ယနေ့ ဆူး ခရီးစဉ်

ဆူးNovember 29, 20111min40654

ယနေ့တော့ မျက်မမြင်ကျောင်း ၂ကျောင်း ကို ရောက်ခဲ့တယ်။ ပထမကတော့ စလင်းကွင်း မျက်နှာချင်းဆိုင် ရှေ့တည့်တည့် ပန်းပင်ကြီးလမ်းမှာ ရှိတဲ့ မျက်မမြင်ကျောင်းကို ရောက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ မနက်စာ အလှူခံ မရတဲ့ နေ့မှာ စားဖို့ အတွက် ခေါက်ဆွဲထုတ် နဲ့ အအေးတွေ ကျောင်းသား အယောက် ၁၂ဝစာ မှန်းပြီးတော့ ဝယ်သွားတာပါ။
ကျောင်းမှာတော့ ကျောင်းသား ၁၀၂ယောက်ရှိတယ်ပြောပါတယ် ပိုပိုသာသာ ၁၂ဝ လှူခဲ့တယ်။ ပိုက်ဆံ ၅သောင်းလောက် မှန်းပြီး ဝယ်ဖို့ တွက်ပြီး သူငယ်ချင်းကို ဝယ်ခိုင်းတာ သူငယ်ချင်းက ဒိုင်ကနေ ဝယ်လာတာမို့ ၄သောင်းလောက်ပဲ ကျပါတယ်။ ပြည်ပ အားကိုး ပဲ ပြောပြောပေါ့ ပြည်တွင်းဖြစ် ခေါက်ဆွဲဆိုရင် ခေါက်ဆွဲ ပါတာ နည်းတော့ တထုတ်မဝမှာ စိုးလို့ ယိုးဒယားဘက်က ဝင်လာတဲ့ ခေါက်ဆွဲ နဲ့ အအေးကို ဝယ်သွားလိုက်တယ်။ ထို့နောက်မှာတော့ လိုအပ်တာတွေ စုံစမ်းမေးမြန်းခဲ့ပါသေးတယ်။ ကျောင်းသားတွေ အတွက် မျက်မမြင် အတန်းကျောင်း ဖတ်စာအုပ်တွေ မပြည့်စုံမှုတွေ ဖြစ်နေလို့ လိုအပ်တာတွေ ရှိနေတဲ့ အကြောင်းနဲ့ အတန်းကြီးတွေ ၁ဝတန်းလောက်ဆို ဖတ်စာအုပ် ပိုလိုအပ်နေတယ်လို့ ကြားသိခဲ့ရတယ်။ ထိုဖတ်စာအုပ်ကိုတော့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဝယ်ပြီး သူတို့ဆီမှာ လှူလို့ ရတယ် ဆိုတဲ့ အကြောင်းလည်း သိခဲ့ရပါတယ်။
တိုက်တိုင်ဆိုင်ဆိုင် ထိုကျောင်းမှာ အဆိုပြိုင်ပွဲ ရှိတဲ့ အတွက် အနယ်နယ် အရပ်ရပ်မှ အဆိုဝါသနာပါတဲ့ မျက်မမြင် ကျောင်းသားလေးများ ရောက်ရှိနေပြီးတော့ သီချင်းဆိုနေကြတာလည်း တွေ့ခဲ့ပါသေးတယ်။

ထိုကျောင်းမှာတော့ ညောင်းညာ အကြောတက် တတ်တဲ့ လူတွေ အတွက် ဂျပန် အနိပ်ပညာနဲ့ ကြောလျော့ပေးနေတဲ့ နေရာလည်း ရှိပါတယ်။ တယောက်ကို ၁နာရီ ၄၀၀ဝကျပ် နှုန်းနဲ့ အမျိုးသားကို အမျိုးသား နဲ့ အမျိုးသမီး ကို အမျိုးသမီး တခန်းစီ သီးသန့် နိပ်တဲ့ နေရာလည်း ရှိပါတယ်။ နိပ်ပေးတဲ့ ကလေးတွေကတော့ တယောက်ကို ၂၀၀ဝ နှုန်းနဲ့ လကုန်ရင် ပြန်ရှင်းပေးတယ်လို့ ကြားမိပါတယ်။ ကျန် ၂၀၀ဝ ကိုတော့ ကျောင်း ရံပုံငွေ အဖြစ် သိမ်းဆည်းထားပြီး ကျောင်းမှာ အလှူရှင် မရှိတဲ့ အခါမျိုးတွေ ပြင်ဆင်ပြုပြင် မွမ်းမံ မှုတွေ ပြုလုပ်တဲ့ အခါတွေမှာ ထုတ်သုံးပါတယ်။ တကယ် ညောင်းတတ်တဲ့ လူတွေ ဆိုရင်တော့ မျက်မမြင် တဲ့ ကလေးတွေကို အားပေးသင့်တယ်လို့ ယူဆပါတယ်။ သူတို့ မျက်စိမမြင်ပေမဲ့ သူတို့ကလည်း အများနဲ့ တန်းတူ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ မေးမြန်းတာတွေ မေးမြန်းပြီးတော့ ဒုတိယ နေရာကို ဆက်လက်သွားခဲ့တယ်။

စိတ်ကူးကတော့ ခဝဲခြံကို သွားပြီး အသံနဲ့ အလင်းလှူတဲ့ အစီအစဉ်မှာ အလှူသွားလုပ်ဖို့ ဆက်သွားခဲ့ပါသေးတယ်။ ခဝဲခြံ မျက်မမြင်ကျောင်းကို အသံသွင်းမသွားခင် ဖုန်းကြိုဆက်ရင် ရနိုင်ပေမဲ့ သူတို့ ဖုန်းပျက်နေလို့ ဖုန်းမဆက်ပဲ သွားလိုက်ပါတယ်။ ဟိုရောက်တော့ အသံသွင်းပေးတဲ့ လူနဲ့ မတွေ့ခဲ့ဘူး။ ထမင်းစားသွားတယ် ဆိုတာနဲ့ မစောင့်နိုင်တာနဲ့ သိချင်တာလေးတွေ မေးမြန်းစုံစမ်းခဲ့ပါသေးတယ်။ ပန်းပင်ကြီးလမ်းက အစိုးရမျက်မမြင်ကျောင်းမှာ လိုအပ်နေတဲ့ ဖတ်စာအုပ်တွေ သူတို့ ထုတ်ပေးတဲ့ အကြောင်းမေးလိုက်တဲ့ အခါမှာတော့ အတန်းကျောင်း ဖတ်စာအုပ်တွေရဲ့ တန်ကြေးတွေ သိခဲ့ရပါတယ်။

