ကျနော် နှင့် Economic Growth , Economic Downturn(recession)
Economic Cycleမှာ အားလုံးသိတဲ့အတိုင်း uprising နဲ့ downturn တလှည့်စီဖြစ်ပေါ်နေလေ့ရှိပါတယ်..
စီးပွားတက်တာနဲ့စီးပွားပျက်တာပေါ့… ကျနော်တို့ ပုံသေအားဖြင့် မှတ်ထားကြတာက……
စီးပွားတက်ရင်လုပ်ငန်းတိုးချဲ့ရင်းနှီးမယ်
downturn ရောက်ရင် cost ကိုလျော့ဖို့ labor size ကိုလျှော့မယ် အစရှိသဖြင့်ပေါ့လေ….
သို့သော်ပြောင်းပြန်တုန့်ပြန်မှုတွေလည်းရှိနေတတ်ပါသေးတယ်…. သည်စာစုမှာ အဲ့သည့် ပြောင်းပြန် တုန့်ပြန်မှုတွေ
အကြောင်း သိသလောက် ဆွေးနွေးချင်ပါတယ်ခင်ဗျား.. Economic Downturnဆိုပါစို့ ...labor force ကိုထိမယ့်အစား
Outsourcing (Offshoring) ကိုသုံးတယ်… ပိုထွက်လာမယ့် အမြတ်အစွန်းကို လက်ရှိ labor ကိုထိန်းထားဖို့သုံးမယ်ပေါ့ …
Train လုပ်ပြီးသား အသားကျပြီးသားဝန်ထမ်းကို မတတ်သာလို့ထုတ်ပစ်ရတယ်ဆိုတာ တကယ်ကအင်မတန်နှမြောဖို့ကောင်းပါတယ်…
စီးပွားပြန်ကောင်းလာလို့ အပြိုင်အဆိုင်ကျဲရတော့မယ့်အချိန်မျိုးမှာ လူမလောက်လို့ အကောင်းဆုံးသော အခွင့်အရေးတွေလက်လွှတ်ရမှာကိုလည်း
စိုးရိမ်ရသေးတယ်မဟုတ်လား..ဒါကြောင့် SMEsတွေဟာ offshoring ကို အလေးထားကြရပါတယ်..
ကိုယ်တိုင်မလုပ်ဘဲ အပြင်ကိုထုတ်ပြီးခိုင်းရတာမှာ quality assuranceကအင်မတန်အရေးကြီးပြီး မထုတ်ဘဲချန်ထားတဲ့
local employeesတွေက quality assuranceတာဝန်ကိုယူကြရပါတယ်….
Cost benefit ဖြစ်တယ်ဆိုတဲ့တချက်တည်းနဲ့ outsourcing နည်းနဲ့ဖြေရှင်းတာဟာ ရေရှည်အတွက်တော့ သိပ်မကောင်းတတ်ဘူးလို့
လေ့လာသူတွေကဆိုပါတယ်….
ဘာကြောင့်လဲဆို Outsource လုပ်မယ့် လစာနည်းနိုင်ငံခြားတိုင်းပြည်တွေမှာ labor turnoverသိပ်များလို့ပါပဲ…
Gartner ရဲ့အဆိုအရတော့ 70%အထိ employee turnoverဖြစ်တတ်တယ်ဆိုတာပါပဲ…
အဖြေကတော့ရှင်းပါတယ် …အလုပ်သင်အနေနဲ့ဝင်တယ် ..companyကပေးတဲ့ trainingကိုယူတယ် အချိန်အတိုင်းအတာတခုအထိ
လုပ်တယ် …(အလုပ်တခုဟာ သင်ယူတတ်မြောက်ဖို့ ကျွမ်းကျင်ဝန်ထမ်းဖြစ်ဖို့ အချိန်၃နှစ်ပဲ ဆိုတဲ့ ဝန်ထမ်းတွေဘက်က အယူအဆ
theoryကလည်းရှိသေးတယ်မဟုတ်လား)
နောက်ပိုင်းမှာ ပိုသာမယ့်နေရာကိုသွားကြတယ် ..လစာ အတွေ့အကြုံနဲ့ အခွင့်အလမ်း ပိုများမယ့်နေရာကိုပေါ့ …
next stepလို့ ကြွေးကျော်လေ့ရှိတဲ့ အရာပါ..
