မြန်မာပြည်ဖွား ဆင်ဖြူတော်

ကထူးဆန္းNovember 29, 20111min19019

ကဲကဲ .. ဆင်ဖြူတော် တွေ ဘယ်က ဖမ်းလာတာ ၊ ဘယ်သူပိုင်ဆိုတာ တွေ အငြင်းပွားစရာ မရှိတဲ့ မြန်မာပြည် ဖွား ဆင်ဖြူတော်မ လေး တစ်ကောင် ပေါ်ပေါက်လာပါပြီ။

ယနေ့ထုတ် သတင်းစာ မှာ ဆင်ဖြူတော် ဘဒ္ဒဝတီ သည် နိုဝင်ဘာ ၂ရ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဆင်ဖြူတော် ဥယာဉ်၌ ဆင်ဖြူတော် ရတနာ တစ်စီး မွေးဖွားခဲ့ကြောင်း သိရှိရသည်။

ယခုမွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ သည် အမ ဖြစ်ပြီး ကြန်အင် လက္ခဏာ များမှာ အသားရောင် – ဩဇာခွံ (ပန်းရောင်) မျက်လုံး- ပုလဲရောင် ၊ အမွေးအမှင် – အဖြူရောင် ၊ အမြီး -တံခါးပိတ် (မြီးဆံသင့်) နားရွက်-နားလတ်(ကြေးစည်ပုံ) ၊ ကျော-ငှက်ပျောကိုင်းတို့ ဖြစ်သည့်အပြင် အရပ်အမြင့် ၃ပေ ၁လက်မ နှင့် လုံးပတ် ၄ ပေ ၁ လက်မ ရှိပြီး ကျန်းမာ သန်စွမ်းလျက်ရှိသည်။

ဒီဆင်မလေးအပါဆို ဆင်ဖြူတော် ရှစ်စီး ရှိပါပြီတဲ့။

အင်း .. တကယ်လား တိုက်ဆိုင်တာလား တော့ မသိဘူး ၊ ဒီဆင်ဖြူမလေး က သူတို့ အကြိုက် ၉ ဂဏန်းတွေချည်းပါလား။။။။။။ ၂ရ ရက် ၉ နာရီ ၄၅ မိနစ် ။။။ မြန်မာ ပြည်သူပြည်သားတွေတော့ သိဘူး ၊ ဒီဆင်မလေး ကတော့ ကံကောင်းဦးမှာ…..

19 comments

  • blackchaw

    November 29, 2011 at 11:29 am

    အဟမ်းအဟမ်း (ခုတလော ကျန်းမာရေးက တယ်မကောင်းချင်ဘူးကွယ်)
    ဒါ့ပုံလည်း ပါဘူး။ ဆြာ ထူးဆန်း။
    လိုချင်တဲ့ အချိန်နာရီအတိအကျကို ချိန်ပြီး ဗိုက်ခွဲမွေးလိုက်တာပါကွယ်။

    • nozomi

      November 29, 2011 at 11:59 am

      ကိုချော နဲ့ ကျွန်တော် အကြံတူသွားတယ်
      ဆင်လေး အဲဒီ အချိန် မွေးတယ် ဆိုတာတော့ မှန်တယ် ဗျ
      ပထမတော့ ဗိုက်ခွဲမွေးဘို့ ကြံပါတယ် ၊ အိုဂျီ လိုက်ရှာလို့ မရလို့ ၊ ဘေးကစောင့်တဲ့ သူက သူ့ရဲ့ နာရီကို ၂ရ ရက် ၉ နာရီ ၄၅ မိနစ် ကို လှည့်ထားပြီး ဓါတ်ခဲဖြုတ်ထားတယ် ၊ ဆင်လေး စထွက်လာတော့မှ ဓါတ်ခဲ ပြန်ထည့်လိုက်ပါတယ် တဲ့

  • htoosan

    November 29, 2011 at 12:17 pm

    ဦးဘလက်ကြီးလည်း တံခါးစောင့်ရလွန်းလို့ အအေးပါတ်နေပြီတူတယ် .. တော်တော်များများ မှာ အဟမ်း အဟမ်းနဲ့တွေ့နေ ရတယ်. ကျန်းမာရေး ဂရုစိုက်ဦးနော့်… 😀
    ဒါ့ပုံ ကြီးကတော့ မြန်မာ့ အလင်း (၂၉-၁၁-၂၀၀၁၁) မှာ မေမေကြီးကော မီးမီးလေးပါ တွဲပါ ပါတယ် ..
    ကျွန်တော့်မှာတော့ ပစ္ခည်းမစုံ လင်လို့ scan ကူးပြီး မတင်နိုင်ကြောင်းပါ။။
    ကိုနိုဇိုပြော မှ သဘော ပေါက်သွားတယ် … ဒီအချိန် ဒီရက် တိတိကျကျ ထွက်လာတာ..