အ သုံးလုံး

စာစဉ် ၁ . ၂ . ၃ (၉၀၀၀)

သူငယ်တန်း

• မြန်မာစာ (၃၀၀၀)
• အင်္ဂလိပ်စာ (၇၀၀)
• သချင်္ာ (၆၂၀၀)

ပထမတန်း

• မြန်မာစာ (၄၀၀၀)
• အင်္ဂလိပ်စာ (၁၄၆၀)
• သချင်္ာ (၁၀၅၀၀)
• သိပ္ပံ (၃၆၀၀)

ဒုတိယတန်း

• မြန်မာစာ (၅၂၀၀)
• အင်္ဂလိပ်စာ (၅၀၀၀)
• သချင်္ာ (၁၂၀၀၀)

တတိယတန်း

• မြန်မာစာ (၄၅၀၀)
• အင်္ဂလိပ်စာ (၆၈၀၀)
• သချင်္ာ (၁၄၅၀၀)
• သိပ္ပံ (၃၀၀၀)
• လူမှုရေး (၄၀၀၀)

စတုတ္ထတန်း

• မြန်မာစာ (၅၇၀၀)
• အင်္ဂလိပ်စာ (၈၈၀၀)
• သချင်္ာ (၁၆၇၀၀)
• သိပ္ပံ (၅၈၀၀)
• လူမှုရေး (၆၅၀၀)

ပဉ္စမတန်း

• မြန်မာစာ (၁၀၀၀၀)
• အင်္ဂလိပ်စာ (၈၅၀၀)
• သချင်္ာ (၁၉၀၀၀)
• သိပ္ပံ (၆၀၀၀)
• သဒ္ဒါ (၈၅၀၀)
• သမိုင်း (၈၀၀၀)
• ပထဝီ (၁၀၀၀၀)
• သိပ္ပံ (၁၆၅၀၀)

ဆဌမတန်း

• မြန်မာစာ (၈၅၀၀)
• အင်္ဂလိပ်စာ (၈၅၀၀)
• သချင်္ာ(၁) (၁၉၈၀၀)
• သချင်္ာ(၂) (၈၈၀၀)
• လူမှုရေး (၇၃၀၀)
• သမိုင်း (၈၅၀၀)
• ပထဝီ (၈၅၀၀)
• သိပ္ပံ (၁၅၅၀၀)

သတ္တမတန်း

• အင်္ဂလိပ်စာ (၉၇၀၀)
• သချင်္ာ(၂) (၈၇၀၀)

အဌမတန်း

• အင်္ဂလိပ်စာ (၁၁၂၀၀)
• သချင်္ာ(၁) ပတွဲ (၈၈၀၀)
• သချင်္ာ(၁)ဒုတွဲ (၉၅၀၀)
• သချင်္ာ(၁)တတွဲ (၁၂၀၀၀)
• ကဗျာ (၃၀၀၀)
• မဟော်သဓာ (၈၂၀၀)
• သိပ္ပံ (၃၃၀၀)
• လူမှုရေး (၁၁၀၀၀)

နဝမတန်း

• သဒ္ဒါ (၉၀၀၀)
• အင်္ဂလိပ်စာ (၁၅၄၀၀)
• သမိုင်း (၁၅၉၀၀)
• ကမာ္ဘ့သမိုင်း (၁၁၆၀၀)
• ပထဝီ (၂၆၈၀၀)
• မြန်မာ (၂၄၀၀၀)
• သချာင်္ (၃၄၅၀၀)

ဒဿမတန်း

• မြန်မာသဒ္ဒါ (၁၁၄၀၀)
• မြန်မာစာ (၁၄၆၀၀)
• ရွှေလက်ဆောင် အထူးထုတ်(၃၀၀၀၀)
• အင်္ဂလိပ်စာ (၁၈၂၀၀)
• မြန်မာ့သမိုင်း (၁၈၆၀၀)
• ကမာ္ဘသမိုင်း (၁၁၆၀၀)
• ပထဝီ ပတွဲ (၇၉၀၀)
• ပထဝီ ဒုတွဲ (၉၀၀၀)

နောက်ပြီးတော့ ဆူး တို့လို အင်တာနက် သုံးတဲ့ လူတွေ အတွက် အဆင်ပြေပြေ ကူညီပေးနိုင်တဲ့ နည်းလမ်းတခုလည်း သိခဲ့ရတယ်။ တခြားတော့ မဟုတ်ဘူး မိမိဖတ်တဲ့ စာတွေကို မျက်မမြင်တွေကိုလည်း ဖတ်စေချင်ပြီး မိမိသိတဲ့ ဗဟုသုတတွေ မျှဝေ ပေးချင်တယ်ဆိုရင်လည်း သူတို့ဆီကို ယခု အသုံးပြုတဲ့ ဇော်ဂျီဖောင့်နဲ့ပင် စာရိုက်ပြီးတော့ သူတို့ဆီကို အီးမေးနဲ့ ပို့ပေးလိုက်မယ် ဆိုရင်လည်း စာကြည့်တိုက်မှာ သူတို့ ဖတ်ဖို့ မျက်မမြင်စာနဲ့ ထုတ်ပေးထားမှာ ဖြစ်လို့ ဒီတိုင်း ပို့ပေးလိုက်ပါတဲ့ အီးမေး လိပ်စာလည်း ရခဲ့တယ်။
mcfb.admin@gmail.com
mcfbgso@myanmar.net.mm