အဲ့သည့် ထွက်တဲ့၇၀% ရဲ့ ၇၀%လောက်ကလည်း ပိုကောင်းတဲ့အလုပ်ကိုရရှိသွားတတ်တယ်လို့ စစ်တမ်းတွေကပြောပါတယ်…
ဒါဆို Outsourcing(Offshoring)ဟာ ရေရှည် စီမံကိန်းအနေနဲ့သုံးမရတာသေချာသလောက်ပေါ့…*1)
business sectorအလိုက်ကွဲပြားမှုရှိနိုင်ပေမယ့် Short/medium term strategy လို့ဆိုနိုင်ပါတယ်
စီးပွားကျတဲ့အချိန် recession မှာ နိုင်ငံကြီးတွေမှာ အလုပ်လက်မဲ့တွေမှိုလိုပေါပေမယ့် လစာနည်းနိုင်ငံတွေမှာတော့
job opportunities တွေ တက်လာပါတယ်….
ဒါဆို Economic Growthမှာရော…???
ဟုတ်ကဲ့…ပြောင်းပြန်ပါခင်ဗျာ….foreign investment ကိုစွန့်စား ရင်းနှီးမြှုပ်နှံကြတဲ့ organizationတွေလည်းရှိသလို
local businessကို focus လုပ်တဲ့သူတွေကပိုများတတ်ပါတယ် …
ဝယ်လိုအားတက်လာတာနဲ့အတူ local competition ကလည်း red ocean strategy ြဖစ်လာပါတော့တယ်
…ဘာမဆို သည်လိုအချိန်မှာ မြန်နိုင်သမျှမြန်လေကောင်းလေပဲမဟုတ်လား..
SMEsတွေက ပုံမှန်အားဖြင့် တုန့်ပြန်မှုနှေးကွေးတတ်တဲ့ industry giants တွေကိုမထင်ထားတဲ့ဒေါင့်တွေကနေ
တိုက်ခိုက်တတ်ပါတယ်..(guerrilla marketing)…start-ups တွေကနေ growth ဖြစ်တတ်တဲ့ အချိန်လို့လည်း
စစ်တမ်းတွေကပြောတယ်…..
IT sector အနေနဲ့ဆို သည်အနေအထားမျိုးမှာ customer (consumer) ဘက်က လေသံမာနိုင်တာတခုက
မြန်ချင်တယ် quality ကောင်းချင်တယ် …cost ကအရေးမကြီးဘူး security ကောင်းချင်တယ်…
(စီးပွားတက်နေတယ်မလား..ဘာမဆိုမြန်ဖို့လိုနေတဲ့ကာလမှာ သူတို့လည်း သူတို့အပ်တဲ့ project ကိုမြန်မြန်သုံးချင်မှာပဲလေ..)
အဲ့သည်မှာ offshoring တွေ outsourcing တွေသွားပြောလို့လက်မခံတော့ပါဘူး…. IT Vendor တွေ
သည်အချိန်မှာ offshoring ကိုင်းဖျားကိုင်းနားတွေကိုရှင်းပစ်တတ်ကြပါတယ် ..အရည်အသွေးမြင့်core employee ကိုပဲ
local ကိုခေါ်ဆောင်လာပြီးဆက်လက်တာဝန်ထမ်းဆောင်စေပါတယ်….
အဖွဲ့အစည်းအတွင်းမှာလည်း de-layering , downsizing တွေလုပ်ပြီးresponse မြန်နိုင်သလောက်မြန်အောင်
လုပ်ဆောင်လာကြပါတယ်..
အူကြောင်ကြောင်လုပ်နေတဲ့သူတွေ ဘေးထိုင်ဘုပြောတတ်တဲ့ဝန်ထမ်းတွေ အလုပ်ပြုတ်တတ်တဲ့ကာလပါ…
အလုပ်ထုတ်တယ်လို့ အလွယ်နားလည်ထားကြပေမယ့် သည်နေရာမှာ HR Wizard တွေတီထွင်ထားတဲ့
employee layoff, contract termination အစရှိတဲ့ စကားလုံးလှလှလေးတွေ သုံးတတ်ကြပါတယ်…
နားဝင်ဆိုးတဲ့ firing/ hiring က၂ဝရာစုလောက်မှာကျန်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်…
business cycle ကိုပညာရှင်တွေကတော့ အမျိုးမျိုးပြဌာန်း ကြတာပဲဗျ…၁၉၂ဝကစပြီး လေ့လာတွေ့ရှိခဲ့တဲ့
Joseph Kitchin ရဲ့ Kitchin cycle ကရှေးအကျဆုံးလို့ပြောလို့ရပါတယ်…
ကျနော်လည်းသေချာမသိဘူးဗျ မျက်စိလည်ကုန်မယ့် မူကွဲ modelတွေလည်းတပုံကြီးရှိသေးတယ်….