  • Shwe Tike Soe

    November 29, 2011 at 1:11 pm

    ဆင်ဖြူတွေ ပေါ်လှချည်လား.. တယ်ဟုတ်ပလားဗျို.
    ဒါပေမယ့် အဲဒီဆင်ဖြူတွေကို တစ်ခါမှ နီးနီးကပ်ကပ်မမြင်ဘူးဘူးဗျ.. တင်ပေးမယ့်သူရှိရင်သိပ်ကောင်းမယ်..စောင့်နေမယ်

  • Moe Z

    November 29, 2011 at 1:58 pm

    အိမ်မှာတော့ကြောင်ဖြူတော်တစ်ကောင်ရှိတယ်
    နောက်ရက်မှ ဓာတ်ပုံတင်ပေးမယ် 😀

  • etone

    November 29, 2011 at 3:08 pm

    အဲ … ပို့စ် စဖတ်ကတည်းက သတိထားမိတာ … ရက်တွေက ကိုးတွေချည်းဖြစ်နေလို့ …နောက်ဆုံး ပို့စ်ပိုင်ရှင်တွေးတာနဲ့ .. တူနေပါပကောလား ။
    ရဲလေးသီချင်းပဲ အော်ဆိုလိုက်ချင်တော့တယ် … ” ယုတိ္တမရှိတဲ့ တိုက်ဆိုင်မှု ” 😉

    ဆင်ဖေကြီးနဲ့ ဆင်မေကြီး ဘယ်ဇာတိဖြစ်ဖြစ် …. … မြန်မာပြည်ဖွားဆင်တစ်ကောင်တော့ ပေါ်လာခဲ့ပြီပေါ့ .. အဟီး 🙄

  • သုံးလေး

    November 29, 2011 at 4:51 pm

    ဆင်ဖေကြီး နဲ့ ဆင်မေကြီး က နိုင်ငံခြားသားတွေဆို ဆင်ကောင်မလေးကို ဒီနိုင်ငံသား ပေးသင့်ဘူး ..
    အဲ့ဒီ့ ဥပဒေ ရှိသေးဘူး ထင်တယ် .. 😀

  • ဆူး

    November 29, 2011 at 5:26 pm

    ဆင်မလေး အရပ် က ၃ပေ ၉လက်မ မဟုတ်ဘူးလားဟင်..

  • naywoonni

    November 29, 2011 at 5:38 pm

    ဟဟ သမိုင်းမှာ ငါးစီးရှင် ကျော်စွာလို့ ပဲကြားဖူးတယ်…။ ခု ရှစ်စီရှင်တောင် ဖစ်နေပြီလား ဟရို့……….:P 😛 😛

  • htoosan

    November 29, 2011 at 6:08 pm

    ဒေါ်ဆူးပြော တာ အဟုတ်မှတ်လို့ မှားများ ရိုက်မိလားဆိုပြီး သတင်းစာ မနည်းပြန်ရှာ ကြည့်ရတယ်။
    ုအရပ်က ၃ ပေ ၆ လက်မ လုံးပါတ်က ၄ ပေ ၅ လက်မ လို့ ပြင်ပေးလိုက်မယ်။ 😀

    etone ရေ ၊ ကျွန်တော်လည်း အဲ့ ဒီ ဂဏန်းတွေ တွေ့ လို့ တင်ချင်စိတ်ပေါ်သွားတာ။

    Moe Z ရေ ၊ ဦးဖွတ်ကျား ကြောင်ဖြူတော် ဆိုပြီး ပုံပြောင်း နံမည်ပြောင်းပြီး တက်လာဦးမယ်နော်.. သူ က ပညာ က စုံပါဘိနဲ့။ 😀

    • ဦးဖွတ်ကျား

      November 29, 2011 at 6:20 pm

      တိန် …
      ကိုထူးဆန်းကျော မှနာမည်သစ်
      စဉ်းစားမိတော့တယ်..ခစ်ခစ်…
      အကြံပိုင်ထှာ….