ပို့မယ် ဆိုရင်တော့ ဂျီမေးကို ပို့လိုက်ပါတဲ့.. ဖိုင်ဆိုဒ်များများဆိုရင် ဂျီမေးက အဆင်ပြေတယ်လို့ ပြောပါတယ်။
နောက်ထပ် အသံသွင်းပြီး အလင်းဒါန အစီအစဉ်ကိုလည်း သေချာ မေးမြန်းကြည့်တော့ အိမ်မှာ ဖတ်ပြချင်တဲ့ စာအုပ်တွေ သို့မဟုတ် ကလေးတွေ အတွက် ပုံပြင် စာအုပ်တွေ ဝတ္တုတွေကို ကိုယ့်ဟာကို အသံသွင်းပြီး စုထားပြီးတော့ သူတို့ဆီကို လာပို့ရင်လည်း ဖြစ်ပါတယ်တဲ့။ အသံဖိုင်ကိုတော့ အီးမေးနဲ့ ပို့ရင် အဆင်မပြေမှာ စိုးလို့ လူကိုယ်တိုင်ပဲ လာယူမယ်ပြောပါတယ်။
ဆူး ကတော့ အသံဖိုင်တွေ စုစည်းပြီးတော့ သူတို့ဆီကို သွားပို့မယ်လို့ စိတ်ကူးထားပါတယ်။
အသံသွင်းရင်တော့ အိမ်မှာ mp3 နဲ့ သွင်းမယ်ဆိုရင် အသံကြည်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကွန်ပြူတာ မှာ mic နဲ့ တပ်ပြီး အသံသွင်းရင်တော့ အသံအရည်အသွေး အဆင်ပြေတယ် ပြောပါတယ်။ ဆူး ကိုယ်တိုင်ကတော့ ဘယ်စာအုပ်တွေက စပြီးတော့ ဘယ်လို အသံသွင်းပေးရမလဲ ဆိုတာ စဉ်းစားနေပါတယ်။ ကောင်းတဲ့ စာအုပ်တွေ ဖတ်ပြသင့်တဲ့ စာတွေ ကိုလည်း ဆူး ကို လမ်းညွန်ပေးကြပါအုန်းနော်။ အသိပညာ ဗဟုသုတ တခုခု တိုးသွားတယ် ဆိုရင်ပဲ ကျေနပ် ပီတိ ဖြစ်ဖွယ် ကောင်းလှပါပြီ လို့ ယူဆပါတယ်။

54 comments

  • Moe Z

    November 29, 2011 at 4:43 pm

    မမဆူးရေ အရမ်းကိုလေးစားပါတယ်
    အလှူအတွက်လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်
    မိုးစက်လည်းစာအုပ်တွေ လှူချင်သေးတယ်
    အခုတော့ လက်ရှိသင်ပေးနေတဲ့ မိဘမဲ့ကလေးတွေအတွက်သုံးတာများသွားလို့
    သူငယ်ချင်းတွေဆီ အလှူခံလိုက်ဦးမယ်
    စာအုပ်ဈေးနှုန်းနဲ့ အီးမေးလ်ကူးသွားပါတယ်

    • ဦးဖွတ်ကျား

      November 29, 2011 at 5:25 pm

      လိမ္မာလိုက်တာ ဇက်ကလေးရယ်….
      မိဘမဲ့ကလေးဒွေကို ကြင်နာဒတ်တယ်လား..

      အာဖွားရီးဆူး…သာဓု၃
      ဂီဂီပျံလာရင် ကိုယ်တိုင်ကိုယ်ကျ လာလှူမယ်..တိရား

      • ဆူး

        November 29, 2011 at 5:31 pm

        စိတ်ဝင်စားလို့ အသံသွင်းပြီး အသံဖိုင် နဲ့ ပေးချင်ရင် အီးမေး နဲ့ ပို့လိုက်လေ ဆူး သွားပို့ပေးမယ်။

      • ကိုရင်စည်သူ

        December 1, 2011 at 6:39 pm

        အဒူတွေတုန်းဟ…
        သိုင်းညီနောင်တွေနဲ့ အော်မေ့ဂိုဏ်းသူလေးတွေဆို
        အနီတွေရဲပလောင်းထအောင် ပေးဒါ..
        ဇက်လေးရဲ့ တစ်ဝက်လောက် လိမ်မာစေချင်လိုက်ဒါ..
        အဲ့လိုကြင်နာတတ်တဲ့ စိတ်ဓါတ်လေးတွေကြောင့်
        ကိုရင်မှာ ကတုံးကြီးနဲ့ စိတ်မနိုင်ဖြစ်နေတာ.. ဟိဟိ.. 😆 😆

        ဂျိုကာဂီ့ကို မကြောက် ဇက်လေးထားသွားမှာ ကြောက်တဲ့ 😳 😳
        ကိုရင်စည်သူ

  • blackchaw

    November 29, 2011 at 5:10 pm

    သိတ်ကောင်းတဲ့ အစီအစဉ်ပဲဗျို့။
    မျက်မမြင်တွေကို အကူအညီပေးတယ်ဆိုတာသိရလို့
    သာဓုခေါ်ပါတယ်ဗျာ။
    သာဓု သာဓု သာဓု ပါဗျာ။
    နောက်ကို ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်ဗျာ။

    • thit min

      November 29, 2011 at 7:04 pm

      စာသင်ကျောင်းအလှူ၊
      မျက်မမြင်အလှူ၊
      အရူးထောင်အလှူ၊
      စာကြည့်တိုက်အလှူ၊
      ပါတ်ဝန်းကျင်ထိန်းသိမ်းရေးအလှူ၊
      နာရေးကူညီမှူအသင်းအလှူ၊
      ပညာသင်ထောက်ပံ့ကြေးအလှူ၊
      ဘာအလှူ၊ညာအလှူ၊
      တွေ လှူနိုင်တဲ့ နေရာ၊ဖုံးနံပါတ်၊လိပ်စာတွေ စုပြီး ပို့စ်တင်ပေးထားရင်ကောင်းမယ်နော်။
      ဘယ်လိုလှူလို့ရတယ် ဆိုတာမျိုးလေးတွေပါရေးပေးပြီးပေါ့။
      လိုအပ်တဲ့နေရာတွေ ဆိုတော့ ကုသိုလ်ရတယ်ဆိုတာထက် သူ့တို့လိုအပ်ချက်ပြည့်စုံမှုက
      ပီတိဖြစ်စရာပါ။
      ယခင်ယခုလှူကြသော အလှူ့ရှင်များအား လေးစွားပါတယ်လို့။(^^)

  • ဆူး

    November 29, 2011 at 5:11 pm

    သူတို့လည်း အလှူရှင်တွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုနေမှာပါ။
    ပန်းပင်ကြီးလမ်းမှာလည်း မျက်မမြင် စာထုတ်လို့ ရတဲ့ စက်ရှိတယ် ခဝဲခြံမှာ ရှိတဲ့ စက်ထက်ကို ပိုပြီးတော့ အဆင့်မြင့်တယ် ဒါပေမဲ့ နည်းပညာ အသုံးချပေးတတ်တဲ့ လူမရှိလေတော့ စက်က မထုတ်ဖြစ်တာလို့ ပြောပါတယ်။ ခဝဲခြံကတော့ ပညာရှင်ရှိတော့ အဆင်ပြေပြေ ထုတ်လို့ ရတယ်လို့ ပြောတယ်။ သူတို့ဆီမှာ ထုတ်နေတဲ့ စက်လည်း မြင်ခဲ့တယ်။