၂၀၀၈စီးပွားပျက်ကပ်ဆို မဖြစ်သင့်ဘဲဖြစ်သွားတယ်လို့ ယူဆတဲ့ပညာရှင်တွေ အတော်များခဲ့တယ်မဟုတ်လား..
Accountants တွေ statistics သမားတွေ ခန့်မှန်းတာတွေမဖြစ်လာခဲ့လို့ သူတို့ပိန်းလို့ ပြောပါတယ်..
(ကျနော်နဲ့ဘယ်တော့မှ တည့်တဲ့ အကောင့်တန့်တွေကို အငြိုးနဲ့ ကြုံတုန်းဆော်တာမဟုတ်ပါ.. စကားစပ်လို့ပါ)
တကယ်တော့သူတို့တွေအင်မတန်တော်လို့လည်း downturn တွေကနေ uprising တွေကိုတလှည့်ပြန်လည်စေတာပဲ
မဟုတ်ပါလား…(သည်လိုလည်း ပြန်ပင့်ပေးဦးမှ..)
ဘာပဲပြောပြော နိုင်ငံခြားသားပိုင် company မှာ အလုပ်လုပ်နေရတဲ့ …ကျနော်ကတော့ downturn မှာ ဘယ်မှမသွားရဘဲ လခနည်းနည်းနဲ့ local မှာ အသေအလုပ်ရှုပ်ရမှာကိုလန့်ပြီး
uprising ဆိုအလုပ်ပြုတ်မှာကို လန့်တယ်ဗျာ… ကဲ ခင်ဗျားကော ဘယ်လိုတုန်း…
13 comments
Paganini
December 5, 2011 at 2:07 pm
လောလောဆယ် တွေးမိတာလေး ချရေးတာပါ..
သည်အယူအဆ ဟာ အတိုင်းအတာ တခုထိပဲ မှန်မယ်လို့လည်း ပြောချင်ပါတယ်..
ပေါက်ပန်း၄ဝတွေဆိုပီး ကစ်သို ဆူမှာတော့ ကြောက်ပါတယ်…
😛
thit min
December 5, 2011 at 6:44 pm
အေးအေး
ကိုအခုဘဲ ပြန်ရောက်တယ်ကွ။
ညီကို့ကော်မန့်ကိုမျှော်နေမယ်လို့ထင်လို့ ချက်ခြင်းဘဲ ကော်မန့်ရေးလိုက်မယ်။
တော်တော်ချစ်ဘို့ ကောင်းတဲ့ကောင် ၊အကို့ကိုမမေ့ဘူး။
ကို ကဘာကို ဆူရမှာလည်း ညီရယ်။
ကိုယ့်ညီလေး ရေးတာဖတ်ပြီးသဘောတောင်ကျသေးတယ်။
ကိုယ်နားလည်တာပြန်ပြောပြကြည့်မယ်နော်။အိုကေ?
