဲ့ တစ်ချိန်မှာ တစ်ချို့ ပြန်လိုချင်ကြတယ်….။ အဲဒိအချိန်ကြရင် ပြန်တွေးကြည့်ကြဦးပေါ့….။ နော့….။ လူအိုတွေ ပြောနေသံတစ်ချို့ ကြားဖူးလို့ပါ…။ ကိုယ်လည်း အဲဒိအရွယ်မရောက်သေးတော့ မသိသေးဘူးလေ…။ ကိုယ်တိုင်ကြုံ မှ တွေးမိမတွေးမိ …။ ကလေးဘဝ ပြန်လိုချင် မလိုချင် ဆိုတာ သိလာရမဲ့ ကိစ္စပဲ မဟုတ်လား နော့…။ ကိုယ်တွေ့ကြုံရင် သက်လုံကောင်းပါစေ……….
kai
November 30, 2011 at 6:40 am
အဟမ်း..။
သူငယ်ပြန် (alzheimer) ဖြစ်တာဖြစ်နေပါမယ်နော…။
အသက်ကြီးရင်.. ဦးနှောက်အချောင်ခိုထားသူတွေ.. alzheimer ဖြစ်နှုန်းပိုများတယ်…။
ကိုပေါက်(မန္တလေး)
November 29, 2011 at 6:14 pm
ကလေးဘဝတော့ပြန်မလိုချင်ပေါင်ဗျာ။
ဒါပေသိ ကလေးဘဝက အပူအပင်ကင်းကင်းနေခဲ့ရတာလေးကိုတော့အလွမ်းသားဗျာ။
အဲဒီအချိန်ကျနော်တို့ကသာ အေးအေးငြိမ်းငြိမ်းဖြစ်နေတာ
ကျနော်တို့မိဘတွေမှာတော့ ပြေးပြေး ဒိန်းဒိန်းနဲ့ဘဝကိုရုန်းကန်နေခဲ့ကြရတာပါဗျာ။
ကိုပေါက်(မန္တလေး)
November 29, 2011 at 6:18 pm
ကိုသစ်ရေ
နံနက်ခင်းဆီးနှင်းတို့အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုက်ဆိုက်ပြီ
မကြည်လင်တာတွေ အမှောင်ရိပ်ထဲသိပ်ခဲ့ကွယ်
မကြာခင်ဆိုရင်မိုးလင်းနိုးထတော့မယ်တဲ့
စစခြင်း ရာပြည် ့ဆိုတယ်နောက်တော့ ခင်ဝမ်း သူ့နောက်မှာ ဘိုဖြူ
သူပြီးတော့ ကိုတိုး ဘယ်သူဆိုဆို ဒီသီချင်းလေးက ရင်ထဲထိတယ်နော်။
thit min
November 29, 2011 at 6:47 pm
~~ဟို တဘက်ကမ်းက တရားဒေသနာ
~~~အာရုံဦးရဲ့ ငြိမ်းချမ်းမှူ လေလား
~~~ ပူလောင်ကျွမ်းတဲ့နှလုံးသားကိုယ့်အသဲကို
~~~ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ။(^^)
တညင်သား
November 29, 2011 at 6:51 pm
မရနိင်မှန်းသိတော့မလိုချင်တော့ပါဘူး …နဲနဲလေးသိလာလေလေ အချိန်တွေကိုနှမျောလေလေ ပြန်ငယ်လို့ရရင်ကောင်းမှာပဲလို့ တွေးလေလေ……… ဘယ်အရွယ်လောက်ထိ ငယ်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တာ စဉ်စားရင်း စဉ်စားရင်း စဉ်စားရင်းးးးးးးး ကလေးဘဝ က အကောင်းဆုံးဖြစ်နေတယ်… 🙂
MaMa
November 30, 2011 at 7:28 am
ကိုပေါက်ရေ-
ခေါင်းစဉ်ပေးထားတာကကလည်း အေးအေးငြိမ်းငြိမ်း
ပုံလေးတွေကြည့်ရတာလည်း အေးအေးငြိမ်းငြိမ်း
စာဖတ်ပြီး ခံစားရတာလည်း အေးအေးငြိမ်းငြိမ်း နဲ့
သန္တရသကို ပေးစွမ်းနိုင်သော ပိုစ့်လေးပါ။ 🙂
ကိုပေါက်(မန္တလေး)
November 30, 2011 at 8:37 am
ကိုခိုင်ရေ
သူငယ်ပြန်တာမဟုတ်ဘူးဗျာ။
အပူတောကိုလျှောက်ရတာများရင်
အေးတဲ့အရိပ်ကလေးကို ပြန်ကြည့်လိုက်ရရင် စိ်တ်နည်းနည်းတော့ချမ်းသာသွားတယ်လေ။
cum min
August 24, 2012 at 9:38 am
အပူအပင်ကင်းတဲခလေးလေးဘဝကို…….အဲလေသီချင်ဖြစ်နေပြီး