  • သုံးလေး

    November 29, 2011 at 5:23 pm

    အားကျမိပါသည်။

  • hmee

    November 29, 2011 at 5:34 pm

    ဆူးရေ ကလေးတွေအတွက် ရည်ရွယ်တယ်ဆိုရင်တော့ ပုံပြင်လေးတွေပေါ့။ နဲနဲအရွယ်ရောက်သူတွေ အတွက်ဆို အမကတော့ ဝတ္ထုတိုလေးတွေ ပိုကြိုက်တယ်။ ကိုယ်ကြိုက်တာပြောတာ။ 🙂 မစန္ဒာ၊ ဆရာဖေမြင့် တို့ရဲ့ ဝတ္ထုတိုလေးတွေကတော့ သဘောအကျဆုံးပဲ။ ဝတ္ထုရှည်ဆို ဆူး တော်တော် အချိန်ယူရမယ်။ ဟိုးတုန်းက နားထောင်ဖူးတယ် ဆရာမဂျုးရဲ့ ရေမျှောသီး၊ မြရဲ့လ တို့ကို ထူးအိမ်သင်နဲ့ ဟေမာနေဝင်း ဖတ်ပြတာကိုလေ။ အသံအနေအထား အနိမ့်အမြင့်နဲ့ ဖတ်သွားတာများ ကောင်းချက်။ ဆူးလည်း အဲ့လို ဖတ်ကောင်စရိုက်အလိုက် ဖတ်ပြနိုင်ရင် ပိုကောင်းတာပေါ့နော့။ ဆူးရဲ့ အလှုကိုလည်း သာဓုခေါ်ပါတယ်။ အမလည်း အသံအလှုကိစ္စတော့ တော်တော်စိတ်ဝင်စားတယ်။ ပြန်ရောက်မှ ဆူးကို သေချာမေးဦးမယ်။

  • hmee

    November 29, 2011 at 5:36 pm

    ဇတ်ကောင်ရေးတာ ဘယ့်နှယ့် ဖတ်ကောင် ဖြစ်သွားပါလိမ့်။

  • nayminn

    November 29, 2011 at 5:38 pm

    အလှူရေစက် လက်နဲ့မကွာ…လှူနိုင်ပါစေ..။

  • E.T

    November 29, 2011 at 5:44 pm

    အားကျပါတယ် အန်တီဆူး။ ပြန်ရောက်မှ MG ကလူတွေကိုစုပြီး သွားလှူဦးမယ်။ MG အမှတ်တရ အလှူလေး ဖြစ်အောင်

  • thit min

    November 29, 2011 at 6:36 pm

    မျက်မမြင်လို့ကြားလိုက်ရင် မျက်မမြင်စာရေးဆရာမ ဟယ်လင်ကဲလားကိုဘဲ တွေးလိုက်မိပါတယ်။
    သူ့စာအုပ်တွေတော့ အဲဒီမှာ ရှိနေမှာပါဘဲလေ။
    ဆရာဖေမြင့်လည်း ဘာသာပြန်ဘူးတာ(ဆောင်းပါးအတို)လေးတွေ့ဘူးပါတယ်။နှလုံးသားအဟာ
    ရ ရသစာများထဲမှာ။
    သူ့အကြောင်းအကုန် မြန်မာဘာသာပြန်ရှိလားမသိဘူးနော်။ရှိစေချင်လိုက်တာ။(မရှိရင်)

    အမှန်ကတော့ မျက်စိမြင်နေသူတွေတောင် ဖတ်သင့်တဲ့စာအုပ်မျိုးပါဘဲ။
    ၁၈၈ဝ ခုနှစ်မွေးပြီး ၁၉၆၈ မှာဆုံးပါးခဲ့တဲ့ ဆရာမဟယ်လင်ကဲလားဟာမွေးတုန်းကအကောင်းပါဘဲ။
    ၁၉ လသမီးမှာ scarlet fever နဲ့ အပြင်းဖျားပြီး နားမကြား၊မျက်စိကွယ်ခဲ့ရပါတယ်။
    စကားလည်းမပြောနိုင်တော့ပါဘူးတဲ့။

    ဒါပေမဲ့ သူ့ဘဝရဲ့ အရေးအကြီးဆုံး အချိုးအကွေ့ကတော့ အသက်၄၉နှစ်ရှိပြီ ဖြစ်တဲ့ ဆရာမကြီးAnne Sullivan
    ၁၈၈ရ ခုနှစ်မှာ သူ့အိမ်ကို စာသင်ဘို့ ရောက်လာခြင်းပါဘဲ။

    ဆရာမကြီးရဲ့စွမ်းအား၊ သူရဲ့ကြိုးစားမှု ဇွဲကြောင့် “ရေ” ဆိုတဲ့ စကားကို ပြောနိုင်ခဲ့ပါတယ်တဲ့။
    သူ အရမ်းဝမ်းသာခဲ့ရပါတယ်။ ကဲ အဲဒီနေရာမှာ။
    ကျနော် စဉ်းစားမိတယ်ဗျာ။ ကျနော်တို့ စကားတွေ အများကြီးပြောနိုင်ပေမဲ့ ဝမ်းသာစရာလို့မထင်မိဘူးလို့။

    နားမကြား၊မျက်စိမမြင်တဲ့ ဟယ်လင်ကဲလားဟာ အသက် ၁၁ နှစ်သမီးမှာ စာစရေးပါတယ်။
    စာရေးဆရာမဖြစ်တယ်ပေါ့ဗျာ။
    သူ့ ထုတ်ဝေတဲ့ စာအုပ် ၁၂ အုပ်ရှိတယ်ဗျ။ သူ့ဘဝအကြောင်းရေးတဲ့ စာအုပ်ကတော့
    အအောင်မြင်ဆုံးပေါ့နော်။
    ဆောင်းပါးတွေကတော့အများကြီးရေးခဲ့ပါတယ်တဲ့။
    ဝိဇ္ဇာဘွဲ့ ကိုလည်းရအောင်ယူနိုင်ခဲ့တယ်။ မျက်မမြင်ပထမဆုံးဘွဲ့ရသူပေါ့ဗျာ။
    အောက်ကဆိုဒ်မှာ သူ့စာအုပ်တွေ ရောင်းတာတွေ့ဘူးပါတယ်။
    http://www.allbookstores.com/Helen-Keller/author

    ကဲ ဗျာ၊ ကျနော် တို့ဘာလို့အားလျှော့ရမှာလည်းဗျာ။

    အခုသွားခဲ့တဲ့နေရာတွေမှာလည်း
    ဘဝကို အရှုံးမပေးဘဲ ဇွဲနဘဲ နဲ့ အောင်မြင်ခဲ့တဲ ဟယ်လင်ကဲလားလို လူများ
    ဒေါ်ဆူးရဲ့ အလှူတွေကြောင့်ပေါ်ပေါက်လာနိုင်ပါစေလို့။