~~~~~~~~~~~~~~~~~~~~~~~~
စီးပွါးကျတဲ့နိုင်ငံကြီးတွေ သူတို့ရဲ့ (SMEs=Small and Medium Enterprises)
အသေးစားနဲ့ အလတ်စား(စက်မှုအဓိက) လုပ်ငန်းတွေကို
ကိုယ့်ညီပြောဘူးတဲ့ ( Economy of Scale =စရိတ်သက်သာအောင်ရွေးချယ်ထုတ်လုပ်ရေးဖြစ်စဉ်)
Production Cost= ထုတ်လုပ်မှုစရိတ်သက်သာအောင် (သက်သာအောင်=များများမပေးချင်သော)
နိုင်ငံငယ်လေးတွေဆီ လာရောက်မြုပ်နှံတယ်။
အဲဒီလိုမြုပ်နှံလို့ လောလောဆယ်ဆယ်မှာနိုင်ငံငယ်လေးတွေစီးပွါးတက်တယ်။
မူရင်းလုပ်နေတဲ့ အလုပ်တွေကနေ အဲဒီနိုင်ငံခြား (မင်းနဲ့ကျော်ဟိန်းခေါ်သလို -ဟဲဟဲ)ကန်ပနီ
တွေ ဆီ အလုပ်ပြောင်းလုပ်ကြလို့ အလုပ်သမားပြောင်းရွှေ့မှု ကြီး မတရားကြီးပြီး အဲဒီ အိမ်ရှင်နိုင်ငံရဲ့
စီးပွါးရေး ကမောက်မဖြစ်တယ်( လူတန်းစားကွာဟမှု “ပို”ကြီးသွားတယ်)
ပြီးတော့လဲ အဲဒီကန်ပနီ တွေက အပြိုင်အဆိုင်အများအပြားဝင်လာကြတော့ ရွှေ့စရာ
“နေရာ” တွေကပေါလည်းလာရောအလုပ်သမားတွေက ပြောင်းကြရွှေ့ကြပြန်ရော။
(အဲဒီ မှာလည်း အလုပ်သမား အပြောင်းအလဲကြောင့် လုပ်ငန်းကမောက်ကမ ဖြစ်ပြန်တယ်)
အဲစီးပွါးတက်လာပြီ (Economic Growth)ပေါ့နော်။
ဘာဘဲဖြစ်ဖြစ် ငွေလေးရွှင်လာတော့ အဲဒီ အိမ်ရှင်နိုင်ငံကလည်း ကီး ကမြင့်လာတယ်ပေါ့။
ဘယ် လောက်ပေးရမလဲ၊ ကောင်းအောင်လုပ်ပေး၊ အိမ်မှာအပေါဆုံးက ပိုက်ဆံ ဘဲ ဘာညာပေါ့။
အဲဒီ လို ဆိုတော့ နိုင်ငံခြား ကန်ပနီ တွေကလည်း ဈေးကွက်စီးပွါးရေးဆိုတော့ ဈေးကွက်မှာ
အရှုံးပေးလို့ ဘယ်ဖြစ်မလဲ၊ ကိုယ့်ဆီကတော်တဲ့ ကောင်တွေပြန်ခေါ် ပြီး ဦးစီးခိုင်းပြီပေါ့။
အဲဒီ တော့ အရင်က မြှောက်စားထားတဲ့ ကောင်တွေ၊ အလုပ်ပါးဝပြီး အချောင်ခိုနေတဲ့ကောင်တွေ၊
ဘုတွေ၊ဂလန့်တွေ၊မင်းတုန်းတွေ အကုန် ညောင်းပေါ့။
အဲဒါကိုတော့(HR Wizard =Human Development Wizard) လူသားအရင်းအမြစ်မှော်ဆရာများက နာမည်မျိုးစုံလှလှလေးတွေသုံးပြီး အလုပ်ဖြုတ်ကြတယ်ပေါ့။
~~~~
အဲ တခုတော့ ညီကိုပြောစရာရှိတယ်
Accountant နဲ့ Statistician တွေဆိုတာ မခန့်မှန်းတတ်ဘူးကွ။သူတို့က Trend=အလားအလာဖလိုးအတိုင်း
ဘာဖြစ်မယ်ဆိုတာကိုဘဲ (Moving Average) ဂဏန်းသဘောအရတွက်တတ်ရုံပဲရှိပါတယ်ညီရဲ့။
ပြောရရင်ကွာ။ Maths-Econ သမားတောင် တွက်ဘဲ တွက်တတ်တာညီရဲ့။
(Econometrics =အီကော်နော်မက်ထရစ်) တတ်မှခန့်မှန်းတတ်တာကွ။
သူ (Econometrics )က သီအိုရီတွေကို အီကွေးရှင်းရေးတာညီရ။
ကိုယ်ပြောဘူးတဲ့ (Regression=ရီဂရက်ရှင်း) (Principal component analysis = ပီစီအေ) ဆိုတာ
အဲဒီ အသေးစား အီကော်နော်မက်ထရစ်တွက်နည်းတချို့ပေါ့ကွာ။
~~~