      အဲ့ …တွေ့ရား..
      ၃ကြောင်း မရေးရတေးဝူး
      ကျုပ်မှန်း လူဒဂါ သိဘီ..
      ပြောင်းလည်း ထူးလော့ပါဝူးဂျာ…
      သည်နာမည်နဲ့ သည်အခွက်ကြီးနဲ့ တင်ပီး
      ရွာမှာ ပေါက်ကရ လိုက်ပြောရတာ လွှတ် အာတွေ့ချက်…

      မယုံရင် ပြောင်းတင်ကြည့်ပါလား ..
      ပေါက်ပန်း၄ဝများ လျောကနဲ လျောကနဲ …
      ဟီးဟီး

    • ဆူး

      November 30, 2011 at 10:53 am

      ဆူး က ၉ ဂဏန်း ကိုက်အောင် လုပ်တယ် ဆိုလို့ ဆင်အရပ် ကိုလည်း ၉ နဲ့ ကိုက်အောင် ညှိပြီး မေးတာ.. ခပ်တည်တည် နဲ့ နောက်လိုက်တာပါ။ ဆင်မလေး အရပ် ၉ပေ ၉ လက်မ
      ဟိဟိ.. 😀

  • manawphyulay

    November 29, 2011 at 6:18 pm

    ဆင်မလေးအရပ်က ၉ ပေ ၉ လက်မနဲ့ ၉ ထွာဆိုရင်တော့ ၉ ဂဏန်းအစစ်အမှန်ပေါ့။ နောက်ကိုလည်း ဘာဖြူတော်တွေ ပေါ်မလဲမသိဘူးနော်။ အဖြူဆိုင်တွေတော့ ပေါနေတယ်။

  • king

    November 29, 2011 at 7:28 pm

    ဖြူဖြူစင်စင်ကောင်မလေး(ဆင်မလေး)ကို
    တကယ်ကြင်ကြင်နာနာ ချစ်ခဲ့လည်း
    ဘာမှ ရေရေရာရာ မတွဲရသေးခင်
    လမ်းခွဲ …. 😀

  • cobra

    November 29, 2011 at 7:35 pm

    ဆင်တောင်မှသူမွေးချင်တဲ့အချိန်မမွေးရပါလား
    သူမမွေးချင်လည်းအတင်းမွေးခိုင်းနေတယ်
    လူတွေရက်စက်ကြပုံများတော့

  • koyinmaung

    November 29, 2011 at 9:48 pm

    ကိုဖွတ်ကျားကြီးရေ
    ဒီနံမည်ပြောင်းစမ်းပါဗျာ
    ခေါ်ရတာမမိုက်လွန်းလို့ပါ
    ခုလိုကြုံတုန်း(ဖွတ်ဖြူတော်)လို့ပြောင်လိုက်ပါတော့…

  • kai

    November 30, 2011 at 12:37 am

    အဲဒီဆင်ဖြူ..ဘယ်အကောင်နဲ့ညားပြီး ..အဖြူတစင်းထပ်မွေးသလည်း.. သိချင်သား..။
    အဖြူဖြစ်တာကမျိုးရိုးလိုက်သလား…
    ဘာပဲဖြစ်ဖြစ်…
    ဒီလောက်များတဲ့ ဆင်ဖြူတွေ… အနည်းဆုံးတော့.. ဆင်လေးစားတဲ့.. ထိုင်းလူမျိုးတွေလာကြည့်တာနဲ့တင်… တိုးရစ်ဇင်နဲ့.. ဒေါ်လာ သိန်းသန်းချီရလောက်တယ်..။
    မြန်မာတိုးရစ်ဇင် တခေတ်ဆန်းတော့မယ်ထင်တယ်..။

    ရတဲ့ငွေကို.. အကျိုးရှိစွာ သုံးကြစေချင်ကြောင်း…။ 😆

  • zaw min

    November 30, 2011 at 1:52 am

    ဆင်ဖြူတွေပေါများသောကြောင့် ပြည်သူတွေကုန်းကောက်စရာမရှိအောင်ချမ်းသာနေပါရောလား….

  • phantom

    November 30, 2011 at 1:33 pm

    ဪဪ ဆင်ပါဆို ဖြူဖြူ မဲမဲ ဆင်ပေါ့ နာမည်တောင် ပဒေသရာဇ်နာမည်နဲ့ ခေါ်ရခက် လျှာလိပ်ကြီး သူကြီးပြောသလို ဝင်ငွေလမ်းဖြောင့်တာတော့ ကောင်းပါရဲ့ ဒါပေမယ့် ဘုန်းကံတွေ ဘာတွေ ပြီးတော့ နိုင်ငံတိုးတက်တာတွေနဲ့ ရောနေတာ ဘာမှမဆိုင်ဘူး ဆင်ဖြူတိုင်းသာဘုန်းကံရှိရင်တော့ ဆင်မဖြစ်တော့ဘူး တိရိစာ္ဆန်ဆိုတာ လူထက်နိမ့်လို့ဖြစ်တာ ဗုဒ္ဓဘာသာတွေမဟုတ်တဲ့အတိုင်းပဲ ဗေဒင်ဆရာတွေ ခေတ်နောက်ဆွဲ အတွေးအခေါ်နဲ့ တိုးတက်ဦးမယ်

Leave a Reply