    လေးစားစွာ
    မောင် သစ်မင်း

    • hmee

      November 29, 2011 at 10:56 pm

      ကိုသစ်မင်းရေ အဲ့ဒီစာအုပ်က ဗမာလို ဘာသာပြန်ရှိပါတယ်။ အရင်တုန်းက For All အင်္ဂလိပ်စာအုပ် နောက်ကျောဘက်မှာ အခန်းဆက်ပါဘူးတယ်။ ကျွန်မ ၈တန်း ၉တန်းလောက်က ဖတ်ဖူးခဲ့တာမို့ ဘာသာပြန်တဲ့သူတော့ မေ့နေပြီ။

    • ဆူး

      November 30, 2011 at 8:38 am

      မြန်မာဘာသာပြန် ထားတာရှိမယ် ဆိုရင် ဆူး ကို လက်ဆင့်ကမ်းပေးပါလား ကိုယ်တိုင် ဘာသာပြန်ဖို့ ကျတော့ ဆူး ကိုယ့်ဟာကိုသိတယ် ဘာသာပြန်နိုင် စွမ်းအား မကောင်းဘူး။
      ဒီလို စာအုပ်မျိုးတွေနဲ့ ထိုကဲ့သို့သော စာရေးဆရာမ မျိုးကိုလည်း လေးစားပါတယ် သူတို့ အတွက် ခွန်အားဖြစ်စေမဲ့ စာမျိုးကိုလည်း မျှဝေပေးချင်ပါတယ်။

      • thit min

        November 30, 2011 at 9:18 am

        အဲဒီလို ကျောင်းမျိုးတွေမှာ ရှိမယ်လို့ ထင်မိနေတယ်။
        မရှိရင်တော့ ၁၉၀၃ ခုနှစ်ထုတ် ဆရာမဟယ်လင်ကယ်လားရဲ့ ဘဝဇာတ်ကြောင်းစာအုပ်က
        အကောင်းဆုံးလို့ ညွန်းပါရစေ။
        မရှိခဲ့တာသေချာရင် တစုံတရာဝိုင်းလုပ်ကြတာပေါ့။
        ဆောင်းပါးတိုလေးတွေ ရေးပြီး အခန်းဆက် ဖတ်ပြရင်လည်းရတာမျိုးမဟုတ်လား။
        ကြားရသူတွေ အားရှိသွားမှာတော့၊အသေအခြာပါဘဲ။လူကောင်းတောင်အားတက်တာဆိုတော့။

      • Moe Z

        November 30, 2011 at 9:26 am

        ကျောက်မြောင်းက စာပေလောကမှာရှိမယ်ထင်တယ်
        မိုးစက်ဝယ်ထားတာတော့ကြာပြီ ရှာတွေ့ရင် pm ပို့ပေးမယ်

        • ဆူး

          November 30, 2011 at 9:49 am

          ကျေးဇူးတင်ပါတယ်။ မိုးဇတ် ရဲ့ PM ကို စောင့်နေမယ်နော်။

  • koaung

    November 29, 2011 at 6:38 pm

    သာဓု သာဓု သာဓု အမြဲလှူနိုင် တန်းနိုင်ပါစေဗျား

  • windtalker

    November 29, 2011 at 6:42 pm

    မနေ ့က ကိုနိုဇိုမီ ရဲ ့ပို ့စ် ကို ဖတ်အပြီး လှူချင်စိတ်များ ဖြစ်ခဲ့တယ် ။
    ဒီနေ ့ရွာတော်ရှင် ရဲ ့ပို ့စ် ကို ဖတ်အပြီး အဲဒီမှာလည်း လှူချင် မိတယ် ။
    ကျောင်းဆောက်နေတဲ့ သီလရှင် ဆရာလေး တွေ ဆီ မှာ လည်း လှူဖို ့စိတ်ကူးထားတာ ။
    လှူဖို ့ရည်ရွယ်ထားတဲ့ ပိုက်ဆံက ငါးသောင်းကျပ်
    မောင်ပေ..ဘယ်မှာ လှူရင် ကောင်းမလဲ ။

  • manawphyulay

    November 29, 2011 at 6:53 pm

    ဒါကြောင့် ရှေးလူကြီးတွေပြောတာ အလှူဆိုတာ လှူတတ်ရင် ကုသိုလ်တိုးပွားတယ်ဆိုတာ အမှန်ပဲနော်။ ညီမလေးရဲ့ အလှူအတွက် သာဓုခေါ်ပါတယ်။

  • king

    November 29, 2011 at 7:11 pm

    ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုပါ၏
    သာဓု သာဓု သာဓု ……………………..

  • တညင်သား

    November 29, 2011 at 7:46 pm

    စာပေ ဟောပြောပွဲ တွေမှာ စာရေးဆရာများ ပြောကြားသော စာပေဆွေးနွေးမှု့တွေကို ပေးနားထောင်ရင် ကောင်းမယ်ထင်တယ်နော်… မိထ္ထီလာ စာပေဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း ၊ ဆရာမ ဂျူး ဟောပြောတာကို နားထောင်မိလို့ စိတ်ကူးကြည့်တာ ..
    အဲဒါတွေဆို ဆိုဒ်တွေမှာ ရှိတက်တယ်… ကိုယ်ကလဲ ကွန်ပြုတာ ဝလုံးတန်းဆိုတော့….(မမ စကားငှားပြောတာ)..:)

    • nozomi

      November 30, 2011 at 9:29 am

      စာပေဟောပြောပွဲ အခွေတွေက အပြင် အခွေဆိုင်တွေမှာ ရောင်းပါတယ် ၃၊၄ ခွေ တွေ့တယ်

  • Oo Oo

    November 29, 2011 at 9:19 pm

    မိဆူးလေးရေ…Oo Oo ဝင်ဖတ်သွားတယ်နော်
    ဘာသာရေးရှု့ထောင့်ကနေကြည့်ပြိး…သာဓု(၃)ကြိမ်ခေါ်မိပါ၏။
    လူမှုရေးရှု့ထောင့်ကနေကြည့်ပြီး..လူသားပီသမှုလုပ်ရပ်အတွက်ချီကျူးလေးစားမိပါ၏။
    (အမြဲတမ်းလှုနိုင်တန်းနိုင်သူဖြစ်နိုင်ပါစေလို့လည်းဆုတောင်းပေးပါ၏)