ပြောမဲ့သာပြောရတာကွ။ တကယ်တမ်း (Recession=)ရီဆက်ရှင်၊(Depression=)ဒီပရက်ရှင်း
(တချို့က Slump=ဆလန့်ပ်)လို့လည်းခေါ်သေးတယ်ကွ၊ဒီဘက်ခေတ်မှာပေါ့နော်။
ညီရေးတဲ့အထဲက ၁၉၂ဝ မော်ဒယ်အရတော့ ( Trough ) ပေါ့ကွာ။
အေး… အဲဒီ ကောင်ကို ဘယ်သူမှ “သိသိကြီး” မကာကွယ်နိုင်ဘူးကွ။
ယူအက်စ်ကွာ-စီးပွါးရေးနိုဘယ်ဆုရ ဂျိုးဇက်စတစ်ဂလစ်၊ ဖက်ဒ်ရယ်ဘဏ် ဥက္ကဌ ဟောင်း
(ဆရာကြီး) ဂရင်းစပန်းတို့ရှိနေရက်နဲ့ ဘာမှလုပ်မပေးနိုင်ဘူး။
လောလောဆယ်ဥပမာဆိုရင် ဂရိက စီးပွါးရေးဝန်ကြီးဆိုတာ အီကော်နော်မစ် သိပ်တော်တဲ့ ဘဲ ကွ။
သူ့ ပြောတာတွေနားထောင်ဘူးတယ် IMF-အိုင်အမ်အက်ဖ် ကွန်ဖရဲန်မှာ။
သူပြောတယ်။ သူသိတယ်။ဂရိကို ကယ်လို့မလွယ်ဘူးတဲ့။ ခု (စီးပွါးအကျဘက်=)ရီဆက်ရှင်ထိနေပြီ။
အားရှိပြီးသားနိုင်ငံတနိုင်ငံဆိုတာ ရီဆက်ရှင် ထိရင်တို့လို မြန်မာပြည် စီးပွါးပျက်ကပ်(ဒီပရက်ရှင်=
ထက် ပိုဆိုးတယ်ဆိုတာ ညီသိပါတယ်။
အဲဒီတော့ …..
စီးပွါးရေးပညာဆိုတာ
ညနက်နက် အလင်းမဲ့တဲ့ မှောင်ထဲမှာတကယ်မရှိတဲ့ ကြောင်နက်ကို
မျက်စိမမြင်တဲ့သူက ရှာတာ ဆိုတဲ့ ဟာသ လေးလိုပေါ့ညီရယ်။
~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ် မြန်မာ့စီးပွါးရေးကို မားကက်ကိုတည်ပြီးရေးမယ်။
မင်း က အဲဒီဘက်ကို Weighted ပေး ပြီး ဆွေးနွေးပေး။
ပြီးမှ နိဂုံးပြန်ချုပ်မယ်။
တို့မော်ဒယ် လေးတခုရမလားလို့ကွ။
Xmas ခရစ်စမတ်အမှီရေးမယ်လို့တော့စိတ်ကူးထားတယ်။
လောလောဆယ်တော့ စကက်ဂျူးတွေပြည့်နေသေးတယ်။
ကိုယ့်ဘော်ဘော် တယောက် ရေးခိုင်းထားတာလေးလဲရေးရအုန်းမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
ညီလည်း အီကော်နော်မစ် နဲ့ပါတ်သက်တာတွေဆက်ရေးစေချင်ပါတယ်။
ခင်မင်စွာ
(^^)
htoosan
December 5, 2011 at 9:02 pm
“ကိုယ် မြန်မာ့စီးပွါးရေးကို မားကက်ကိုတည်ပြီးရေးမယ်။
မင်း က အဲဒီဘက်ကို Weighted ပေး ပြီး ဆွေးနွေးပေး။”
မျှော်နေမယ် ဆရာတို့ရေ.. မြန်မာပြည် အတွက် X’mas လက်ဆောင်ပေါ့။
Nishida
December 6, 2011 at 6:59 am
အသာလုပ်ပါကစ်သိုရယ် …..
price-sensitive buyer တွေပေါတဲ့…
“မွှေး”မှ မသုံးရင် “ဆင်ချေးတုံး” ပဲ သုံး ဆိုတဲ့ …
customer ဘက်က bargaining powerမရှိတဲ့ …
အစားထိုး ရွေးချယ်စရာ မရှိတဲ့ ……
ပီတာ ဒရွက်ဂါ မျက်ရည်ဖြိုင်ဖြိုင်ကျမယ့် …
local market ကြီး အကြောင်း…
အင်း …
ရေးရမှာ ကြောက်ထှာ …
kai
December 6, 2011 at 6:19 am
နာမယ်နဲ့ Tag လုပ်.. ရှာဖတ်တတ်တဲ့သူကတော့ စိတ်ညစ်နေလေရဲ့..။
မာကက်တင်းမှာ…နာမယ်နဲ့… လူတွေအရူးလုပ်.. ပြီးမှ.. ထိုးရောင်းတာမျိုးပါသလားဟင်င်င်င်..