  • MaMa

    November 29, 2011 at 9:41 pm

    ဆူးရေးတာ ပြည့်စုံလို့ တော်တော် အဆင်ပြေတယ်။ ကိုယ်ကိုယ်တိုင်သွားတုန်းကတော့ သူတို့ဆီမှာပဲ အသံသွင်းခဲ့ပြီး နောက်တခါထပ်သွားဖို့ကို ခုထိ အဆင်မပြေသေးဘူး။ မောင်ထင်ရဲ့ မြို့ပိုင်မောင်ပြုံးချိုစာအုပ်ဖတ်ပြချင်နေတာ အိမ်မှာအသံသွင်းပြီးပို့လို့ရမယ်ဆိုရင် ပို့ချင်တယ်။ လှမ်းမေးလိုက်ဦးမယ်။ 🙂

    • ဆူး

      November 30, 2011 at 1:24 pm

      ဆူး က အန်တီတို့ အသံသွင်းပြီး သွားလှူတယ်လို့ ကြားလို့ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်ပြီး သွားလှူချင်စိတ်ဖြစ်မိသွားတာပါ။
      မနောကံမြောက် ကုသိုလ်ကနေပြီးတော့ ကာယကံမြောက် ကုသိုလ် ဖြစ်အောင် ဖန်တီးသွားတဲ့ အန်တီ တို့ကို တကယ်အားကျလို့ သွားစုံစမ်း ခဲ့တာပါ။

  • MaMa

    November 29, 2011 at 9:47 pm

    မှားသွားတယ်။ မြို့ပိုင်မောင်ပြုံးချိုက မောင်ထင်ရေးတာ မဟုတ်ဘူး။ မန်းတင်ရေးတာ။

  • unclegyi1974

    November 29, 2011 at 10:18 pm

    ဆူးရဲ့
    ကိုသစ်မင်းရေးပြီးသွားတဲ့
    ရွာစားစိန်တင်ဟန်ရေးတဲ့
    ဘိတ်သိဏ်ပြိုင်ဖတ်ပြလိုက်ပါလား
    သိ်ပ်ကောင်း

  • မှော်ဆရာ

    November 29, 2011 at 10:25 pm

    ကွန်ပျူတာနဲ့ အသံသွင်းပြီး လှူချင်တယ် ဆိုရင် အဆင်ပြေမယ့် ဆော့ဝဲလေး တစ်ခု …
    အဲဒါကတော့ မြန်မာတွေနဲ့ ရင်းနှီးပြီးသား adobe ကထုတ်တဲ့ adobe audition ဆိုတဲ့ ဆော့ဝဲလေးပါ …
    လွယ်လဲ လွယ်တယ် နဲနဲပါးပါး ကလိတတ်တဲ့သူဆိုရင် အတိုးအကျယ် အကြည်အဝါး အဖြတ်အတောက် အကုန်လုပ်လို့ရတယ် ..။
    နောက် နားနားပြီး သွင်းလို့လဲ ရတယ် …။
    ဆော့ဝဲက ပေါပါတယ် …။ ဆော့ဝဲဆိုင်တွေမှာ မေးဝယ်လိုက်ရင် ရပါတယ်…။
    ဆော့ဝဲသွင်းပြီးလို့ ဖွင့်လိုက်ရင် track 1 ဆိုတဲ့ နဘေးမှာ R ရယ် S ရယ် M ရယ်ဆိုပြီး သုံးခု ရှိလိမ့်မယ် ..။
    R ကို နှိပ်လိုက်ပါ ။ ပြီးရင် ဟိုးအောက်ဘက်မှ record ပုံစံ အနီရောင် အဝိုင်းလေးကို နှိပ်လိုက်မယ်ဆိုရင် စပြီး ဖမ်းနေပါပြီ ။။ လိုင်းလေးတွေ တက်လာတာလဲ တွေ့နေမှာပါ .. ရပ်ချင်ရင်လဲ အဲဒါလေးကိုပဲ ထပ်နှိပ်လိုက်ပါ ..။ ရပ်လိုက် သွင်းလိုက် လုပ်လို့လဲ ရပါတယ်..။ မိုက်ကတော့ နားကျပ်မှာ တွဲပါတဲ့ မိုက်လောက်ဆို အဆင်ပြေပါတယ် …။
    အားလုံး အသံသွင်းပြီးရင် play ကိုနှိပ်ပြီး ပြန်နားထောင်လို့ ရပါတယ်…။ ကြိုက်ရင် file Menu အောက်က Export > Audio ကိုနှိပ် .. ပြီးရင် file type မှာ Mp3 ကိုရွေးပြီး save လိုက်ပါခင်ဗျာ …
    အဆင်မပြေရင် ကွန်မန့်ပေးမေးပါခင်ဗျား …. အသံဒါနပြုကြမယ့် သူတွေအတွက် တတ်နှိုင်သလောက် ကူညီတာပါ။

    • ဆူး

      November 30, 2011 at 8:26 am

      အခုလို အကြံပေးတဲ့ မှော်ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။
      အရင်ကတော့ ကျောင်းမှာ Acid နဲ့ အသံဖိုင်တွေ ညှိတာ သင်ဖူးတယ်။ အဲဒီ စာသင်ချိန်ဆို ကျောင်းသားတွေ တယောက် တပေါက်နဲ့ ဆူညံလွန်းလို့ သေချာ မသင်ခဲ့တော့ ဘယ်လို လုပ်ရလဲဆိုတာ မေ့နေပြီ။
      အခု ပြောတဲ့ ဆော့ဝဲ ကိုတော့ သွားရှာပြီး အဆင်ပြေပြေ သုံးနိုင်အောင် ကြံဆောင်ကြည့်လိုက်ပါအုန်းမယ်။ ကျေးဇူး အများကြီး တင်ပါတယ်။

      • မှော်ဆရာ

        November 30, 2011 at 1:30 pm

        acid နဲ့ သဘောတရားချင်းတူတယ် မဆူးရေ ..
        အက်ဆစ်မှာက equilizer , mixer , effect ( echo,chorus,delay.flenger . etc) မပါပါဘူး..။
        audition က အကုန်ပါတယ် ..။ အသံကောင်းအောင် ကြည်အောင် ချိန်လို့ရတယ်ပေါ့ဗျာ ..
        အဆင်မပြေရင် ဆက်သွယ်ပါနော

        • ဆူး

          November 30, 2011 at 1:34 pm

          သွားဝယ်ပြီးတော့ အရင် စမ်းသပ်ပြီးတော့ လုပ်ကြည့်လိုက်မယ ကျေးဇူးတင်ပါတယ်။ ဆြာမှော်ရေ.. အောင်မြင်ရင် ဆူး အလှူဒါန ထဲမှာ မှော်မှော်လည်း ပါသွားတာပေါ့။

  • zaw min

    November 30, 2011 at 2:34 am

    သာဓု၊သာဓု၊သာဓုပါဗျာ…ကျေးဇူးတင်ပါတယ်ဆူး…သူတို့တွေကိုကြည့်ပြီး ငါတို့လုပ်နိုင်တာတွေအများကြီးပါလားလို့..တွေးမိတယ်..မလုပ်ဖြစ်သေးတာ..ကျနော် ရွှေတိုင်မှာကြီးခဲ့ပါတယ်..တစ်ခါမှ အဲဒီလိုလှူဖို့ သတိမရခဲ့ပါဘူး…လေးစားဂုဏ်ယူပါတယ်ဆူး..

  • ရွှေ မင်း သား

    November 30, 2011 at 8:29 am

    ဆူးကို အားကျလို့ တဲ့ ဒေးဗစ်ဘက်ခမ်း တောင် မျက်မမြင် ဘောလုံးအသင်းနဲ့ လေ့ကျင့် ခန်း ဆင်းနေပြီ။

  • ဆူး

    November 30, 2011 at 8:33 am

    ကွန်မန်းပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။
    မလုပ်ဖြစ်သေးတာနဲ့ လုပ်ဖို့ စိတ်ကူး မရသေးတာပဲ ရှိပါတယ်.. တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ အတိုင်း.. ချို့တဲ့သူတွေကို ဖေးကူပေးရင်း လောကကြီးကို အလှဆင်ချင်တဲ့ စိတ်ကလေး တခုပါပဲ။
    ဆူး လည်း အစက စိတ်ကူးရှိပေမဲ့ ဘယ်လို ကူညီပေးရမလဲ မသိဘူး။
    ကိစ္စတိုင်းကိုလည်း ဆူး မလုပ်ပေးတိုင်ဘူး ဒါပေမဲ့ ဆူး လုပ်ပေးနိုင်တာတခုကတော့ ဆူး ကို အကြံပေးမဲ့ ဆူး ရွာထဲက မိတ်ဆွေတွေကို စိတ်ကူး စိတ်သန်း မျှဝေပြီးတော့ လုပ်ချင်တာတွေ လုပ်သင့်တာတွေ အကောင်အထည် ဖော်နိုင်အောင် နောက်ပြီးတော့ တယောက်အားနဲ့ မစွမ်းသာ အများအားနဲ့ စွမ်းဆောင်မှ အောင်မြင်နို်င်မဲ့ ကိစ္စမျိုးတွေကျတော့ စိတ်ဝင်စားသူများလာရင် ဖြစ်မြောက်လာအောင်လို့ ပိုစ်တင်ပြီး မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

  • nozomi

    November 30, 2011 at 9:25 am

    တကယ်လိုအပ်နေတဲ့ နေရာ မှာ တကယ် လိုအပ်နေတဲ့ ပစ္စည်းကို တကယ့် မွန်မြတ်တဲ့ စိတ်ထားနဲ့ လှူတဲ့ ဆူးမမ လိုချင်နေတာတွေ လိုအပ်နေတာတွေ ကို ရအောင် ယူနိုင်တဲ့သူဖြစ်ပါစေလို့ ပို့စ် အတွက်ရော မွေးနေ့ အတွက်ရော ဆုတောင်း ပေးလိုက်ပါတယ်နော ( ဒီနေ့ ဆူးမမ ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့လို့ ကြားတယ် ရွာသားတွေရဲ့ မေတ္တာ ဆုတောင်း စကားလေး တွေ ကြားရင် ဘွားဆူး ပျော်သွားမှာ ဆုတောင်းပေးလိုက် ကြပါဦး)

    ဒီရွာလေး သာယာတာလဲ မပြောနဲ့ ဗျ ၊ အားလုုံး လှူချင် တန်းချင် ကူညီချင် ကျတယ် ၊ လှူတဲ့ တန်းတဲ့ ကူညီတဲ့ သူတွေကိုလဲ မုဒိတာ ပွားပေးကြတယ် ပျော်စရာကြီးပဲ

    ကိုပေ ဒီရက်ထဲ အီးဒုံး မယ်သီလရှင်ဝတ်မယ်ကြားတယ်၊ ကိုပေ့ ၅၀၀၀ဝ ကို ဆရာလေးတုံ ကို လှူလိုက်ရင် အဆင်ပြေမယ်

    • Moe Z

      November 30, 2011 at 9:43 am

      ဟုတ်လားဦးနိုရဲ့ မိုးစက်က မမဆူးလို့ခေါ်တာ ၂၅ ဝန်းကျင်လောက်ရှိမယ်ထင်လို့
      sorry နော်
      “HAPPY BIRTHDAY SUE”
      နောက်ထပ် နောက်ထပ်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး
      ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝပါစေ…..

      • ဆူး

        November 30, 2011 at 9:58 am

        ချောလဲပြီး ရောမထိုင်ချင်ဘူး။
        ဒီနေ့ ၃ဝရက်နေ့က ဆူး အသက် ၂၈နှစ်မြောက် မွေးနေ့ပါ။
        မွေးနေ့ ဆုတောင်း အတွက် ကျေးဇူးတင်ပါတယ်။

        • E.T

          November 30, 2011 at 10:23 am

          အခေါ်အဝေါ်ပြန်ပြောင်းမှ Happy Birthday ပါ မမဆူး 🙂

    • etone

      November 30, 2011 at 10:48 am

      သတင်းပေးတဲ့ လူကပြောလို့ …ဝင်ကြည့်မှ တွေ့တော့တယ် … ။ ကိုအဖြောင်ယူကတော့ ဖွပြီနော် … ။ ပြီးခဲ့တဲ့ တပတ်ကမှ ဆံပင်လေး နည်းနည်း လုပ်ထားတာ .. ဘယ်နှယ့် အခုကတုံးတုံးပြီး သီလရှင်ဝတ်ရမှာတုန်း … ။ အိပ်မှုံစုံမွှားနဲ့ …အစ်မဆူးကိုတော့ 21တဲ့ ဟီး … ။

      အစ်မရေ … အလှူအတွက်သာဓုပါ .. ။ ဘာအထိမ်းမှတ်အလှူလေးလဲ မသိဘူးနော် … ။
      တကယ်လိုအပ်တဲ့နေရာကို သွားလှူရတာ အလွန်အကျိုးများလှပါတယ် …