=
မြန်မာ့မားကက်တင်းမှာတော့.. သူဖာသူလွယ်လွယ်ရတာကို..လွယ်လွယ်မပေးပဲ.. ပါမစ်တွေခံ..ဗွီအိုင်ပီတွေလုပ်.. အထူးရှယ်ရှယ်တွေအရင်လုပ်ပြိး… ဈေးကွက်ထဲချပေးလိုက်.. ခဏနေ.. ဈေးကွက်ထဲ…အသည်းအသန်တွေဖြစ်ကုန်တတ်တာတွေ့ရတယ်..။
အဲဒါလေးပဲသိလို့.. အဲဒါလေးရေးပေးလိုက်ပါတယ်..။
မြန်မာပြည်က..ခရစ်စမတ် ဂရင့်န့်အခိုးခံရစေသတည်း.. 😆
Nishida
December 6, 2011 at 6:54 am
ဗျို့ သဂျီး …
ဒါသုံးနေလားဗျ …. သုံးနေရင် အင်ဖော်မေးရှင်းလေး နည်းနည်းဖောဝပ်လုပ်ပါဂျာ ….
http://en.wikipedia.org/wiki/Kaiser_Permanente
မြန်မာ့မားကတ်တင်းသမိုင်းမှာ အိမ်ဦးခန်းကထားပီး ဂုဏ်ပြုဂျင်လွန်းလို့ဘာ….
😀
kai
December 6, 2011 at 7:06 am
ယူအက်စ်မှာ အကြီးဆုံးကြီးတခုပဲ..။
ကျုပ်တော့… သုံးမနေပါဘူး..
ကားအက်စိဒန့်တုံးကတော့.. အဲဒီဆေးရုံ.. ခဏတက်လိုက်ရသေးတယ်..။
အရေးပေါ်ခန်းမှာ.. ပက်လက်ပစ်ထားတာလေ..။ ၂နာရီလောက်ကြာမှ.. ဆရာဝန်ပေါ်လာတယ်..။
ဘာတွေလိုချင်နေလို့လည်း… ❗
Nishida
December 6, 2011 at 7:17 am
ဂလိုလား …..တိဘာဘူးဂျာ ..ခုတလော အသံကျယ်ကျယ်ကြားမိသလားလို့ပါ…
ကျုပ်တို့ အရှေ့ကျွန်းဆိုတာ သဂျီးတို့ အမေလိကား နဲ့ ယှဉ်ရင် …
လေးဘီးကားနဲ့ မာစီဒီး လောက်ကွာသကိုး ….
ဒါမိုးတွေ ကျ အမေလိကားဘက်ပဲ ပြန်ရီဖားရတာဘဲ ….
သည်တော့ ဗဟုသုတ အလို့ငှာ ပညာ ဆည်းပူးဂျင်လို့ဘာ …..
အနှီ အဖွဲ့အစည်းကြီးတွေ ပိုက်ပိုက်ဘယ်ကဝင်တယ်
ဘယ်လို လည်ပါတ်တယ် …အကျိုးအမြတ်ကို ဘယ်လိုပြန်သုံးတယ်..
blah blah blah ….
သဂျီး ချစ်ချစ် ဒေါ်ဝီကီမှာ ရေးထားတာကြီးက မစွံဘူးဗျ..
literature point of view လိုဂျင်တာဗျ ….စပွန်းဖီဒင်းလေးပေါ့ ..
စကားမစပ် အနှီ ဆေးရုံကြီးတွေကတော့
အကြောင်းမဲ့ပက်လက် ပစ်ထားမယ်မထင်ပါဘူး ….
တချို့ ထရိမန့်တွေက ချက်ခြင်းကြီး ပေးလို့ ရတာမဟုတ်ဝူးရယ်…
အင်း ….ဒါမှ မဟုတ်လည်း ဝဋ်လည်တာလား မသိ..
အာဟိ
rhyme
December 6, 2011 at 11:04 am
ဘာပဲပြောပြော နိုင်ငံခြားသားပိုင် company မှာ အလုပ်လုပ်နေရတဲ့ …ကျနော်ကတော့ downturn မှာ ဘယ်မှမသွားရဘဲ လခနည်းနည်းနဲ့ local မှာ အသေအလုပ်ရှုပ်ရမှာကိုလန့်ပြီး
uprising ဆိုအလုပ်ပြုတ်မှာကို လန့်တယ်ဗျာ… ကဲ ခင်ဗျားကော ဘယ်လိုတုန်း…
>>>>>>>>>>>>>>
ကိုဂီလို အရည်ချင်းပြည့်စုံတဲ့ လူတစ်ယောက်က အလုပ်ပြုတ်မှာ များ
တွေးကြောက်နေသေးတယ် 😀
ကြောင်ကြီး
December 6, 2011 at 12:55 pm
နင့်အောက်စို့စင်း အလုပ်ကောင်းလို့ အနောက်နိုင်ငံတွေ ဒွတ်ခရောက်နေတာဟေ့။ စီးပွားကောင်းစဉ်က ဟုတ်သလိုလို ရှိပေမဲ့ စီးပွားလည်းကျရော တောင်မင်းမြောက်မင်း မကယ်နိုင်တော့ဘူး။ လက်ထဲငွေတကယ် မရှိဘဲ စွတ်သုံးထားလို့ ကိုသစ်ပြောတဲ့ ခရက်ဒစ် စီးပွားရေးပုံစံရဲ့ ဆိုးကျိုး သက်ရောက်မှု ဖြစ်ကုန်တယ်။ သဂျီးကတော့ အကြွေးစနစ်ကို အရမ်းအားပေးနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ အကြွေးလည်ပတ်ပုံစနစ်အပေါ် သတိပြုရမဲ့ အချက်များကို လက်တွေ့ဖြစ်ရပ်များနဲ့ စပ်ဆက်ရေးသားပေးဖို့ ရွာပြင်ညာရှိ ဆြာသစ်ကို ပန်ကြားပါ၏….။ နှိပ်စမ်းပါဗျာ အဓမ္မဝါဒီ စီအိုင်အေသူလျှို တရုတ်ကူမြူနစ်ပါတီကေဒါ သဂျီးကို… 😡
inz@ghi
December 6, 2011 at 1:03 pm
ဟီဟိ ဒီဘက်မှာလည်း ဦးနင်းပဲ့ထောင် ထူးပါဝူး ဦးကြောင်ရယ်
😀
မတူတဲ့အမြင်နဲ့ မန့်ကြည့်မယ်နော….
(ကိုယ့်ပိုစ့်ကိုမန့်ပီး ရဲရဲတောက် သွားရှာတဲ့ ဟိုလူရီးလို)
Credit စနစ် က အရက်လိုဘာဘဲ …လွန်တွားရင်
မကောင်းပါဘူး ….. အောက်စို့ဇင်း လည်း တူတူပေါ့ဂျာ …
မြတ်စွာဘုရားက မဇ္ဈိမ ပရိပဒါ လို့ ဒါကြောင့်ဟောခဲ့သကိုး
ba gyi
December 6, 2011 at 2:55 pm
Dr Ivan R Misner ရဲ့ Master of Networking ကို ရွှေနွယ် ကဘာသာပြန်ပြီး၊ International Economic Journal မှာ ရေးထားတဲ့ R ကိုမကြောက်သည့်အရင်းအနှီး ဆိုတဲ့ ဆောင်းပါးလေး ဖတ်ဘူး တယ်၊အဲသည်မှာ-