      • ဆူး

        November 30, 2011 at 10:51 am

        မွေးနေ့ အတွက် မနေ့ ကြိုပြီး သွားလှူတာပါ။ ရည်ရွယ်ချက်ကတော့ ဒါန ကို တခြားနေ့တွေ မေ့နေရင်တောင် မွေးနေ့ဆိုတဲ့ နေ့မှာတော့ မဖြစ်မနေ ပြုမိအောင်လို့ မွေးနေ့တိုင်း သတိတရ အလှူဒါန လုပ်ဖြစ်အောင် လုပ်တဲ့သဘောပါပဲ။

  • weiwei

    November 30, 2011 at 9:31 am

    ကောင်းလိုက်တဲ့အလှူပဲ … သာဓု သာဓု သာဓုပါ …
    ဒီနေ့ပဲ အလုပ်ထဲက လူတွေကို တစ်ယောက် ဝတ္ထုတစ်ပုဒ် ဖတ်ပြီး အသံသွင်းပေးဖို့ စည်းရုံးပြီးသွားပြီ …
    ၁ဝ အုပ်လောက်တော့ ရမယ် …
    တစ်ခုသိချင်တာက သူများလှူပြီးသားဖိုင် ဖြစ်နေမှာပဲစိုးရိမ်တာ ….

    • ဆူး

      November 30, 2011 at 9:53 am

      သူများ လှူပြီးသား ဟုတ်မဟုတ် ကိုတော့ ဆူး လည်း မပြောတတ်ဘူး။ ဖတ်စရာ မှတ်စရာ စာတွေ အများကြီး ရှိထားတာကိုမှ တိုက်တိုင်ဆိုင်ဆိုင် တူသွားတဲ့ ဟာတွေလည်း ရှိချင်ရှိမယ် ထင်ပါတယ်။ အကုန်တော့ တူမယ် မထင်ပါဘူး။ ဆူး လည်း စာအုပ်တွေ ရှာနေတုန်းပဲ.. ပုံပြင်လေးတွေ ဖတ်ပြမယ်လို့ စိတ်ကူးထားတယ်။ ကျောင်းဆိုတော့ ကလေးတွေ များတော့ ပုံပြင်တွေဆိုရင် ပိုပြီး အသိအလိမ်မာ တိုးစေမလား တွေးမိတာပဲ။

  • htoosan

    November 30, 2011 at 2:48 pm

    Happy Birthday ” ကြံတိုင်းအောင် ဆောင်တိုင်းမြောက်သူ” ဖြစ်ပါစေ။

  • စုံ စုံ

    November 30, 2011 at 3:22 pm

    happy birthday ပါဆူးရေ
    လှူခဲ့တဲ့အလှူအတွက်ကော မွန်မြတ်တဲ့စိတ်ထားအတွက်ပါ
    သာဓုခေါ်ပါတယ်နော် နောင်နှစ်တွေလဲဒီ့ထက်မကလှူနိုင်ပါစေလို့
    နောင်29နှစ်ပြည့်မွေးနေ့ကျရင်တော့ တယောက်ထဲမဟုတ်ဘဲ
    နှစ်ကိုယ်တူယှဉ်တွဲကာ လှူနိုင်ပါစေလို့ အဟီး 😛 😛

  • ကြေးမလောင်

    November 30, 2011 at 5:10 pm

    ရွာတော်ရှင် ဆိုလား မသိဘူးနော်..
    ၂၈ ဆိုတော့ မမ ပေါ့နော်..
    ပျော်ရွင်ဖွယ် မွေးနေ့ ရက်မြတ်လေး ဖြစ်ပါစေ။

  • blackchaw

    November 30, 2011 at 5:26 pm

    မဖတ်မိလို့ နောက်ကျသွားပါတယ်ဗျို့။
    HAPPY BIRTHDAY ပါ အန်တီဆူးရေ။
    ရွာတော်ရှင် ဆိုတဲ့ ဘွဲ့က
    အလကားရထားတာ မဟုတ်ဘူးဆိုတာ
    ဒီပို့စ်လေးက သက်သေ ခံပါတယ်ဗျာ။

  • pooch

    November 30, 2011 at 8:16 pm

    My Dear Little sister…..

    Happy Birthday To You!!!!!!!!!!!
    My best wish is your life happiness…………….

    with love, pooch…….

  • E.T

    December 1, 2011 at 8:06 pm

    ဘာမှမဟုတ်ဘူး။ ကော်မန် ့ ၅ဝ ပြည့်ဖို ့ ၁ ခုလိုနေလို ့ ဝင်ဖြည့်တာ။ မဆူးကော်မန် ့တွေ ရဲပတောင်းခတ်နေတယ်။ ရဲစွမ်းသတ္တိရှိတဲ့သူတွေကိုဂုဏ်ပြုလို ့ ရဲရဲလေးတွေပေးသွားတာနေမှာ 😀 ဂုဏ်ယူပါတယ်ဗျာ။

    • ဆူး

      December 2, 2011 at 10:02 am

      ဆူး လည်း တတ်နိင်သလောက်တော့ နီနီတွေ တွေ့လို့ လိုက်တော့ စိမ်းပေးတာပဲ.. ဘာများ မကျေမနပ် ဖြစ်နေကြလဲတော့ မသိဘူး အနီတွေ စုပြုံကို ပေးထားကြတယ်။

  • ဆူး

    December 2, 2011 at 9:55 am

    ကိုထူးဆန်း
    မစုံစုံ
    ကြေးမလောင်
    ဦးလေး ဘလလက်
    အန်တီ ပုရှ်
    အီးတီ

    မွေးနေ့ ဆုတောင်း အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

  • blackchaw

    December 2, 2011 at 10:50 am

    အန်တီဆူးရေ။
    ဦးလေး ဘလလက် ဖြစ်နေပါတယ်ကွယ်။
    ဦးလေးမှာ ဘလ လည်းမရှိပါဘူ။ ဇ လည်းမရှိပါဘူး။
    စကားမစပ် အနီကတ်တွေကို ဘယ်သူတွေက လိုက်ချီးမြှင့်နေတယ်ဆိုတာ
    အန်တီဆူးအနေနဲ့ ဖေါ်ထုတ်သင့်တယ်ဗျို့။

    • ဆူး

      December 2, 2011 at 12:47 pm

      ဟိဟိ အခုမှ စာလုံးပေါင်း ပိုရေးမိတာ မြင်တော့တယ်။
      ဦးဦး ဘလက် လို့ ရေးလိုက်တာပါ.. လ တလုံးပိုမှန်း မသိ ပိုသွားတာပါ။ လွန်တာမိရင် ဝန်တာမိပါ။ မရည်ရွယ်ပါဘူး။

Leave a Reply