R သည် Recession စီးပွါးရေးဆုတ်ယုတ်ကျဆင်းခြင်းကိုကိုယ်စားပြုသည်၊ အဲသည် Rကို ကျော်ဖြတ် နိုင်ဘို့၊ရှေးရိုးသွားနေကျလမ်းရိုးထက် လမ်းသစ်ထွင်ဘို့ရာ ဈေးကွက်ဆက်သွယ်မှုလမ်းကြောင်းတွေ၊ ကွန်ယက်တွေ ပိုကောင်းအောင်လုပ်ရန်၊ အဲသည်လုပ်ဆောင်မှုကိုရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ကိုကြိုတင် ဆောင်ရွက်ရန် တိုက် တွန်းထားပါသဗျား။သည်ဆောင်ရွက်မှုမျိုးကို ဈေးကွက်အပြည့်အဝပြိုင်ဆိုင်မှု ဖြစ်တဲ့ Perfect competition အခြေအနေအ တွက် ဖြစ်တယ်လို့ဆိုထားပါတယ်၊ အဲသည်မှာ သူက နည်းလမ်းရှစ်သွယ်ညွှန်ပြထားပါတယ်၊
၁။ မိမိကွန်ယက်ကို လိုင်းစုံ၊အမယ်စုံ၊နေရာစုံဖြန့်ကျက်ဆက်သွယ်ပါ၊
၂။ အထီးကျန်မနေပဲ ၊ အမြင်ကျယ်စေရန်စီးပွါးရေး၊လုပ်ငန်းဆိုင်ရာ၊အသင်း၊အဖွဲ့များအား လုံးချိတ်မိသမျှ ထဲထဲ ဝင်ဝင်ပါဝင်ဆောင် ရွက်ရန်တက်ရောက်ရန်။
၃။အဲလိုတက်ရောက် ရာမှာ မိမိရဲ့ဆက်သွယ်မှုကွန်ယက်ကအကောင်းဆုံးဖြစ်ဘို့ ဘယ်လိုလုပ်ရမယ် ဆို တာာကိုတင်စဉ်းစားလုပ်ထားပါ၊ အရေးအကြီးဆုံးက အဲသည်မှာ မိမိအတွက် Net work သာ ဖြစ်စေပြီး ထိုင်ပြီးပြန်/စားပြီးထပြန်တဲ့ Net Sit / Net eat မဖြစ်ဘို့။
၄။ မည်သည့်ပွဲမျိုးဖြစ်ဖြစ် စကားကြုံတာနဲ့ မိမိစီးပွါးရေးအကြောင်းထိထိရောက်ရောက်ရှင်းပြနိုင်ဘို့။
၅။ ကျွမ်းကျင်သူပညာရှင်များနှင့် မိမိလုပ်ငန်းနှင့်လိုင်တူ/မတူ အားလုံးနှင့်ကွန်ယက်ဖွင့်ထားနိုင်ဘို့။
၆။ဈေးကွက်သဘောအရ သုံးစွဲသူ၏လိုအပ်ချက်ရှာဖွေ နိုင်ရန် သတင်းအချက်လက်ပေးနိုင်သူများအတွက်
လမ်းကြောင်းဖွင့်ထားခြင်း။
၇။ အချက်လက်ပေးနိုင်သူအားထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်း။
၈။ စီးပွါးရေးဆန္ဒ အတွက် ပါးစပ်မှ အလုပ်ရှုပ်ရမည် ဆိုသောခံယူချက်ဖြင့်၊နှုတ်လျှို သျှို တစ်ပါး မူသုံးရန်။
သည်နည်းဖြင့် ပြိုင်ဆိုင်မှုအတွက်သော်၎င်း၊Recessionအတွက်သော်၎င်းကွန်ယက်ကို လက်တွေ့သုံးရန်
တိုက်တွန်းထားပါသဗျား။
သည်နည်းနှင့် downturn အတွက်ရော Uprising အတွက်ပါ အထောက်ကူပြုနိုင်ပါကြောင်း။ စီးပွါးရေးတံ
ခါးတွေပွင့်လင်းလာတာနဲ့ ဂီ ဂီပြောတဲ့ စိုးရိမ်တဲ့ကိစ္စဟာ လက်တွေ့ ဖြစ်လာမှာပါပဲ။ကျနော့် ဆီမှာဆိုအဲဒါ ကို ကြိုတွေးပြီး Taxi ထွက်မောင်းတဲ့ ဝန်ထမ်းတွေရှိလာပြီ။
inz@ghi
December 6, 2011 at 3:17 pm
ပညာအလွန်ရပါသည်
ကျေးဇူးကြီးပါသည် ဘကြီးခင်ဗျား..
လေးစားစွာ ဖတ်ရှု မှတ်သားထားပါသည်။